fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

HIV နဲ့အရေပြားရောဂါ

1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/03/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ေမး – HIV ေရာဂါျဖစ္တဲ့အခါမွာ အေရျပားနဲ႔ ဆိုင္တဲ့ေရာဂါေတြက ဘာလဲ။
ေျဖ – အေစာပိုင္း HIV ဝင္တဲ့အခါ ေရယုန္၊ ဝဲေရာဂါ၊ ႂကြက္ႏို႔၊ ကာလသား၊ ဆစ္ဖလစ္ေရာဂါ၊ ယားယံျခင္း၊ အဆီထြက္တဲ့ အေရျပားေရာင္ေရာဂါ၊ ယားယံေမႊးကြၽတ္နာေရာဂါ၊ ဝက္ၿခံ၊ ေဆးဝါးမတည့္တဲ့လကၡဏာ (ဥပမာ- ဆာလဖာ) စတဲ့ လကၡဏာေတြကို အေစာပိုင္း HIV မွာေတြ႕ရပါတယ္။ HIV ျဖစ္တာၾကာတဲ့အခါ အေရျပားကင္ ဆာနာတာရွည္ ေရယုန္၊ တီဘီေရာဂါ၊ ကင္ဆာေရာဂါစတာေတြ ျဖစ္တတ္ပါတယ္။

ေမး – HIV လူနာမွာ အင္ျပင္ထြက္တာ တစ္ဦးနဲ႔တစ္ဦးဘာေၾကာင့္ မတူၾကတာလဲ။
ေျဖ – အင္ျပင္အမ်ိဳးအစားနဲ႔ ျပင္းထန္မႈဟာ CD4 ပမာဏ ေပၚမွာမူတည္ပါတယ္။ လူငယ္တစ္ေယာက္မွာ ပါးစပ္ မွာ မႈိေရာဂါေပါက္ေနရင္ HIV ေရာဂါဝင္ေနႏိုင္ပါတယ္။ အင္ျပင္က တစ္ခါမွမထြက္ဘူး။ မႈိသတ္တဲ့ လိမ္းေဆး၊ CD 4 ပမာဏ ၅၀ ေအာက္ျဖစ္ေနၿပီဆိုလွ်င္ အေရျပားအစယူၿပီး ဓာတ္ခြဲစမ္းသပ္ၾကည့္ရပါမယ္။

ေမး – HIV နဲ႔ဆက္ႏြယ္ၿပီးျဖစ္တတ္တဲ့ အေရျပားေရာဂါေတြက ဘာလဲ။
ေျဖ – မႈိေရာဂါ၊ ဗိုင္းရပ္စ္ေရာဂါ၊ ဘက္တီးရီးယားနဲ႔ ကပ္ပါးေရာဂါ စတာေတြျဖစ္တတ္ပါတယ္။

ေမး – HIV နဲ႔မႈိေရာဂါ အေၾကာင္းရွင္းျပေပးပါ။
ေျဖ – အေစာပိုင္း HIV နဲ႔တြဲလ်က္အေနအထားေရာဂါက ယားယံျခင္း၊ အဆီျပန္အေရျပားေရာင္ျခင္းနဲ႔ အေမြးအ မွ်င္အေျခမွာ ယားယံၿပီး နီရဲျခင္းျဖစ္ပါတယ္။ အဆီျပန္အေရျပားေရာင္ေရာဂါက ေအ့ဒ္စ္ေရာဂါျဖစ္တဲ့သူရဲ႕ ၈၀ ရာခိုင္ႏႈန္းမွာ ျဖစ္တတ္ပါတယ္။ CD 4 ပမာဏက်ေလ ေရာဂါျပင္းထန္ေလပါပဲ။ ပါးျပင္မွာ အေရျပားေျခာက္ၿပီး အနီကြက္ေတြထြက္လာပါတယ္။ မ်က္ခုံးနားတစ္ဝိုက္ နားေနာက္နဲ႔ ဦးေရျပားေတြေပၚမွာ အဓိကျဖစ္ပါတယ္။ မႈိ သတ္တဲ့လိမ္းေဆးနဲ႔ တြဲလ်က္စတီး႐ြိဳက္တြဲလိမ္းရင္ သက္သာပါတယ္။

ေမး – ဗိုင္းရပ္စ္ေရာဂါဝင္ျခင္းအေၾကာင္း ရွင္းျပေပးပါ။
ေျဖ – အဓိက ဗိုင္းရပ္စ္ပိုး Herpes၊ ေရယုန္ဗိုင္းရပ္စ္၊ HIV ဗိုင္းရပ္စ္နဲ႔ Molluscum Contagiosum တို႔ျဖစ္ပါ တယ္။
ဗိုင္းရပ္စ္က ႏႈတ္ခမ္း၊ ပါးစပ္နဲ႔ စအိုပတ္လည္ေတြမွာ ျဖစ္တတ္ပါတယ္။ CD 4 ပမာဏ (၁၀၀)ထက္ နည္းရင္ အင္ျပင္ကြက္က ပိုျပင္းလာ၊ ခဏခဏျပန္ျဖစ္မယ္။ ေနရာအႏွံ႔ေရယုန္ေတြ ေပါက္မယ္။ တစ္ေနရာက ေနတစ္ေနရာကို ပ်ံ႕ႏွံ႔လြယ္တတ္ပါတယ္။ ေနရာအႏွံ႔ျဖစ္မယ္။ သိပ္မ်ားေနမယ္။ မ်က္ေစ့ထိခိုက္မယ္။ CD 4 ပမာဏ ၂၀၀ေအာက္ျဖစ္ေနရင္ ဗိုင္းရပ္စ္သတ္ေဆးကို အေၾကာေဆးေတာင့္သြင္းဖို႔ လိုပါလိမ့္မယ္။
လိင္တံႂကြက္ႏို႔ HIV ေရာဂါပိုးဝင္ရင္ စအိုနဲ႔လိင္အဂၤါတစ္ဝိုက္မွာ ေရာဂါျဖစ္ၿပီး ေရာဂါျပင္းထန္သလို ကုသရခက္ ခဲပါတယ္။ လက္နဲ႔ ေျခေထာက္မွာႂကြက္နိ႔ျဖစ္တတ္ပါတယ္။ Molluscum Contagiosum ေရာဂါက အနီကြက္ ၂-၅ မီလီမီတာ အ႐ြယ္ေတြထြက္ၿပီး အလယ္မွာအခ်ိဳင့္ပါေနပါတယ္။ မ်က္ႏွာ၊ လည္ပင္း၊ ဦးေခါင္းနဲ႔ လိင္အဂၤါ တစ္ဝိုက္မွာျဖစ္ေနတတ္ပါတယ္။ CD 4 ပမာဏ တက္မယ္။ ျခစ္ထုတ္ပစ္မယ္ (သို႔) ကုနည္းနဲ႔ Cryotherapy ကုရင္သက္သာႏိုင္ပါတယ္။

ေမး – ဘက္တီးရီးယားနဲ႔ ကပ္ပါးပိုး HIV လူနာတြင္ျဖစ္ပုံကို ရွင္းျပေပးပါ။
ေျဖ – ေမြးကြၽတ္နာ၊ ျပည္တည္နာေတြ ျဖစ္တတ္ပါတယ္။ ကာလသားဆစ္ဖလစ္ေရာဂါေတာင္ ဝင္ႏိုင္ပါတယ္။ HIV ေဝဒနာရွင္ေတြမွာ ဝဲေရာဂါက အလြန္ယားယံျခင္း၊ အနီစက္ေတြကမ်ားစြာျဖစ္ၿပီး အလြန္ကူးစက္လြယ္ပါ တယ္။

ေမး – ပါးစပ္ထဲတြင္ မႈိေရာဂါျဖစ္ျခင္းအေၾကာင္း ရွင္းျပေပးပါ။
ေျဖ – CD 4 ပမာဏ ၂၀၀ထက္နည္းရင္ ပါးစပ္ထဲမွာ အျဖဴကြက္ေတြျဖစ္ၿပီး ဖယ္လိုက္လွ်င္မ်က္ႏွာျပင္ နီရဲၿပီး က်င္ေနတတ္ပါတယ္။ ပါးစပ္မွာအနာျဖစ္တာ အတြင္းပိုင္းနီရဲေနတာ၊ လွ်ာကေခ်ာၿပီးေျပာင္ေနတာေတြ ေတြ႕ရ တတ္ပါတယ္။လူနာ ၈၀ ရာခိုင္ႏႈန္းထိ အစားစားလိုက္လွ်င္ နာက်င္ျခင္းျဖစ္လွ်င္ အစာေရမ်ိဳမွာ Canoida မႈိကပ္တဲ့ ေရာဂါျဖစ္ႏိုင္ပါတယ္။
ေမး – လွ်ာမွာ ဘာလကၡဏာေတြျဖစ္တတ္သလဲ။

ေျဖ – Hairy Leucoplakia ဆိုတာျဖစ္တတ္ပါတယ္။ လွ်ာေဘးေတာက္ေလွ်ာက္မွာ ဖုထစ္ျဖစ္ေနတဲ့ အျဖဴကြက္ ေတြ တန္းစီေနတတ္ပါတယ္။ ေရာဂါလကၡဏာေတာ့ မျပတတ္ပါဘူး။ EBV လို႔ေခၚတဲ့ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ရ တာ။
ေမး – Kaposi ကင္ဆာဆိုတာဘာလဲ။

ေျဖ – ေအ့ဒ္စ္ေရာဂါရဲ႕ လကၡဏာေတြျဖစ္တယ္။ Herpes ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တာ။ အသက္ႀကီးသ၊ူ ဂ်ဴးေယာ က္်ားႀကီးေတြ၊ ကိုယ္တြင္းကလီစာထည့္ၿပီး ခုခံအားစနစ္ကို ဖိႏွိပ္တဲ့ ေဆးေတြ ေသာက္ထားသူေတြမွာ ျဖစ္တတ္ပါတယ္။
မယားယံဘဲ ႂကြတက္ေနတဲ့ အစက္ေလးေတြျဖစ္ေနတတ္ပါတယ္။ ေရာဂါသိပ္ဆိုးလာရင္ အေရအ တြက္ပိုမ်ားလာၿပီး ႀကီးလာပါတယ္။ ART ေဆးကို ထိထိေရာက္ေရာက္ သုံးစြဲလာတဲ့အတြက္ အဲဒီကင္ဆာမ်ိဳး ၇၀ ရာခိုင္ႏႈန္းေလာက္ က်ဆင္းသြားပါတယ္။ အျဖစ္ေလ်ာ့နည္းသြားပါတယ္။

Author: ေအးကမာၻေဒါက္တာခ်စ္ (Vol -7/No – 40) Healthcare Journal

 

(Unicode)

မေး – HIV ရောဂါဖြစ်တဲ့အခါမှာ အရေပြားနဲ့ ဆိုင်တဲ့ရောဂါတွေက ဘာလဲ။
ဖြေ – အစောပိုင်း HIV ဝင်တဲ့အခါ ရေယုန်၊ ဝဲရောဂါ၊ ကြွက်နို့၊ ကာလသား၊ ဆစ်ဖလစ်ရောဂါ၊ ယားယံခြင်း၊ အဆီထွက်တဲ့ အရေပြားရောင်ရောဂါ၊ ယားယံမွှေးကျွတ်နာရောဂါ၊ ဝက်ခြံ၊ ဆေးဝါးမတည့်တဲ့လက္ခဏာ (ဥပမာ- ဆာလဖာ) စတဲ့ လက္ခဏာတွေကို အစောပိုင်း HIV မှာတွေ့ရပါတယ်။ HIV ဖြစ်တာကြာတဲ့အခါ အရေပြားကင် ဆာနာတာရှည် ရေယုန်၊ တီဘီရောဂါ၊ ကင်ဆာရောဂါစတာတွေ ဖြစ်တတ်ပါတယ်။

မေး – HIV လူနာမှာ အင်ပြင်ထွက်တာ တစ်ဦးနဲ့တစ်ဦးဘာကြောင့် မတူကြတာလဲ။
ဖြေ – အင်ပြင်အမျိုးအစားနဲ့ ပြင်းထန်မှုဟာ CD4 ပမာဏ ပေါ်မှာမူတည်ပါတယ်။ လူငယ်တစ်ယောက်မှာ ပါးစပ် မှာ မှိုရောဂါပေါက်နေရင် HIV ရောဂါဝင်နေနိုင်ပါတယ်။ အင်ပြင်က တစ်ခါမှမထွက်ဘူး။ မှိုသတ်တဲ့ လိမ်းဆေး၊ CD 4 ပမာဏ ၅၀ အောက်ဖြစ်နေပြီဆိုလျှင် အရေပြားအစယူပြီး ဓာတ်ခွဲစမ်းသပ်ကြည့်ရပါမယ်။

မေး – HIV နဲ့ဆက်နွယ်ပြီးဖြစ်တတ်တဲ့ အရေပြားရောဂါတွေက ဘာလဲ။
ဖြေ – မှိုရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဘက်တီးရီးယားနဲ့ ကပ်ပါးရောဂါ စတာတွေဖြစ်တတ်ပါတယ်။

မေး – HIV နဲ့မှိုရောဂါ အကြောင်းရှင်းပြပေးပါ။
ဖြေ – အစောပိုင်း HIV နဲ့တွဲလျက်အနေအထားရောဂါက ယားယံခြင်း၊ အဆီပြန်အရေပြားရောင်ခြင်းနဲ့ အမွေးအ မျှင်အခြေမှာ ယားယံပြီး နီရဲခြင်းဖြစ်ပါတယ်။ အဆီပြန်အရေပြားရောင်ရောဂါက အေ့ဒ်စ်ရောဂါဖြစ်တဲ့သူရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ CD 4 ပမာဏကျလေ ရောဂါပြင်းထန်လေပါပဲ။ ပါးပြင်မှာ အရေပြားခြောက်ပြီး အနီကွက်တွေထွက်လာပါတယ်။ မျက်ခုံးနားတစ်ဝိုက် နားနောက်နဲ့ ဦးရေပြားတွေပေါ်မှာ အဓိကဖြစ်ပါတယ်။ မှို သတ်တဲ့လိမ်းဆေးနဲ့ တွဲလျက်စတီးရွိုက်တွဲလိမ်းရင် သက်သာပါတယ်။

မေး – ဗိုင်းရပ်စ်ရောဂါဝင်ခြင်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – အဓိက ဗိုင်းရပ်စ်ပိုး Herpes၊ ရေယုန်ဗိုင်းရပ်စ်၊ HIV ဗိုင်းရပ်စ်နဲ့ Molluscum Contagiosum တို့ဖြစ်ပါ တယ်။
ဗိုင်းရပ်စ်က နှုတ်ခမ်း၊ ပါးစပ်နဲ့ စအိုပတ်လည်တွေမှာ ဖြစ်တတ်ပါတယ်။ CD 4 ပမာဏ (၁၀၀)ထက် နည်းရင် အင်ပြင်ကွက်က ပိုပြင်းလာ၊ ခဏခဏပြန်ဖြစ်မယ်။ နေရာအနှံ့ရေယုန်တွေ ပေါက်မယ်။ တစ်နေရာက နေတစ်နေရာကို ပျံ့နှံ့လွယ်တတ်ပါတယ်။ နေရာအနှံ့ဖြစ်မယ်။ သိပ်များနေမယ်။ မျက်စေ့ထိခိုက်မယ်။ CD 4 ပမာဏ ၂၀၀အောက်ဖြစ်နေရင် ဗိုင်းရပ်စ်သတ်ဆေးကို အကြောဆေးတောင့်သွင်းဖို့ လိုပါလိမ့်မယ်။
လိင်တံကြွက်နို့ HIV ရောဂါပိုးဝင်ရင် စအိုနဲ့လိင်အင်္ဂါတစ်ဝိုက်မှာ ရောဂါဖြစ်ပြီး ရောဂါပြင်းထန်သလို ကုသရခက် ခဲပါတယ်။ လက်နဲ့ ခြေထောက်မှာကြွက်နိ့ဖြစ်တတ်ပါတယ်။ Molluscum Contagiosum ရောဂါက အနီကွက် ၂-၅ မီလီမီတာ အရွယ်တွေထွက်ပြီး အလယ်မှာအချိုင့်ပါနေပါတယ်။ မျက်နှာ၊ လည်ပင်း၊ ဦးခေါင်းနဲ့ လိင်အင်္ဂါ တစ်ဝိုက်မှာဖြစ်နေတတ်ပါတယ်။ CD 4 ပမာဏ တက်မယ်။ ခြစ်ထုတ်ပစ်မယ် (သို့) ကုနည်းနဲ့ Cryotherapy ကုရင်သက်သာနိုင်ပါတယ်။

မေး – ဘက်တီးရီးယားနဲ့ ကပ်ပါးပိုး HIV လူနာတွင်ဖြစ်ပုံကို ရှင်းပြပေးပါ။
ဖြေ – မွေးကျွတ်နာ၊ ပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။ ကာလသားဆစ်ဖလစ်ရောဂါတောင် ဝင်နိုင်ပါတယ်။ HIV ဝေဒနာရှင်တွေမှာ ဝဲရောဂါက အလွန်ယားယံခြင်း၊ အနီစက်တွေကများစွာဖြစ်ပြီး အလွန်ကူးစက်လွယ်ပါ တယ်။

မေး – ပါးစပ်ထဲတွင် မှိုရောဂါဖြစ်ခြင်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – CD 4 ပမာဏ ၂၀၀ထက်နည်းရင် ပါးစပ်ထဲမှာ အဖြူကွက်တွေဖြစ်ပြီး ဖယ်လိုက်လျှင်မျက်နှာပြင် နီရဲပြီး ကျင်နေတတ်ပါတယ်။ ပါးစပ်မှာအနာဖြစ်တာ အတွင်းပိုင်းနီရဲနေတာ၊ လျှာကချောပြီးပြောင်နေတာတွေ တွေ့ရ တတ်ပါတယ်။လူနာ ၈၀ ရာခိုင်နှုန်းထိ အစားစားလိုက်လျှင် နာကျင်ခြင်းဖြစ်လျှင် အစာရေမျိုမှာ Canoida မှိုကပ်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။
မေး – လျှာမှာ ဘာလက္ခဏာတွေဖြစ်တတ်သလဲ။

ဖြေ – Hairy Leucoplakia ဆိုတာဖြစ်တတ်ပါတယ်။ လျှာဘေးတောက်လျှောက်မှာ ဖုထစ်ဖြစ်နေတဲ့ အဖြူကွက် တွေ တန်းစီနေတတ်ပါတယ်။ ရောဂါလက္ခဏာတော့ မပြတတ်ပါဘူး။ EBV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရ တာ။
မေး – Kaposi ကင်ဆာဆိုတာဘာလဲ။

ဖြေ – အေ့ဒ်စ်ရောဂါရဲ့ လက္ခဏာတွေဖြစ်တယ်။ Herpes ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ။ အသက်ကြီးသ၊ူ ဂျူးယော က်ျားကြီးတွေ၊ ကိုယ်တွင်းကလီစာထည့်ပြီး ခုခံအားစနစ်ကို ဖိနှိပ်တဲ့ ဆေးတွေ သောက်ထားသူတွေမှာ ဖြစ်တတ်ပါတယ်။
မယားယံဘဲ ကြွတက်နေတဲ့ အစက်လေးတွေဖြစ်နေတတ်ပါတယ်။ ရောဂါသိပ်ဆိုးလာရင် အရေအ တွက်ပိုများလာပြီး ကြီးလာပါတယ်။ ART ဆေးကို ထိထိရောက်ရောက် သုံးစွဲလာတဲ့အတွက် အဲဒီကင်ဆာမျိုး ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ အဖြစ်လျော့နည်းသွားပါတယ်။

Author: အေးကမ္ဘာဒေါက်တာချစ် (Vol -7/No – 40) Healthcare Journal

Previous Post

စိတ်ကျရောဂါဖြစ်စေတဲ့အရင်းခံအကြောင်းအရင်းများ

Next Post

သင်္ကြန်ကာလအတွင်း အပူလျှပ်လူနာတွေအတွက် အရေးပေါ်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီး ပြင်ဆင်ထား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
786
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
642

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်္ကြန်ကာလအတွင်း အပူလျှပ်လူနာတွေအတွက် အရေးပေါ်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီး ပြင်ဆင်ထား

စိတ်ဒုက္ခတော်တော်ပေးနိုင်တဲ့အရေပြားရောဂါတွေ

အထက်လှန်၊ အောက်လျှော

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.