ခုထိကလေးမရနိုင်သေးခြင်းရဲ့ အမှား (၇) ခု
အိမ်ထောင်တစ်ခု တည်ဆောက်ပြီးနောက် အိမ်ရဲ့ဆည်းလည်းသံလေးကို မျော်လင့်ကြပါတယ်။ အချိန်အတန်ကြာသည်ထိ မရောက်လာသော် စိုးရိမ်တတ်ကြ၊ စိတ်ပူတတ်ကြပါတယ်။ ထိုအခါမျိုးတွင် ဘာလို့မရတာလဲ? ဟူ၍တယောက်နဲ့ တယောက်သံသယပွား ပျော်ရွှင်မှုမရှိတော့ပါ။ နှစ်ဦးသားဆက်ဆံရာတွင် အနေအထားမမှန်လို့လား စသည်ဖြင့်အမှားကို လိုက်ရှာကြပါတော့တယ်။ အိမ်ထောင်သည်များ ကလေးလိုချင်စိတ်ဖြင့် အမှားများထပ်တလဲလဲ ကျုးလွန်တတ်ကြပါတယ်။
အမှား(1) လုံလောက်သော လိင်ဆက်ဆံမှုမရှိခြင်း
အခုလို မိန်းမရောယောက်ျားရော အလုပ်လုပ်သောခေတ်ကြီးတွင် တစ်ဦးနှင့်တစ်ဦး အပေးအယူညီမျှစွာဆက်ဆံရန် အချိန်မပေးနိုင်ကြပါ။ ထို့ကြောင့် မမျိုးဥကြွေနေချိန်ရှိနေချိန်တွင် ဆက်ဆံရန် လွဲချော်တတ်ကြပါတယ်။ မမျိုးဥကြွေချိန်ဆက်ဆံမှသာ သုတ်ပိုးနှင့်တွေ့ရှိ၍ ကိုယ်ဝန်ရနိုင်သောကြောင့် လုံလောက်သော ဆက်ဆံမှုလည်း အထူးလိုအပ်ပါတယ်။
အမှား(2) ဆက်ဆံမှု လွန်ကဲခြင်း
ဆက်ဆံမှုအကြိမ်ရေနည်းခြင်းသည် အကြောင်းရင်းတစ်ခုဖြစ်သလို အကြိမ်ရေများနေခြင်းသည်လည်း အမှားတစ်ခုဖြစ်စေပါတယ်။ သို့သော် လွန်ကဲစွာ အကြိမ်ရေများများဆက်ဆံခြင်းသည် အမျိုးသားသုတ်ပိုးရဲ့ စွမ်းဆောင်မှု လျော့နည်းလာသည်ကို တွေ့ရှိရပါတယ်။ တစ်ရက်တည်း အကြိမ်ရေများများဆက်ဆံခြင်းသည် လွန်ကဲမှုတစ်ခုဖြစ်ပါတယ်။ ထိုအခါမျိုးတွင်တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စားမှု လျော့ပါးလာပြီး ကိုယ်ဝန်ရနိုင်ချေ နည်းပါးပါတယ်။
အမှား(3) ဆက်ဆံမှုအနေအထား အယူအဆ
လိင်ဆက်ဆံရာတွင် သုတ်ပိုးသည် မိန်းမအင်္ဂါထဲကူးခတ်ကာ ပြွန်ထဲအလွယ်ရောက်သော နည်းလမ်းအဖြစ် ပက်လက်အနေအထားသည်သာ မှန်ကန်သည်ဟူသော အယူအဆသည်မှားပါတယ်။ ကျန်သောအနေအထားများသည်လည်း ကလေးရလွယ်ပါတယ်။ တသတ်မှတ်တည်းအနေအထားကိုသာ သုံးစရာမလိုပါ။ သုတ်ပိုးဝင်ပြီး မမျိုးဥပေါင်းချိန်သည် စက္ကန့်အနည်းငယ်သာကြာ၍ အနေအထားကို ထည့်စဉ်းစားစရာမလိုပါ။
အမှား(4) အမျိုးသမီးများတွင်သာ တာဝန်ရှိသည်ဟု ထင်ခြင်း
ကိုယ်ဝန်မရခြင်းအကြောင်းများရှာဖွေရာ အမျိုးသမီးများတွင်သာ အမြဲရှာဖွေတတ်ကြပါတယ်။ အမျိုးသားများအနေဖြင့် မိမိတွင်ချို့ယွင်းချက်ရှိပြီး လူမပီသမည်ကို စိုးရိမ်တတ်ကြပါတယ်။ အမျိုးသားများသည် ဆက်ဆံစဉ် သုတ်ရည်ထွက်သည်ကို စွမ်းဆောင်ရည်ရှိသည်ဟု ယုံကြည်ထားကြပါတယ်။ သို့သော်အဆိုပါ သုတ်ရည်တွင် သုတ်ပိုးသည် အောင်မြင်သော သုတ်ပိုးပါရှိမှသာ ကိုယ်ဝန်ရနိုင်သည်ကို အမျိုးသားတိုင်း လက်မခံကြပါ။ ထို့ကြောင့် ကလေးမရလျှင် အမျိုးသားရော အမျိုးသမီးများပါ စစ်ဆေးရှာဖွေရပါမယ်။ ကိုယ်ဝန်မရခြင်းအကြောင်းရင်း ၅၀% သည် အမျိုးသမီးနှင့်ဆိုင်သော်လည်း ၄၀% သည်အမျိုးသားနှင့်ဆိုင်၍ ၁၀% သည် အခြားသောအခြေအနေများကြောင့်ဟု တွေ့ရှိရပါတယ်။
အမှား(5) “မ”မျိုးဥ ကြွေရက်တွင် ဆက်ဆံခြင်း
မျိုးဥကြွေစစ်တံ သို့မဟုတ် ရက်တွက်၍ လိင်ဆက်ဆံခြင်းသည် ကိုယ်ဝန်ရနိုင်သော်လည်း နောက်ကျတတ်ပါတယ်။ မမျိုးဥကြွေပြီးသည့်နောက် ၂၄ နာရီအတွင်းသာ ကိုယ်ဝန်ရနိုင်ပါတယ်။ နောက်ကျပါက နောက်လတဖန်စောင့်ရပါမယ်။ သုတ်ပိုးသည် မိန်းမအင်္ဂါထဲတွင် ၃ ရက်နှင့် ၅ ရက်အကြာ သေဆုံးပါတယ်။ ထို့ကြောင့် မမျိုးဥကြွေရက်နေခြင်းထက် မမျိုးဥကြွေရက်ထက် အနည်းငယ်ရက်စောနေခြင်းက ကိုယ်ဝန်ရရန် အခွင့်အလမ်းများပါတယ်။
အမှား(6) အလျင်စလို ဆေးကုသမှုခံယူခြင်း
အိမ်ထောင်ကျပြီး ၂ လမှ ၃ လခန့်ကြာသည်အထိ ကိုယ်ဝန်မဆောင်ခြင်းသည် အလျင်စလို ဆေးကုသခြင်းကို မလုပ်သင့်ပါ။ ချို့ယွင်းချက်မရှိသော စုံတွဲများသည်ပင် အချိန်အတန်ကြာသည်အထိ အချိန်ယူရနိုင်ပါတယ်။ အလျင်စလို ဆေးခန်းပြခြင်းသည် စိတ်ဖိစီးမှု အပြည့်အဝဖြစ်စေပါတယ်။ ကိုယ်ဝန်ရရန် အခက်အခဲဖြစ်စေပါတယ်။
အမှား(7) မိမိရဲ့ ကျန်းမာရေးအခြေအနေကို သတိမမူမိခြင်း
ကလေးမရသေးသော စုံတွဲများသည် ကိုယ်ဝန်မရသောကြောင့် မျိုးပွားအင်္ဂါအဖွဲ့အစည်းလုပ်ဆောင်မှုကိုသာ အထူးဂရုစိုက်ရှာဖွေကြသော်လည်း မိမိတို့ရဲ့ကျန်းမာရေးအခြေအနေကို လစ်လျူရှုတတ်ကြပါတယ်။ ပုံမှန်အားဖြင့် မိမိရဲ့ကျန်းမာရေးအခြေအနေကို အထူးဂရုစိုက်ကြပါတယ်။ ဥပမာ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် စိတ်ဖိဆီးမှု။
ထို့ကြောင့် ကိုယ်ဝန်ဆောင်နိုင်ရန် မိမိကျန်းမာရေးကောင်းမွန်စေရန် အပြုအမူအနေအထိုင်များကို ဂရုစိုက်ပါ။
Dr Pyae Shin