fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အကျနာခဲ့လို့ဘဝသာအောင်လုပ်ကြစို့

36
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

HIV ကူးစက္ခံရသူမ်ားအားလုံးသည္ လူ႔ဘဝႀကီးထဲတြင္ ဘဝနာခဲ့ၾကသူမ်ားပင္ျဖစ္ၾကပါသည္။ အထူး သျဖင့္ မိဘမ်ားထံမွလည္းေကာင္း၊ ေသြးသြင္းကုသ၍ကူးစက္ခံခဲ့ၾကရသည့္ ကေလးငယ္မ်ားအားလုံးသည္လူ ႀကီးမ်ားထက္ဘဝႀကီးတစ္ခုလုံး ပို၍နာက်င္ခံစားခဲ့ရပါသည္။ ဘုမသိဘမသိျဖင့္ HIV ကူးစက္ခံခဲ့ရၿပီး တစ္ဘ၀ လုံးရပ္တည္ရန္အတြက္ အခက္အခဲမ်ားပိုမိုႀကဳံေတြ႕ရပါေတာ့သည္။

အခ်ိဳ႕ကေလးမ်ားသည္ HIV ပိုးလည္းကူး စက္ခံခဲ့ရၿပီး မိဘမ်ားလည္း HIV ေၾကာင့္ကြယ္လြန္သြားရသျဖင့္ မိဘမဲ့ဘဝအျဖစ္ရပ္တည္ကာ ေဆးကုသခံယူ ရမႈႏွင့္ ပညာေရးႏွင့္စားေသာက္ေနထိုင္ေရးမွအစ ဒုကၡေရာက္ၾကရရွာပါေတာ့သည္။ အခ်ိဳ႕အဖိုးအဖြားရွိသူတို႔ ကျပန္လည္ေစာင့္ေရွာက္ျခင္းခံရပါက ေနသာေသာ္လည္းအဖိုးအဖြားအရင္းတို႔ မရွိသျဖင့္ေဒြးႀကီး၊ ေဒၚႀကီးတို႔မွ ျပန္လည္ေစာင့္ေရွာက္ျခင္းခံရျခင္းမ်ိဳးလည္း ရွိပါသည္။ ထိုသို႔ေစာင့္ေရွာက္ေပးသူမ်ားထံတြင္လည္း သားသမီး အရင္းအျခာမ်ားမရွိပါက ေနသာထိုင္သာရွိေသာ္လည္းအခ်ိဳ႕ ထိန္းသိမ္းသူႀကီးေတာ္ႀကီးမ်ားတြင္ သားသမီးမ်ား ရွိေနပါကတန္းတူအခြင့္အေရးမ်ား မရရွိၾကသျဖင့္မ်က္စိသူငယ္၊ နားသူငယ္ဘဝမ်ားျဖင့္ ရပ္တည္ေနရသူမ်ား လည္းရွိပါသည္။ ယေန႔အခ်ိန္တြင္ရွိေနသည့္ကေလးငယ္မ်ားကို ကူညီကယ္တင္ေစာင့္ေရွာက္ေပးေနသည့္ အ ဖြ႕ဲအစည္းမ်ားႏွင့္ေဂဟာမ်ား ေပၚေပါက္လာသျဖင့္ထိုေနရာမ်ားကို ေရာက္ေနသည့္ကေလးမ်ားသည္ ပညာေရး ႏွင့္က်န္းမာေရးေစာင့္ေရွာက္ေပးမႈကို တန္းတူခံစားခြင့္ရေနေသာ္လည္း ထိုကေလးတို႔၏စိတ္ပိုင္းဆိုင္ရာ ခံစား ေနရမႈတို႔ရွိေနသည္ကိုလည္း ျမင္ေတြ႕ရမည္ျဖစ္ပါသည္။

ထိုကေလးတို႔၏ဘဝမ်ားသည္ ေမြးစမွသည္ဘဝႀကီးတစ္ခုလုံးအတြက္ အက်နာခဲ့သည္ဟုလည္းေျပာ၍ ရေနပါသည္။ ထိုကေလးမ်ား၏ဘဝသည္ ေရွ႕ဆက္ ၿပီးၾကမ္းတမ္းေသာဘဝမ်ားကို ျဖတ္သန္းရဦးမည္ဆိုသည္ မွာႀကိမ္းေသသေလာက္ပင္ျဖစ္ပါသည္။ ထိုကေလးမ်ားကိုေစာင့္ေရွာက္ေပးေနသည့္ အဖြဲ႕မ်ားကလည္းပညာ သင္သည့္အ႐ြယ္တြင္အတန္းပညာမ်ား သင္ေပးေနၾကသျဖင့္တေန႔က်လွ်င္ ထိုကေလးတို႔၏လုပ္အားအရင္းအ ျမစ္မ်ားသည္လည္းေပၚထြက္လာမည္ျဖစ္ပါသည္။ အခ်ိဳ႕ကေလးတို႔ကို အသက္ေမြးပညာရပ္မ်ားသင္ၾကားေပး ၾကသည့္အတြက္ ထိုကေလးမ်ား၏လုပ္အားမ်ားသည္ လူသားမ်ားအတြက္အက်ိဳးျဖစ္ထြန္းလာမည္မွာ ဧကန္ ျဖစ္ပါသည္။ ငယ္စဥ္ကေလးဘဝမွအစျပဳၿပီး ဘဝႀကီးအက်နာခဲ့ေသာ ထိုကေလးမ်ားသည္ယခုအခ်ိန္တြင္ သန္ ရာသန္ရာပညာရပ္မ်ားကိုသင္ၾကားလွ်က္ ေနာင္တစ္ခ်ိန္တြင္တန္ဖိုးရွိလာမည့္ ကေလးမ်ားအျဖစ္ရပ္တည္ႏိုင္ ေအာင္ဝိုင္းဝန္းေစာင့္ေရွာက္ပ်ိဳးေထာင္ေပးၾကသူမ်ား၏ စိတ္ရင္းေစတနာတို႔ကိုလည္း အသိအမွတ္ျပဳေပးရမည္ သာျဖစ္ေပသည္။ ထိုသို႔အက်နာခဲ့ရသည့္ HIV ကူးစက္ခံလူမမယ္ကေလးမ်ားသည္ပင္လွ်င္ တန္ဖိုးတစ္ခုရွိ သည္ဟုသုံးသပ္ပါက HIV ကူးစက္ခံလူႀကီးမ်ားသည္လည္း လူ႔ဘဝႀကီးထဲတြင္လူ႔အက်ိဳးျပဳလုပ္ငန္းမ်ားကို ပိုမို လုပ္ကိုင္သင့္ၾကသလို စိတ္ဓာတ္ပိုမိုခိုင္မာေအာင္ျပန္လည္ေလ့က်င့္သင့္သည္ဟုလည္း ထင္ျမင္မိပါသည္။

လူတစ္ဦး၏တန္ဖိုးကိုတိုင္းတာရာတြင္ HIV ႏွင့္အျခားေသာေရာဂါတစ္ခုရွိေနျခင္းႏွင့္ တိုင္းတာလို႔မရ ႏိုင္ဘဲထိုသူ၏ လူသားမ်ားအေပၚတြင္ထားရွိေသာ    စိတ္ထားျမင့္ျမတ္ျဖင့္သာတိုင္းတာသင့္ပါသည္။ က်န္းမာေရး ေကာင္းၿပီးေငြေၾကးခ်မ္းသာေသာ ပညာမည္မွ်ပင္တတ္ေနပါေစ ထိုသူ၏စိတ္ထားျမင့္ျမတ္မႈသည္ လူသားမ်ား အေပၚတြင္မသက္ေရာက္ဘဲ အတၱႀကီးစြာျဖင့္ရွင္သန္ေနသူသည္ လူ႔ေလာကအတြက္တန္ဖိုးမဲ့လူသားသဖြယ္ သာျဖစ္တည္ေနပါလိမ့္မည္။ HIV ရွိေသာ္လည္း လူတို႔အေပၚလူဟုျမင္တတ္ၿပီး တတ္ႏိုင္သမွ်ကူညီေပးသူတို႔ သာလွ်င္တန္ဖိုးရွိေသာ လူသားပင္ျဖစ္ပါလိမ့္မည္။ ကူးစက္ခံခဲ့ရသူမ်ားအားလုံးတို႔သည္ ဤသို႔မကူးစက္ခင္ကာ လမ်ားတုန္းဆီက မိမိတို႔၏လုပ္အားမ်ာျဖင့္ မိသားစုအေရးမ်ား ပတ္ဝန္းက်င္၏အေရးမ်ားကိုကူညီလုပ္ကိုင္ခဲ့ဖူး သူမ်ားရွိၾကသလို လူမႈကူညီမႈလုပ္ငန္းမ်ားအားနည္းခဲ့သူမ်ားလည္း ရွိေနမည္ျဖစ္ပါသည္။ အတိတ္ကာလမ်ား တုန္းကမည္သို႔ပင္ျပဳမူေနထိုင္ခဲ့သူပင္ျဖစ္ပါေစ ယခုအခါတြင္ HIV ကူးစက္ခံရၿပီးမိမိတို႔၏ က်န္းမာေရးမ်ားျပန္ လည္ေကာင္းမြန္လာသည္ႏွင့္အမွ် ဘဝသစ္တစ္ခုကိုေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ ယခင္အခ်ိန္တုန္းကညံ့ ဖ်င္းသည့္စိတ္ထားမ်ားရွိခဲ့ပါက ယခုအခ်ိန္တြင္ေကာင္းမြန္ေသာတန္ဖိုးရွိေသာ လူသားတစ္ဦးအျဖစ္က်င့္ႀကံေန ထိုင္သြားသင့္ပါသည္။

မိမိတြင္ HIV ရွိေနျခင္းေၾကာင့္မည္သူကမွ် မည္သို႔ပင္ခြဲျခားဆက္ဆံပစ္ပယ္ၾကပါေစ မိမိ တို႔၏အရင္းအျမစ္မ်ားကို လူသားအက်ိဳးျပဳလုပ္ငန္းမ်ားတြင္ တစ္  ပိုင္တစ္ႏိုင္ပူးေပါင္းပါဝင္ကူညီျခင္းျဖင့္ ပတ္ဝန္း က်င္၏အေရးေပးမႈလက္ခံလာမႈမ်ားကို ျပန္လည္ရယူသင့္ပါသည္။ ယခင္အခ်ိန္တုန္းမ်ားကလို လူမႈပတ္ဝန္း က်င္တြင္လက္မခံၾကသည့္ အျပဳအမူတို႔ကိုလုံးဝပယ္ဖ်က္သင့္ပါသည္။
ယေန႔အခ်ိန္တြင္ျမန္မာလူမႈပတ္ဝန္းက်င္ေလာကတြင္ အမ်ိဳးမ်ိဳးေသာပရဟိတလုပ္ငန္းမ်ားလည္း ဖြံ႕ၿဖိဳး လာေနၿပီျဖစ္ပါသည္။ မိမိတို႔၏ုလုပ္ေဆာင္ခ်က္မ်ားသည္ ေငြအားမတတ္ႏိုင္လွ်င္ေသာ္မွ လုပ္အားမ်ားကိုစိုက္ ထည့္ပူးေပါင္းလုပ္ေဆာင္သင့္ပါသည္။ ထိုအခါမွသာမိမိကို ပစ္ပယ္ခြဲျခားေနေသာသူတို႔၏ အျမင္မ်ားသည္ လည္းၾကည္လင္လက္ခံလာမည္ျဖစ္ပါသည္။ မိမိတို႔၏ဘဝသည္ HIV ၏ဆိုးက်ိဳးမ်ားေၾကာင့္အက်နာခဲ့သည္။ သို႔ေသာ္လည္း က်န္းမာေရးမ်ားျပန္လည္ေကာင္းမြန္လာေသာအခါ ေရွ႕ဘဝခရီးတစ္ေလွ်ာက္လုံး ဘဝသာယာ တိုးတက္ေအာင္လုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းလိုပါသည္။ လူတစ္ဦးတစ္  ေယာက္သည္ မည္သည့္အ ေၾကာင္းအရာႏွင့္မဆိုဘဝနာတတ္ၾကသည္ျဖစ္ရာတစ္ခ်ိန္ခ်ိန္တြင္ မိမိႏွင့္မိသားစုဘဝမ်ားသာယာေအာင္ ျပန္လည္လုပ္ေဆာင္ ဖို႔လိုအပ္ပါသည္။ ထိုသို႔ျပဳုလုပ္ႏိုင္ေအာင္ အားစိုက္မထုတ္ၾကပါက တစ္သက္လုံးဘဝနာမႈမ်ား ဆက္လက္ခံစားေနရဦးမည္သာျဖစ္ပါသည္။ ထို႔ေၾကာင့္ လူတစ္ဦးတြင္ HIV ကူးစက္ခံခဲ့ရျခင္းရွိမရွိႏွင့္ ဘဝသာ ယာေအာင္ျပဳလုပ္ျခင္းကမသက္ဆိုင္ပါ။ ထိုအသိတရားမ်ားကို HIV ရွိေနသူအျပင္အေၾကာင္းအမ်ိဳးမ်ိဳးတို႔ ေၾကာင့္ဘဝနာ အက်နာခဲ့သူမ်ားသည္ တစ္ဖန္ျပန္လည္းၿပီး ဘဝသာေအာင္ႀကိဳးစားၿပီးျပန္လည္လုပ္ေဆာင္ တက္လွမ္းႏိုင္ၾကေစရန္ စိတ္ဓာတ္ျမႇင့္   တင္ေရးသားလိုက္ရပါေတာ့သည္။

Author: လႈိင္ (PEER) Vol-8 /No-9 Healthcare Journal

(Unicode)

HIV ကူးစက်ခံရသူများအားလုံးသည် လူ့ဘဝကြီးထဲတွင် ဘဝနာခဲ့ကြသူများပင်ဖြစ်ကြပါသည်။ အထူး သဖြင့် မိဘများထံမှလည်းကောင်း၊ သွေးသွင်းကုသ၍ကူးစက်ခံခဲ့ကြရသည့် ကလေးငယ်များအားလုံးသည်လူ ကြီးများထက်ဘဝကြီးတစ်ခုလုံး ပို၍နာကျင်ခံစားခဲ့ရပါသည်။ ဘုမသိဘမသိဖြင့် HIV ကူးစက်ခံခဲ့ရပြီး တစ်ဘ၀ လုံးရပ်တည်ရန်အတွက် အခက်အခဲများပိုမိုကြုံတွေ့ရပါတော့သည်။

အချို့ကလေးများသည် HIV ပိုးလည်းကူး စက်ခံခဲ့ရပြီး မိဘများလည်း HIV ကြောင့်ကွယ်လွန်သွားရသဖြင့် မိဘမဲ့ဘဝအဖြစ်ရပ်တည်ကာ ဆေးကုသခံယူ ရမှုနှင့် ပညာရေးနှင့်စားသောက်နေထိုင်ရေးမှအစ ဒုက္ခရောက်ကြရရှာပါတော့သည်။ အချို့အဖိုးအဖွားရှိသူတို့ ကပြန်လည်စောင့်ရှောက်ခြင်းခံရပါက နေသာသော်လည်းအဖိုးအဖွားအရင်းတို့ မရှိသဖြင့်ဒွေးကြီး၊ ဒေါ်ကြီးတို့မှ ပြန်လည်စောင့်ရှောက်ခြင်းခံရခြင်းမျိုးလည်း ရှိပါသည်။ ထိုသို့စောင့်ရှောက်ပေးသူများထံတွင်လည်း သားသမီး အရင်းအခြာများမရှိပါက နေသာထိုင်သာရှိသော်လည်းအချို့ ထိန်းသိမ်းသူကြီးတော်ကြီးများတွင် သားသမီးများ ရှိနေပါကတန်းတူအခွင့်အရေးများ မရရှိကြသဖြင့်မျက်စိသူငယ်၊ နားသူငယ်ဘဝများဖြင့် ရပ်တည်နေရသူများ လည်းရှိပါသည်။ ယနေ့အချိန်တွင်ရှိနေသည့်ကလေးငယ်များကို ကူညီကယ်တင်စောင့်ရှောက်ပေးနေသည့် အ ဖွ့ဲအစည်းများနှင့်ဂေဟာများ ပေါ်ပေါက်လာသဖြင့်ထိုနေရာများကို ရောက်နေသည့်ကလေးများသည် ပညာရေး နှင့်ကျန်းမာရေးစောင့်ရှောက်ပေးမှုကို တန်းတူခံစားခွင့်ရနေသော်လည်း ထိုကလေးတို့၏စိတ်ပိုင်းဆိုင်ရာ ခံစား နေရမှုတို့ရှိနေသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။

ထိုကလေးတို့၏ဘဝများသည် မွေးစမှသည်ဘဝကြီးတစ်ခုလုံးအတွက် အကျနာခဲ့သည်ဟုလည်းပြော၍ ရနေပါသည်။ ထိုကလေးများ၏ဘဝသည် ရှေ့ဆက် ပြီးကြမ်းတမ်းသောဘဝများကို ဖြတ်သန်းရဦးမည်ဆိုသည် မှာကြိမ်းသေသလောက်ပင်ဖြစ်ပါသည်။ ထိုကလေးများကိုစောင့်ရှောက်ပေးနေသည့် အဖွဲ့များကလည်းပညာ သင်သည့်အရွယ်တွင်အတန်းပညာများ သင်ပေးနေကြသဖြင့်တနေ့ကျလျှင် ထိုကလေးတို့၏လုပ်အားအရင်းအ မြစ်များသည်လည်းပေါ်ထွက်လာမည်ဖြစ်ပါသည်။ အချို့ကလေးတို့ကို အသက်မွေးပညာရပ်များသင်ကြားပေး ကြသည့်အတွက် ထိုကလေးများ၏လုပ်အားများသည် လူသားများအတွက်အကျိုးဖြစ်ထွန်းလာမည်မှာ ဧကန် ဖြစ်ပါသည်။ ငယ်စဉ်ကလေးဘဝမှအစပြုပြီး ဘဝကြီးအကျနာခဲ့သော ထိုကလေးများသည်ယခုအချိန်တွင် သန် ရာသန်ရာပညာရပ်များကိုသင်ကြားလျှက် နောင်တစ်ချိန်တွင်တန်ဖိုးရှိလာမည့် ကလေးများအဖြစ်ရပ်တည်နိုင် အောင်ဝိုင်းဝန်းစောင့်ရှောက်ပျိုးထောင်ပေးကြသူများ၏ စိတ်ရင်းစေတနာတို့ကိုလည်း အသိအမှတ်ပြုပေးရမည် သာဖြစ်ပေသည်။ ထိုသို့အကျနာခဲ့ရသည့် HIV ကူးစက်ခံလူမမယ်ကလေးများသည်ပင်လျှင် တန်ဖိုးတစ်ခုရှိ သည်ဟုသုံးသပ်ပါက HIV ကူးစက်ခံလူကြီးများသည်လည်း လူ့ဘဝကြီးထဲတွင်လူ့အကျိုးပြုလုပ်ငန်းများကို ပိုမို လုပ်ကိုင်သင့်ကြသလို စိတ်ဓာတ်ပိုမိုခိုင်မာအောင်ပြန်လည်လေ့ကျင့်သင့်သည်ဟုလည်း ထင်မြင်မိပါသည်။

လူတစ်ဦး၏တန်ဖိုးကိုတိုင်းတာရာတွင် HIV နှင့်အခြားသောရောဂါတစ်ခုရှိနေခြင်းနှင့် တိုင်းတာလို့မရ နိုင်ဘဲထိုသူ၏ လူသားများအပေါ်တွင်ထားရှိသော    စိတ်ထားမြင့်မြတ်ဖြင့်သာတိုင်းတာသင့်ပါသည်။ ကျန်းမာရေး ကောင်းပြီးငွေကြေးချမ်းသာသော ပညာမည်မျှပင်တတ်နေပါစေ ထိုသူ၏စိတ်ထားမြင့်မြတ်မှုသည် လူသားများ အပေါ်တွင်မသက်ရောက်ဘဲ အတ္တကြီးစွာဖြင့်ရှင်သန်နေသူသည် လူ့လောကအတွက်တန်ဖိုးမဲ့လူသားသဖွယ် သာဖြစ်တည်နေပါလိမ့်မည်။ HIV ရှိသော်လည်း လူတို့အပေါ်လူဟုမြင်တတ်ပြီး တတ်နိုင်သမျှကူညီပေးသူတို့ သာလျှင်တန်ဖိုးရှိသော လူသားပင်ဖြစ်ပါလိမ့်မည်။ ကူးစက်ခံခဲ့ရသူများအားလုံးတို့သည် ဤသို့မကူးစက်ခင်ကာ လများတုန်းဆီက မိမိတို့၏လုပ်အားမျာဖြင့် မိသားစုအရေးများ ပတ်ဝန်းကျင်၏အရေးများကိုကူညီလုပ်ကိုင်ခဲ့ဖူး သူများရှိကြသလို လူမှုကူညီမှုလုပ်ငန်းများအားနည်းခဲ့သူများလည်း ရှိနေမည်ဖြစ်ပါသည်။ အတိတ်ကာလများ တုန်းကမည်သို့ပင်ပြုမူနေထိုင်ခဲ့သူပင်ဖြစ်ပါစေ ယခုအခါတွင် HIV ကူးစက်ခံရပြီးမိမိတို့၏ ကျန်းမာရေးများပြန် လည်ကောင်းမွန်လာသည်နှင့်အမျှ ဘဝသစ်တစ်ခုကိုရောက်ရှိလာပြီဖြစ်သောကြောင့် ယခင်အချိန်တုန်းကညံ့ ဖျင်းသည့်စိတ်ထားများရှိခဲ့ပါက ယခုအချိန်တွင်ကောင်းမွန်သောတန်ဖိုးရှိသော လူသားတစ်ဦးအဖြစ်ကျင့်ကြံနေ ထိုင်သွားသင့်ပါသည်။

မိမိတွင် HIV ရှိနေခြင်းကြောင့်မည်သူကမျှ မည်သို့ပင်ခွဲခြားဆက်ဆံပစ်ပယ်ကြပါစေ မိမိ တို့၏အရင်းအမြစ်များကို လူသားအကျိုးပြုလုပ်ငန်းများတွင် တစ်  ပိုင်တစ်နိုင်ပူးပေါင်းပါဝင်ကူညီခြင်းဖြင့် ပတ်ဝန်း ကျင်၏အရေးပေးမှုလက်ခံလာမှုများကို ပြန်လည်ရယူသင့်ပါသည်။ ယခင်အချိန်တုန်းများကလို လူမှုပတ်ဝန်း ကျင်တွင်လက်မခံကြသည့် အပြုအမူတို့ကိုလုံးဝပယ်ဖျက်သင့်ပါသည်။
ယနေ့အချိန်တွင်မြန်မာလူမှုပတ်ဝန်းကျင်လောကတွင် အမျိုးမျိုးသောပရဟိတလုပ်ငန်းများလည်း ဖွံ့ဖြိုး လာနေပြီဖြစ်ပါသည်။ မိမိတို့၏ုလုပ်ဆောင်ချက်များသည် ငွေအားမတတ်နိုင်လျှင်သော်မှ လုပ်အားများကိုစိုက် ထည့်ပူးပေါင်းလုပ်ဆောင်သင့်ပါသည်။ ထိုအခါမှသာမိမိကို ပစ်ပယ်ခွဲခြားနေသောသူတို့၏ အမြင်များသည် လည်းကြည်လင်လက်ခံလာမည်ဖြစ်ပါသည်။ မိမိတို့၏ဘဝသည် HIV ၏ဆိုးကျိုးများကြောင့်အကျနာခဲ့သည်။ သို့သော်လည်း ကျန်းမာရေးများပြန်လည်ကောင်းမွန်လာသောအခါ ရှေ့ဘဝခရီးတစ်လျှောက်လုံး ဘဝသာယာ တိုးတက်အောင်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုပါသည်။ လူတစ်ဦးတစ်  ယောက်သည် မည်သည့်အ ကြောင်းအရာနှင့်မဆိုဘဝနာတတ်ကြသည်ဖြစ်ရာတစ်ချိန်ချိန်တွင် မိမိနှင့်မိသားစုဘဝများသာယာအောင် ပြန်လည်လုပ်ဆောင် ဖို့လိုအပ်ပါသည်။ ထိုသို့ပြုုလုပ်နိုင်အောင် အားစိုက်မထုတ်ကြပါက တစ်သက်လုံးဘဝနာမှုများ ဆက်လက်ခံစားနေရဦးမည်သာဖြစ်ပါသည်။ ထို့ကြောင့် လူတစ်ဦးတွင် HIV ကူးစက်ခံခဲ့ရခြင်းရှိမရှိနှင့် ဘဝသာ ယာအောင်ပြုလုပ်ခြင်းကမသက်ဆိုင်ပါ။ ထိုအသိတရားများကို HIV ရှိနေသူအပြင်အကြောင်းအမျိုးမျိုးတို့ ကြောင့်ဘဝနာ အကျနာခဲ့သူများသည် တစ်ဖန်ပြန်လည်းပြီး ဘဝသာအောင်ကြိုးစားပြီးပြန်လည်လုပ်ဆောင် တက်လှမ်းနိုင်ကြစေရန် စိတ်ဓာတ်မြှင့်   တင်ရေးသားလိုက်ရပါတော့သည်။

Author: လှိုင် (PEER) Vol-8 /No-9 Healthcare Journal

Previous Post

ကျန်းမာရေးနဲ့လှပမှုအတွက် သဘာဝတရားကိုအသုံးချမယ်

Next Post

အိပ်မပျော်သူများ သတိထားရန်အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
738
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်မပျော်သူများ သတိထားရန်အချက်များ

သွေးအတွင်းအဆီဓာတ်နည်းအောင်လုပ်ဆောင်ခြင်းနှင့် ဓာတ်စာ

ကွန်ဒုံး (Condom)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.