တကယ်ကြာဖို့လိုရဲ့လား?
ပျမ်းမျှကြာချိန်ကဘယ်လောက်လဲ။
၂၀၀၅ ခုနှစ် လိင်ကိစ္စကုထုံးနှင့်သုတေသနအဖွဲ့ ရဲ့
စစ်တမ်းကောက်ချက်အရ
ပျမ်းမျှကြာချိန်သည် ၃ မိနစ် မှ ၇ မိနစ်ခန့်ကြာသည်ဟုဆိုသည်။
၁ မိနစ် မှ ၂ မိနစ်ခန့် ဆိုရင် မြန်လွန်းသည်ဟု သတ်မှတ်ပြီး
၁၀ မိနစ် မှ ၃၀ မိနစ်ခန့် ဆိုရင် ကြာလွန်းသည်ဟု
သတ်မှတ်သည်။
ဒါဆိုရင် ဘယ်လောက်ကြာတာ အကောင်းဆုံးလဲ?
လိင်ကိစ္စကုထုံးပညာရှင်များသည် အကောင်းဆုံးအချိန်အပိုင်းအခြားက ရ မိနစ် မှ ၁၃ မိနစ် အတွင်း ဖြစ်သည်ဟု
ဟုပြောကြားခဲ့သည်။
သို့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်
စံထားတဲ့အခြေအနေ တွေမတူကြတဲ့အတိုင်း
တချို့က အချိန်ကြာမှ တချို့က မြန်မြန်ပြီးမှ
ကိုယ့်အထာနဲ့ကိုယ် ကိုယ့်အကြိုက်နဲ့ကိုယ် ရှိပါတယ်။
အမျိုးသားများကြားတွင် နှေးခြင်း မြန်ခြင်း ကိစ္စသည်
ရေပန်းစားအပြောများကြတဲ့အတွက်
ဒီကိစ္စကိုပို၍ အလေးထား ပြိုင်ဆိုင်လေ့ရှိကြပါတယ်။
သို့ပေမဲ့ အမျိုးသမီးအများစုသည် လိင်အင်္ဂါနဲ့
ထိုးသွင်းဆက်ဆံခြင်းတစ်ခုတည်းဖြ င့်
အထွတ်အထိပ်ကို မရောက်ကြတဲ့အတွက်
နေထွက်ချိန် မှ နေဝင်ချိန်ထိ
ယောကျာ်းကောင်း မောင်းထောင်းသလိုဖြစ်နေပါစေ
အရေးမပါ အရာမရောက် ဖြစ်တတ်သလို အဓိကမကျပါဘူး။
အမှန်စင်စစ်သည် foreplay (ခေါ်) အပျိုး (ခေါ်)
နူးနပ်ခြင်း က လိင်မှုကိစ္စမှာ သိပ်ကိုအရေးကြီးပါတယ်။
အပျိုးဆိုတာဘာလဲ။
လိင်အင်္ဂါခြင်းမနှီးနှောမီ ဖက်ထားခြင်း၊ နမ်းရှုပ်ခြင်း၊
မထိတထိဆော့ကစားခြင်း၊
လိင်အင်္ဂါကိုလက်ဖြင့်သာယာအောင် ပြုလုပ်ပေးခြင်း၊
စသည့်ဖြင့် အမျိုးမျိုးပါဝင်ပါတယ်။
အပျိုးဆိုသည်မှာ ကောက်ရိုးမီးမဟုတ်ဘဲ
အပူပေးထားတဲ့ဒယ်အိုးပေါ်ကို ဟင်းချက်ဆီထည့်
ဝိုင်လောင်းပြီးချက်ရင် ရတဲ့
တဟုန်းဟုန်းတောက်လောင်သောမီးမျို းနဲ့တူတယ်။
မိမိရဲ့ ပါတနာအမျိုးသမီး ရောက်ချင်တဲ့နေရာကို
ထိထိမိမိ ခေါ်ဆောင်ပေးနိုင်တဲ့အပြင်
ရမ္မက်ဆန္ဒကိုလည်း ပြည့်ပြည့်ဝဝ
ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါ တယ်။
ဘယ်လိုပင်ဆိုစေကာမူ
အရေးကြီးဆုံးတစ်ချက်ကတော့
ကြာခြင်း မြန်ခြင်း အချိန်အတိုင်းအတာကို
နာရီကြည့်ပြီး ပြိုင်ပွဲဝင်နေတာ မဟုတ်တဲ့အတွက်
မိမိအဖော်နဲ့ နှစ်ဦးနှစ်ဖက်လုံး
ပျော်ရွှင်နှစ်လိုဖွယ်ဖြစ်မှသာ လျှင်
လိင်မှုကိစ္စ ပြီးမြောက်အောင်မြင်ကြောင်း
တင်ပြရင်းနဲ့
ကျန်းမာချမ်းသာကြပါစေလို့
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Dr. Wallace K