fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားများ စိတ်မပါလက်မပါဖြစ်ရခြင်းနောက်ကွယ်က အကြောင်းတရားများ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/12/2021
in အမျိုးသားကျန်းမာရေး
1 min read
A A

လိင်စိတ်နည်းပါးခြင်းဆိုသည်မှာ ကာမရာဂဆန္ဒများအပေါ် စိတ်ဝင်စားမှု လျော့နည်းလားရခြင်းဖြစ်ပြီး အမျိုးသားများရောအမျိုးသမီးများပါ ဖြစ်နိုင်သောအခြေအနေတစ်ရပ်ဖြစ်ပါသည်။ ယခုဖေါ်ပြ‌ပေးမည့်အကြောင်းအရာများကတော့ အမျိုးသားများလိင်စိတ်နည်းပါးရခြင်းနောက်ကွယ်က အကြောင်းတရားများဖြစ်ပါတယ်။

(၁) ကျားဟော်မုန်းအားနည်းခြင်း (Testosterone Hormone)

ကျားဟော်မုန်းကို ဝှေးစေ့များမှအဓိကထုတ်လုပ်ပြီး ၎င်း၏အဓိကလုပ်ငန်းဆောင်တာများမှာ ကြွက်သားနှင့်အရိုးများတည်ဆောက်ခြင်း၊ သုက်ပိုးထုတ်လွှတ်ခြင်းကို လှုံ့ဆော်ပေးခြင်းနှင့် လိင်စိတ်နှိုးဆွပေးခြင်းတို့ပဲဖြစ်သည်။ ထို့ကြောင့် ကျားဟော်မုန်းကျဆင်းလာခြင်းနှင့်အမျှ အမျိုးသားများ၏လိင်ဆန္ဒမှာလဲလျော့နည်းလာပါလိမ့်မည်။ အသက်အရွယ်အိုမင်းလာခြင်းနှင့်အခြားသောအကြောင်းအရာများ‌ (အချို့သောသွေးတိုးကျဆေးများ၊ကင်ဆာကုထုံးနှင့်စိတ်ကျဆေးများ)ကြောင့်လည်း ကျားဟော်မုန်းကျဆင်းနိုင်ပါသည်။

(၂) စိတ်ဓါတ်ကျခြင်း (Depression)

စိတ်ဓါတ်ကျခြင်း‌ကြောင့် အမျိုးသားများ၏လိင်ဆန္ဒလျော့နည်းနိုင်သလို အချို့သောစိတ်ကျရောဂါကုသဆေး‌များ၏ဘေးထွက်ဆိုးကျိုးများ‌ကြောင့်လည်း လိင်စိတ်ဆန္ဒလျော့နည်းလာတတ်ပါသည်။ ထို့‌ကြောင့် စိတ်ကျရောဂါကုသဆေးများကိုဆရာဝန်၏ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်းကိုရှောင်ကြဉ်သင့်ပါသည်။

(၃) နာတာရှည်ရောဂါများ (Chronic illness)

အချို့သောနာတာရှည်ရောဂါများ‌ကြောင့်လည်း အမျိုးသားများ လိင်စိတ်ဆန္ဒလျော့နည်းကျဆင်းနိုင်ပါသည်။ ဥပမာ- ဆီးချိုရောဂါ၊အဝလွန်ခြင်း၊သွေးတိုးရောဂါ၊သွေးတွင်းအဆီဓာတ်များခြင်း၊ကင်ဆာရောဂါနှင့် နာတာရှည်နှလုံး၊ ကျောက်ကပ်၊အဆုတ်နှင့်အသည်းရောဂါများ‌ကြောင့် လိင်စိတ်ကျဆင်းနိုင်ပါသည်။

(၄) အိပ်စက်အနားယူချိန်နည်းပါးခြင်း (Sleep Problems)

လေ့လာတွေ့ရှိချက်များအရ တစ်ညလျှင်ငါးနာရီထက်လျော့နည်းအိပ်စက်သောအမျိုးသားများ၌ လိင်စိတ်လျော့နည်းသောအခြေအနေပိုမိုဖြစ်ပွားနိုင်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ပြည့်ပြည့်ဝဝအိပ်စက်အနားယူခြင်းကလည်း လိင်စိတ်လျော့နည်းခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

(၅)အသက်အရွယ်ကြီးရင့်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်း (Aging and Stressful Condition)

အသက်အရွယ်ကြီးရင့်သူများနှင့်စိတ်ဖိစီးမှုများသောအမျိုးသားများ၌ လိင်စိတ်လျော့နည်းသောအခြေအနေပိုမိုကြုံတွေ့ရနိုင်ပါသည်။

(၆)မိမိကိုယ်ကိုလေးစားတန်ဖိုးထားမှုနှင့်ယုံကြည်မှုအားနည်းခြင်း (Low Self-esteem)

လိင်စိတ်နှိုးဆွမှုရှိခြင်းနှင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကောင်းခြင်းများသည် မိမိကိုယ်ကိုလေးစားတန်ဖိုးထားမှုနှင့်ယုံကြည်မှုအား‌ကောင်းသောအမျိုးသားများ၌ပိုမိုတွေ့ရတတ်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို အသိအမှတ်ပြုခြင်းနှင့်လေးစားတန်ဖိုးထားမှုကလည်း လိင်စိတ်နှိုးဆွနိုင်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်မှုကို များစွာအထောက်အကူပြုပါသည်။

(၇) အရက်လွန်ကဲစွာသောက်သုံးခြင်းနှင့် တားမြစ်ဆေးဝါးများသုံးစွဲခြင်း (Alcohol and Drug Misuse)

အရက်ကိုလွန်ကဲစွာသောက်သုံးသူများနှင့် တားမြစ်ဆေးဝါးများ သုံးစွဲသောအမျိုးသားများသည်လည်း လိင်စိတ်ဆန္ဒများ တဖြည်းဖြည်းလျော့နည်းလာပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များ သိသိသာသာလျော့ကျလာနိုင်ပါသည်။

(၈) ကာကွယ်ခြင်း (Prevention)

လိင်စိတ်နည်းပါးခြင်းကို ကာကွယ်ရန်အတွက် အောက်ပါအချက်များလိုက်နာဆောင်ရွက်နိုင်ပါသည်။

  • ကျန်းမာသောလူနေမှုပုံစံဖြင့် နေထိုင်ခြင်း (ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်း)
  • အိပ်ရေးဝဝအိပ်စက်အနားယူခြင်း
  • စိတ်ဖိစီးမှုများလျော့ချခြင်း
  • အရက်နှင့်တားမြစ်ဆေးဝါးများရှောင်ကျဉ်ခြင်း
  • အာဟာရပြည့်ဝစွာ‌စားသောက်ခြင်းတို့ဖြင့် လိင်စိတ်လျော့နည်းခြင်းအား ကာကွယ်တားဆီးနိုင်ပါသည်။

 

Author: Dr. KTZ

 

 

 

 

 

 

 

Previous Post

အအေးမိတာနဲ့တုပ်ကွေး ဘာတွေကွာလဲ၊ ဖြစ်လာရင် ဘယ်လိုကုမလဲ

Next Post

ကိုယ်လက်တွေညောင်းညာကိုက်ခဲနေပြီဆိုရင် ဒါလေးတွေလုပ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
772
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်လက်တွေညောင်းညာကိုက်ခဲနေပြီဆိုရင် ဒါလေးတွေလုပ်ပါ

လည်ချောင်းထဲချွဲကျပ်နေတာကြာနေပြီ၊ ဘာကြောင့်မပျောက်သေးတာလဲ

ခေါင်းတစ်ခြမ်းကိုက်ကိုက်နေရတဲ့ အကြောင်းရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.