ကွန်ဒုံးသုံးတော့မယ်ဆိုရင် ကိုယ့်အရွယ်အစား ကိုယ်သိဖို့လိုမယ်
ကွန်ဒုံး သုံးယုံနဲ့ စိတ်ချရပြီထင်နေသလား ဘော်ဒါ။အမှားကြီးမှားသွားပါလိမ့်မယ်။ကလေးမရဖို့ နဲ့ ရောဂါတွေမကူးစက်ဖို့ဆိုရင် ခင်ဗျားဟာ အရွယ်အစားမှန်ကန်တဲ့ကွန်ဒုံးကိုရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။အရမ်း ကြီးနေတဲ့ ကွန်ဒုံးသုံးမိရင် ကျွတ်ထွက်တာမျိုး ဖြစ်နိုင်ပြီး အရမ်းသေးရင်ကျပြန်တော့ ကွန်ဒုံးပေါက်သွားတာမျိုးတွေ ဖြစ်နိုင်တယ်။ဒါကြောင့် ခင်ဗျားအနေနဲ့ ကွန်ဒုံးဝယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီစာကိုဖတ်။အချိန်ယူလေ့လာပြီးမှ ကိုယ်နဲ့ အံကိုက်ဖြစ်မဲ့ကွန်ဒုံးမျိုးကို ရွေးဝယ်ဖို့ လိုမယ်။
ကိုယ့်ဟာကိုယ်တိုင်းပါ
ပထမဆုံးလုပ်ရမှာက ကိုယ့်လက်နက်ကို ကိုယ်ကိုယ်တိုင်တိုင်းဖို့ပဲ။ကွန်ဒုံးတခုရဲ့ အရွယ်အစားကို လုံးပတ်ရယ် အရှည်ရယ်နဲ့ တိုင်းတာတယ်။ဒီတော့ ကိုယ့်လက်နက်ရဲ့ လုံးပတ် နဲ့ အရှည်ကို တိုင်းဖို့လိုမယ်။တိုင်းတဲ့အခါမှာ အရေးကြီးတဲ့အချက်က တောင်မတ်နေတဲ့အချိန်ဖြစ်ဖို့ပါပဲ။ပထမဆုံးအရှည်ကို စ တိုင်းမယ် ။ဆီးခုံရိုးပေါ်ကနေ လက်နက်ထိပ်ထိကို ပေတံ ဒါမှမဟုတ် ပေကြိုးနဲ့တိုင်းပါ။ဒါ ခင်ဗျား လက်နက်ရဲ့ အရှည်ပဲ။နောက်ပြီး လုံးပတ်။သူကျတော့ အတုတ်ဆုံးနေရာကို ပေကြိုးနဲ့ပတ်ပြီး တိုင်းလိုက်ယုံပဲ။အတိုင်းအတာကတော့” လက်မ” (inch ) နဲ့ပဲ ယူမယ်။ဒါဆို ခင်ဗျားရဲ့ အတိုင်းအတာ ရသွားပြီ။
ကွန်ဒုံးအရွယ်အစားများ
Levis ဂျင်းဘောင်းဘီရဲ့ ခါးဆိုက် ၃၂ နဲ့ ပြည်တွင်းဖြစ် Victor ဂျင်းဘောင်းဘီရဲ့ ခါးဆိုက် ၃၂ ဟာ တူချင်မှတူနိုင်ပါလိမ့်မယ်။ကွန်ဒုံးမှာလည်း ဒီသဘောပဲ။ထုတ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီး အရွယ်အစားသတ်မှတ်ချက်ကွဲပြားမှုအနည်းငယ်တော့ ရှိနိုင်ပါတယ်။တချို့က large condom လို့ ခေါ်ပေမဲ့ တချို့ကျပြန်တော့ ဒီဆိုက်ကိုပဲ Standard Condom လို့ ခေါ်ပြန်ရော။
အကြမ်းဖျင်း အရွယ်အစားတွေ ဒီလိုခွဲလေ့ရှိပါတယ်။
လုံးပတ်
၁.၇၅ နဲ့ ၂ လက်မကြား Standard Condom
၁.၇၅ လက်မအောက် Snug Condom
၂ လက်မအထက် Large Condom
အရှည်
၇.၂၅ နဲ့ ၇.၈ လက်မကြား Standard Condom
၇ လက်မ နဲ့ ၇.၈ လက်မကြား Snug Condom
၇.၂၅ နဲ့ ၈.၁ လက်မကြား Large Condom
ကွန်ဒုံး မဝယ်ခင် ဘာတွေစဉ်းစားမလဲ
ကိုယ့်size နဲ့ အနေတော်ကွန်ဒုံးတွေ့ပြီဆိုပြီး ဝမ်းသာအယ်လဲနဲ့ အများကြီး ဝယ်တာမျိုးလည်း မလုပ်နဲ့ဦ ။နဲနဲဝယ်ပြီး အဆင်ပြေမပြေ စမ်းသုံးကြည့်ဖို့လိုပါမယ်။အရွယ်အစားအပြင် ထည့်စဉ်းစားရမဲ့အချက်တချို့လည်း ရှိသေးတယ်။
၁)ကုန်ကြမ်း
ကွန်ဒုံးကို latex,polyurethane,polyisoprene,သိုးသားရေစတာတွေနဲ့ လုပ်လေ့ရှိပါတယ်။အစုံစမ်းသုံးထားတာက ကိုယ်နဲ့သက်တောင့်သက်သာအဖြစ်ဆုံးတခုကို ရွေးဖို့ အထောက်အကူပေးပါလိမ့်မယ်။
၂)ပုံသဏ္ဍာန်
ပြောင်ချော ဒါမှမဟုတ် အရစ်အရစ်တွေပါတာ ဒါမှမဟုတ် အဖုအဖုတွေပါတာစသဖြင့် ပုံစံမျိုးစုံရှိတတ်ပါတယ်။
၃)ချောဆီ
ကွန်ဒုံးအတော်များများမှာ သုံးစွဲသူကို အာရုံခံစားမှုပိုကောင်းစေမဲ့ စိတ်ကျေနပ်မှုရစေမဲ့ ချောဆီတွေ ထည့်သွင်းပေးထားလေ့ရှိပါတယ်။
နောက်ဆုံးပြောချင်တာက ကွန်ဒုံးဝယ်ရမှာ မရှက်ပါနဲ့။မဟုတ်ရင် ခင်ဗျားအတွက် စိတ်လဲချရ စိတ်ကျေနပ်မှုလည်းရမဲ့ ကွန်ဒုံးမျိုးတွေ့ဖို့ လွယ်မှာမဟုတ်ဘူး။
Dr.KG