(Zawgyi)
အသက္ ၂၂ ႏွစ္ရွိတဲ့ေဆးေက်ာင္းသား ေလာရင့္စ္ဟာေဆးေက်ာင္းသားအေနနဲ႔ အေစာပိုင္းကလကၡ ဏာေတြကိုသတိျပဳမိသင့္တယ္။ ရွက္တာကကိုယ့္အသက္ကိုပင္ ဆုံးရႈံးလုနီးပါးျဖစ္ေစခဲ့တယ္။ ေလာ့ရင့္စ္ရဲ႕ ညာဘက္ေဝွးေစ့ဟာမာေနၿပီး ပုံပန္းမက်ျဖစ္ေနတာ ထိလို႔လည္းမနာဘူးျဖစ္ေနတယ္။ အဲဒီလိုျဖစ္ေနတာကို ရွက္လို႔ ဘယ္သူ႔ကိုမွမေျပာျပခဲ့ဘူး။ သုံးလၾကာတဲ့အခါမွာ အားနည္းၿပီးမူးေနာက္ေနာက္ ျဖစ္လာတယ္။ တုပ္ ေကြးနဲ႔တူတဲ့လကၡဏာေတြေၾကာင့္ ဆရာဝန္ဆီသြားျပပါတယ္။ ဆရာဝန္အား ေဝွးေစ့အေၾကာင္းကိုမေျပာျပခဲ့ပါ။
ပဋိဇီဝေဆးနဲ႔လည္းမသက္သာပါ။ ကိုယ္အေလးခ်ိန္က ၁၄ ေပါင္က်သြားတယ္။ ေဆးေက်ာင္းကဆရာ လည္းျဖစ္တဲ့ အတိုင္ပင္ခံဆရာဝန္အား ၎ရဲ႕ေရာင္ေနတဲ့ေဝွးေစ့ကိုျပတယ္။ အဲဒီဆရာဝန္က ၾကည့္ၿပီးတာနဲ႔ ခ်က္ခ်င္းေဆး႐ုံကိုသြားခိုင္းတယ္။ေနာက္တစ္ေန႔မွာ ေဆး႐ုံမွနည္းပညာရွင္က ႏႈန္းလြန္အသံလႈိင္းကိရိယာျဖင့္ ဝမ္းဗိုက္ေပၚမွာစမ္းသပ္ ၾကည့္တယ္။ အဲဒီကမွ အသားပိုရွိတာကိုသိရၿပီး ေဝွးေစ့ကင္ဆာဆိုတာ အဲဒီအခ်ိန္မွာသိလိုက္ရပါတယ္။ ကင္ ဆာျဖစ္ၿပီဆိုတာသိတာနဲ႔ ခ်က္ခ်င္းျပန္လာၿပီး ၎ရဲ႕ခ်စ္သူဆူဆန္အားေျပာျပၿပီး ႏွစ္ေယာက္အတူငိုခဲ့ၾကတယ္။
ေနာက္ေဆး႐ုံတက္ၿပီး ႏွစ္ရက္ၾကာမွာဆီးေရာဂါအထူးကုဆရာဝန္ အူအင္မီလ္႐ြိဳင္က ၎ရဲ႕ဝမ္းဗိုက္ထဲ မွာငယ္တဲ့ခြဲစိပ္မႈတစ္ခုကို ျပဳုလုပ္ၿပီး၎ရဲ႕ညာဘက္ေဝွးေစ့ကို ဖယ္ထုတ္လိုက္တယ္။ ေနာက္တစ္ပတ္မွာေဆး႐ုံ သို႔ျပန္သြားၿပီးကင္ဆာပ်ံ႕ႏွံ႔မႈ ရွိမရွိသိရွိရန္ စစ္ေဆးမႈမ်ားျပဳလုပ္သည္။
ေဆး႐ုံမွအိပ္ရာေပၚ ေလာရင့္စ္လွဲေနစဥ္ညာဘက္က ကုတင္ေပၚမွာဓာတုကုထုံးေၾကာင့္ အရမ္းဖ်ားေန တဲ့လူ႐ြယ္တစ္ဦး ဝဲဘက္မွာမ်က္ႏွာကင္ဆာေၾကာင့္ ပါးထဲမွထြက္ၿပီးအန္ေနတဲ့ ေနာက္လူနာတို႔ကိုၾကည့္ၿပီးငါ ဘာျဖစ္လို႔မိုက္မဲၿပီး အကူအညီေတာင္းတာေနာက္က်ရတာလဲလို႔ ေတြးမိတယ္။ စမ္းသပ္ၾကည့္တဲ့ ရလဒ္ကေမွ်ာ္ လင့္ခ်က္ရွိပါတယ္။ ေဝွးေစ့အသားပိုအဓိက ႏွစ္မ်ိဳးအနက္ျပင္းထန္မႈပိုနည္းတဲ့ ေဝွးေစ့ျမင္းဆိုးရွိေနေၾကာင္းသိရ ၿပီးထိုကင္ဆာက ပ်ံ႕ႏွံ႔မႈမရွိေသးေပ။
ေလာရင့္စ္ဟာ ဓာတ္ေရာင္ျခည္ကုထုံးကိုေလးပတ္ၾကာခံယူရာ ၎ေၾကာင့္ဖ်ားနာျခင္းနဲ႔ ဝမ္းပ်က္ျခင္း မ်ားျဖစ္ခဲ့တယ္။ တစ္ညမွာ ဆံပင္ကြၽတ္တာကိုေတြ႕ရွိၿပီး ဖခင္တစ္ေယာက္ျဖစ္ဖို႔အခြင့္အေရး မရွိေတာ့မွာကိုအ လြန္စိုးရိမ္မိတယ္။ ေဒါက္တာမီ႐ြိဳင္က က်န္ေနတဲ့ေဝွးေစ့တစ္ဖက္က သုက္ပိုးေတြလုံေလာက္စြာထုတ္ေပးမွာပါ ဟု၎အားႏွစ္သိမ့္ေပးတယ္။ ေဝွးေစ့ကင္ဆာျဖစ္တဲ့လူနာေတြ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုမွာ ရာေပါင္းမ်ားစြာ ေသာကေလးေတြေမြးထုတ္ခဲ့တယ္လို႔ ၎ကဆိုတယ္။
၎ရဲ႕ခ်စ္သူ ဆူဆန္ကတစ္ခ်ိန္လုံး အံ့ၾသေလာက္ေအာင္ကူညီေပးပါတယ္။ ကိုယ့္ခ်စ္သူ ေသႏိုင္တယ္ ဆိုတဲ့ေၾကာက္စိတ္ကို အၿမဲၿမိဳသိပ္ထားၿပီး ကုူညီေပးတယ္။ ေလာရင့္စ္ဟာ က်န္းမာေရးစစ္ထားမႈကို ေျခာက္လ တစ္ႀကိမ္ျပဳလုပ္လာရာက တစ္ႏွစ္တစ္ႀကိမ္ျပဳလုပ္ၿပီး က်န္းမာသန္စြမ္းလာပါတယ္။ ဒီႏွစ္ျပႆနာကို ဒီထက္ ၾကာၾကာလ်စ္လ်ဴရႈထားမိရင္ သူေသသြားႏိုင္တယ္လို႔ ေလာရင့္စ္ကေျပာတယ္။
ေဝွးေစ့ကင္ဆာဟာ အသက္ ၁၅ ႏွစ္မွ ၄၉ ႏွစ္ၾကားအမ်ိဳးသားေတြမွာျဖစ္တတ္တယ္။ လူ႐ြယ္ေတြမွာပို အျဖစ္မ်ားတယ္။ ဒီကင္ဆာျဖစ္တဲ့အမ်ိဳးသားအေယာက္ ၂၀ မွာတစ္ေယာက္ေသႏိုင္တယ္လို႔ သိရတယ္။ လြန္ခဲ့ တဲ့ ၂၅ ႏွစ္ေလာက္ကစၿပီး ဒီကင္ဆာေရာဂါျဖစ္ပြားမႈ ပိုမ်ားလာတယ္။ ဘာေၾကာင့္တိုးလာသလဲဆိုတာ ေသ ေသခ်ာခ်ာမေျပာႏိုင္ေသးပါ။
ယူေကနဲ႔ ကေနဒါမွကင္ဆာအထူးကုဆရာဝန္ေတြျဖစ္တဲ့ ပါေမာကၡေဒးဗစ္ေဖာ္မင္နဲ႔ ရစ္ခ်က္ေဂါလီယာ ဂါတို႔ရဲ႕ မၾကာမီက ေလ့လာေရးမ်ားအရသီးျခားေတြ႕ရွိသည္မွာ ထိုင္းၿပီးလုပ္ရတဲ့အလုပ္ေတြနဲ႔ ကိုယ္လက္လႈပ္ ရွားေလ့က်င့္ခန္းမလုပ္ျခင္းက ေဝွးေစ့ကင္ဆာျဖစ္ႏိုင္ေခ်နဲ႔ ဆက္စပ္မႈရွိတယ္လို႔သိရတယ္။ဖခင္ဒါမွမဟုတ္ ညီအစ္ကိုေတြထဲမွာေဝွးေစ့ကင္ဆာရွိခဲ့ရင္ (သို႔) အမ်ိဳးသားမွာေမြးရာပါ အဂၤါခ်ိဳ႕တဲ့မႈ ျဖစ္တဲ့ကပၸါယ္အိတ္အတြင္းသို႔ ပုံမွန္မဆင္းတဲ့ေဝွးေစ့ရွိရင္ ကင္ဆာေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားတယ္။ ေစာေစာလူပ်ိဳ ေပါက္ျဖစ္ရင္ ျဖစ္ႏိုင္ေခ်မ်ားတယ္ဆိုတဲ့ သီအိုရီကိုေဖာ္မင္က စုံစမ္းစစ္ေဆးေနပါတယ္။
ေဝွးေစ့ကင္ဆာကိုေစာေစာ စမ္းသပ္ေတြ႕ရွိႏိုင္ရင္ ရွင္သန္ဖို႔ႏႈန္းကရာႏႈန္းျပည့္နီးပါး ရွိပါတယ္။ ကင္ဆာ ပ်ံ႕ႏွံ႔မႈက ရင္ဘတ္နဲ႔ဦးေႏွာက္သို႔မေရာက္မီ ေစာေစာကုသျခင္းဟာ အဓိကက်ပါတယ္။ အမ်ိဳးသားေတြဟာရွက္ လို႔ရယ္၊ ေဆးကုသဖို႔ေၾကာက္လို႔ရယ္၊ ေနာက္က်မွဆရာဝန္နဲ႔ ျပၾကတယ္။ေလာရင့္စ္ဟာ မ်ိဳးမေအာင္မွာကိုစိုးရိမ္ေနတာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ပါတယ္။ ဆူဆန္နဲ႔သူ လက္ထပ္ ၿပီးတစ္ႏွစ္အၾကာမွာ ကေလးတစ္ေယာက္ရခဲ့ၾကတယ္။ အမ်ိဳးသားေတြကိုယ့္ကိုယ္ကို စမ္းသပ္ၾကည့္ဖို႔နဲ႔ေဝွးေစ့ တစ္ခုကေရာင္လာရင္ အစိုင္အခဲ၊ အက်ိတ္ေလးတစ္ခုကိုစမ္းသပ္မိရင္ နာက်င္ကိုက္ခဲလာရင္ ခ်က္ျခင္းဆရာ ဝန္နဲ႔ျပဖို႔ေလာရင့္စ္က အႀကံျပဳပါတယ္။
Author: ႏွင္းေအးေဝ (Vol-8 /No-11) Healthcare Journal
( Unicode)
အသက် ၂၂ နှစ်ရှိတဲ့ဆေးကျောင်းသား လောရင့်စ်ဟာဆေးကျောင်းသားအနေနဲ့ အစောပိုင်းကလက္ခ ဏာတွေကိုသတိပြုမိသင့်တယ်။ ရှက်တာကကိုယ့်အသက်ကိုပင် ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့တယ်။ လော့ရင့်စ်ရဲ့ ညာဘက်ဝှေးစေ့ဟာမာနေပြီး ပုံပန်းမကျဖြစ်နေတာ ထိလို့လည်းမနာဘူးဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာကို ရှက်လို့ ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး။ သုံးလကြာတဲ့အခါမှာ အားနည်းပြီးမူးနောက်နောက် ဖြစ်လာတယ်။ တုပ် ကွေးနဲ့တူတဲ့လက္ခဏာတွေကြောင့် ဆရာဝန်ဆီသွားပြပါတယ်။ ဆရာဝန်အား ဝှေးစေ့အကြောင်းကိုမပြောပြခဲ့ပါ။
ပဋိဇီဝဆေးနဲ့လည်းမသက်သာပါ။ ကိုယ်အလေးချိန်က ၁၄ ပေါင်ကျသွားတယ်။ ဆေးကျောင်းကဆရာ လည်းဖြစ်တဲ့ အတိုင်ပင်ခံဆရာဝန်အား ၎င်းရဲ့ရောင်နေတဲ့ဝှေးစေ့ကိုပြတယ်။ အဲဒီဆရာဝန်က ကြည့်ပြီးတာနဲ့ ချက်ချင်းဆေးရုံကိုသွားခိုင်းတယ်။နောက်တစ်နေ့မှာ ဆေးရုံမှနည်းပညာရှင်က နှုန်းလွန်အသံလှိုင်းကိရိယာဖြင့် ဝမ်းဗိုက်ပေါ်မှာစမ်းသပ် ကြည့်တယ်။ အဲဒီကမှ အသားပိုရှိတာကိုသိရပြီး ဝှေးစေ့ကင်ဆာဆိုတာ အဲဒီအချိန်မှာသိလိုက်ရပါတယ်။ ကင် ဆာဖြစ်ပြီဆိုတာသိတာနဲ့ ချက်ချင်းပြန်လာပြီး ၎င်းရဲ့ချစ်သူဆူဆန်အားပြောပြပြီး နှစ်ယောက်အတူငိုခဲ့ကြတယ်။
နောက်ဆေးရုံတက်ပြီး နှစ်ရက်ကြာမှာဆီးရောဂါအထူးကုဆရာဝန် အူအင်မီလ်ရွိုင်က ၎င်းရဲ့ဝမ်းဗိုက်ထဲ မှာငယ်တဲ့ခွဲစိပ်မှုတစ်ခုကို ပြုုလုပ်ပြီး၎င်းရဲ့ညာဘက်ဝှေးစေ့ကို ဖယ်ထုတ်လိုက်တယ်။ နောက်တစ်ပတ်မှာဆေးရုံ သို့ပြန်သွားပြီးကင်ဆာပျံ့နှံ့မှု ရှိမရှိသိရှိရန် စစ်ဆေးမှုများပြုလုပ်သည်။
ဆေးရုံမှအိပ်ရာပေါ် လောရင့်စ်လှဲနေစဉ်ညာဘက်က ကုတင်ပေါ်မှာဓာတုကုထုံးကြောင့် အရမ်းဖျားနေ တဲ့လူရွယ်တစ်ဦး ဝဲဘက်မှာမျက်နှာကင်ဆာကြောင့် ပါးထဲမှထွက်ပြီးအန်နေတဲ့ နောက်လူနာတို့ကိုကြည့်ပြီးငါ ဘာဖြစ်လို့မိုက်မဲပြီး အကူအညီတောင်းတာနောက်ကျရတာလဲလို့ တွေးမိတယ်။ စမ်းသပ်ကြည့်တဲ့ ရလဒ်ကမျှော် လင့်ချက်ရှိပါတယ်။ ဝှေးစေ့အသားပိုအဓိက နှစ်မျိုးအနက်ပြင်းထန်မှုပိုနည်းတဲ့ ဝှေးစေ့မြင်းဆိုးရှိနေကြောင်းသိရ ပြီးထိုကင်ဆာက ပျံ့နှံ့မှုမရှိသေးပေ။
လောရင့်စ်ဟာ ဓာတ်ရောင်ခြည်ကုထုံးကိုလေးပတ်ကြာခံယူရာ ၎င်းကြောင့်ဖျားနာခြင်းနဲ့ ဝမ်းပျက်ခြင်း များဖြစ်ခဲ့တယ်။ တစ်ညမှာ ဆံပင်ကျွတ်တာကိုတွေ့ရှိပြီး ဖခင်တစ်ယောက်ဖြစ်ဖို့အခွင့်အရေး မရှိတော့မှာကိုအ လွန်စိုးရိမ်မိတယ်။ ဒေါက်တာမီရွိုင်က ကျန်နေတဲ့ဝှေးစေ့တစ်ဖက်က သုက်ပိုးတွေလုံလောက်စွာထုတ်ပေးမှာပါ ဟု၎င်းအားနှစ်သိမ့်ပေးတယ်။ ဝှေးစေ့ကင်ဆာဖြစ်တဲ့လူနာတွေ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ ရာပေါင်းများစွာ သောကလေးတွေမွေးထုတ်ခဲ့တယ်လို့ ၎င်းကဆိုတယ်။
၎င်းရဲ့ချစ်သူ ဆူဆန်ကတစ်ချိန်လုံး အံ့သြလောက်အောင်ကူညီပေးပါတယ်။ ကိုယ့်ချစ်သူ သေနိုင်တယ် ဆိုတဲ့ကြောက်စိတ်ကို အမြဲမြိုသိပ်ထားပြီး ကုူညီပေးတယ်။ လောရင့်စ်ဟာ ကျန်းမာရေးစစ်ထားမှုကို ခြောက်လ တစ်ကြိမ်ပြုလုပ်လာရာက တစ်နှစ်တစ်ကြိမ်ပြုလုပ်ပြီး ကျန်းမာသန်စွမ်းလာပါတယ်။ ဒီနှစ်ပြဿနာကို ဒီထက် ကြာကြာလျစ်လျူရှုထားမိရင် သူသေသွားနိုင်တယ်လို့ လောရင့်စ်ကပြောတယ်။
ဝှေးစေ့ကင်ဆာဟာ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားအမျိုးသားတွေမှာဖြစ်တတ်တယ်။ လူရွယ်တွေမှာပို အဖြစ်များတယ်။ ဒီကင်ဆာဖြစ်တဲ့အမျိုးသားအယောက် ၂၀ မှာတစ်ယောက်သေနိုင်တယ်လို့ သိရတယ်။ လွန်ခဲ့ တဲ့ ၂၅ နှစ်လောက်ကစပြီး ဒီကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာတယ်။ ဘာကြောင့်တိုးလာသလဲဆိုတာ သေ သေချာချာမပြောနိုင်သေးပါ။
ယူကေနဲ့ ကနေဒါမှကင်ဆာအထူးကုဆရာဝန်တွေဖြစ်တဲ့ ပါမောက္ခဒေးဗစ်ဖော်မင်နဲ့ ရစ်ချက်ဂေါလီယာ ဂါတို့ရဲ့ မကြာမီက လေ့လာရေးများအရသီးခြားတွေ့ရှိသည်မှာ ထိုင်းပြီးလုပ်ရတဲ့အလုပ်တွေနဲ့ ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းမလုပ်ခြင်းက ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေနဲ့ ဆက်စပ်မှုရှိတယ်လို့သိရတယ်။ဖခင်ဒါမှမဟုတ် ညီအစ်ကိုတွေထဲမှာဝှေးစေ့ကင်ဆာရှိခဲ့ရင် (သို့) အမျိုးသားမှာမွေးရာပါ အင်္ဂါချို့တဲ့မှု ဖြစ်တဲ့ကပ္ပါယ်အိတ်အတွင်းသို့ ပုံမှန်မဆင်းတဲ့ဝှေးစေ့ရှိရင် ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများတယ်။ စောစောလူပျို ပေါက်ဖြစ်ရင် ဖြစ်နိုင်ချေများတယ်ဆိုတဲ့ သီအိုရီကိုဖော်မင်က စုံစမ်းစစ်ဆေးနေပါတယ်။
ဝှေးစေ့ကင်ဆာကိုစောစော စမ်းသပ်တွေ့ရှိနိုင်ရင် ရှင်သန်ဖို့နှုန်းကရာနှုန်းပြည့်နီးပါး ရှိပါတယ်။ ကင်ဆာ ပျံ့နှံ့မှုက ရင်ဘတ်နဲ့ဦးနှောက်သို့မရောက်မီ စောစောကုသခြင်းဟာ အဓိကကျပါတယ်။ အမျိုးသားတွေဟာရှက် လို့ရယ်၊ ဆေးကုသဖို့ကြောက်လို့ရယ်၊ နောက်ကျမှဆရာဝန်နဲ့ ပြကြတယ်။လောရင့်စ်ဟာ မျိုးမအောင်မှာကိုစိုးရိမ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။ ဆူဆန်နဲ့သူ လက်ထပ် ပြီးတစ်နှစ်အကြာမှာ ကလေးတစ်ယောက်ရခဲ့ကြတယ်။ အမျိုးသားတွေကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ဖို့နဲ့ဝှေးစေ့ တစ်ခုကရောင်လာရင် အစိုင်အခဲ၊ အကျိတ်လေးတစ်ခုကိုစမ်းသပ်မိရင် နာကျင်ကိုက်ခဲလာရင် ချက်ခြင်းဆရာ ဝန်နဲ့ပြဖို့လောရင့်စ်က အကြံပြုပါတယ်။
Author: နှင်းအေးဝေ (Vol-8 /No-11) Healthcare Journal