ရေယုံပေါက်တယ်ဆိုတာကတော့ လူတိုင်းသိကြပါတယ်။ တဖြည်းဖြည်းရေကြည်ဖုလေးတွေ ကြီးလာ ကာတစ်ခုနဲ့တစ်ခု ပေါင်းသွားကြပါတယ်။ ထိုအရည်ကြည်ဖုလေးတွေဟာ နာပြီးပေါက်သွားမှ သက်သာသွားပါ တယ်။ ရေယုံသည် ခါးပတ်လည်လောက်တွင် ဖြစ်လေ့ရှိပြီး ဒါကိုခါးပတ်ရေယုံလို့လည်း ခေါ်ကြပါတယ်။ ရေယုံ ဟာခန္ဓာကိုယ်တွင်ဖြစ်တတ်သလို လိင်အင်္ဂါတစ်ဝိုက်တွင်လည်း ဖြစ်လေ့ရှိပါတယ်။
ဒီရောဂါကို ရေယုံဗိုင်းရပ်စ်ပိုးအမျိုးအစား တစ်နှင့် နှစ်ကဖြစ်စေပြီး ပြဿနာတွေကလည်းကျယ်ပြန့်ပါ တယ်။ ဒါ့အပြင်ထိုမှတစ်ဆင့် HIV ရောဂါပိုးလည်း ကူးစက်စေနိုင်ပါတယ်။ ဒီရောဂါဟာကာမဆက်ယှက်မှတစ် ဆင့်ကူးစက်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ ရောဂါပိုးရှိလျှင်ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်သွားနေရာမှာ လက္ခဏာပြတတ်သလို မပြတာလည်းရှိပါတယ်။ ပထမတစ်ခါဖြစ်ပြီး နောက်ထပ် ထပ်ဖြစ် ရင်တော့ရောဂါပိုးပြန်ကြွလာတာပါ။ ပထမဆုံးအကြိမ် လက္ခဏာပြရင်အခြေအနေဟာ ဆိုးတတ်ပါတယ်။
ပထမဆုံးအကြိမ် လက္ခဏာပြတဲ့အခေါက်ဆိုလျှင် ကသိကအောက်ဖြစ်တဲ့အရည်ကြည်ဖုလေးတွေဟာ ပေါက်ထွက်သွားပြီး လိင်အင်္ဂါတစ်ဝိုက်တွင်သေးငယ်ပြီးနာသော အနာတွေဖြစ်လာပါတယ်။ ဆီးလမ်းကြောင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ သားအိမ်ခေါင်း၊ စအိုပတ်လည်တွင်လည်းဖြစ်တတ်ပြီး ဆီးသွားလျှင်နာကျင်ခြင်း၊ ဆီး လမ်းကြောင်းမိန်းမကိုယ်မှအရည်ထွက်ခြင်း၊ စအိုပတ်လည်တွင်နာကျင်ခြင်းတွေ ခံစားရတတ်ပါတယ်။ ထိုလက္ခ ဏာတွေအပြင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နုန်းခြင်းတွေလည်းခံစားရတတ်ပါတယ်။ ပေါင်ကျိတ်ကြီးပြီးနာ တတ်ပါတယ်။
လိင်အင်္ဂါတစ်ဝိုက်အပြင် အခြားနေရာဖြစ်တဲ့ဖင်၊ လက်ချောင်း၊ မျက်လုံးတွင်လည်းဖြစ်တတ်ပါသေး တယ်။ ပထမဆုံးဒီလိုတွေ ခံစားရပြီးရောဂါကို မကုသလိုက်လျှင်နှစ်ပတ်လေးပတ်အတွင်း သက်သာသွားပါလိမ့် မယ်။ နောက်တစ်ကြိမ်ဖြစ်နိုင်သလို ဖြစ်ခဲ့ရင်လည်း ပထမတစ်ကြိမ်လောက်သိပ်မဆိုးတော့ပေ။ နောက်တစ် ကြိမ်ပြန်ဖြစ်ခဲ့ရင်ရေယုံဗိုင်းရပ်စ်ပိုး အမျိုးအစားနှစ်ကြောင့် ပြန်ဖြစ်တာများပါတယ်။ လူနာဟာဒီရောဂါ ပထမအ ကြိမ်ခံစားရတယ်ဆိုပေမယ့် ဒါဟာနောက်တစ်ခေါက်ထပ်ဖြစ်တဲ့ အကြိမ်လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ သူ့ရဲ့ပထမအကြိမ်တုန်းက မသိလိုက်တာလည်းဖြစ်နေနိုင်လို့ပါ။ လက္ခဏာမပြဘဲပြန်ဖြစ်တာဟာ ကူးစက်မှုဟာ အရေးကြီးပါတယ်။
ရေယုံရောဂါလို့သေချာသိဖို့ကတော့ ထိုအရည်ကြည်ဖုမှ အရည်ကြည် (သို့) အနာမှအရည်အချွဲယူပြီး စစ်ကြည့်ရပါမယ်။ လိုအပ်လျှင်ပိုးမွေးခြင်း၊ အမျိုးအစားခွဲခြင်းတွေလုပ်ရတတ်ပါတယ်။ လူနာဟာဒီရောဂါအခုမှ ပထမစခံစားဖူးတယ်ဆိုရင် ဗိုင်းရပ်စ်ပိုးသတ်ဆေးဖြစ်တဲ့ Acyclovir ဆေးကိုငါးရက်လောက်သောက်သင့်ပါ တယ်။ လိုအပ်ရင်အနာသက်သာဆေး လိုအပ်သလိုဆားရည်ဖြင့် ရေချိုးလျှင်သက်သာစေပါတယ်။ တစ်ကယ် လို့ကုနေတုန်းထပ်ထွက်လာရင် ဆေးကိုဆက်သောက်ဖို့လိုအပ်တတ်ပါတယ်။ တစ်ကယ်လို့သောက်ဆေးနဲ့ မ တိုးတော့ရင် ထိုးဆေးထိုးဖို့လိုအပ်ပါတယ်။ နောက်ပြီးအရည်ကြည်မှ အရည်တွေခမ်းအောင်သွားတိုက်ဆေးအ ဖြူအနှစ်လိမ်းပေးလို့ရပါတယ်။ အရည်ကြည်ဖုကို မဖောက်သင့်ပါဘူး။ ထိုအရည်ကြည်ထဲတွင် ဗိုင်းရပ်စ်ပိုးတွေ ပါနေပြီးတခြားနေရာသို့ ပျံ့နှံ့သွားတတ်ပါတယ်။
နောက်တစ်ကြိမ်ထပ်ဖြစ်တာကျ သိပ်မဆိုးတဲ့အတွက် ဆေးသောက်ဖို့သိပ်မလိုအပ်တော့ပါဘူး။ ဆား ရည်နဲ့ရေချိုးပေးဖို့တော့လိုပါတယ်။ လက္ခဏာကသိပ်ဆိုးရင်တော့ ပထမတစ်ကြိမ်တုန်းကဖြစ်သလို ကုသဖို့လို ပါတယ်။ တစ်ကယ်လို့လူနာဟာ ခဏခဏပြန်ပြန်ဖြစ်နေရင်တော့ ရောဂါကိုဖိနှိပ်တဲ့ကုသမှုလိုပါတယ်။ ခဏခ ဏပြန်ပြန်ဖြစ်တယ်ဆိုတာ လေးပတ်အတွင်းခဏခဏဖြစ်တာကို ပြောတာပါ။ ထိုအခါကုသမှု အနည်းဆုံးတစ် နှစ်လောက်ထောက်သင့်ပါတယ်။ ထိုလိုလူနာတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ အဲလိုကုသပြီးနောက်ပိုင်း ပြန်ဖြစ်မှုကျဆင်းသွားပါတယ်။ ထိုလိုလူနာတွေအတွက်ကျ ခုနကဗိုင်းရပ်စ်သတ်တဲ့ဆေးကို ပြင်းအားမြှင့်ပေးဖို့ လိုပါတယ်။ လင်မယားနှစ်ယောက်မှာ ယောက်ျားဖြစ်သူမှာရောဂါပိုး ရှိထားတာသိထားလျှင် ကိုယ်ဝန်ဆောင်မိ ခင်ဟာအမျိုးသားနဲ့ ကာမဆက်ယှက်စဉ်ရောဂါပိုးကူးမှာ စိုးတဲ့အတွက်ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ရောဂါပိုးဟာ ပျံ့နှံ့မှုမြန်ဆန်တဲ့အတွက်ကြောင့်ပါ။ ဘယ်လိုကာကွယ်မလဲဆို ကိုယ် ဝန်ဆောင်ထားစဉ်တစ်လျောက် အတူနေသည့်အခါတိုင်း အကာအကွယ်ဖြစ်တဲ့ကွန်ဒုံးသုံးသင့်ပါတယ်။ ကိုယ် ဝန်ဆောင်ပထမနဲ့ ဒုတိယကာလအပိုင်းအခြားထဲ ဖြစ်နေခဲ့ရင်တော့ဆေးသောက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်လ ရင့်တဲ့အထိ လက္ခဏာအပြရင်တော့ရိုးရိုးမွေးလမ်းကြောင်းကနေ ကူးစက်နိုင်မှုကနည်းပါတယ်။ ရောဂါဟာကိုယ် ဝန်သုံးလေးပတ်ကျော်မှ အခုမှပထမဆုံးစဖြစ်ခဲ့ရင်တော့ ဗိုက်ခွဲမွေးဖို့တိုက်တွန်းလေ့ရှိပါတယ်။
Author: ဒေါက်တာဇွဲကောင်းချစ် (Vol-8 / No-12) Healthcare Journal