အရွယ်ရောက်ပြီးသား အမျိုးသားတိုင်းရဲ့ အလိုချင်ဆုံးဆန္ဒတွေထဲက တစ်ခုကတော့ ”စိတ်သွားတိုင်း ကိုယ်ပါဖို့” ဆိုတဲ့ အရာပဲဖြစ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်ပါဖို့ ဆိုတာ အိမ်ထောင်ရေးသုခကိစ္စမှာတင်မက တစ်နေ့တာ လှုပ်ရှားသွားလာလုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေအတွက်ပါ အရမ်းကို အရေးကြီးတဲ့အရာပဲ ဖြစ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်ပါမှ အိမ်ထောင်ရေးသုခပြည့်စုံပြီး တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုလည်း အခက်အခဲမရှိ လုပ်ဆောင်နိုင်မှာပါ။
စိတ်သွားတိုင်းကိုယ်ပါဖို့ ကိုယ်ရဲ့နေ့စဉ်နေထိုင်စားသောက်မှုပုံစံဟာ ကျန်းမာနေဖို့လိုအပ်တဲ့အပြင် ခန္ဓာကိုယ်အလေးချိန်နဲ့ ကိုယ်တွင်းဇီဝကမ္မလုပ်ငန်းစဉ်တွေဟာ ကောင်းကောင်းမွန်မွန်ဖြစ်နေဖို့ လိုအပ်ပါတယ်။
”စိတ်သွားတိုင်း ကိုယ်မပါနိုင်ခြင်း”ဟာ အရွယ်ရောက်ပြီးသားအမျိုးသားတွေအပြင် အသက်လတ်ပိုင်းအမျိုးသားအများစုမှာပါ ကြုံတွေ့နေရတဲ့ပြဿနာ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေကနေတစ်ဆင့် စိတ်ဓာတ်ကျလာတာတွေ၊ ရှက်ကြောက်တာတွေ စတဲ့အခြေအနေတွေ ဖြစ်လာပြီး ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေတတ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးကနေတစ်ဆင့် အမျိုးသားတို့အတွက် စိတ်သွားတိုင်းကိုယ်ပါနိုင်စေမယ့် နည်းလမ်းလေးတွေအပြင် အမျိုးသားတို့ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ ဆေးစွမ်းကောင်းတွေကို မိတ်ဆက်ပေးရင်း ရေးသားမျှဝေလိုက်ပါတယ်။
(၁) ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ
အမျိုးသားတွေ စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့ ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက သက်လုံကောင်းစေပြီး ခန္ဓာကိုယ်ကိုလည်း သွက်လက်ကျန်းမာစေတဲ့အတွက် အိမ်ထောင်ရေးကိစ္စမှာတင်မက နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ ”စိတ်သွားတိုင်း ကိုယ်ပါ” နိုင်မှာပဲ ဖြစ်ပါတယ်။
တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်ကို ၅ ရက် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ အေရိုးဗစ်ကာယလေ့ကျင့်ခန်းတွေအပြင် Gym ပုံမှန်ဆော့ကစားခြင်းကလည်း အထောက်အကူပြုပါတယ်။
(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသောက်ပါ
ကိုယ်ခန္ဓာကျန်းမာပြီး နေ့စဉ်ဇီဝကမ္မလုပ်ငန်းစဉ်တွေ ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ဖို့ အာဟာရပြည့်စုံပြီး ကျန်းမာတဲ့အစားအသောက်ကို ပုံမှန်စားဖို့ လိုအပ်ပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသောက်ခြင်းက သွေးကြောတွင်းအဆီစုခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်နဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်စေနိုင်ပါတယ်။
အိုမီဂါ ၃ (Omega-3) ငါးကြီးဆီဓာတ်ပါဝင်တဲ့ တူနာငါး၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေက သွေးလည်ပတ်မှုကို တိုးတက်စေပြီး ဗီတာမင်ဘီဝမ်းပါဝင်တဲ့ ပဲအမျိုးမျိုး စတာတွေက အာရုံကြောစွမ်းရည်ကို တိုးတက်စေတဲ့အတွက် ပုံမှန်စားသုံးပေးနိုင်ပါတယ်။
အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် ရေရှည်မှာ အမျိုးသားတွေရဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်တဲ့အတွက် လုံးဝရှောင်သင့်ပါတယ်။
(၃) စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကျန်းမာရေးကို အမျိုးမျိုးအဖုံဖုံ ထိခိုက်စေနိုင်တဲ့အပြင် အမျိုးသားတွေရဲ့စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကနေတစ်ဆင့် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကိုပါ ဦးတည်စေနိုင်ပြီး အမျိုးသားကျန်းမာရေးကို ဆတိုးပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ဖြေလျှော့နိုင်ဖို့ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေလုပ်ဆောင်ပါ။ လိုအပ်ရင် ကိုယ်ရဲ့အိမ်ထောင်ဖက်နဲ့အတူတူ လမ်းလျှောက်ထွက်တာ၊ စကားပြောတာ၊ ရုပ်ရှင်ကြည့်တာ စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။
(၄) အိပ်ရေးဝအောင် အိပ်စက်ပါ
အိပ်ရေးဝအောင် အိပ်စက်ခြင်းကလည်း အမျိုးသားတွေရဲ့ကျန်းမာရေးနဲ့ အိမ်ထောင်ရေးစွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ ရှိသင့်တဲ့ အိပ်စက်ချိန်ပမာဏဟာ တစ်နေ့ကို ၇ နာရီကနေ ၈ နာရီအတွင်း ဖြစ်ပြီး အိပ်စက်ချိန်မလုံလောက်ဘူးဆိုရင် ရေရှည်မှာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မလုပ်ငန်းစဉ်တွေ ယိုယွင်းလာပြီး အမျိုးသားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အိပ်ချိန်လုံလောက်အောင် အိပ်စက်ပြီး အိပ်ချိန်မှန်မှန်အိပ်စက်မယ်ဆိုရင် ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
(၅) ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းပါ
စိတ်သွားတိုင်း ကိုယ်မပါဘူး ဆိုတဲ့ ပြဿနာဟာ အဝလွန်သူတွေမှာ ပိုအတွေ့ရများတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ အဝလွန်ခြင်းဆိုင်ရာပြဿနာဟာ တစ်ခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ ဆက်စပ်နေတဲ့အပြင် အမျိုးသားတွေရဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ပမာဏရှိစေဖို့ ကာယလေ့ကျင့်ခန်းအပြင် ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံတွေနဲ့ ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။
အထက်ကပြောခဲ့တဲ့ အမျိုးသားတွေ ”စိတ်သွားတိုင်း ကိုယ်ပါ” နိုင်ဖို့ နည်းလမ်းတွေကို လုပ်ဆောင်ရာမှာ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပြီး ပုံမှန်မှီဝဲနိုင်တဲ့ အမျိုးသားကျန်းမာရေးအတွက် ဆေးစွမ်းကောင်းတစ်လက်ကတော့ GNC Men’s Arginmax ပဲဖြစ်ပါတယ်။
GNC Men’s Arginmax ရဲ့ကောင်းကျိုးတွေကတော့-
-ဗီတာမင်နဲ့ သတ္ထုဓာတ် (၁၃) မျိုးအပြင် L-Arginine 3000 mg, Asian Giseng နဲ့ American Giseng တို့ပေါင်းစပ်ထားတဲ့ Formula ကြောင့် အိမ်ထောင်ရေးသုခအတွက် အရေးကြီးဆုံးလိုအပ်တဲ့စိတ်ပါဝင်စားမှု၊ သက်လုံပြည့်ဝမှုတို့ကိုဖြည့်ဆည်းပေးနိုင်ပြီး အမျိုးသားစွမ်းဆောင်မှုကို အမြင့်မားဆုံးပေးစွမ်းနိုင်ပါတယ်။
-Ginkgo biloba ပါဝင်တဲ့အတွက် သွေးလှည့်ပတ်မှုစနစ်ကိုကောင်းမွန်စေပြီး ပန်းသေပန်းညှိုးရောဂါအပြင် နှလုံးသွေးကြောပိတ်၊ လေဖြတ်၊ လေဖြန်း နှင့် သက်ကြီးသတိမေ့ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် Fiber ပါဝင်လို့လည်း အစာအိမ်အူလမ်းကြောင်းစနစ်ကောင်းစေပြီး ဝမ်းမှန်စေပါတယ်။
GNC Men’s Arginmax သောက်သုံးနေစဉ်မှာ သိထားသင့်တဲ့အချက်တွေကတော့-
-တစ်ခါသောက် သုံးလုံး၊ တစ်နေ့ နှစ်ကြိမ်၊ အစာနဲ့ဝေးဝေး ရေများများနဲ့ သောက်ရမှာဖြစ်ပါတယ်။
– L-Arginine အပြင် တခြား Active Ingredient များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်း သဘာဝအတိုင်း အာနိသင်ပေးစွမ်းနိုင်ပါတယ်။ အမြင့်မားဆုံးရလဒ်တွေအတွက် အနည်းဆုံး (၄) ပတ် ဆက်တိုက်သောက်သုံးပေးသင့်ပါတယ်။