ဒီဆောင်းပါးမှာ တော့ တားဆေးထိုးဆေး သောက်ဆေး မသုံးချင်သူ
တဲ့၊သုံးဖို့ အဆင်မပြေတဲ့ လုံမငယ်တို့ အတွက် အဆင်ပြေစေမယ့် နောက်တစ်
နည်းဖြစ်တဲ့ သားအိမ်တွင်း ကော့ပါးပါဝင်ပစ္စည်းထည့်ပြီး သန္ဓေတားတဲ့နည်း
အကြောင်းလေး ပြောပြပါ့မယ် ။
ကော့ပါးပါတဲ့ သားအိမ်တွင်း ထည့်တဲ့ ပစ္စည်းဆိုသည်မှာ ကြေးနီဓာတ်ပါတဲ့ သေးငယ်သော ကွေးနိုင်ဆန့်နိုင်သော ပလတ်စတစ် ပစ္စည်းကလေးပါ ။ ကောင်းမွန်စွာလေ့ကျင့်ထားတဲ့ ကျန်းမာရေးလုပ်သားတိုင်း ထည့်ပေးနိုင်တယ် ။ အဓိက ကတော့ မိန်းမကိုယ်လမ်းကြောင်းမှတဆင့် သားအိမ်ထဲကို ပစ္စည်းထည့်ပေးတာပါ ။ပစ္စည်းထည့်ပြီးရင် ကြိုးစလေးတစ်ချောင်း ကို သားအိမ်ခေါင်းကျော်တယ်
ဆိုရုံလေးမှာ တန်းလန်းလေး ချန်ထားရပါတယ် ။တစ်ခါထည့်ထားရင် ၁၀နှစ်-၁၂နှစ် လောက်ထိ ခံပါတယ် ။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
ကော့ပါးပါတဲ့ သားအိမ်တွင်း ထည့်တဲ့ ပစ္စည်းလေးဟာ သုတ်ပိုးကိုရော ၊သားဥကိုပါ သူတို့ ချင်း မပေါင်းစပ်ခင်ကတည်းက ဖျက်ဆီးပေးတယ် ။ ဒါ့အပြင် မတော်လို့ ပေါင်းမိခဲ့ရင်လည်း သန္ဓေတည်ဖို့ သားအိမ်နံရံထဲ လာကပ်တဲ့အခါ မှာ လည်း တားဆီးပေးတယ် ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
သားအိမ်တွင်း ပစ္စည်းထည့်ထားတဲ့ လုံမပျို အယောက်၁၀၀ မှာ ၁ယောက်နီးနီးသာ စသုံးတဲ့ ပထမ တစ်နှစ်မှာ ကိုယ်ဝန်ရနိုင်ခြေရှိတာပါ ။ကျန်တဲ့ ၉၉ယောက်သော လုံမတို့သည် ကိုယ်ဝန်မရနိုင်ပါ ။
ဘေးထွက် အာနိသင်များ
-ရာသီ မမှန်တာ(ရာသီ လာတဲ့ရက်ကြာတာ ၊ရက်စိပ်တာ ၊ရက်မမှန်တော့တာ ၊
ရာသီပိုများတာ)
-ရာသီလာစဉ် အရင်ထက် ပိုကိုက်တတ်တာ
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
-ပစ္စည်းထုတ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ရဖို့ လွယ်တယ် ။
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
-ရာသီများလို့ သွေးအားနည်းတာ(ရှားပါတယ်)
ပစ္စည်းဘယ်အချိန်ထည့်မလဲ။
-ရာသီ စလာပြီး ၁၂ရက်အတွင်းထည့်ပါ။
-ရာသီ စလာပြီး ၁၂ရက်ကျော်မှ ထည့်မည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင်
အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စထည့်ပါ ။
သားအိမ်ထဲ ပစ္စည်းထည့်ခြင်းနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
-ပစ္စည်းထည့်လို့ ရာသီထိန်ခြင်းမရှိပါ ။ရာသီမမှန်တာကိုလည်း ပစ္စည်းကို သားအိမ်
ထဲမှ ထုတ်လိုက်တာနဲ့ ရာသီပြန်မှန်နိုင်ပါတယ် ။
-ပစ္စည်းထည့်လို့ လုံမတို့ မြုံသွားခြင်း ၊သားသမီး မရနိုင်တော့ခြင်း မရှိပါ ။
-သားအိမ်တွင်း ထည့်ထားတဲ့ ပစ္စည်းသည် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသို့
ရွေ့သွား ၊ရောက်သွားခြင်း မရှိပါ ။
-ကင်ဆာလည်း မဖြစ်စေပါ ။
-မတော်လို့ ကိုယ်ဝန်ရခဲ့ရင်တောင် ကလေးကို မထိခိုက်ပါ ။
-အမျိုးသားနဲ့ အတူနေစဉ် ပိုနာစေတာမျိုး ၊ကသိကအောင့်ဖြစ်စေတာမျိုး မရှိပါ ။
ဆက်ပါဦးမည်………..
Author: ခေတ်သစ် ဇီဝက