fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကျားဟော်မုန်း နည်းတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ။

3.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

ကျားဟော်မုန်း နည်းတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ။

ကျားဟော်မုန်းကို ဆေးပညာအရ Testosterone (တက်စတိုစတီရုန်း) လို့ခေါ်ပါတယ်။

ကျားဟော်မုန်းကို အမျိုးသားတွေမှာ ဝှေးစေ့ကနေ အဓိက ထုတ်လုပ်ပေးပြီး အမျိုးသားတွေအတွက် အရမ်းအရေးကြီးတဲ့ ဟော်မုန်းဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ကျားဟော်မုန်းဓါတ်ဟာ အမျိုးသားသွင်ပြင်လက္ခဏာတွေ ဖြစ်တဲ့ ကြွက်သားထုထည် ကြီးမားသန်စွမ်းတာ၊ အရိုးထုထည်ကြီးတာ၊ အမွှေးအမျှင်များတာ၊ အသံသြတာ၊ လိင်စိတ်ပြင်းပြတာ၊ လိင်တံနဲ့ ဝှေးစေ့ကြီးထွားတာ စသဖြင့်တွေကို ဖြစ်စေဖို့အတွက် အဓိကကျသလို သွေးနီဥတွေထုတ်လုပ်ရာမှာနဲ့ မျိုးအောင်ဖို့အတွက် သုတ်ကောင်တွေထုတ်လုပ်ရာမှာလည်း အရေးပါတဲ့ နေရာကပါဝင်လို့ပါ။

ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ အပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။

အမျိုးသားတဦးမှာ ပုံမှန်ရှိရမယ့် ကျားဟော်မုန်းပမာဏကတော့ 300ng/dL ကနေ 1000 ng/dL အတွင်းဖြစ်ပါတယ်။

300 ng/dL ထက်နည်းရင် ကျားဟော်မုန်းနည်းတယ်လို့ သတ်မှတ်ပါတယ်။

ကျားဟော်မုန်း ပုံမှန်အားဖြင့်လည်း အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းလျော့နည်းလာတတ်ပါတယ်။

အသက်ကြီးတာအပြင်

– ဝှေးစေ့ထိခိုက်ဒဏ်ရရတာ

– ဝှေးစေ့ပိုးဝင်တာ

– ဝှေးစေ့ကင်ဆာဖြစ်တာ

– ဟော်မုန်းနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်တာ(ဥပမာ သိုင်းရွိုက်ဟော်မုန်းရောဂါ)

– အိတ်အိုင်ဗီပိုး ကူးစက်ပြီး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်တာ

– နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းရောဂါတွေ ဖြစ်တာ

– အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်တာ

– ကင်ဆာရောဂါတခုခုဖြစ်ပြီး ကင်ဆာဆေးသွင်း ကုသမှု ခံယူရတာ

– အဝလွန်တာ စတဲ့ အကြောင်းတွေကြောင့်လည်း ကျားဟော်မုန်းလျော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကျားဟော်မုန်းလျော့နည်းတဲ့အခါမှာ

– လိင်စိတ်ဆန္ဒ နည်းလာတာ

– လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု နည်းလာတာ

– ပန်းသေပန်းညိုး ဖြစ်လာတာ

– သုတ်ရည်အထွက် နည်းလာတာ

– ဝှေးစေ့အရွယ်အစား သေးလာတာ

– ရင်သားကြီးလာတာ

– ခန္ဓာကိုယ်ရှိ အမွှေးအမျှင်တွေ လျော့နည်းလာတာ

– ကြွက်သားထုလျော့လာပြီး အဆီတွေများလာကာ ကိုယ်အလေးချိန်တိုးလာတာ

– နေရထိုင်ရတာ အားမရှိသလိုဖြစ်တာ

– အိပ်မပျော်တာ

– စိတ်ခံစားမှုအပြောင်းအလဲဖြစ်တာ၊ စိတ်အာရုံစူးစိုက်မရတာတွေကို ခံစားရနိုင်ပါတယ်။

ဒီလိုမျိုးတွေခံစားရပြီဆိုရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းပြသပြီး ကျားဟော်မုန်းနည်းတာဟုတ်မဟုတ်သိရအောင် သွေးတွင်း ကျားဟော်မုန်းပမာဏကို သွေးဖောက် စစ်ကြည့်ဖို့လိုပါတယ်။

စစ်ကြည့်လို့ ကျနေပြီဆိုရင်တော့ အချိန်မဆွဲဘဲ ကုသမှုခံယူဖို့ လိုပါတယ်။

ဘာလို့လဲဆိုတော့ ကျားဟော်မုန်းနည်းခြင်းဟာ နောက်ဆက်တွဲအနေနဲ့ ကလေးရဖို့ခက်ခဲတာ၊ မျိုးမအောင်တာ၊ အရိုးပွတာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ စသဖြင့်ကို ဖြစ်စေနိုင်လို့ပါ။

ကုသမှုအနေနဲ့ကတော့ နဲနေတဲ့ဟော်မုန်း ပြန်ပြည့်လာအောင် အပြင်ကနေ ဟော်မုန်းဆေးတွေပေးတာပါ။ Hormonal therapy လို့ခေါ်ပါတယ်။

ဟော်မုန်းဆေးတွေကို သောက်ဆေးအနေနဲ့သော်လည်းကောင်း၊ ထိုးဆေးအနေနဲ့သော်လည်းကောင်း၊ ဂျယ်လိမ်းဆေး သို့မဟုတ် ကပ်ခွာ အနေနဲ့သော်လည်း စသဖြင့်နည်းတွေနဲ့ပေးနိုင်ပါတယ်။

ဟော်မုန်းဆေးတွေဟာ ရင်သားကင်ဆာဖြစ်တာ၊ သွေးပျစ်တာ၊ ဆီးကျိတ်ကင်ဆာဖြစ်တာ စသဖြင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ခြေရှိတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသစမ်းသပ်ပြီး စမ်းသပ်တဲ့ ဆရာဝန်ညွန်ကြားချက်ရှိမှသာ သုံးသင့်ပါတယ်။

Dr 528

Previous Post

မွေးလာတဲ့ ကလေးက ပေါင်ချိန်မပြည့်ရင်

Next Post

သက်ငယ်မုဒိမ်း ရန်ကနေ ကိုယ့်သားသမီးတွေကို ဘယ်လိုကာကွယ်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
760
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သက်ငယ်မုဒိမ်း ရန်ကနေ ကိုယ့်သားသမီးတွေကို ဘယ်လိုကာကွယ်မလဲ

ကလေးမွေးပြီးနောက်ဖြစ်တဲ့ စိတ်ကျရောဂါ (Post partum depression) က ကလေးအတွက် ဘယ်လောက် အန္တရာယ်ကြီးလဲ ?

Liposuction ဆိုတာ ??

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.