fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သုတ်ရည်နောက်ပြန်ထွက်ခြင်း

5.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/08/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

သုတ်ရည်နောက်ပြန်ထွက်ခြင်း

ပုံမှန်ဆိုရင် လိင်ဆက်ဆံတဲ့အခါ၊ တကိုယ်ရည် အာသာဖြေတဲ့အခါတွေမှာ စိတ်ဆန္ဒအထွတ်အထိပ်ရောက်တဲ့အချိန်ကျ သုက်ရည်ဟာ လိင်တံကနေထွက်ကျလာပါတယ်။

သုတ်ရည်နောက်ပြန်ထွက်တယ်ဆိုတာက လိင်ဆက်ဆံတဲ့အခါ၊ တကိုယ်ရည်အာသာဖြေတဲ့အခါတွေမှာ စိတ်ဆန္ဒအထွတ်အထိပ်ရောက်တဲ့အချိန်ကျ သုတ်ရည်ဟာ ပုံမှန်လို လိင်တံကနေ ထွက်ကျရမယ့်အစား မထွက်ဘဲနဲ့ သို့မဟုတ် မဆိုစလောက်ပမာဏသာထွက်ပြီး ဆီးအိမ်ထဲဝင်သွားခြင်း ဖြစ်ပါတယ်။

ဆေးပညာအရ Retrograde ejaculation သို့မဟုတ် dry organsm လို့ခေါ်ပါတယ်။

သို့ပေမယ့် သုတ်ရည်မဖြစ်စလောက်ထွက်တိုင်း သို့မဟုတ် လုံးဝမထွက်တိုင်း သုတ်နောက်ပြန်ထွက်ခြင်းဖြစ်မယ်လို့ သေချာယတိပြတ်ပြောမရပါ။ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

သုတ်ရည်နောက်ပြန်ထွက်ခြင်းဟာ အသက်အန္တရာယ်လည်း မစိုးရိမ်ရသလို ချက်ချင်းကုသဖို့လည်း မလိုအပ်ပါဘူး။

တသက်လုံး လူပျိုကြီးလုပ်မယ်ဆိုရင် မကုသဘဲထားလည်း ရပါတယ်။

သုတ်ရည်နောက်ပြန်ထွက်ခြင်းဟာ လိင်တံတောင်မတ်ခြင်းနဲ့ လိင်ဆက်ဆံတဲ့အခါ၊ အာသာဖြေတဲ့အခါတွေမှာစိတ်ကျေနပ်မှုရခြင်း အပေါ်မှာ ထိခိုက်စေမှုမရှိပါ။

သို့သော် တချို့သူတွေမှာ သုတ်မထွက်တာကို စိတ်ပူပန်မှု အာရုံစိုက်မှု ပြုနေရတဲ့အတွက် စိတ်ကျေနပ်မှုမရတာမျိုးဖြစ်နိုင်ပါတယ်။

သုတ်ရည် နောက်ပြန်ထွက်ခြင်း ဖြစ်ပါက

အာသာဖြေတဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ စိတ်ခံစားမှုအထွတ်အထိပ်ရောက်လို့ သုတ်လွှတ်တဲ့အချိန်မှာ လိင်တံထိပ်ကနေ သုတ်ရည်လုံးဝမထွက်ခြင်း သို့မဟုတ် မဖြစ်စလောက်သာထွက်ခြင်း

ဆီးအိမ်ထဲသုတ်ရည်တွေရောက်သွားတဲ့အတွက် ဆီးသွားတဲ့အခါမှာ ဆီးအရောင်က ကြည်လင်မှုမရှိဘဲ နောက်တောက်တောက်ဖြစ်ခြင်း

တားဆေးမသုံး အိမ်ထောင်သက်ကြာသော်လည်း ကိုယ်ဝန်မရခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

သုတ်ရည်နောက်ပြန်ထွက်ခြင်းဟာ ဆီးအိမ်အဝကြွက်သားအားနည်းပြီးမလုံ တဲ့အခါမှာ ဖြစ်ပါတယ်။

စိတ်ဆန္ဒအထွတ်အထိပ်ရောက်တဲ့အခါ သုတ်လွှတ်ဖို့အတွက် ဝှေးစေ့ထဲက သုက်ကောင်တွေဟာ သုတ်ပို့ပြွန်မှတဆင့် ဆီးကျိတ် (Prostate gland) ရှိတဲ့နေရာကို ရောက်လာပါတယ်။

ဆီးကျိတ်နေရာမှာ သုတ်ကောင်တွေနဲ့တခြားအရည်တွေရောပြီး သုတ်ရည်ဖြစ်ပါတယ်။

ထို့နောက် သုတ်ရည်တွေဟာ ဆီးထွက်ပြွန်မှတဆင့် လိင်တံဆီရောက်ပြီး လိင်တံထိပ်ကနေ ထွက်ကျလာပါတယ်။

ဆီးကျိတ်က အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာ ကပ်ပီးရှိပါတယ်။ ဆီးကျိတ်ထဲကနေ ဆီးအိမ်ကနေထွက်လာတဲ့ပြွန်က ဖြတ်သွားပါတယ်။

ဆီးအိမ်ကနေထွက်လာတဲ့ပြွန်နဲ့ သုတ်ပို့ပြွန်ပေါင်းပြီး ဆီးထွက်ပြွန်အဖြစ်နဲ့ လိင်တံထဲကိုရောက်ပါတယ်။

ပြောချင်တာက ကျွန်တော်တို့အမျိုးသားတွေမှာ သုတ်ရည်ဖြစ်ဖြစ် ဆီးဖြစ်ဖြစ် ဆီးလမ်းကြောင်း (ဆီးထွက်ပြွန်) ကနေပဲ ထွက်ပါတယ်။

ဒါကြောင့် သုက်ထွက်တဲ့အချိန်မှာ ဆီးအိမ်အဝမှာရှိတဲ့ ကြွက်သားဟာ ကျုံ့ညှစ်ထားရပါတယ်။

အဲ့လိုကျုံ့ညှစ်ထားမှသာ သုတ်ပို့ပြွန်က သုတ်ရည်တွေဟာ ဆီးအိမ်ထဲမရောက်မှာပါ။

ဆီးအိမ်အဝကြွက်သား အားနည်းခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့

ဆီးအိမ်ခွဲစိတ်ကုသမှုခံယူထားခြင်း၊ ဆီးကျိတ်ခွဲစိတ်မှုခံယူထားခြင်း၊ တင်ပဆုံကွင်းတဝိုက်ခွဲစိတ်မှုခံယူထားခြင်း၊ စိတ်ကျရောဂါဆေးတွေ၊ ဆီးကျိတ်ကြီးခြင်းအတွက်ဆေးတွေ စတဲ့ဆေးဝါးများသောက်သုံးခြင်း၊ ဆီးချိုရောဂါ၊ ပါကင်ဆန်ရောဂါစတဲ့ အာရုံကြောကို ထိခိုက်အားနည်းစေတဲ့ရောဂါအခံတခုခုရှိခြင်း၊ ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း စသဖြင့် ပါ။

ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသရပါတယ။်

ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာဆိုရင် ဆေးပြောင်းပေးတာမျိုး ရှိနိုင်ပါတယ်။

အာရုံကြောတွေအားနည်းတာအတွက်ဆိုရင် သောက်ဆေးတွေ သောက်ရနိုင်ပါတယ်။

သို့ပေမယ့် တချို့အကြောင်းရင်းတွေကြောင့်ဖြစ်တဲ့ သုက်နောက်ပြန်ထွက်ခြင်းဟာ ကုသလို့မပျောက်ကင်းနိုင်ပါဘူး။

ဒါပေမယ့်လည်း အရမ်းကြီးစိတ်မပူပါနဲ့။

ဖန်ပြွန်သန္ဓေနည်း (In vitro fertilization)၊ သုတ်ကောင်အား မမျိုးဥထဲရောက်အောင် ထည့်သွင်းနည်း (Intracytoplasmic Sperm Injection)၊ သားအိမ်ထဲသုက်ကောင်တိုက်ရိုက်ထည့်နည်း (intrauterine insemination) စတဲ့နည်းတွေနဲ့ ကိုယ်ဝန်ယူလို့ရပါတယ်။

Dr 528

Previous Post

နာကျင်ကိုက်ခဲမှုတွေနဲ့ အဝေးကြီးဝေးစေဖို့ ပြင်ရမဲ့ အမှား ၇ ခု

Next Post

သင့်အသားအရေကို စိုပြေဝင်းပစေမည့် သဘာဝသစ်သီးဖျော်ရည်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
755
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
636

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1000

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်အသားအရေကို စိုပြေဝင်းပစေမည့် သဘာဝသစ်သီးဖျော်ရည်များ

အနှိပ်ခံခြင်းဖြင့် ဖြစ်လာနိုင်သည့် ကောင်းကျိုး ဆိုးကျိုးများ

မွေးလာတဲ့ကလေးက ပေါင်ချိန်လွန်နေရင် သို့မဟုတ် တအားဝနေရင် ဘာတွေဖြစ်လာနိုင်လဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.