fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သင့်ထက် ဝီရိယကောင်းနေတဲ့ ရွှေပန်းလေး

429
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/07/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

သင့်ထက် ဝီရိယကောင်းနေတဲ့ ရွှေပန်းလေး

အမျိုးသားတွေအနေနဲ့ မနက်ခင်းအိပ်ရာအထမှာ ကိုယ့်ရဲ့ ရွှေပန်းထောင်မတ်နေတာကို
မကြာခဏ ကြုံတွေ့ဖူးကြမှာပါ။

တကယ်တော့ သင် မနက်စောစော မျက်စိနှစ်လုံးမပွင့်ခင် (မနိုးခင်) မှာကို သင့်ရဲ့ ရွှေပန်းဟာ အရင်နိုးထ တောင်မတ်နေတာပါ။

ဒီလိုမျိုးဖြစ်တာကို ဆေးပညာလို Morning wood သို့မဟုတ် Nocturnal penile tumescence (NPT) လို့ခေါ်ပါတယ်။

ဒီလိုမျိုးဖြစ်တာဟာ ရောဂါမဟုတ်ပါဘူး။ သဘာဝဖြစ်စဉ် တခုပဲဖြစ်ပါတယ်။

မနက်စောစော အိပ်ရာနိုးခါနီး လိင်တံထောင်မတ်ခြင်းဟာ ပုံမှန်အားဖြင့် မိနစ် ၃၀ လောက်ထိကြာတတ်ပါတယ်။

သို့ပေမယ့် စိတ်မပူပါနဲ့။ အိပ်ရာကနိုးသွားပြီဆိုရင်တော့ မကြာခင် မိနစ်ပိုင်းလောက်အတွင်းမှာ ထောင်မတ်ခြင်းဟာ လျော့သွားပြီး ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

အမျိုးသားတွေအနေနဲ့ မနက်ခင်းအိပ်ရာနိုးခါနီး လိင်တံထောင်မတ်နေခြင်းကို အသက် ၆ နှစ်လောက် ကနေစပြီး အသက် ၇၀ လောက် ထိ ကြုံတွေ့ရနိုင်ပါတယ်။

နေ့စဉ် သို့မဟုတ် မကြာမကြာ ကြုံရနိုင်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှတော့ မနက်ခင်းနိုးခါနီး လိင်တံထောင်မတ်ခြင်း ဖြစ်တာ လျော့နည်းလာပါတယ်။

လူအတော်များများအနေနဲ့ ထင်ကြတာက မနက်ခင်းမှာ လိင်တံထောင်မတ်ခြင်းဖြစ်ရတာဟာ အိပ်ပျော်နေစဉ်မှာ လိင်ပိုင်းဆိုင်ရာအိမ်မက်တွေ မြင်မက်တာ၊ ရှုးရှုးပေါက်ချင်တာတွေကြောင့်လို့ ဆိုပြီးထင်တတ်ကြပါတယ်။

ဒါတွေဟာ ရာနှုန်းပြည့်မမှန်ပါဘူး။ အဲ့ဒါတွေအပြင် မနက်ခင်း လိင်တံထောင်မတ်ခြင်းကို ဖြစ်စေနိုင်တဲ့ တခြားအကြောင်းတွေလည်း ရှိပါတယ်။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု တခုခုရှိခြင်း

ဆိုလိုတာက အိပ်နေရင်းနဲ့ မတော်တဆ ကိုယ့်လိင်တံကို ကိုယ်ဘာသာကိုယ်သော်လည်းကောင်း၊ မိမိဇနီးကသော်လည်းကောင်း ကိုင်မိ ထိမိတာ၊ ဖက်လုံး သို့မဟုတ် စောင်တွေနဲ့ ပွတ်တိုက်မိတာစသဖြင့်ကြောင့် လိင်တံကို သွားလှုံ့ဆော်သလို ဖြစ်ပြီး ထောင်မတ်လာနိုင်ပါတယ။်

၂။ ကျားဟော်မုန်း အတက်အကျဖြစ်ခြင်း

ခန္ဓာကိုယ်တွင်းရှိ Testosterone ခေါ် ကျားဟော်မုန်းဟာ ပမာဏဟာ မနက်အစောပိုင်းအချိန်မှာဆိုရင် အမြင့်ဆုံးပမာဏကို ရောက်ရှိနေတတ်ပါတယ်။

ဒီအခါမှာ များနေတဲ့ကျားဟော်မုန်းတွေကြောင့် ပြင်ပကဘာလှုံ့ဆော်မှု တစုံတရာမှမရှိဘဲ လိင်တံဟာ မနက်စောစောမှာ ထောင်မတ်ခြင်းဖြစ်နိုင်ပါတယ်။

သို့ပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှ အထူးသဖြင့် ၄၀၊ ၅၀ အရွယ်လောက်ဆိုရင် ကျားဟော်မုန်းပမာဏာဟာ စကျလာပြီဖြစ်တဲ့အတွက် မနက်ခင်းမှာ လိင်တံထောင်မတ်ခြင်းဖြစ်တာဟာ လျော့နည်းလာနိုင်ပါတယ်။

၃။ ဦးနှောက်က သတိထိန်းချုပ်မှု ကင်းမဲ့နေခြင်း

ကျွန်တော်တို့ နိုးနေပြီးသွားလာလှုပ်ရှားနေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကနေ လိင်တံထောင်မတ်ခြင်း မဖြစ်စေဖို့အတွက် ဟော်မုန်းတွေ ထုတ်ပါတယ်။

အိပ်ပျော်တဲ့အချိန်ကျ အသိသတိရှိမှု နည်းနေပြီး လိင်တံထောင်မတ်ခြင်းကို မဖြစ်အောင်ထိန်းတဲ့ ဟော်မုန်းတွေထုတ်တာ လျော့နည်းလာပါတယ်။

အဲ့ဒီအခါမှာ လိင်တံဟာ ထောင်မတ်လာပါတယ်။

အပေါ်မှာ တခါပြောခဲ့သလို မနက်ခင်းအိပ်ရာထခါနီး လိင်တံထောင်မတ်ခြင်းဟာ ရောဂါတခုမဟုတ်တဲ့အပြင် လိင်တံကို ထောက်ပံ့တဲ့ အာရုံကြောစနစ်နဲ့ သွေးလှည့်ပတ်မှုစနစ်တွေဟာ
ကောင်းစွာအလုပ်လုပ်နေတယ်လို့ပြတဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။

တကယ်လို့ မနက်အိပ်ရာထခါနီး လိင်တံထောင်မတ်ခြင်းမဖြစ်တာ အရမ်းကြာလာပြီ အသက်ကလည်း ငယ်သေးတယ် ဆိုရင်တော့ သင့်မှာ သွေးလှည်ပတ်မှုစနစ် သို့မဟုတ် အာရုံကြောစနစ်နဲ့ ဆိုင်တဲ့ရောဂါတခုခုရှိနေတာ ဖြစ်နိုင်ခြေရှိပါတယ်။

မနက်အိပ်ရာထမှာ လိင်တံထောင်မတ်ပြီးနိုးမလာတိုင်း ရောဂါတခုခုရှိပြီလို့ ယတိပြတ်ပြောမရပါ။ ကြိုတင်ပြီး စိတ်တအားမပူပါနဲ့။

ဘာဖြစ်လို့လဲဆိုတော့

အဝလွန်တာ၊ သွေးပေါင်ချိန်တက်တာ၊ စိတ်ကျရောဂါဖြစ်တာ၊ စိတ်ဖိစီးစရာများတာ၊ သွေးတွင်းသကြားဓါတ်များတာ၊ သွေးတွင်းအဆီဓါတ်များတာ စသဖြင့်တွေရှိရင်လည်း မနက်အိပ်ရာထခါနီးမှာ လိင်တံထောင်မတ်တာမဖြစ်နိုင်ပါ။

ဒါပေမယ့် ဘာပဲပြောပြော အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မနက်ခင်းအိပ်ရာထခါနီးမှာ လိင်တံထောင်မတ်ခြင်းမဖြစ်တာ အရမ်းကြာလာတယ် သို့မဟုတ် လိင်တံထောင်မတ်ခြင်းဖြစ်တဲ့အခါကျလည်း တအားနာကျင်မှုကို ခံစားရတယ် ဆိုရင်တော့ ဆေးခန်းပြသစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။

Dr 528

Previous Post

မွေးစမိခင် နို့လှိုင်လှိုင်ထွက်ဖို့

Next Post

သံချွန်ပေါ်တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
755
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
636

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1000

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံချွန်ပေါ်တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့အခါ

နွားနို့ (သို့မဟုတ်) နို့ရည်၏ အလှအပဆိုင်ရာ အသုံးဝင်ပုံ ၅ ချက်

တယောက်မှ တယောက်သို့ ကူးစက်နိုင်တဲ့ မျက်စိကျိန်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.