(Zawgyi)
ေမ့သြားခဲ့ၿပီလို႔ထင္ေနေသာတစ္ခါကအေမေျပာခဲ့တဲ့အေၾကာင္းအရာေလးေတြဟာအခုေတာ့ စိတ္ထဲမွာအထင္းသား။ ျပင္းျပင္းျပျပနာက်င္လ်က္။
“ေမာင္ေက်ာ္ ငါ့သားလာပါဦး။ မင္းကိုအေမေျပာစရာေလးရွိလို႔။”
“ဟုတ္ကဲ့ အေမ”
ေမာင္ေက်ာ္ မနက္ အလုပ္သြားခါနီးအေမေခၚသျဖင့္ အေမ့အခန္းဆီသို႔ ကူးခဲ့သည္။ အေမကနယ္မွာေနသည္။ သားေတာ္ေမာင္ကိုသတိရလို႔ ရန္ကုန္ကိုခဏလာလည္ျခင္းျဖစ္သည္။
“ အေမေျပာမယ္ ေျပာမယ္နဲ႔ စဥ္းစားေနတာ။ မေျပာရင္ မၿပီးလို႔မင္းကိုေခၚေျပာရတာပဲ။”
“ဟုတ္ကဲ့ပါ အေမ။ ေျပာပါ။ သားအမိခ်င္းအားနာစရာမလိုပါဘူး။”
ေဒၚသူဇာတစ္ေယာက္ သက္ျပင္းရွည္ႀကီးခ် ၿပီးသားေတာ္ေမာင္အား
“မင္းမိန္းမလုလုကိစၥပဲ။”
“ဘာျဖစ္လို႔လဲလုလုက”
ေမာင္ေက်ာ္တစ္ေယာက္ အေလာတႀကီးအေမကိုေမးမိသည္။ လုလုႏွင့္သူလက္ထပ္ထားတာေျခာက္လေလာက္ပဲရွိေသးသည္။ အေမကလုလုုကိုဘာေတြမ်ားသေဘာမက်လို႔ပါလိမ့္။
“လုလု က မင္းနဲ႔အိမ္ေထာင္က်ၿပီးသြားၿပီေလ။ အပ်ိဳဘ၀ က ဘယ္လိုပဲေနေနအေမဘာမွမေျပာလိုဘူး။ အခုသူကအိမ္ေထာင္က်ေနၿပီ။ ကေလးလည္းမဟုတ္ေတာ့ဘူး။ အေမကသားသမီးခ်င္းကိုယ္ခ်င္းမစာလို႔ေျပာတာမဟုတ္ဘူး။ မင္းမွာလည္းမင္းညီမေတြ ရွိတာပဲ။ ေခတ္ဆန္ဆန္ ေနလို႔ရတယ္ ငါ့သား။ သ႐ုပ္ပ်က္တာေတြ ေခတ္နဲ႔ မညီတာေတြေတာ့ မဝတ္သင့္ပါဘူး။”
ေမာင္ေက်ာ္တစ္ေယာက္ အေမေျပာတာေတြကို ၿပဳံးၿပဳံးႀကီးနားေထာင္ေနမိသည္။
“အခုၾကည့္စမ္းပါဦးမင္းမိန္းမ ဝတ္တာေတြကို။ လူျမင္လို႔မေကာင္းဘူး။ ေဘာင္းဘီမဝတ္ရဘူး အေမမေျပာပါဘူး။ ဝတ္ပါ။ အရွည္ ဝတ္လို႔ရတယ္။ ဒူးမရွိတစ္ရွိေတြလည္းဝတ္လို႔ရတယ္။ အခုေတာ့ မင္းမိန္းမကေဘာင္းဘီေလးေတြကတစ္ထြာပဲရွိတယ္။စကပ္ေတြ ဂါဝန္ေတြလည္း မဝတ္ရဘူးလို႔ အေမမေျပာပါဘူး။ ဝတ္လို႔ရပါတယ္။ဒါေပမဲ့ စကပ္ေတြကတစ္ထြာသာသာပဲရွိတယ္။ ေလတိုက္ရင္ လြင့္လြင့္ေလးျဖစ္ေနတာမင္းမရွက္ေပမဲ့ ငါရွက္တယ္။”
ေမာင္ေက်ာ္တစ္ေယာက္ သက္ျပင္းတစ္ခ်က္ခ်ၿပီးၿပဳံးလိုက္မိသည္။
“မင္းၿပဳံးမေနနဲ႔။ အဲဒါမင္းမိန္းမကိုေျပာထားပါ။ ဒါမ်ိဳးေတြမဝတ္ဖို႔။”
“ဟုတ္ကဲ့ပါအေမ။ ကြၽန္ေတာ္ ေျပာထားလိုက္ပါမယ္။”
လုလုကေခတ္မီတယ္လို႔လည္းေျပာလို႔ရသလိုေခတ္ဆန္တယ္လို႔လည္းေျပာလို႔ရသည္။ ရွမ္းေသြးစပ္တဲ့ ရွမ္းမေလးဆိုေတာ့ ေျမျပန႔္ေဒသမွာလုလုအတြက္ သက္ေတာင့္သက္သာမရွိလွ။ ဒါေၾကာင့္လည္းအက်ီဆႋုရင္လည္းပါးပါးလြားလြားေလးေတြ ဝတ္ျခင္းျဖစ္သည္။ ဒါကိုလူႀကီးအျမင္မွာေတာ့ မသင့္ေတာ္။ သ႐ုပ္ပ်က္တယ္လို႔ထင္ေနပုံရသည္။ အေမ့ေရွ႕တြင္ေတာ့ အဝတ္အစား သတိထားၿပီးဝတ္ဖို႔ေတာ့ေျပာရဦးမည္။
ဒါေပမယ့္ အေမနယ္ျပန္သြားေတာ့ဒီကိစၥကိုေမ့သြားၾကတာပါသည္။ ေနာက္ေျခာက္လေလာက္ေနေတာ့ လုလုမွာ ကိုယ္ဝန္ရွိလာသည္။ ကိုယ္ဝန္အေစာပိုင္းမွာ အစားအေသာက္ပ်က္တာေတြ အန္ခ်င္တာေတြ မူးေမာတာေတြရွိလို႔ နယ္မွညီမတစ္ေယာက္ကိုေခၚထားရသည္။ ကိုယ္ဝန္အေစာပိုင္းမွာ လုလုတစ္ေယာက္ တုပ္ေကြးမိၿပီးဖ်ားေတာ့ ဆရာဝန္ေတာင္သြားျပလိုက္ရေသးသည္။ ကိုယ္ဝန္ ၄ လေက်ာ္လာေတာ့ မူးတာအန္တာေတြ ေပ်ာက္သြားသည္။ အစားအေသာက္လည္း ျပန္ေကာင္းလာသည္။
ေမာင္ေက်ာ္တစ္ေယာက္ လုလုေလးကိုဂ႐ုစိုက္ရင္:ရလာမယ့္ ရင္ေသြးငယ္ေလးကိုစိတ္ကူးေလးနဲ႔ခ်စ္ေနရတာကိုပဲေပ်ာ္႐ြင္ေနရသည္။ ဒီလိုနဲ႔ သားေယာက်ၤားေလးေမြးသည္။ တစ္ခ်ိန္တည္းေပ်ာ္ခဲ့ရတဲ့ အေပ်ာ္ေတြကအရည္ေပ်ာ္က်လုက်ခင္။ေမြးလာတဲ့ ကေလးေလးကဦးေခါင္းေသးေသးေလးနဲ႔ပါ။ ေက်ာ္ေမာင္တစ္ေယာက္ အ႐ူးမီးဝိုင္းျဖစ္ခဲ့ရသည္။
လုလုဟာ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ Zika virus ပိုးကူးစက္ခံခဲ့ရလို႔ပါ။လုလုကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းက ဖ်ားခဲ့တာဟာZika virus ေၾကာင့္လို႔ဆရာဝန္ကေျပာေတာ့ ေမာင္ေက်ာ္တစ္ေယာက္ ရင္ထုမနာ ျဖစ္ရသည္။ ေမာင္ေက်ာ္တို႔ရပ္ကြက္က ျခင္ေပါသည္။ Zika virus ကျခင္မွတစ္ဆင့္ ကူးစက္သည္။
အေမေျပာခဲ့တဲ့ စကားေလးေတြကိုလည္း ျပန္လည္သတိရေနမိသည္။လုံလုံၿခဳံၿခဳံဝတ္ဖို႔။ သ႐ုပ္ပ်က္တာမပ်က္တာအပထား။ အဝတ္အစားလုံၿခဳံေအာင္ဝတ္လွ်င္ ဒီလိုမ်ိဳးျဖစ္မည္မဟုတ္ပါ။
ေမာင္ေက်ာ္တစ္ေယာက္ အမ်ိဳးမ်ိဳးေတြးၿပီးေနာင္တရေနမိသည္။ အခုေတာ့ ဘယ္သူကိုသြားၿပီးအျပစ္တင္ရမလဲမသိ။ ကံၾကမၼာကိုသာအျပစ္ပုံခ်ရမည္လား။ လုလုအျပစ္လားေမာင္ေက်ာ့္ အျပစ္လား။
AUTHOR – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
မေ့သွားခဲ့ပြီလို့ထင်နေသောတစ်ခါကအမေပြောခဲ့တဲ့အကြောင်းအရာလေးတွေဟာအခုတော့ စိတ်ထဲမှာအထင်းသား။ ပြင်းပြင်းပြပြနာကျင်လျက်။
“မောင်ကျော် ငါ့သားလာပါဦး။ မင်းကိုအမေပြောစရာလေးရှိလို့။”
“ဟုတ်ကဲ့ အမေ”
မောင်ကျော် မနက် အလုပ်သွားခါနီးအမေခေါ်သဖြင့် အမေ့အခန်းဆီသို့ ကူးခဲ့သည်။ အမေကနယ်မှာနေသည်။ သားတော်မောင်ကိုသတိရလို့ ရန်ကုန်ကိုခဏလာလည်ခြင်းဖြစ်သည်။
“ အမေပြောမယ် ပြောမယ်နဲ့ စဉ်းစားနေတာ။ မပြောရင် မပြီးလို့မင်းကိုခေါ်ပြောရတာပဲ။”
“ဟုတ်ကဲ့ပါ အမေ။ ပြောပါ။ သားအမိချင်းအားနာစရာမလိုပါဘူး။”
ဒေါ်သူဇာတစ်ယောက် သက်ပြင်းရှည်ကြီးချ ပြီးသားတော်မောင်အား
“မင်းမိန်းမလုလုကိစ္စပဲ။”
“ဘာဖြစ်လို့လဲလုလုက”
မောင်ကျော်တစ်ယောက် အလောတကြီးအမေကိုမေးမိသည်။ လုလုနှင့်သူလက်ထပ်ထားတာခြောက်လလောက်ပဲရှိသေးသည်။ အမေကလုလုုကိုဘာတွေများသဘောမကျလို့ပါလိမ့်။
“လုလု က မင်းနဲ့အိမ်ထောင်ကျပြီးသွားပြီလေ။ အပျိုဘ၀ က ဘယ်လိုပဲနေနေအမေဘာမှမပြောလိုဘူး။ အခုသူကအိမ်ထောင်ကျနေပြီ။ ကလေးလည်းမဟုတ်တော့ဘူး။ အမေကသားသမီးချင်းကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူး။ မင်းမှာလည်းမင်းညီမတွေ ရှိတာပဲ။ ခေတ်ဆန်ဆန် နေလို့ရတယ် ငါ့သား။ သရုပ်ပျက်တာတွေ ခေတ်နဲ့ မညီတာတွေတော့ မဝတ်သင့်ပါဘူး။”
မောင်ကျော်တစ်ယောက် အမေပြောတာတွေကို ပြုံးပြုံးကြီးနားထောင်နေမိသည်။
“အခုကြည့်စမ်းပါဦးမင်းမိန်းမ ဝတ်တာတွေကို။ လူမြင်လို့မကောင်းဘူး။ ဘောင်းဘီမဝတ်ရဘူး အမေမပြောပါဘူး။ ဝတ်ပါ။ အရှည် ဝတ်လို့ရတယ်။ ဒူးမရှိတစ်ရှိတွေလည်းဝတ်လို့ရတယ်။ အခုတော့ မင်းမိန်းမကဘောင်းဘီလေးတွေကတစ်ထွာပဲရှိတယ်။စကပ်တွေ ဂါဝန်တွေလည်း မဝတ်ရဘူးလို့ အမေမပြောပါဘူး။ ဝတ်လို့ရပါတယ်။ဒါပေမဲ့ စကပ်တွေကတစ်ထွာသာသာပဲရှိတယ်။ လေတိုက်ရင် လွင့်လွင့်လေးဖြစ်နေတာမင်းမရှက်ပေမဲ့ ငါရှက်တယ်။”
မောင်ကျော်တစ်ယောက် သက်ပြင်းတစ်ချက်ချပြီးပြုံးလိုက်မိသည်။
“မင်းပြုံးမနေနဲ့။ အဲဒါမင်းမိန်းမကိုပြောထားပါ။ ဒါမျိုးတွေမဝတ်ဖို့။”
“ဟုတ်ကဲ့ပါအမေ။ ကျွန်တော် ပြောထားလိုက်ပါမယ်။”
လုလုကခေတ်မီတယ်လို့လည်းပြောလို့ရသလိုခေတ်ဆန်တယ်လို့လည်းပြောလို့ရသည်။ ရှမ်းသွေးစပ်တဲ့ ရှမ်းမလေးဆိုတော့ မြေပြန့်ဒေသမှာလုလုအတွက် သက်တောင့်သက်သာမရှိလှ။ ဒါကြောင့်လည်းအကျီၤဆိုရင်လည်းပါးပါးလွားလွားလေးတွေ ဝတ်ခြင်းဖြစ်သည်။ ဒါကိုလူကြီးအမြင်မှာတော့ မသင့်တော်။ သရုပ်ပျက်တယ်လို့ထင်နေပုံရသည်။ အမေ့ရှေ့တွင်တော့ အဝတ်အစား သတိထားပြီးဝတ်ဖို့တော့ပြောရဦးမည်။
ဒါပေမယ့် အမေနယ်ပြန်သွားတော့ဒီကိစ္စကိုမေ့သွားကြတာပါသည်။ နောက်ခြောက်လလောက်နေတော့ လုလုမှာ ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်အစောပိုင်းမှာ အစားအသောက်ပျက်တာတွေ အန်ချင်တာတွေ မူးမောတာတွေရှိလို့ နယ်မှညီမတစ်ယောက်ကိုခေါ်ထားရသည်။ ကိုယ်ဝန်အစောပိုင်းမှာ လုလုတစ်ယောက် တုပ်ကွေးမိပြီးဖျားတော့ ဆရာဝန်တောင်သွားပြလိုက်ရသေးသည်။ ကိုယ်ဝန် ၄ လကျော်လာတော့ မူးတာအန်တာတွေ ပျောက်သွားသည်။ အစားအသောက်လည်း ပြန်ကောင်းလာသည်။
မောင်ကျော်တစ်ယောက် လုလုလေးကိုဂရုစိုက်ရင်:ရလာမယ့် ရင်သွေးငယ်လေးကိုစိတ်ကူးလေးနဲ့ချစ်နေရတာကိုပဲပျော်ရွင်နေရသည်။ ဒီလိုနဲ့ သားယောကျၤားလေးမွေးသည်။ တစ်ချိန်တည်းပျော်ခဲ့ရတဲ့ အပျော်တွေကအရည်ပျော်ကျလုကျခင်။မွေးလာတဲ့ ကလေးလေးကဦးခေါင်းသေးသေးလေးနဲ့ပါ။
ကျော်မောင်တစ်ယောက် အရူးမီးဝိုင်းဖြစ်ခဲ့ရသည်။
လုလုဟာ ကိုယ်ဝန်ဆောင်နေချိန်မှာ Zika virus ပိုးကူးစက်ခံခဲ့ရလို့ပါ။လုလုကိုယ်ဝန်ဆောင်နေစဉ်အတွင်းက ဖျားခဲ့တာဟာZika virus ကြောင့်လို့ဆရာဝန်ကပြောတော့ မောင်ကျော်တစ်ယောက် ရင်ထုမနာ ဖြစ်ရသည်။ မောင်ကျော်တို့ရပ်ကွက်က ခြင်ပေါသည်။ Zika virus ကခြင်မှတစ်ဆင့် ကူးစက်သည်။
အမေပြောခဲ့တဲ့ စကားလေးတွေကိုလည်း ပြန်လည်သတိရနေမိသည်။လုံလုံခြုံခြုံဝတ်ဖို့။ သရုပ်ပျက်တာမပျက်တာအပထား။ အဝတ်အစားလုံခြုံအောင်ဝတ်လျှင် ဒီလိုမျိုးဖြစ်မည်မဟုတ်ပါ။
မောင်ကျော်တစ်ယောက် အမျိုးမျိုးတွေးပြီးနောင်တရနေမိသည်။ အခုတော့ ဘယ်သူကိုသွားပြီးအပြစ်တင်ရမလဲမသိ။ ကံကြမ္မာကိုသာအပြစ်ပုံချရမည်လား။ လုလုအပြစ်လားမောင်ကျော့် အပြစ်လား။
AUTHOR – ဒေါက်တာအေးချမ်းမိုး