fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မီးနီဖြတ်ခြင်း နှင့် ကျန်းမာရေး

258
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/02/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

မီးနီဖြတ်ခြင်း နှင့် ကျန်းမာရေး

အိမ်နှင့်ခွဲ၍ ရပ်ဝေးတွင် တကွဲတပြားစီ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် အိမ်ထောင်သည်များနှင့် ရုံးဖွင့်ရက်များတွင် မအားလပ်နိုင်ကြသည့် အိမ်ထောင်သည်များအနေနှင့် ရုံးပိတ်ရက်အလုပ်နားချိန်များတွင် အိပ်ခန်းအတွင်း နှစ်ယောက်တည်း အချိန်ကုန်ဆုံးမည်ဟု စဉ်းစားထားသော်လည်း မီးနီပြနေသည့် (အမျိုးသမီး ရာသီလာနေသည့်) အခါမျိုး ရံဖန်ရံခါ ကြုံလာတတ်ကြသည်။

အိမ်ထောင်သည် အများစု (အထူးသဖြင့် အမျိုးသမီးများ) အနေနှင့် အဆိုပါရက်များကို ရှောင်၍ နောက်တပတ်ခန့် ထပ်စောင့် လိုကြပြီး ထိုကာလများကို စိတ်မသက်သာစွာဖြင့် ဖြတ်သန်းလေ့ ရှိကြကြောင်းလည်း သိရှိရသည်။

ရာသီပေါ်ခြင်း

မီးနီဖြတ်ခြင်း (ရာသီပေါ်စဉ် လိင်ဆက်ဆံမှုပြုခြင်း) နှင့်ပတ်သတ်၍ ပြောရမည် ဆိုလျှင် ရာသီပေါ်ခြင်းအကြောင်း ဦးစွာသိရှိရန်လိုသည်။ ကျန်းမာသော အမျိုးသမီး တဦးတွင် တလလျှင် တကြိမ်ခန့် မျိုးဥကြွေခြင်းဖြစ်ပြီး အဆိုပါမျိုးဥသည် မျိုးဥကြွေပြီး ၁၄ ရက် အတွင်း အမျိုးသားထံမှ သုတ်ပိုးနှင့်ထိတွေ့၍ သန္ဓေအောင်ခြင်း ဖြစ်ပွားမှု မရှိလျှင် (ကိုယ်ဝန်ရရှိခြင်း မရှိလျှင်) ကိုယ်ဝန်ရရှိချိန်အတွက် ပြင်ဆင်ထားသည့် သားအိမ်အတွင်းနံရံများ ကွာကျလာခြင်းကို ရာသီပေါ်ခြင်းဟု အကြမ်းအားဖြင့် သိရှိထားနိုင်သည်။

အများစု စိတ်ပူတတ်သောအရာမှာ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးမွှားများနှင့် ရာသီပေါ်စဉ်အတွင်း လိင်ဆက်ဆံမှုကြောင့် ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ ရှိ/မရှိပင် ဖြစ်သည်။

ရောဂါပိုးမွှားများ ကူးစက်နိုင်ခြေရှိ/ မရှိ

သာမန်အားဖြင့် ကျန်းမာလျက်ရှိသော အမျိုးသား၊ အမျိုးသမီးများတွင် လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးမွှားများ ရှိ၊ မရှိ အလွယ်တကူ မသိရှိနိုင်သော်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံသူများအနေနှင့် တလတာ၏ မည်သည့် အချိန်တွင် လိင် ဆက်ဆံသည်ဖြစ်စေ ကူးစက်နိုင်ခြေ အတူတူပင်ဖြစ်သည်။

အထူးသဖြင့် သွေးမှတဆင့် ကူးစက်နိုင်သော ရောဂါပိုးမွှားများဖြစ်သည့် အသည်းရောင်အသားဝါ (ဘီ)ပိုးနှင့် ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူများအနေနှင့် ရာသီပေါ်စဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပါက ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားသဖြင့် အဆိုပါ ကာလအတွင်း လိင်ဆက်ဆံလိုလျှင် တကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ရန် လိုသလို အကာအကွယ်ကို မဖြစ်မနေ အသုံးပြုကြရန်လည်း လိုသည်။

ကိုယ်ဝန်ရနိုင်ချေ ရှိ/မရှိ

မည်သည့် သန္ဓေတားနည်းမှ အသုံးပြုထားခြင်းမရှိသည့် အိမ်ထောင်သည်/ စုံတွဲများအနေနှင့် တလတာ၏ မည်သည့်ရက်တွင်လိင်ဆက်ဆံသည်ဖြစ်စေ ကိုယ်ဝန် ရသွားနိုင်ခြေရှိသော်လည်း ရာသီပေါ်နေစဉ်တွင်မူ ကိုယ်ဝန်ရနိုင်ချေ အလွန် နည်းသည်။ သို့ရာတွင်လည်း ကူးစက်ရောဂါများ ခံစားနေရခြင်း ရှိ/မရှိ မသေချာသူများအနေနှင့် လိင်ဆက်ဆံတိုင်း အကာအကွယ် အသုံးပြုသင့်သည်။

မီးနီဖြတ်ခြင်း၏ ကောင်းကျိုးများ

အခြားတဖက်က စိုးရိမ်ပူပန်မှုများ ရှိနေသောလည်း မီးနီဖြတ်ခြင်းကြောင့်ပင် ရရှိနိုင်သည့် ကောင်းကျိုးများလည်း ရှိနေသည်။ ၎င်းတို့မှာ

– ရာသီပေါ်နေစဉ် ဖြစ်တတ်သည့် စိတ်ဓာတ်ကျလွယ်ခြင်းပြဿနာမှ သက်သာနိုင်ခြင်း

– ရာသီပေါ်စဉ်ဖြစ်တတ်သည့် ဝမ်းဗိုက်ကိုက်ခဲခြင်းမှ သက်သာစေနိုင်ခြင်း

– ရာသီပေါ်ရက်ကြာတတ်သည့် အမျိုးသမီးများ ရက်တိုတောင်းစေတတ်ခြင်း

– ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ခြင်း

– သာမန်အချိန်များထက် စိတ်ကျေနပ်မှု ရလွယ်နိုင်ခြင်း

– ခေါင်းတခြမ်းကိုက်ခြင်းပြဿနာမှလည်း သက်သာစေနိုင်ခြင်း စသည့် အကျိုးများ ခံစားရစေနိုင်သည်။

မည်သည့်အချိန်တွင်ဖြစ်စေ လိင်ဆက်ဆံခြင်းသည် အိမ်ထောင်ဖက်နှစ်ဦး သဘောတူ တိုင်ပင်ပြုလုပ်ရမည့်ကိစ္စ   ဖြစ်သည့်အတွက် ကျန်းမာရေးရှုထောင့်မှနေ၍ စနစ်တကျ တိုင်ပင်ဆွေးနွေးနိုင်ရေး အိပ်ခန်အတွင်း မီးနီဖြတ်ခြင်းနှင့် ပတ်သတ်၍ သိသင့်သည်များ ဖော်ပြပေးလိုက်ပါသည်။

အိမ်ထောင်သည်တိုင်း အဆင်ပြေကြပါစေ။

Dr. Tint Tal

Previous Post

အမူးအမော်ပြေတဲ့ ချင်း ( ဂျင်း )

Next Post

ကိုယ်နဲ့အလိုက်ဖက်ဆုံး မိတ်ကပ်အရောင် အလွယ်ဆုံးဘယ်လိုရွေးမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်နဲ့အလိုက်ဖက်ဆုံး မိတ်ကပ်အရောင် အလွယ်ဆုံးဘယ်လိုရွေးမလဲ

အိပ်ရေးပျက်ခံပြီး စာကျက်တာ မှန်ကန်တဲ့အပြုအမူလား

ကလေးက ဝနေတာလား ဖောနေတာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.