(Zawgyi)
မိန္းကေလးမ်ားအတြက္ အပ်ိဳေဖာ္ဝင္ခ်ိန္ဟာ အေရးအႀကီးဆုံးျဖစ္တယ္။ ငယ္႐ြယ္တဲ့မိန္းကေလးေတြဟာ တစ္ခ်ိန္မွာတိုင္းျပည္ရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ ရတနာ (သို႔) သားေကာင္းမိခင္ျဖစ္လို႔ သည္အပ်ိဳ ေဖာ္ဝင္ခ်ိန္ သတိထားရပါမယ္။
အပ်ိဳစင္ဘဝေျပာင္းလဲမယ့္အ႐ြယ္မွာ က်န္းမာစြာႀကီးျပင္းဖို႔ လိုသလို အႏၲရာယ္မ်ား ေက်ာ္လႊားဖို႔လည္း လိုတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ ေျပာင္းလဲဖြံ႕ၿဖိဳးမႈ ကို သမီးရွင္တိုင္း ထိန္းသိမ္းသင့္ပါတယ္။ ဓမၼတာလာျခင္းဟာ သေႏၶသားတည္ဖို႔အတြက္ ျပင္ဆင္ျခင္းျဖစ္ပါသည္။ မိန္းကေလးမ်ား အ႐ြယ္ေရာက္လာတာနဲ႔တစ္ၿပိဳင္နက္ မ်ိဳးဆက္သစ္မ်ား ပြားမ်ားဖို႔ သားအိမ္ကအဆင္သင့္ျပင္ေနပါတယ္။ သားအိမ္အတြင္း အေျမႇးဟာ တစ္လမွာတစ္ခါ အသစ္ျဖစ္သလို အေဟာင္းကလည္း ကြာက်သြားပါတယ္။ ယင္းကို ဓမၼတာေသြးျခင္း လို႔ ေခၚပါတယ္။
အပ်ိဳေဖာ္ဝင္ခ်ိန္ ဦးေႏွာက္အက်ိတ္ (ပီက်ဴထရီဂက္) မွာ မမ်ိဳးဥအိမ္၊ မမ်ိဳးဥ ႀကီးထြားမယ့္ ေဟာ္မုန္းႏွင့္ အဝါေရာင္ (အဂၤါလႈံ႕ေဆာ္ေဟာ္မုန္း) ကို စတင္ ထုတ္လႊင့္ ပါတယ္။ ယင္းေဟာ္မုန္းေၾကာင့္ မမ်ိဳးဥႀကီးထြားလာပါတယ္။ ယင္းသို႔ႀကီးထြား လာသည္ႏွင့္အမွ် မမ်ိဳးဥအဂၤါမွ မေဟာ္မုန္းအီထ႐ိုဂ်င္ကို ထုတ္ေဖာ္ပါတယ္။ မမ်ိဳးဥႀကီးထြားရာမွ ရင့္မွည့္ၿပီးေႂကြက်ပါတယ္။ အဲလိုု ေႂကြက်တဲ့အခ်ိန္မွာ မေဟာ္မုန္းကိုမထုတ္ေတာ့ပါ။
သားအိမ္ႏွင့္တြဲဖက္အဂၤါမ်ားက မေဟာ္မုန္းႏွင့္လႈံ႕ေဆာ္မႈကိုခံရၿပီး သေႏၶ တည္ေဟာ္မုန္းရဲ႕ လႈံ႕ေဆာ္မႈကို စရမယ္။ ေႂကြက်သြားတဲ့ မမ်ိဳးဥဟာ သားအိမ္ ႁပြန္ မွတဆင့္ သားအိမ္ထဲကိုေရာက္သြားပါ တယ္။ သားအိမ္မွာ မမ်ိဳးဥ အဂၤါမွထုတ္လုပ္ လိုက္တဲ့ မေဟာ္မုန္းေၾကာင့္ ထူလာပါတယ္။ သားအိမ္မွာ အလႊာသုံးလႊာရွိပါတယ္။ အျပင္ဆုံးကအူပါး၊ အလယ္ကေျပာင္ေခ်ာႂကြက္သား၊ အတြင္းကသားအိမ္အတြင္းေျမႇာ့ ပဲ ျဖစ္ပါတယ္။မမ်ိဳးဥအဂၤါမွ ထုတ္လုပ္တဲ့ မေဟာ္မုန္းေၾကာင့္ သားအိမ္အတြင္းေျမႇးဟာ ထူလာပါတယ္။ ယင္းသို႔ျဖစ္ၿပီး သေႏၶတည္ရန္ ျပင္ဆင္ထားတယ္။ လိင္ဆက္ဆံမႈ မရွိရင္ စပန္း ဝင္ေရာက္မႈမရွိရင္ သားအိမ္အတြင္းေျမႇးေတြ ကြာက်ၿပီး ဓမၼတာ ေသြးဆင္းျခင္းျဖစ္တယ္။ ပ်မ္းမွ်ရက္ (၃၀)မွာ (၁)ႀကိမ္ ျဖစ္ေပၚေလ့ရွိတယ္။
မမ်ိဳးဥစက္ဝန္း။ ။ သာမန္ (၂၈)ရက္မွာ (၁)ႀကိမ္ဓမၼတာလာၿပီး ရာသီစ လာတဲ့ရက္ရဲ႕ (၁၄)ရက္ေျမာက္မွာ မေဟာ္မုန္းထြက္ပါတယ္။ ဒုတိယ(၁၄)ရက္မွာ သေႏၶတည္ေဟာ္မုန္းထြက္ၿပီး ဒီေဟာ္မုန္းရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ ရာသီလာတယ္။ ရာသီလာခ်ိန္မွာ ကိုယ္ႏြမ္းနယ္ျခင္း၊ စိတ္ပင္ပန္းျခင္း၊ စိတ္ဖိစီးစတဲ့ လကၡဏာေတြ ရွိတတ္ပါတယ္။အပ်ိဳေဖာ္ဝင္ခ်ိန္မွာ အခ်ိဳ႕အသက္ငယ္တဲ့ သမီးငယ္မ်ားဟာ အခ်ိန္မတန္ဘဲ အပ်ိဳေဖာ္ဝင္ခ်ိန္ ေစာတတ္ပါတယ္။ အခ်ိဳ႕(၁၀)ႏွစ္အခ်ိဳ႕ (၁၉)ႏွစ္ေအာက္မွာ ရင္သားဖြံ႕ၿဖိဳးျခင္း၊ ခ်ိဳင္းေမႊးဆီးခုံေမြးမ်ား ေပါက္လာျခင္း၊ ဓမၼတာေပၚလာျခင္းတို႔ ျဖစ္တတ္ပါတယ္။ ယင္းကိုအပ်ိဳေဖာ္မတိုင္မီ အပ်ိဳေဖာ္ဝင္ျခင္းလို႔ ေခၚတယ္။ ေစာလြန္းလွ်င္ မီးယပ္သားဖြားႏွင့္ ျပသင့္ပါတယ္။
အပ်ိဳေဖာ္ေနာက္က်ျခင္း။ ။ အခ်ဳ႕ိ(၁၇)ႏွစ္ေရာက္မွ အပ်ိဳစင္ျဖစ္တယ္။ မီးယပ္ေသြးဆင္းအေပါက္မရွိျခင္း၊ ကညႇာေျမႇးထူျခင္း ျဖစ္တတ္ၿပီး ဆရာဝန္ႏွင့္ ျပသသင့္ပါတယ္။ အျခားျပႆနာမ်ားေၾကာင့္ ေရာဂါမ်ားေၾကာင့္ မီးယပ္မလာတာမ်ိဳး လည္း ရွိပါတယ္။ ေသြးမေပၚမီႏွင့္ ေသြးေပၚစဥ္နာက်င္ျခင္း၊ အပ်ိဳေဖာ္ဝင္စအမ်ိဳးသမီးမ်ား ေသြးမေပၚမီႏွင့္ ေသြးေပၚစဥ္ နာက်င္ကိုက္ခဲမႈမ်ား ျဖစ္တတ္တယ္။ ဒီေဝဒနာမ်ိဳးကို မိန္းကေလးမ်ား(၂၅)ရာခိုင္ႏႈန္းခန႔္ႀကဳံရတတ္ပါတယ္။ နာက်င္ျခင္းဟာ သာမန္ နာက်င္ျခင္းထက္ပိုတတ္ၿပီး မခံရက္ႏိုင္ေအာင္ ဝမ္းဗိုက္တစ္ျပင္လုံးေအာင့္မယ္။ ခ်က္ႏွင့္ေအာက္ပိုင္း ဆီးစပ္တစ္ေလွ်ာက္ ကိုက္ခဲနာက်င္မယ္၊ ေခါင္းကိုက္မယ္။ တင္ပါးဆုံႂကြက္သားသားကိုက္မယ္။ နာက်င္ျခင္းေဝဒနာကို မူလနာက်င္ျခင္း၊ ဒုတိယ နာက်င္ျခင္းဆိုၿပီး(၂)မ်ိဳးခြဲႏိုင္ပါတယ္။
မူလနာက်င္ကိုက္ခဲျခင္း။ ။ မူလနာက်င္ျခင္းမွာ သားအိမ္မွာရွိတဲ့ ႂကြက္သားေတြ မေမွ်ာ္လင့္ဘဲ အလြန္အမင္း ညႇစ္တဲ့အတြက္ သားအိမ္ကို ေသြး ေထာက္ပံ့မႈ နည္းသြားပါတယ္။ အခ်ိဳ႕ျဖစ္စဥ္မွာ သားအိမ္ႂကြက္သားမ်ားက ေသြးငတ္ၿပီး နာက်င္ကိုက္ခဲလာျခင္းျဖစ္ပါတယ္။ ေနာက္တစ္ခုက ပ႐ိုစတာဂလင္ဒင္ကို ေသြးခဲျခင္းဓာတ္ပစၥည္းတစ္ခုေၾကာင့္ ျဖစ္ပါသည္။ သားအိမ္ ႂကြက္သားကို အရမ္းဆြဲ ညႇစ္တဲ့ သတၱိရွိပါတယ္။ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ထဲ မတည့္တဲ့ပစၥည္းေရာက္လာလို႔ ႂကြက္သားကို အလြန္အမင္းညႇစ္ကာ နာက်င္ကိုက္ခဲေနတတ္ပါတယ္။ ဆရာဝန္ႏွင့္ျပသဖို႔ လိုအပ္ၿပီးအနားယူရပါတယ္။ ေႏြးေႏြးေထြးေထြး ရွိဖို႔လိုပါမယ္။
ဒုတိယနာက်င္ျခင္း။ ။ အမ်ိဳးသမီးရဲ႕ ဓမၼတာလာျခင္းက သားအိမ္အတြင္း အေျမႇးပါးကို က်ျခင္းေၾကာင့္ျဖစ္ပါတယ္။ အခ်ိဳ႕သားအိမ္ အေျမႇးကြာက်ၿပီးေနာက္ သားအိမ္အတြင္း ေသြးမ်ားက်န္ေနရင္ ယင္းေသြးက သားအိမ္လည္တံကေန အျပင္ဘက္ကို ေကာင္းစြာထြက္ရပါမယ္။ အခ်ိဳ႕သားအိမ္ လည္တံက်ဥ္းေနလို႔ ေသြးမ်ား အလြယ္တကူ အျပင္မထြက္ႏိုင္လို႔ ပိုၿပီးညႇစ္ရတာ နာက်င္ကိုက္ခဲလာ တယ္။ အခ်ိဳ႕အသားလုံးရွိေနလို႔၊ သားအိမ္ကသဘာဝအတိုင္း ညႇစ္ေသာ္မ်ားမ်ား ညႇစ္ေပးဖို႔ရွိေလ၊ ပိုနာက်င္ေလ ျဖစ္တယ္။ ေနာက္တစ္ခုက သားဥအိမ္မွာ အလုံး ျဖစ္ရင္ ေသြးေပၚတိုင္း အလြန္နာက်င္ ကိုက္ခဲတယ္။ ထို႔ျပင္ သားအိမ္ေရာင္ျခင္း၊ သားဥႁပြန္ေရာင္ျခင္း၊ တင္းပါးဆုံ႐ိုးကြင္းေရာင္ျခင္း ျဖစ္ပါတယ္။ နာက်င္ကိုက္ခဲ တတ္ပါတယ္။
ကုသခ်က္။ ။ ဆရာဝန္ျဖင့္ျပသၿပီး၊ သားအိမ္တံအေပါက္က်ဥ္းေနသူမ်ား ေမ့ေဆး(သို႔)ထုံေဆးေပးၿပီး သားအိမ္လည္တံရဲ႕အဝကိုခ်ဲ႕ေပးရပါတယ္။ အဝက်ယ္ သြားတဲ့အတြက္ ေသြးေကာင္းစြာဆင္းႏိုင္လို႔၊ ကိုက္ခဲျခင္း သက္သာေပ်ာက္ကင္း သြားပါတယ္။သားအိမ္မွာ အလုံးရွိသူမ်ားအတြက္ သားအိမ္ထဲ၌အလုံးကို မိုင္႐ိုးမာ ျဖစ္လို႔ ခြဲစိတ္ထုတ္ပစ္ ရတတ္တယ္။ ကင္ဆာမဟုတ္ပါ။ အသားလုံးဟာ တျဖည္းျဖည္းႀကီးလာတယ္။ အာထရာေဆာင္း ႐ိုက္ၿပီး အလုံး ဟုတ္ မဟုတ္ စစ္ေဆးၾကည့္ႏိုင္တယ္။ လိုအပ္ရင္ဆရာဝန္မွ ျပသခြဲစိတ္ကုသသင့္ပါတယ္။ အခ်ိဳ႕အက်ိတ္မ်ားက ကိုက္ခဲေစပါတယ္။ ကိုက္ခဲမႈေပ်ာက္ေအာင္ အကိုက္အခဲ ေပ်ာက္ေဆးအလြန္အကြၽံေသာက္ရင္ အစာအိမ္အတြင္းပါးလႊာတတ္ၿပီး ေသြးေၾကာ ေပါက္တတ္ပါတယ္။ အစာအိမ္ေသြးေၾကာေပါက္ရင္ ေသြးထြက္လြန္ၿပီး ေသဆုံး တတ္ပါတယ္။
အကိုက္အခဲေပ်ာက္ေဆးဟာ သုံးတတ္ရင္ေဆး၊ မသုံးတတ္ရင္ေဘးျဖစ္လို႔ အမ်ိဳးသမီးမ်ား ဓမၼတာလာခ်ိန္၊ နာက်င္ကိုက္ခဲရင္ သတိျဖင့္ေသာက္သင့္ပါတယ္။ အစာအိမ္ေသြးေၾကာေပါက္ရင္ ေသြး အန္ေသြးလန႔္ေစပါတယ္။ စိုးရိမ္ရပါတယ္။ မိန္းကေလးမ်ား အပ်ိဳေဖာ္ဝင္ခ်ိန္မွာ ျဖစ္တတ္တဲ့ေရာဂါမ်ားကို သိထားၿပီး လိုအပ္ပါက ဆရာဝန္ႏွင့္ ျပသင့္ပါတယ္။
Author: Dr.လြင္သန႔္
(Unicode)
မိန်းကလေးများအတွက် အပျိုဖော်ဝင်ချိန်ဟာ အရေးအကြီးဆုံးဖြစ်တယ်။ ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ တစ်ချိန်မှာတိုင်းပြည်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ (သို့) သားကောင်းမိခင်ဖြစ်လို့ သည်အပျို ဖော်ဝင်ချိန် သတိထားရပါမယ်။
အပျိုစင်ဘဝပြောင်းလဲမယ့်အရွယ်မှာ ကျန်းမာစွာကြီးပြင်းဖို့ လိုသလို အန္တရာယ်များ ကျော်လွှားဖို့လည်း လိုတယ်။ ဆယ်ကျော်သက်အရွယ် ပြောင်းလဲဖွံ့ဖြိုးမှု ကို သမီးရှင်တိုင်း ထိန်းသိမ်းသင့်ပါတယ်။ ဓမ္မတာလာခြင်းဟာ သန္ဓေသားတည်ဖို့အတွက် ပြင်ဆင်ခြင်းဖြစ်ပါသည်။ မိန်းကလေးများ အရွယ်ရောက်လာတာနဲ့တစ်ပြိုင်နက် မျိုးဆက်သစ်များ ပွားများဖို့ သားအိမ်ကအဆင်သင့်ပြင်နေပါတယ်။ သားအိမ်အတွင်း အမြှေးဟာ တစ်လမှာတစ်ခါ အသစ်ဖြစ်သလို အဟောင်းကလည်း ကွာကျသွားပါတယ်။ ယင်းကို ဓမ္မတာသွေးခြင်း လို့ ခေါ်ပါတယ်။
အပျိုဖော်ဝင်ချိန် ဦးနှောက်အကျိတ် (ပီကျူထရီဂက်) မှာ မမျိုးဥအိမ်၊ မမျိုးဥ ကြီးထွားမယ့် ဟော်မုန်းနှင့် အဝါရောင် (အင်္ဂါလှုံ့ဆော်ဟော်မုန်း) ကို စတင် ထုတ်လွှင့် ပါတယ်။ ယင်းဟော်မုန်းကြောင့် မမျိုးဥကြီးထွားလာပါတယ်။ ယင်းသို့ကြီးထွား လာသည်နှင့်အမျှ မမျိုးဥအင်္ဂါမှ မဟော်မုန်းအီထရိုဂျင်ကို ထုတ်ဖော်ပါတယ်။ မမျိုးဥကြီးထွားရာမှ ရင့်မှည့်ပြီးကြွေကျပါတယ်။ အဲလိုု ကြွေကျတဲ့အချိန်မှာ မဟော်မုန်းကိုမထုတ်တော့ပါ။
သားအိမ်နှင့်တွဲဖက်အင်္ဂါများက မဟော်မုန်းနှင့်လှုံ့ဆော်မှုကိုခံရပြီး သန္ဓေ တည်ဟော်မုန်းရဲ့ လှုံ့ဆော်မှုကို စရမယ်။ ကြွေကျသွားတဲ့ မမျိုးဥဟာ သားအိမ် ပြွန် မှတဆင့် သားအိမ်ထဲကိုရောက်သွားပါ တယ်။ သားအိမ်မှာ မမျိုးဥ အင်္ဂါမှထုတ်လုပ် လိုက်တဲ့ မဟော်မုန်းကြောင့် ထူလာပါတယ်။ သားအိမ်မှာ အလွှာသုံးလွှာရှိပါတယ်။ အပြင်ဆုံးကအူပါး၊ အလယ်ကပြောင်ချောကြွက်သား၊ အတွင်းကသားအိမ်အတွင်းမြှော့ ပဲ ဖြစ်ပါတယ်။မမျိုးဥအင်္ဂါမှ ထုတ်လုပ်တဲ့ မဟော်မုန်းကြောင့် သားအိမ်အတွင်းမြှေးဟာ ထူလာပါတယ်။ ယင်းသို့ဖြစ်ပြီး သန္ဓေတည်ရန် ပြင်ဆင်ထားတယ်။ လိင်ဆက်ဆံမှု မရှိရင် စပန်း ဝင်ရောက်မှုမရှိရင် သားအိမ်အတွင်းမြှေးတွေ ကွာကျပြီး ဓမ္မတာ သွေးဆင်းခြင်းဖြစ်တယ်။ ပျမ်းမျှရက် (၃၀)မှာ (၁)ကြိမ် ဖြစ်ပေါ်လေ့ရှိတယ်။
မမျိုးဥစက်ဝန်း။ ။ သာမန် (၂၈)ရက်မှာ (၁)ကြိမ်ဓမ္မတာလာပြီး ရာသီစ လာတဲ့ရက်ရဲ့ (၁၄)ရက်မြောက်မှာ မဟော်မုန်းထွက်ပါတယ်။ ဒုတိယ(၁၄)ရက်မှာ သန္ဓေတည်ဟော်မုန်းထွက်ပြီး ဒီဟော်မုန်းရဲ့ လှုံ့ဆော်မှုကြောင့် ရာသီလာတယ်။ ရာသီလာချိန်မှာ ကိုယ်နွမ်းနယ်ခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိတ်ဖိစီးစတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။အပျိုဖော်ဝင်ချိန်မှာ အချို့အသက်ငယ်တဲ့ သမီးငယ်များဟာ အချိန်မတန်ဘဲ အပျိုဖော်ဝင်ချိန် စောတတ်ပါတယ်။ အချို့(၁၀)နှစ်အချို့ (၁၉)နှစ်အောက်မှာ ရင်သားဖွံ့ဖြိုးခြင်း၊ ချိုင်းမွှေးဆီးခုံမွေးများ ပေါက်လာခြင်း၊ ဓမ္မတာပေါ်လာခြင်းတို့ ဖြစ်တတ်ပါတယ်။ ယင်းကိုအပျိုဖော်မတိုင်မီ အပျိုဖော်ဝင်ခြင်းလို့ ခေါ်တယ်။ စောလွန်းလျှင် မီးယပ်သားဖွားနှင့် ပြသင့်ပါတယ်။
အပျိုဖော်နောက်ကျခြင်း။ ။ အချု့ိ(၁၇)နှစ်ရောက်မှ အပျိုစင်ဖြစ်တယ်။ မီးယပ်သွေးဆင်းအပေါက်မရှိခြင်း၊ ကညှာမြှေးထူခြင်း ဖြစ်တတ်ပြီး ဆရာဝန်နှင့် ပြသသင့်ပါတယ်။ အခြားပြဿနာများကြောင့် ရောဂါများကြောင့် မီးယပ်မလာတာမျိုး လည်း ရှိပါတယ်။ သွေးမပေါ်မီနှင့် သွေးပေါ်စဉ်နာကျင်ခြင်း၊ အပျိုဖော်ဝင်စအမျိုးသမီးများ သွေးမပေါ်မီနှင့် သွေးပေါ်စဉ် နာကျင်ကိုက်ခဲမှုများ ဖြစ်တတ်တယ်။ ဒီဝေဒနာမျိုးကို မိန်းကလေးများ(၂၅)ရာခိုင်နှုန်းခန့်ကြုံရတတ်ပါတယ်။ နာကျင်ခြင်းဟာ သာမန် နာကျင်ခြင်းထက်ပိုတတ်ပြီး မခံရက်နိုင်အောင် ဝမ်းဗိုက်တစ်ပြင်လုံးအောင့်မယ်။ ချက်နှင့်အောက်ပိုင်း ဆီးစပ်တစ်လျှောက် ကိုက်ခဲနာကျင်မယ်၊ ခေါင်းကိုက်မယ်။ တင်ပါးဆုံကြွက်သားသားကိုက်မယ်။ နာကျင်ခြင်းဝေဒနာကို မူလနာကျင်ခြင်း၊ ဒုတိယ နာကျင်ခြင်းဆိုပြီး(၂)မျိုးခွဲနိုင်ပါတယ်။
မူလနာကျင်ကိုက်ခဲခြင်း။ ။ မူလနာကျင်ခြင်းမှာ သားအိမ်မှာရှိတဲ့ ကြွက်သားတွေ မမျှော်လင့်ဘဲ အလွန်အမင်း ညှစ်တဲ့အတွက် သားအိမ်ကို သွေး ထောက်ပံ့မှု နည်းသွားပါတယ်။ အချို့ဖြစ်စဉ်မှာ သားအိမ်ကြွက်သားများက သွေးငတ်ပြီး နာကျင်ကိုက်ခဲလာခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ပရိုစတာဂလင်ဒင်ကို သွေးခဲခြင်းဓာတ်ပစ္စည်းတစ်ခုကြောင့် ဖြစ်ပါသည်။ သားအိမ် ကြွက်သားကို အရမ်းဆွဲ ညှစ်တဲ့ သတ္တိရှိပါတယ်။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲ မတည့်တဲ့ပစ္စည်းရောက်လာလို့ ကြွက်သားကို အလွန်အမင်းညှစ်ကာ နာကျင်ကိုက်ခဲနေတတ်ပါတယ်။ ဆရာဝန်နှင့်ပြသဖို့ လိုအပ်ပြီးအနားယူရပါတယ်။ နွေးနွေးထွေးထွေး ရှိဖို့လိုပါမယ်။
ဒုတိယနာကျင်ခြင်း။ ။ အမျိုးသမီးရဲ့ ဓမ္မတာလာခြင်းက သားအိမ်အတွင်း အမြှေးပါးကို ကျခြင်းကြောင့်ဖြစ်ပါတယ်။ အချို့သားအိမ် အမြှေးကွာကျပြီးနောက် သားအိမ်အတွင်း သွေးများကျန်နေရင် ယင်းသွေးက သားအိမ်လည်တံကနေ အပြင်ဘက်ကို ကောင်းစွာထွက်ရပါမယ်။ အချို့သားအိမ် လည်တံကျဉ်းနေလို့ သွေးများ အလွယ်တကူ အပြင်မထွက်နိုင်လို့ ပိုပြီးညှစ်ရတာ နာကျင်ကိုက်ခဲလာ တယ်။ အချို့အသားလုံးရှိနေလို့၊ သားအိမ်ကသဘာဝအတိုင်း ညှစ်သော်များများ ညှစ်ပေးဖို့ရှိလေ၊ ပိုနာကျင်လေ ဖြစ်တယ်။ နောက်တစ်ခုက သားဥအိမ်မှာ အလုံး ဖြစ်ရင် သွေးပေါ်တိုင်း အလွန်နာကျင် ကိုက်ခဲတယ်။ ထို့ပြင် သားအိမ်ရောင်ခြင်း၊ သားဥပြွန်ရောင်ခြင်း၊ တင်းပါးဆုံရိုးကွင်းရောင်ခြင်း ဖြစ်ပါတယ်။ နာကျင်ကိုက်ခဲ တတ်ပါတယ်။
ကုသချက်။ ။ ဆရာဝန်ဖြင့်ပြသပြီး၊ သားအိမ်တံအပေါက်ကျဉ်းနေသူများ မေ့ဆေး(သို့)ထုံဆေးပေးပြီး သားအိမ်လည်တံရဲ့အဝကိုချဲ့ပေးရပါတယ်။ အဝကျယ် သွားတဲ့အတွက် သွေးကောင်းစွာဆင်းနိုင်လို့၊ ကိုက်ခဲခြင်း သက်သာပျောက်ကင်း သွားပါတယ်။သားအိမ်မှာ အလုံးရှိသူများအတွက် သားအိမ်ထဲ၌အလုံးကို မိုင်ရိုးမာ ဖြစ်လို့ ခွဲစိတ်ထုတ်ပစ် ရတတ်တယ်။ ကင်ဆာမဟုတ်ပါ။ အသားလုံးဟာ တဖြည်းဖြည်းကြီးလာတယ်။ အာထရာဆောင်း ရိုက်ပြီး အလုံး ဟုတ် မဟုတ် စစ်ဆေးကြည့်နိုင်တယ်။ လိုအပ်ရင်ဆရာဝန်မှ ပြသခွဲစိတ်ကုသသင့်ပါတယ်။ အချို့အကျိတ်များက ကိုက်ခဲစေပါတယ်။ ကိုက်ခဲမှုပျောက်အောင် အကိုက်အခဲ ပျောက်ဆေးအလွန်အကျွံသောက်ရင် အစာအိမ်အတွင်းပါးလွှာတတ်ပြီး သွေးကြော ပေါက်တတ်ပါတယ်။ အစာအိမ်သွေးကြောပေါက်ရင် သွေးထွက်လွန်ပြီး သေဆုံး တတ်ပါတယ်။
အကိုက်အခဲပျောက်ဆေးဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဖြစ်လို့ အမျိုးသမီးများ ဓမ္မတာလာချိန်၊ နာကျင်ကိုက်ခဲရင် သတိဖြင့်သောက်သင့်ပါတယ်။ အစာအိမ်သွေးကြောပေါက်ရင် သွေး အန်သွေးလန့်စေပါတယ်။ စိုးရိမ်ရပါတယ်။ မိန်းကလေးများ အပျိုဖော်ဝင်ချိန်မှာ ဖြစ်တတ်တဲ့ရောဂါများကို သိထားပြီး လိုအပ်ပါက ဆရာဝန်နှင့် ပြသင့်ပါတယ်။
Author: Dr.လွင်သန့်