(Zawgyi)
လက္ေမာင္းထဲ ပစၥည္းထဲျခင္း Implant
ခု ေနာက္ပိုင္း အသုံးမ်ားလာတဲ့ လက္ေမာင္းထဲ ပစၥည္းထည့္တဲ့နည္း အေၾကာင္းေလး ေျပာျပပါ့မယ္ ။တကယ္ေတာ့ Implant လို႔ေခၚပါတယ္ ။မီးျခစ္ဆံေခါင္း အ႐ြယ္သာသာ ရွိတဲ့ ပစၥည္းေလးကို လက္ေမာင္းထဲ ထည့္တာျဖစ္ပါတယ္ ။ ထိုပစၥည္းေလးကေန လုံမတို႔ ကိုယ္ထဲမွာထြက္တဲ့ ပ႐ိုဂ်ပ္စတိုဂ်င္ Progestogenနဲ႔ အလားတူတဲ့ ဟိုမုန္းဓာတ္ကို ထုတ္လႊတ္ေပးပါတယ္ ။
လက္ေမာင္းထဲထည့္တဲ့ ပစၥည္းအမ်ိဳးအစားက အမ်ားႀကီးရွိပါတယ္ ။ အသုံးမ်ားတာကေတာ့ ဂ်ပ္ဒယ္လ္ Jadelle လို႔ေခၚတဲ့ တစ္ခါထည့္ရင္ ၂ေခ်ာင္း ထည့္ရၿပီး ၅ႏွစ္ခံတာ ရွိတယ္ ။တစ္ခါထည့္ရင္ ၁ေခ်ာင္းတည္းထည့္ၿပီး ၃ႏွစ္ခံတဲ့ အင္ပလန္ႏြန္ Implanon ဆိုၿပီးလည္း ရွိတယ္ ။ေနာက္တစ္မ်ိဳးက တစ္ခါထည့္ရင္ ၆ေခ်ာင္းထည့္ရၿပီး ၅ႏွစ္ခံတဲ့ ေနာ္ပလန္ Norplant ဆိုတာလည္းရွိတယ္ ။မိမိ အဆင္ေျပရာကို မိမိ မိသားစုဆရာဝန္နဲ႔ တိုင္ပင္ၿပီးသုံးႏိုင္တယ္ ။
ဘယ္လို နည္းနဲ႔ ပဋိသေႏၶကို တားသလဲ ။
လက္ေမာင္းထဲထည့္ထားတဲ့ ပစၥည္းကေန ထြက္လာတဲ့ဟိုမုန္းေဆးေတြသည္ လုံမငယ္တို႔ခႏၶာကိုယ္ထဲေရာက္တာနဲ႔သားအိမ္ေခါင္းအခြၽဲကို ထူပ်စ္ေစၿပီး သုတ္ေကာင္ေတြ ေတာ္႐ုံ မတိုးႏိုင္ေအာင္ လုပ္ထားတယ္ ။ထိုအခါ သုတ္ပိုးနဲ႔သားဥ ေတြ႕ဖို႔ မလြယ္ေတာ့ဘဲ ကိုယ္ဝန္ရႏိုင္ေျခနည္းသြားတယ္။ေနာက္ၿပီး လုံမငယ္တို႔ရဲ႕ သားဥအိမ္ (Ovary) မွ သားဥမ်ား (ovum) သားအိမ္သို႔ အေရာက္သြားရာမွာလည္းတားေပးတယ္။ဒီလိုနည္းေတြနဲ႔ ပဋိသေႏၶကို တားပါတယ္ကြယ္ ။
ဘယ္ေလာက္ အာနိသင္ ရွိသလဲ ။
လက္ေမာင္းထဲ ပစၥည္းထည့္ထားတဲ့ လုံမပ်ိဳ အေယာက္ ၁၀၀ မွာ ၁ ေယာက္ေလာက္သာ ကိုယ္ဝန္ရႏိုင္ေျခရွိပါတယ္ ။က်န္တဲ့ ၉၉ ေယာက္က မရႏိုင္ဘူးေပါ့ ။
ေဘးထြက္ အာနိသင္မ်ား
-ရာသီ မမွန္တာ(လာတာ ပမာဏာ နည္းသြားတာ ၊လာတဲ့ ရက္နည္းသြားတာ၊ရာသီ လာတဲ့ရက္ၾကာတာ ၊ရက္စိပ္တာ ၊ရက္မမွန္ေတာ့တာ ၊ရာသီထိန္သြားတာ)
-ေခါင္းကိုက္တာ
-ေခါင္းမူးတာ
-ရင္သားတင္းရင္းတာ ၊နာတတ္တာ
-ဗိုက္နာတာ ေအာင့္တာ
-ပ်ိဳ႕ခ်င္ အန္ခ်င္တာ
-ဝက္ၿခံ ရွိသူေတြ သက္သာေပမယ့္ ၊မရွိတဲ့သူေတြ ဝက္ၿခံထြက္လာႏိုင္တယ္
-ကိုယ္အေလးခ်ိန္ တိုးလာႏိုင္တယ္
သိသာသည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
-ပဋိသေႏၶကို တားတယ္
-ပစၥည္းထုတ္လိုက္တာနဲ႔ ကိုယ္ဝန္ျပန္ရဖို႔ လြယ္တယ္ ။
သိသာသည့္ က်န္းမာေရး အက်ိဳးအျပစ္မ်ား
-ပစၥည္းထည့္တဲ့ေနရာ သန႔္ရွင္းမႈမရွိက လက္ေမာင္းမွာ ပိုးဝင္တတ္တယ္
-ျပန္ထုတ္ရင္ တစ္ခါတစ္ေလ ထုတ္ရခက္တတ္တယ္
-လက္ေမာင္းထဲထည့္ထားတဲ့ ပစၥည္းက အခန႔္မသင့္ရင္ ျပဳတ္ထြက္သြားတတ္တယ္
(ဒါေပမယ့္ အလြန္ရွားပါတယ္)
ပစၥည္းဘယ္အခ်ိန္ထည့္မလဲ။
-ရာသီ စလာၿပီး ၇ရက္အတြင္းထည့္ပါ။
-ရာသီ စလာၿပီး ၇ရက္ေက်ာ္မွ ထည့္မည္ဆိုက ကိုယ္ဝန္မရွိတာ ေသခ်ာေအာင္ အရင္လုပ္ပါ ။မရွိတာ ေသခ်ာရင္ ႀကိဳက္တဲ့ရက္ စထည့္ပါ ။ဒါေပမယ့္ ကြန္ဒုံး ၇ရက္ သုံးပါ ။
-အကယ္လို႔ ရွိ ၊မရွိ မေသခ်ာရင္ ရာသီလာတဲ့ရက္ကို ေစာင့္ၿပီးမွထည့္ပါ ။ကြန္ဒုံး သုံးပါ ။
လက္ေမာင္းထဲ ပစၥည္းထည့္ျခင္းနဲ႔ ပတ္သက္သည့္ လုံမတို႔၏ အယူအဆမွားမ်ား
-ဟိုမုန္းဓာတ္ေတြသည္ လုံမတို႔ ကိုယ္ထဲမွာ စုမေနပါ ။ဒါေၾကာင့္ ရာသီထိန္လို႔ ရာသီ ျပန္ေပၚေအာင္ ေဆးထိုး ၊ေဆးေသာက္စရာ မလိုပါ ။ပစၥည္းကို လက္ေမာင္းထဲမွ ထုတ္လိုက္တာနဲ႔ ရာသီျပန္ေပၚႏိုင္ပါတယ္ ။
-ပစၥည္းထည့္လို႔ လုံမတို႔ ၿမဳံသြားျခင္း ၊သားသမီး မရႏိုင္ေတာ့ျခင္း မရွိပါ ။
-လက္ေမာင္းထဲ ထည့္ထားတဲ့ ပစၥည္းသည္ တျခား ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားသို႔ ေ႐ြ႕သြား ၊ေရာက္သြားျခင္း မရွိပါ ။
ဆက္ပါဦးမည္………..
Author: ေခတ္သစ္ ဇီဝက
(Unicode)
လက်မောင်းထဲ ပစ္စည်းထဲခြင်း Implant
ခု နောက်ပိုင်း အသုံးများလာတဲ့ လက်မောင်းထဲ ပစ္စည်းထည့်တဲ့နည်း အကြောင်းလေး ပြောပြပါ့မယ် ။တကယ်တော့ Implant လို့ခေါ်ပါတယ် ။မီးခြစ်ဆံခေါင်း အရွယ်သာသာ ရှိတဲ့ ပစ္စည်းလေးကို လက်မောင်းထဲ ထည့်တာဖြစ်ပါတယ် ။ ထိုပစ္စည်းလေးကနေ လုံမတို့ ကိုယ်ထဲမှာထွက်တဲ့ ပရိုဂျပ်စတိုဂျင် Progestogenနဲ့ အလားတူတဲ့ ဟိုမုန်းဓာတ်ကို ထုတ်လွှတ်ပေးပါတယ် ။
လက်မောင်းထဲထည့်တဲ့ ပစ္စည်းအမျိုးအစားက အများကြီးရှိပါတယ် ။ အသုံးများတာကတော့ ဂျပ်ဒယ်လ် Jadelle လို့ခေါ်တဲ့ တစ်ခါထည့်ရင် ၂ချောင်း ထည့်ရပြီး ၅နှစ်ခံတာ ရှိတယ် ။တစ်ခါထည့်ရင် ၁ချောင်းတည်းထည့်ပြီး ၃နှစ်ခံတဲ့ အင်ပလန်နွန် Implanon ဆိုပြီးလည်း ရှိတယ် ။နောက်တစ်မျိုးက တစ်ခါထည့်ရင် ၆ချောင်းထည့်ရပြီး ၅နှစ်ခံတဲ့ နော်ပလန် Norplant ဆိုတာလည်းရှိတယ် ။မိမိ အဆင်ပြေရာကို မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီးသုံးနိုင်တယ် ။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
လက်မောင်းထဲထည့်ထားတဲ့ ပစ္စည်းကနေ ထွက်လာတဲ့ဟိုမုန်းဆေးတွေသည် လုံမငယ်တို့ခန္ဓာကိုယ်ထဲရောက်တာနဲ့သားအိမ်ခေါင်းအချွဲကို ထူပျစ်စေပြီး သုတ်ကောင်တွေ တော်ရုံ မတိုးနိုင်အောင် လုပ်ထားတယ် ။ထိုအခါ သုတ်ပိုးနဲ့သားဥ တွေ့ဖို့ မလွယ်တော့ဘဲ ကိုယ်ဝန်ရနိုင်ခြေနည်းသွားတယ်။နောက်ပြီး လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) သားအိမ်သို့ အရောက်သွား ရာမှာလည်းတားပေးတယ်။ဒီလိုနည်းတွေနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
လက်မောင်းထဲ ပစ္စည်းထည့်ထားတဲ့ လုံမပျို အယောက် ၁၀၀ မှာ ၁ ယောက်လောက်သာ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ် ။ကျန်တဲ့ ၉၉ ယောက်က မရနိုင်ဘူးပေါ့ ။
ဘေးထွက် အာနိသင်များ
-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ လာတဲ့ရက်ကြာတာ ၊ရက်စိပ်တာ ၊ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
-ခေါင်းကိုက်တာ
-ခေါင်းမူးတာ
-ရင်သားတင်းရင်းတာ ၊နာတတ်တာ
-ဗိုက်နာတာ အောင့်တာ
-ပျို့ချင် အန်ချင်တာ
-ဝက်ခြံ ရှိသူတွေ သက်သာပေမယ့် ၊မရှိတဲ့သူတွေ ဝက်ခြံထွက်လာနိုင်တယ်
-ကိုယ်အလေးချိန် တိုးလာနိုင်တယ်
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
-ပစ္စည်းထုတ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ရဖို့ လွယ်တယ် ။
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
-ပစ္စည်းထည့်တဲ့နေရာ သန့်ရှင်းမှုမရှိက လက်မောင်းမှာ ပိုးဝင်တတ်တယ်
-ပြန်ထုတ်ရင် တစ်ခါတစ်လေ ထုတ်ရခက်တတ်တယ်
-လက်မောင်းထဲထည့်ထားတဲ့ ပစ္စည်းက အခန့်မသင့်ရင် ပြုတ်ထွက်သွားတတ်တယ်
(ဒါပေမယ့် အလွန်ရှားပါတယ်)
ပစ္စည်းဘယ်အချိန်ထည့်မလဲ။
-ရာသီ စလာပြီး ၇ရက်အတွင်းထည့်ပါ။
-ရာသီ စလာပြီး ၇ရက်ကျော်မှ ထည့်မည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင် အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စထည့်ပါ ။ဒါပေမယ့် ကွန်ဒုံး ၇ရက် သုံးပါ ။
-အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှထည့်ပါ ။ကွန်ဒုံး သုံးပါ ။
လက်မောင်းထဲ ပစ္စည်းထည့်ခြင်းနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
-ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။ဒါကြောင့် ရာသီထိန်လို့ ရာသီ ပြန်ပေါ်အောင် ဆေးထိုး ၊ဆေးသောက်စရာ မလိုပါ ။ပစ္စည်းကို လက်မောင်းထဲမှ ထုတ်လိုက်တာနဲ့ ရာသီပြန်ပေါ်နိုင်ပါတယ် ။
-ပစ္စည်းထည့်လို့ လုံမတို့ မြုံသွားခြင်း ၊သားသမီး မရနိုင်တော့ခြင်း မရှိပါ ။
-လက်မောင်းထဲ ထည့်ထားတဲ့ ပစ္စည်းသည် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ရွေ့သွား ၊ရောက်သွားခြင်း မရှိပါ ။
ဆက်ပါဦးမည်………..
Author: ခေတ်သစ် ဇီဝက