fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ပွင့်သောပန်းတိုင်းလန်းစေချင်

89
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/04/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဒီေဆာင္းပါးက သမီးရည္းစားခ်စ္သူေတြ အမ်ားဆုံး ျဖစ္တက္တဲ့ လူငယ္ထုအတြက္ရည္႐ြယ္ပါတယ္။ ဒီေခတ္ႀကီးထဲမွာသမီးရည္းစာ စုံတြဲအမ်ားစုက လက္မထပ္ခင္ အတူေနတာေတြ ျဖစ္ေနတက္ၾကတယ္။ ေခတ္နဲ႔အေျပာင္းအလဲလည္း ပါတယ္။ Social Media ေတြနဲ႔လည္းဆိုင္တယ္။ စိတ္ကိုအလိုလိုက္ၾကတာလည္း ပါတယ္။

ဒီလိုစုံတြဲေတြမွာ တခ်ိဳ႕ေတြကေတာ့ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ ပတ္သက္ၿပီး နားလည္သေဘာေပါက္တဲ့ သူေတြရွိေပမယ့္ အမ်ားစုကေတာ့အစိမ္းသက္သက္ပဲ။ ဒီေနရာမွာ Living Together ဆိုတာ အခုဆို ကမာၻအႏွံမွာ ရွိတာပဲ။ ငါတို႔လည္း လိုက္လုပ္တယ္၊ ရလားေပါ့။ အဲ့လိုစဥ္းစားရင္ ျပန္ၾကည့္ရမွာက အသက္ပဲ။ သမီးရည္းစားစုံတြဲေတြက အသက္ျပည့္ၿပီးသားေတြလားေပါ့။ အသက္မျပည့္ရင္ ဒီကိစၥက တရားစြဲလို႔ရတဲ့အထိ ျဖစ္တယ္ဆိုတာ တခ်က္သတိထားေစခ်င္တယ္။ ေနာက္တစ္ခုက ေတာ ေနတဲ့ႏိုင္ငံေပါ့။

ျမန္မာႏိုင္ငံမွာ ဥပေဒအရ လက္မထပ္ဘဲ အတူေနခြင့္မရွိဘူး။ ယဥ္ေက်းမႈဓေလ့ထုံးစံ အရလည္း လက္ခံလို႔ မရပါဘူး။ သမီးရည္းစားစုံတြဲတိုင္းက ဒီအခ်က္ေတြကို စဥ္းစားပါ။ ေနာက္တစ္ခုကေတာ့ သမီးရည္းစားအတြဲေတြမွာ အတူေနခဲ့ၾကၿပီးလို႔ မေတာ္တဆ ကိုယ္ဝန္ရသြားရင္ေရာေပါ့။ ဒီလိုျပႆနာေတြက ဖြင့္သာမေျပာၾကတာ ျဖစ္ေနတက္ၾကတယ္။ အဲ့လိုအခါမ်ိဳးေတြမွာ ကိုယ္ဝန္ကိုဆက္ၿပီး ေစာင့္ေရွာက္ဖို႔စဥ္းစားတဲ့ စုံတြဲရွားပါတယ္။ ဘယ္လိုေျဖရွင္းမလဲ စဥ္းစားလိုက္ရင္ အဓိက က ကိုယ္ဝန္ဘယ္လို ဖ်က္ခ်ရမလဲ ဆိုတာပဲ ျဖစ္ေနတက္ၾကတယ္။

ေျပာခ်င္တာကေတာ့ သမီးရည္းစားခ်စ္သူေတြ အတက္ႏိုင္ဆုံး စည္းေစာင့္ပါ။ ဘာကိုပဲ လုပ္ေတာ့မယ္လို႔ စဥ္းစားစဥ္းစား ဒီလုပ္ရပ္က ဘယ္အထိ ျဖစ္သြားႏိုင္လဲ ဆိုတာအထိ စဥ္းစားထားပါ။ ႀကဳံလာတဲ့အခါ ဘာကိစၥျဖစ္ျဖစ္ တာဝန္ယူတက္တဲ့ စိတ္ေမြးထားပါ။အရင္တုန္းကေတာ့ ၿမီးေကာင္ေပါက္ အ႐ြယ္ေတြကို လိင္ပညာေပးတာေတြ လုပ္ဖို႔ လူႀကီးေတြက တြန႔္ဆုတ္ေနတက္တယ္။ အခ်ိန္တန္သိမွာပါ ဆိုၿပီးထင္တက္ၾကတယ္။ ဒါေပမယ့္ ဒီေခတ္မွာေတာ့ ဒီလိုလုပ္လို႔ မရေတာ့ဘူး။ လက္လွမ္းမီသေလာက္ ရွင္းျပဖို႔လိုလာတယ္။ က်န္းမာေရးအဖြဲ႕အစည္းေတြလည္း တိုင္ပင္လို႔ ရလာတယ္။

သမီးရည္းစားစုံတြဲေတြမွာ ဒီလိုကိစၥေတြမွာ ျဖစ္လာတဲ့အခါ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြပါလာတယ္။ ေကာင္ေလးဘက္က စေျပာလိုက္နဲ႔ ကိုယ့္တာဝန္ကိုယ္ယူၿပီး ေစာင့္ေရွာက္ပါမယ္ ဆိုတာေတာင္မွ ေကာင္မေလးေတြဘက္မွ အၿပီးမေပ်ာ္ႏိုင္ၾကဘူး။ အတူေနၿပီးတဲ့အခ်ိန္ကစၿပီး ငါေတာ့ ကိုယ္ဝန္ရမွာလား ေနရတာလည္း မေကာင္းဘူး။ ရာသီလဲခုထိ မေပၚေသးဘူး ဆိုၿပီး စိုးရိမ္စိတ္ေတြျဖစ္၊ မစားခ်င္မေသာက္ခ်င္ ပ်ိဳ႕အန္ခ်င္တာေတြျဖစ္ ၊ အိမ္ကလူႀကီးေတြ ရိပ္မိကုန္မွာလား ရာသီထပ္ၿပီး ေပၚခဲ့ရင္လည္း အိမ္ကမ်ား သိမလား စတဲ့ စိုးရိမ္စိတ္ေတြ ဆိုတာ ဒီၾကားထဲကမွ ကိုယ္ဝန္သာတကယ္ရလို႔ ေကာင္ေလးကပါ ဖ်က္ခ်ဖို႔ ေျပာခဲ့ရင္ေတာ့ သူေတာင္မလိုခ်င္တာ ငါဘာဆက္လုပ္ရမလဲ တက္ေနတဲ့ေက်ာင္း လုပ္ေနတဲ့အလုပ္ေတြ အကုန္ရပ္လိုက္ရမွာလား ငါ့ဘဝေတာ့သြားပါၿပီ ဆိုၿပီး ေတြးတက္ၾကတယ္။ ေကာင္ေလးဘက္မွာလည္း ျဖစ္တာပဲ။ ငါသူ႔ကိုဘယ္လိုေျပာရမလဲ ေက်ာင္းတက္ အလုပ္မရွိေသးတဲ့အခ်ိန္မွာ ဘယ္လိုတာဝန္ယူရမလဲ ဆိုၿပီး ဒီကိစၥေတြက မျဖစ္ခင္ကတည္းက ႀကိဳစဥ္းစားသင့္တာပါ။

ဒီလိုကိစၥေတြျဖစ္တဲ့အခါ မလုပ္သင့္တာ လုပ္မိရင္ အသက္ေတြထိခိုက္ႏိုင္တယ္။ ဆက္ၿပီး ျပဳစုေစာင့္ေရွာက္မယ္ ဆိုရင္လည္း စိတ္ကိုအေကာင္းဆုံး ျပင္ဆင္ပါ။ မယူခ်င္ေသးဘဲ ယူလိုက္ရလို႔ ေရွ႕ေရးေတြပ်က္စီးတယ္ဆိုၿပီး ေမြးလာတဲ့ကေလး အေပၚ မၿငိဳျငင္ေစခ်င္ဘူး ကေလးဘဝေတြကို မႏြမ္းေစခ်င္ဘူး အျပစ္မရွိတဲ့ကေလးကို အျပစ္ပုံခ်တာ မလုပ္ေစခ်င္ဘူး။
ျမန္မာႏိုင္ငံမွာ သမီးရည္းစား မွားမိခဲ့လို႔ ကိုယ္ဝန္ရသြားတာမွ မဟုတ္ဘူး။ အဓမၼက်င့္ခံရလို႔ ကိုယ္ဝန္ရရင္ေသာ္လည္းေကာင္း၊ KTV မွာလုပ္ရင္း ကိုယ္ဝန္ရသြားရင္ေသာ္လည္းေကာင္း ကိုယ္ဝန္ေဆာင္မိခင္မွာ တျခားေရာဂါတစ္ခုခု ရွိလို႔ေသာ္လည္းေကာင္း ဘာပဲျဖစ္ေနပါေစ ကိုယ္ဝန္ဖ်က္ခ်ခြင့္မရွိပါဘူး လူသားခ်င္းစာနာေထာက္ထားေပးလို႔ရတယ္။ လုပ္ပိုင္ခြင့္ မရွိဘူး။ မျဖစ္မေနလိုတဲ့ အေျခအေနမွာေတာင္ ဆရာဝန္ေတြႀကီးပဲ ဆုံးျဖတ္လို႔မရပါဘူး။ ႏိုင္ငံဥပေဒပိုင္ ဆိုင္ရာအထိလိုတာပါ။ ႀကိဳတင္စဥ္းစားတက္ၾကပါေစ။

Author: Dr.CST

(Unicode)

ဒီဆောင်းပါးက သမီးရည်းစားချစ်သူတွေ အများဆုံး ဖြစ်တက်တဲ့ လူငယ်ထုအတွက်ရည်ရွယ်ပါတယ်။ ဒီခေတ်ကြီးထဲမှာသမီးရည်းစာ စုံတွဲအများစုက လက်မထပ်ခင် အတူနေတာတွေ ဖြစ်နေတက်ကြတယ်။ ခေတ်နဲ့အပြောင်းအလဲလည်း ပါတယ်။ Social Media တွေနဲ့လည်းဆိုင်တယ်။ စိတ်ကိုအလိုလိုက်ကြတာလည်း ပါတယ်။

ဒီလိုစုံတွဲတွေမှာ တချို့တွေကတော့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်တဲ့ သူတွေရှိပေမယ့် အများစုကတော့အစိမ်းသက်သက်ပဲ။
ဒီနေရာမှာ Living Together ဆိုတာ အခုဆို ကမ္ဘာအနှံမှာ ရှိတာပဲ။ ငါတို့လည်း လိုက်လုပ်တယ်၊ ရလားပေါ့။ အဲ့လိုစဉ်းစားရင် ပြန်ကြည့်ရမှာက အသက်ပဲ။ သမီးရည်းစားစုံတွဲတွေက အသက်ပြည့်ပြီးသားတွေလားပေါ့။ အသက်မပြည့်ရင် ဒီကိစ္စက တရားစွဲလို့ရတဲ့အထိ ဖြစ်တယ်ဆိုတာ တချက်သတိထားစေချင်တယ်။ နောက်တစ်ခုက တော နေတဲ့နိုင်ငံပေါ့။

မြန်မာနိုင်ငံမှာ ဥပဒေအရ လက်မထပ်ဘဲ အတူနေခွင့်မရှိဘူး။ ယဉ်ကျေးမှုဓလေ့ထုံးစံ အရလည်း လက်ခံလို့ မရပါဘူး။ သမီးရည်းစားစုံတွဲတိုင်းက ဒီအချက်တွေကို စဉ်းစားပါ။ နောက်တစ်ခုကတော့ သမီးရည်းစားအတွဲတွေမှာ အတူနေခဲ့ကြပြီးလို့ မတော်တဆ ကိုယ်ဝန်ရသွားရင်ရောပေါ့။ ဒီလိုပြဿနာတွေက ဖွင့်သာမပြောကြတာ ဖြစ်နေတက်ကြတယ်။ အဲ့လိုအခါမျိုးတွေမှာ ကိုယ်ဝန်ကိုဆက်ပြီး စောင့်ရှောက်ဖို့စဉ်းစားတဲ့ စုံတွဲရှားပါတယ်။ ဘယ်လိုဖြေရှင်းမလဲ စဉ်းစားလိုက်ရင် အဓိက က ကိုယ်ဝန်ဘယ်လို ဖျက်ချရမလဲ ဆိုတာပဲ ဖြစ်နေတက်ကြတယ်။

ပြောချင်တာကတော့ သမီးရည်းစားချစ်သူတွေ အတက်နိုင်ဆုံး စည်းစောင့်ပါ။ ဘာကိုပဲ လုပ်တော့မယ်လို့ စဉ်းစားစဉ်းစား ဒီလုပ်ရပ်က ဘယ်အထိ ဖြစ်သွားနိုင်လဲ ဆိုတာအထိ စဉ်းစားထားပါ။ ကြုံလာတဲ့အခါ ဘာကိစ္စဖြစ်ဖြစ် တာဝန်ယူတက်တဲ့ စိတ်မွေးထားပါ။အရင်တုန်းကတော့ မြီးကောင်ပေါက် အရွယ်တွေကို လိင်ပညာပေးတာတွေ လုပ်ဖို့ လူကြီးတွေက တွန့်ဆုတ်နေတက်တယ်။ အချိန်တန်သိမှာပါ ဆိုပြီးထင်တက်ကြတယ်။ ဒါပေမယ့် ဒီခေတ်မှာတော့ ဒီလိုလုပ်လို့ မရတော့ဘူး။ လက်လှမ်းမီသလောက် ရှင်းပြဖို့လိုလာတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေလည်း တိုင်ပင်လို့ ရလာတယ်။

သမီးရည်းစားစုံတွဲတွေမှာ ဒီလိုကိစ္စတွေမှာ ဖြစ်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါလာတယ်။ ကောင်လေးဘက်က စပြောလိုက်နဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး စောင့်ရှောက်ပါမယ် ဆိုတာတောင်မှ ကောင်မလေးတွေဘက်မှ အပြီးမပျော်နိုင်ကြဘူး။ အတူနေပြီးတဲ့အချိန်ကစပြီး ငါတော့ ကိုယ်ဝန်ရမှာလား နေရတာလည်း မကောင်းဘူး။ ရာသီလဲခုထိ မပေါ်သေးဘူး ဆိုပြီး စိုးရိမ်စိတ်တွေဖြစ်၊ မစားချင်မသောက်ချင် ပျို့အန်ချင်တာတွေဖြစ် ၊ အိမ်ကလူကြီးတွေ ရိပ်မိကုန်မှာလား ရာသီထပ်ပြီး ပေါ်ခဲ့ရင်လည်း အိမ်ကများ သိမလား စတဲ့ စိုးရိမ်စိတ်တွေ ဆိုတာ ဒီကြားထဲကမှ ကိုယ်ဝန်သာတကယ်ရလို့ ကောင်လေးကပါ ဖျက်ချဖို့ ပြောခဲ့ရင်တော့ သူတောင်မလိုချင်တာ ငါဘာဆက်လုပ်ရမလဲ တက်နေတဲ့ကျောင်း လုပ်နေတဲ့အလုပ်တွေ အကုန်ရပ်လိုက်ရမှာလား ငါ့ဘဝတော့သွားပါပြီ ဆိုပြီး တွေးတက်ကြတယ်။ ကောင်လေးဘက်မှာလည်း ဖြစ်တာပဲ။ ငါသူ့ကိုဘယ်လိုပြောရမလဲ ကျောင်းတက် အလုပ်မရှိသေးတဲ့အချိန်မှာ ဘယ်လိုတာဝန်ယူရမလဲ ဆိုပြီး ဒီကိစ္စတွေက မဖြစ်ခင်ကတည်းက ကြိုစဉ်းစားသင့်တာပါ။

ဒီလိုကိစ္စတွေဖြစ်တဲ့အခါ မလုပ်သင့်တာ လုပ်မိရင် အသက်တွေထိခိုက်နိုင်တယ်။ ဆက်ပြီး ပြုစုစောင့်ရှောက်မယ် ဆိုရင်လည်း စိတ်ကိုအကောင်းဆုံး ပြင်ဆင်ပါ။ မယူချင်သေးဘဲ ယူလိုက်ရလို့ ရှေ့ရေးတွေပျက်စီးတယ်ဆိုပြီး မွေးလာတဲ့ကလေး အပေါ် မငြိုငြင်စေချင်ဘူး ကလေးဘဝတွေကို မနွမ်းစေချင်ဘူး အပြစ်မရှိတဲ့ကလေးကို အပြစ်ပုံချတာ မလုပ်စေချင်ဘူး။
မြန်မာနိုင်ငံမှာ သမီးရည်းစား မှားမိခဲ့လို့ ကိုယ်ဝန်ရသွားတာမှ မဟုတ်ဘူး။ အဓမ္မကျင့်ခံရလို့ ကိုယ်ဝန်ရရင်သော်လည်းကောင်း၊ KTV မှာလုပ်ရင်း ကိုယ်ဝန်ရသွားရင်သော်လည်းကောင်း ကိုယ်ဝန်ဆောင်မိခင်မှာ တခြားရောဂါတစ်ခုခု ရှိလို့သော်လည်းကောင်း ဘာပဲဖြစ်နေပါစေ ကိုယ်ဝန်ဖျက်ချခွင့်မရှိပါဘူး လူသားချင်းစာနာထောက်ထားပေးလို့ရတယ်။ လုပ်ပိုင်ခွင့် မရှိဘူး။ မဖြစ်မနေလိုတဲ့ အခြေအနေမှာတောင် ဆရာဝန်တွေကြီးပဲ ဆုံးဖြတ်လို့မရပါဘူး။ နိုင်ငံဥပဒေပိုင် ဆိုင်ရာအထိလိုတာပါ။ ကြိုတင်စဉ်းစားတက်ကြပါစေ။

Author: Dr.CST

Previous Post

Game ကစားသော ကလေးငယ်

Next Post

ခရမ်းလွန်ရောင်ခြည်နှင့် သင်္ကြန်အလှအပများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
788
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
643

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခရမ်းလွန်ရောင်ခြည်နှင့် သင်္ကြန်အလှအပများ

ကလေးအိပ်စက်ခြင်း

အတုအပတွေ သတိပြု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.