ချစ်ခွင့်မရှိတဲ့ နှလုံးသားမှာအားငယ် (သို့မဟုတ်) လိင်မှုကိစ္စနဲ့ ဝေးကွာလာရင် ဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လဲ
လူတစ် ဦး သည်လိင်ဆက်ဆံသည့်အကြိမ်အရေ
အတွက်၊ အသက်၊ လိင်စိတ်အတက်အကျနှင့်ဆက်ဆံရေးအခြေအနေပေါ် မူတည်၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများ အချိန်နှင့်
အမျှပြောင်းလဲနိုင်ပါတယ်။
လူအများစုကလိင်မှုကိစ္စကို
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက
အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့သော်လည်း
လိင်မှုကိစ္စနှင့်ဝေးကွာနေသောသူများ အနေနဲ့
အချိန်ကြာမြင့်လာသောအခါ
ကျန်းမာရေးပြဿနာများပေါ်ပေါက်လာနိုင်ပါတယ်။
အချိန်ကြာမြင့်စွာလိင်မှုကိစ္စနှင့် ကင်းကွာနေရင်
၁။ သွေးပေါင်ချိန်မြင့်တင်ခြင်း
လိင်ဆက်ဆံခြင်းသည်
နှလုံးကျန်းမာရေး နဲ့ သွေးပေါင်ချိန်အတွက်
အလွန်ကောင်းမွန်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။
အကယ်လို့ လိင်မှုကိစ္စမရှိပါက
သွေးပေါင်ချိန်တက်လာနိုင်ပါတယ်။
လိင်ကိစ္စမပါခြင်းနဲ့အတူ စိတ်ဖိစီးမှုကလည်း
ဒီလက္ခဏာကိုပိုမိုဆိုးရွားစေတယ်။
စိတ်ဖိစီးမှုကလည်း သွေးပေါင်ချိန်ကိုမြင့်တက်စေနိုင်တယ်။
၂။ စိတ်ဓာတ်ကျခြင်း
လိင်ကိစ္စမရှိဘဲအချိန်ကြာမြင့်စွာဖြတ်သန်းခဲ့ရတဲ့အခါ
စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ပါတယ်။
လိင်မှုကိစ္စသည် ‘ပျော်ရွှင်စေသောဟော်မုန်း’ များဖြစ်တဲ့ oxtytocin, endorphins နှင့် seratonin များက စိတ်နေစိတ်ထားကိုမြှင့်တင်၍ အပြုသဘောဆောင်ပြီးပျော်ရွှင်စေပါတယ်။
ဒီလိုမဟုတ်ဘဲ စိတ်ဓာတ် အနိမ့်အမြင့် သို့မဟုတ် မကောင်းသောအခြေအနေများရှိသည်ဟုခံစားရရင်တော့ ဆရာဝန်တစ်ဦး ထံမှ
ကျွမ်းကျင်သောအကူအညီရယူရန်အလွန်အရေးကြီးပါတယ်။
၃။ အမြင်ရှုထောင့်လွဲမှားခြင်း
လိင်မှုကိစ္စနှင့် ကင်းကွာသောသူများသည်ခါးသီးသောစိတ် နှင့်် လိင်မှုကိစ္စအပေါ် အမြင်ရှုထောင့်လွဲမှားလာနိုင်ပါတယ်။
လိင်မှုကိစ္စဆိုသည်မှာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့အပြင် ရှက်စရာ၊ ရွံစရာ၊ စက်ဆုပ်စရာကောင်းသောအရာမဟုတ်ကြောင်း လိင်စိတ်အပေါ်သင်၏ရှုထောင့်အမြင်ကို မမှားယွင်းစေဘဲ
မှန်ကန်သောအတွေးအခေါ်နဲ့ ဆက်ထိန်းထားဖို့လိုအပ်ပါတယ်။
၄။ တင်ပါးဆုံ ကြွက်သားများအားနည်းခြင်း
ပုံမှန်လိင်ဆက်ဆံခြင်းသည် တင်ပါးဆုံ ကြွက်သားများ တောင့်တင်းခိုင်မာမှု အတွက်
အလွန်ကောင်းမွန်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။
တင်ပါးဆုံ ကြွက်သားများ အားနည်းရင်
ဝမ်းတွင်းကလီစာများကျွံကျခြင်း၊
ဆီးဝမ်းမထိန်းနိုင်ခြင်း၊ လိပ်ခေါင်း၊ ဝမ်းချုပ်ခြင်း
များဖြစ်ပေါ်နိုင်ပါတယ်။
၅။ ကိုယ်ခံအားစနစ် အားနည်းခြင်း
လိင်မှုကိစ္စအထွတ်အထိပ်ရောက်ခြင်းက
သင်၏ ကိုယ်ခံအားစနစ်အတွက်မယုံနိုင်လောက်အောင် အထောက်အကူပြုပါတယ်။
ပုံမှန်လိင်ဆက်ဆံမှုကသင့်ခန္ဓာကိုယ်အားရောဂါများကို ကာကွယ်ရန်ကူညီပါတယ်။ အအေးမိခြင်းနှင့်အခြားအသေးစားကျန်းမာရေးပြဿနာများ
ကိုကာကွယ်ပေးနိုင်ပါတယ်။
Dr. Wallace K