fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဇင့်ဓာတ်

3.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/03/2022
in အမျိုးသားကျန်းမာရေး
1 min read
A A

ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းအတွက် အ​ရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အင်ဇိုင်း​ပေါင်း ၃၀၀​ကျော်ကို ထုတ်လုပ်​ပေးတဲ့​နေရာမှာ အ​ရေးပါသလို ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်များစွာအတွက်လည်း လိုအပ်​နေပါတယ်။ ခန္ဓာကိုယ်မှ ဇင့်ဓာတ်ကို ကိုယ်တိုင် မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာ​​တွေက​နေတစ်ဆင့် ဇင့်ဓာတ်ကို ရယူသင့်ပါတယ်။  အသား၊ ငါး၊ ပင်လယ်စာနဲ့ ပဲအမျိုးမျိုးစတာ​တွေမှာ ဇင့်ဓာတ်ပါရှိပါတယ်။

ဇင့်ဓာတ်ဟာ ကိုယ်ခံအား​​ကောင်းမွန်​စေနိုင်ခြင်း၊ အမြင်အာရုံ​ကောင်း​စေခြင်း၊ ဆဲလ်များဖွံ့ဖြိုးကြီးထွား​စေခြင်း စသဖြင့် ​ခန္ဓာကိုယ်​ကောင်းကျိုးများစွာ ​ပေးနိုင်ပါတယ်။ အမျိုးသမီးတစ်​ယောက်ဟာ တစ်​နေ့ကို ဇင့်ဓာတ် ၈ မီလီဂရမ်(mg) လိုအပ်ပြီး အမျိုးသား​တွေက​တော့ တစ်​နေ့ကို ၁၁ မီလီဂရမ်​လောက်ထိ ရရှိဖို့လိုအပ်ပါတယ်။ ဇင့်ဓာတ်ဟာ အမျိုးသားကျန်းမာ​ရေးအတွက် အ​​ရေးပါတာ​ကြောင့် အမျိုးသား​တွေက အမျိုးသမီး​တွေထက် ဇင့်ဓာတ်ပိုမိုရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။

အမျိုးသားကျန်းမာ​ရေးအတွက် ဇင့်ဓာတ်ရဲ့ အ​ရေးပါရခြင်း အ​ကြောင်းအရင်း​တွေက​တော့ –

(၁) လိင်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးအတွက် အ​ထောက်အကူဖြစ်​စေခြင်း

ဇင့်ဓာတ်ဟာ Testosterone ​ခေါ် အမျိုးသား​ဟော်မုန်းများကိုမြင့်တက်​စေနိုင်ပြီး သုက်ကောင်ထုတ်လုပ်မှုကိုလည်း များပြား​စေတာ​ကြောင့်  လိင်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသား​တွေဟာ သုက်တစ်ကြိမ်လွှတ်ပြီးတိုင်းမှာ ဇင့်ဓာတ် ၅ မီလီဂရမ် ​လောက် ဆုံးရှုံးသွားပါတယ်။ ဒါ​ကြောင့် ဇင့်ဓာတ်ကို အစားအစာ​တွေက​နေ များများပြန်လည်စားသုံး​ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇင့်ဓာတ်​လျော့နည်းလာပါက Testosterone နည်းပါးလာပြီး အမျိုးသား​တွေရဲ့ မျိုးပွားနိုင်စွမ်းကိုလည်း ​လျော့ကျသွား​စေမှာဖြစ်ပါတယ်။

(၂) သုက်ကောင်​ရွေ့လျားမှုအတွက် အ​ရေးပါခြင်း

ဇင့်ဓါတ်ဟာ လိင်ကျန်းမာ​ရေးအတွက် အ​ထောက်အကူဖြစ်​စေသလို သုတ်​ကောင်​တွေ​ကောင်းစွာ ​ရွေ့လျားနိုင်ဖို့အတွက်လည်း ကူညီ​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် က​လေးယူချင်တဲ့ ဖခင်​တွေအတွက်ဆိုရင် ဇင့်ဓာတ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ သုတ်​ကောင်​ရွေ့လျားမှုမရှိခြင်းဟာ က​လေးမရနိုင်တဲ့ အ​ကြောင်းအရင်း​တွေထဲက တစ်ခုဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ သုတ်​ကောင်ရေတိုးပွား​စေရုံသာမက မမျိုးဥဆီသို့ လျင်မြန်စွာ​ရွေ့လျားနိုင်ဖို့အတွက်လည်း အ​ထောက်အကူဖြစ်​စေနိုင်ပါတယ်။ ဒါ​​​​ကြောင့် ဇင့်ဓာတ်လုံ​လောက်မှသာ က​​လေးရဖို့အခွင့်အလမ်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။

(၃) ဆီးကြိတ်ကင်ဆာဖြစ်​နိုင်​ခြေကို ​လျှော့ချ​ပေးခြင်း

ဇင့်ဓာတ်ဟာ အမျိုးသား​တွေရဲ့ ဆီးကျိတ်ကျန်းမာ​ရေးအတွက် အလွန်အ​ရေးပါပါတယ်။ ဇင့်ဓာတ်လုံ​လောက်မှုမရှိပါက ဆီးကြိတ်​ရောင်ခြင်းနဲ့ BPH ကဲ့သို့​သော ဆီးကြိတ်ပြဿနာ​တွေ ခံစားရနိုင်​ခြေ ပိုမိုများပြားပါတယ်။ ကင်ဆာ​​ရောဂါပျံ့နှံ့​နေတဲ့ ဆီးကြိတ်တစ်သျှူး​တွေမှာဆိုရင် ဇင့်ဓာတ်ပါရှိမှုနည်းပါးတာကို ​တွေ့ရှိရပါတယ်။ ​နေ့စဥ်ဇင့်ဓာတ်ကို လုံ​လောက်စွာ စားသုံး​ပေးမယ်ဆိုရင် ဆီးကြိတ်ကင်ဆာဖြစ်နိုင်​ခြေ ​လျော့ကျ​စေနိုင်မှာ ဖြစ်ပါတယ်။ ဇင့်ဓာတ်ကို တစ်​နေ့ ၁၀၀ မီလီဂရမ်ထက်ပို​သောက်မိ​ရင်​လည်း ဆီးကြိတ်ကင်ဆာဖြစ်နိုင်​ခြေ မြင့်မားလာ​စေနိုင်ပါတယ်။

(၄) ဝက်ခြံများကို သက်သာ​စေနိုင်ခြင်း

ဇင့်ဓာတ်ဟာ ဝက်ခြံ​တွေ ကာကွယ်ဖို့အတွက်​ရော ကုသဖို့အတွက်ပါ အသုံးဝင်ပါတယ်။ ဇင့်ဓာတ်​​လျော့နည်းခြင်း​ဟာလည်း ဝက်ခြံ​​တွေဖြစ်​ပေါ်​စေနိုင်တဲ့ အ​ကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဇင့်ဓါတ်ဟာ ဝက်ခြံ​ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်း​တွေကို လျင်လျင်မြန်မြန် သက်သာ​စေနိုင်ပါတယ်။ ဝက်ခြံ​တွေထွက်​နေပြီဆိုရင် zinc Gluconate သို့မဟုတ် Zinc Sulfate ပါဝင်တဲ့ လိမ်း​ဆေးတစ်မျိုးမျိုးကို လိမ်း​ပေးခြင်းဖြင့် သက်သာ​စေနိုင်ပါတယ်။  ဇင့်ဓာတ်ဟာ အနာကျက်ခြင်းကို လျင်မြန်​စေတဲ့အတွက် နှင်းခူ၊ ​ဗောက်၊ အပူ​လောင်နာစတာ​​တွေကိုလည်း သက်သာ​စေနိုင်ပါတယ်။

(၅) ​ထိပ်​ပြောင်မှုကို သက်သာ​စေခြင်း

ထိပ်​ပြောင်ခြင်းဟာ မျိုးရိုးလိုက်ခြင်း​ကြောင့် ဖြစ်နိုင်သလို ဇင့်ဓာတ်ချို့တဲ့ခြင်း​ကြောင်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇင့်ဓာတ်မလုံလောက်တဲ့အခါ ဆံပင်ကျွတ်ခြင်းကို ဆိုးရွားစေပြီး ထိပ်ပြောင်လာစေနိုင်ပါတယ်။

(၆) အသည်းကျန်းမာ​စေခြင်း

ခန္ဓာကိုယ်တွင်း ဇင့်ဓာတ်​လျော့နည်းခြင်းဟာ အရက်ကြောင့်ဖြစ်သော အသည်းပျက်စီးခြင်းကို ပိုမိုဆိုးရွား​​စေနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ အသည်းရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းကို တိုးမြှင့်​ပေးပြီး အဆိပ်အ​တောက်​တွေကိုလည်း ဖယ်ရှား​ပေးနိုင်စွမ်းရှိပါတယ်။ အရက်အလွန်အကျွံ​သောက်ခြင်း​ကြောင့် သိုင်းရွိုက်မှာ ရှိသင့်တဲ့ ဇင့်ဓာတ်ပမာဏကို ​လျော့နည်း​သွားစေပြီး သိုင်းရွုက်ရဲ့ လုပ်ငန်း​ဆောင်တာ​တွေကို အဟန့်အတားဖြစ်​စေနိုင်ပါတယ်။

(၇) ကိုယ်ခံအား​ကောင်း​စေခြင်း

ဇင့်ဓာတ်ဟာ ခုခံအားဆဲလ်တွေဖြစ်တဲ့ သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို တိုးမြင့်စေရုံသာမက ​ရောဂါပိုး​တွေကို ပိုမိုပြင်းထန်စွာ တိုက်ဖျက်နိုင်ဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါ့ပြင် ဇင့်ဓာတ်ဟာ ကင်ဆာဆဲလ်​တွေကို တိုက်ထုတ်​ပေးနိုင်မယ့် Killer Cells အ​ရေအတွက်ကိုလည်း တိုးပွားလာ​စေပါတယ်။

အမျိုးသားတစ်​ယောက်ဟာ ဇင့်ကို တစ်​နေ့လျှင် ၄၀ မီလီဂရမ် ထက် ပိုမ​သောက်သင့်ပါ။ ဇင့်ဓာတ်အလွန်အကျွံ​သောက်မိရင် မူး​ဝေခြင်း၊ ပျို့ခြင်း၊ ​ခေါင်းကိုက်ခြင်း၊ ဗိုက်​အောင့်ခြင်း၊ ဝမ်း​လျှောခြင်းနဲ့ ​အစားစားချင်စိတ်မရှိခြင်းစတာ​တွေခံစားလာရနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ အမျိုးသားကျန်းမာ​ရေးအတွက် အလွန်အ​​ရေးပါတာဖြစ်လို့ ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာ​တွေကို ​​နေ့စဥ်ဂရုတစိုက်စားသုံး​ပေးသင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

မုန်တိုင်းအန္တရာယ်ကြုံရပြီဆိုလျှင် …

Next Post

လူငယ်တွေကော လေဖြတ်တတ်လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
632

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
987

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူငယ်တွေကော လေဖြတ်တတ်လား

ရေကြီးရေလျှံဖြစ်လျှင် ဒါတွေသတိပြုပါ

သတိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.