fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်တူဆက်ဆံခြင်း

786
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/06/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

လိင္တူဆက္ဆံသူမ်ား၌ လိင္ပိုင္းဆိုင္ရာျပႆနာမ်ားရွိေၾကာင္း ေတြ႕ရသည္။ အမ်ိဳးသားအခ်င္းခ်င္းဆက္ဆံျခင္း သို႔မဟုတ္ အမ်ိဳးသမီးမ်ား အခ်င္းခ်င္း ဆက္ဆံျခင္း၌ပင္ အမ်ိဳးမ်ိဳးရွိႏိုင္ပါသည္။ ေဆးပညာရွင္မ်ား (ေဆြးေႏြးပညာေပးသူမ်ား) အေနျဖင့္ ဤျပႆနာကို ကိုင္တြယ္ေျဖရွင္းရာ၌ လိင္ကြဲဆက္ဆံၾကသူမ်ား နည္းတူကူညီေပးရန္ လိုအပ္မည္ျဖစ္၏။ လိင္တူဆက္ဆံျခင္းသည္ HIVေရာဂါ ကူးစက္ႏိုင္သည့္ အခြင့္အလမ္းရွိေနသျဖင့္ အႏၲရာယ္ကင္းေသာ ဆက္ဆံမႈမ်ား ေဆာင္႐ြက္ေစရန္ ပညာေပးျခင္းက႑မွာ အထူးအေရးႀကီးသည္။

လိင္တူဆက္ဆံသူမ်ားသည္ လက္ရွိအေျခအေနေပၚ၌သာ အာ႐ုံစူးစိုက္မႈ ရွိေနၾက၏။ လိင္ကြဲဆက္ဆံသူမ်ားကဲ့သို႔ လက္ထပ္ျခင္းႏွင့္ သား သမီးယူျခင္းတို႔အထိ ေနာက္ပိုင္းအေျခအေနတို႔ကို ထည့္သြင္းစဥ္းစားမႈ မရွိၾကေပ။ လိင္တူဆက္ဆံသူမ်ားကို ပညာေပးေဆြးေႏြးရာတြင္ လုံးဝဘက္လိုက္မႈမရွိေစရပါ။ အျပဳအမူတစ္ခုကို လုပ္ေဆာင္ရန္ ဇြတ္အတင္းတိုက္တြန္းျခင္း မျပဳသင့္ပါ။

လိင္တူဆက္ဆံသူမ်ားအား ပညာေပးေဆြးေႏြးေသာအခါ ေဆြးေႏြးအႀကံေပးမည့္သူသည္ ႀကိဳတင္ႀကံစည္ေတြးေတာထားျခင္း မျပဳရန္ အေရးႀကီးပါသည္။ လိင္တူဆက္ဆံသူတိုင္းသည္ စအိုဆက္ဆံျခင္းအမႈကို ျပဳလုပ္ၾကသည္ မဟုတ္ေပ။ လိင္တူဆက္ဆံသူမ်ားတြင္ အၾကမ္းသေဘာအားျဖင့္Activeျဖစ္သူႏွင့္ Passiveျဖစ္သူဟူ၍ ႏွစ္မ်ိဳးေတြ႕ရမည္ျဖစ္၏။ ထိုသို႔ခြဲျခားထားမႈရွိေသာ္လည္း တစ္ဦးႏွင့္တစ္ဦးအျပန္အလွည္ စအိုဆက္ဆံမႈ ျပဳတတ္ေလ့ရွိ၏။ Passive ျဖစ္သူသည္ အမ်ားအားျဖင့္ ေယာက်္ားပီသမႈနည္း၍ တက္ႂကြမႈမရွိေၾကာင္း ေတြ႕ရ၏။ အမ်ိဳးသမီးအခ်င္းခ်င္း လိင္ဆက္ဆံရာတြင္ တစ္ဦးသည္ စိတ္ပိုင္းဆိုင္ရာအရ ပိုမို Active တက္ႂကြမႈရွိေၾကာင္း ေတြ႕ႏိူင္သည္။

ထိုသူတို႔၏ အျပဳအမူ၊ စိတ္ေနသေဘာထား၊ ေတြးေခၚစဥ္းစားမႈ၊ စိတ္ခံစားမႈ စသည္တို႔ကို သူတို႔သာလွွ်င္ အသိႏိူင္ဆုံးျဖစ္သည္။ ထိုအခ်က္ကိုပင္ ေဆြးေႏြးအႀကံေပးသူမ်ား နားလည္သေဘာေပါက္ရန္ လိုအပ္ပါသည္။ လိင္တူဆက္ဆံသူတို႔အား အႀကံေပးသူတို႔ကိုယ္တိုင္ နားမလည္ႏိူင္ေသာ ကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ျခင္း မျပဳသင့္ပါ။ မိမိေပးေသာ အႀကံအစည္ လမ္းၫႊန္မႈမ်ားသည္ ထိုသူတို႔အတြက္ သင့္ေလ်ာ္ခ်င္မွ သင့္ေလ်ာ္ပါလိမ့္မည္။

လိင္ပိုင္းဆိုင္ရာ အျပဳအမႈမ်ား
လိင္တူဆက္ဆံၾကသူမ်ား၏ စိတ္ေနသေဘာထားႏွင့္ ေနထိုင္မႈဘဝပုံစံကို ရွင္းလင္းျပတ္သားစြာ နားလည္ႏိူင္ရန္ မလြယ္ကူေပ။ လိင္တူဆက္ဆံၾကသူမ်ား၏ ေနထိုင္ျပဳမူမႈသည္ အမ်ိဳးမ်ိဳးကြဲျပားမႈမ်ား ရွိေနၾကသည္။
တခ်ိဳ႕ေသာ လိင္တူဆက္ဆံသူမ်ားသည္ ဆက္ဆံေဖာ္တစ္ဦးတည္းသာ ထားတတ္ၾက၏။ အျခားမည္သူတစ္ဦးတစ္ေယာက္ႏွင့္မွ် ေနာက္ထပ္ဆက္ဆံျခင္း မျပဳၾကေပ။ တခ်ိဳ႕မွာ တစ္ဦးထက္မကေသာ ဆက္ဆံေဖာ္မ်ားထားတတ္ၾကသည္။ လိင္ကြဲဆက္ဆံသူမ်ားတြင္ ဆက္ဆံေဖာ္တစ္ဦးထက္ ပိုထားပါက “ သစၥာမဲ့ျခင္း ” (သစၥာေဖာက္ျခင္း) ဟု သတ္မွတ္သကဲ့သို႔ လိင္တူဆက္ဆံသူမ်ားသည္လည္း ဆက္ဆံေဖာ္အား သစၥာရွိတတ္ၾကပါသည္။ ထိုသူတို႔၌လည္း တစ္ဦးထက္ပိုေသာ ဆက္ဆံေဖာ္ထားသူမ်ားအား “ သစၥာမဲ့သူ ”အျဖစ္ သတ္မွတ္ပါသည္။

လိင္တူဆက္ဆံသူ အမ်ိဳးသားမ်ား
လူ႔အသိုက္အဝန္းမ်ားက စအိုဆက္ဆံျခင္းကို မေကာင္းမႈတစ္ခု၊ ေရွာင္ၾကဥ္ဖြယ္ရာ ကိစၥတစ္ခုဟု သတ္မွတ္ခဲ့ၾက၏။ ႐ိုးရာယဥ္ေက်းမႈအရ တဘူး (Taboo) တစ္ခုဟုပင္ ဆိုႏိူင္ပါသည္။ လိင္ဆက္ဆံရာတြင္ အျပဳအမႈ အမ်ိဳးမ်ိဳးေတြ႕ႏိုင္သည္။ အျပန္အလွန္ စိတ္ေျဖေဖ်ာက္ေပးျခင္း ပါးစပ္ျဖင့္ လိင္ကိစၥျပဳျခင္း စအိုဆက္ဆံျခင္းစသည္တို႔ ျပဳလုပ္တတ္ၾကသည္။

လိင္တူဆက္ဆံသူ အမ်ိဳးသမီးမ်ား
အမ်ိဳးသမီးမ်ားအၾကား လိင္တူဆက္ဆံမႈႏွင့္ ပတ္သက္၍ သုေတသနျပဳလုပ္ထားမႈ အင္မတန္နည္းပါးလွပါသည္။ အမ်ိဳးသမီးမ်ား လိင္တူဆက္ဆံရာတြင္ အမ်ားဆုံး အသုံးျပဳသည့္နည္းမွာ အျပန္အလွန္ စိတ္ေျဖေဖ်ာက္ေပးျခင္းပင္ျဖစ္၏။ ပါးစပ္ျဖင့္ လိင္ကိစၥျပဳျခင္းႏွင့္ ခႏၶာကိုယ္အား ထိေတြ႕ပြတ္သပ္ေပးျခင္းပင္ ျဖစ္၏။ ပါးစပ္ျဖင့္ လိင္ကိစၥျပဳျခင္းႏွင့္ ခႏၶာကိုယ္အား ထိေတြ႕ပြတ္သပ္ေပးျခင္း အျပဳအမႈမ်ားလည္း ျပဳလုပ္တတ္ၾက၏။ ပစၥည္းကိရိယာမ်ား အသုံးျပဳျခင္းမ်ားလည္း ရွိၾကသည္။

ေဝါဟာရအသုံးအႏႈန္းမ်ား
လိင္တူဆက္ဆံၾကသူမ်ားအၾကား အခ်င္းခ်င္းဆက္ဆံေျပာဆိုရာတြင္ သုံးႏႈန္းေသာ ေဝဟာရမ်ားစြာရွိၾကေၾကာင္း ေတြ႕ရသည္။ ေဆးပညာရွင္မ်ားႏွင့္ ေဆြးေႏြးအႀကံေပးမည့္သူမ်ားအဖို႔ ယင္းေဝါဟာရမ်ားႏွင့္လည္း ရင္းႏွီးကြၽမ္းဝင္မႈရွိရန္ လိုအပ္ပါသည္။
Active ႏွင့္ Passive ဟူေသာ ေဝါဟာရမွာ လိင္တူဆက္ဆံသူမ်ားအၾကား သုံးေလ့မရွိေပ။ အျပင္လူတစ္ဦးအေနျဖင့္သာ လိင္တူဆက္ဆံသူႏွစ္မ်ိဳးရွိၿပီး တခ်ိဳ႕ Active ျဖစ္သူ၊ တခ်ိဳ႕ Passive ျဖစ္သူစသည္ျဖင့္ ခြဲျခားသုံးႏႈန္းျခင္း ျဖစ္၏။ Active ႏွင့္ Passive ဟူေသာ ေဝါဟာရကိုပင္ ထိုသူမ်ားအား ေဆြးေႏြးပညာေပးရာတြင္ မသုံးမိေအာင္ သတိထားရမည့္ ျဖစ္သည္။

ျပႆနာမ်ား
လိင္တူဆက္ဆံသူမ်ားတြင္ ေတြ႕ရတတ္ေသာ ျပႆနာမ်ားမွာ-
– လိင္အဂၤါေတာင့္တင္းမႈ ျပႆနာ
– သုတ္မလႊတ္ႏိူင္ျခင္း
– စအိုကြဲနာ
– အမ်ိဳးသမီးမ်ားတြင္ ဆက္ဆံလမ္းေၾကာင္းက်ဳံ႔ျခင္း။
– ဆႏၵၿပီးေျမာက္မႈမရွိျခင္း။
– လိင္ဆႏၵေလ်ာ့နည္းျခင္း။
– ေရာဂါပိုးမႊားမ်ား ကူးစက္ခံရျခင္း။ (ဥပမာ    – ဗိုင္းရပ္စ္ပိုး)
– အသည္းေရာင္ေရာဂါ
– အျခားလိင္ဆက္ဆံမႈေၾကာင့္ ကူးစက္တတ္ေသာေရာဂါမ်ား
လိင္တူဆက္ဆံျခင္းအားျဖင့္ ပညာေပးေဆြးေႏြးျခင္း
ေဆးပညာရွင္ သို႔မဟုတ္ ႏွစ္သိမ့္ေဆြးေႏြးပညာေပးသူသည္ ေအာက္ပာအခ်က္မ်ားကို လိုက္နာေဆာင္႐ြက္သင့္သည္။
– မိမိကိုယ္တိုင္ ႐ိုးသားပြင့္လင္းမႈရွိပါ။
အကယ္၍ လိင္တူဆက္ဆံသူမ်ားႏွင့္ စကားေျပာဆိုဆက္ဆံရန္ မႏွစ္ၿမိဳ႕ပါက အျခားေဆးပညာရွင္ (သို႔မဟုတ္) ေဆြးေႏြးအႀကံေပးပုဂၢိဳလ္ထံ လႊဲေျပာင္းေပးပါ။ ဆိုလိုသည္မွာ စိတ္မၾကည္လင္ေသာ ကိစၥကို မေဆာင္႐ြက္ပါႏွင့္။
– အကယ္၍ လိင္တူဆက္ဆံသူသည္ ဆယ္ေက်ာ္အသက္႐ြယ္မ်ားျဖစ္ပါက လိင္မႈကိစၥ နားမလည္မႈ၊ ရႈပ္ေထြးေနမႈမ်ားကို လမ္းၫႊန္အႀကံေပးပါ။ ဆုံးျဖတ္မႈေပးသင့္ပါက ဆုံးျဖတ္ေပးပါ။
– ႀကိဳတင္ ထင္ျမင္ယူဆခ်က္မ်ား၊ ခန႔္မွန္းမႈမ်ား မထားရပါ။
– လိင္တူဆက္ဆံသူမ်ားအားလည္း ျပန္လွန္ေျပာဆိုခြင့္မ်ားမ်ား ေပးပါ။
– လိင္ဆက္ဆံမႈသည္ အၿမဲတမ္း တစ္သမတ္တည္း ရွိေနျခင္း မဟုတ္ေပ။
ေျပာင္းလဲတတ္ေသာ သေဘာရွိသည္ကို နားလည္ထားရမည္ျဖစ္၏။

စအိုဆက္ဆံမႈ (Anal Sex)
ၿဗိတိန္ႏိုင္ငံတြင္ လိင္ကြဲဆက္ဆံသူမ်ား၏ သုံးပုံတစ္ပုံခန႔္သည္ စအိုဆက္ဆံမႈကို တစ္ခါတစ္ရံျပဳေလ့ရွိေၾကာင္း ေတြ႕ရသည္။ လိင္တူဆက္ဆံသူမ်ား၏ သုံးပုံႏွစ္ပုံမွာ စအိုဆက္ဆံမႈ ျပဳၾက၏။ ထို႔ေၾကာင့္ စုစုေပါင္းအေရအတြက္ကို ေလ့လာၾကည့္လွ်င္ လိင္ကြဲဆက္ဆံသူ အမ်ိဳးသားမ်ား အေရအတြက္က စအိုဆက္ဆံမႈတြင္ သာလြန္ေနေၾကာင္း ေတြ႕ရမည္ျဖစ္၏။

စအို၏ ခႏၶာေဗဒသေဘာ
စအိုအား မ်ိဳးပြားအဂၤါမ်ားသို႔သြားေသာ အာ႐ုံေၾကာမ်ားကပင္ အာ႐ုံေၾကာငယ္မ်ား ေပးပို႔ထားျခင္းျဖစ္၏။ အျပင္ပိုင္းသည္ ထိမႈႏွင့္အပူအေအးကို ခံစားႏိုင္ၿပီး အတြင္းပိုင္းသည္ က်ဥ္းေျမာင္းျခင္း၊ က်ယ္ျခင္းအာ႐ုံကို သိရွိႏိုင္ေၾကာင္း ေတြ႕ရ၏။ စအိုရွိ ႂကြက္သားမ်ားသည္ စိတ္ဆႏၵျဖင့္ က်ဳံညႇစ္ႏိုင္ၾကသည္။

လူနာမ်ားအား အႀကံေပးျခင္း
– အမွန္တကယ္ စအိုဆက္ဆံမႈ လိုလားျခင္း ရွိမရွိ ေမးျမန္းရပါမည္။ ဆက္ဆံေဖာ္၏
ဖိအားေပးမႈေၾကာင့္ ဆက္ဆံရျခင္းမ်ိဳး မျဖစ္သင့္ပါ။
– စအိုလမ္းေၾကာင္း ႂကြက္သားမ်ားေလ်ာ့ေအာင္ ျပဳသင့္သည္။
– Condoms ကြန္ဒုံးအသုံးျပဳျခင္းကို တိုက္တြန္းအားေပးပါ။
– စအိုလမ္းေၾကာင္းက်ယ္ေအာင္ ျပဳလုပ္သည့္နည္းလမ္းကို ၫႊန္ျပေပးပါ။

Author; Dr. ေအးေက်ာ္(ဇီဝကမၼေဗဒ)

(Unicode )

လိင်တူဆက်ဆံသူများ၌ လိင်ပိုင်းဆိုင်ရာပြဿနာများရှိကြောင်း တွေ့ရသည်။ အမျိုးသားအချင်းချင်းဆက်ဆံခြင်း သို့မဟုတ် အမျိုးသမီးများ အချင်းချင်း ဆက်ဆံခြင်း၌ပင် အမျိုးမျိုးရှိနိုင်ပါသည်။ ဆေးပညာရှင်များ (ဆွေးနွေးပညာပေးသူများ) အနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ လိင်ကွဲဆက်ဆံကြသူများ နည်းတူကူညီပေးရန် လိုအပ်မည်ဖြစ်၏။ လိင်တူဆက်ဆံခြင်းသည် HIVရောဂါ ကူးစက်နိုင်သည့် အခွင့်အလမ်းရှိနေသဖြင့် အန္တရာယ်ကင်းသော ဆက်ဆံမှုများ ဆောင်ရွက်စေရန် ပညာပေးခြင်းကဏ္ဍမှာ အထူးအရေးကြီးသည်။

လိင်တူဆက်ဆံသူများသည် လက်ရှိအခြေအနေပေါ်၌သာ အာရုံစူးစိုက်မှု ရှိနေကြ၏။ လိင်ကွဲဆက်ဆံသူများကဲ့သို့ လက်ထပ်ခြင်းနှင့် သား သမီးယူခြင်းတို့အထိ နောက်ပိုင်းအခြေအနေတို့ကို ထည့်သွင်းစဉ်းစားမှု မရှိကြပေ။ လိင်တူဆက်ဆံသူများကို ပညာပေးဆွေးနွေးရာတွင် လုံးဝဘက်လိုက်မှုမရှိစေရပါ။ အပြုအမူတစ်ခုကို လုပ်ဆောင်ရန် ဇွတ်အတင်းတိုက်တွန်းခြင်း မပြုသင့်ပါ။

လိင်တူဆက်ဆံသူများအား ပညာပေးဆွေးနွေးသောအခါ ဆွေးနွေးအကြံပေးမည့်သူသည် ကြိုတင်ကြံစည်တွေးတောထားခြင်း မပြုရန် အရေးကြီးပါသည်။ လိင်တူဆက်ဆံသူတိုင်းသည် စအိုဆက်ဆံခြင်းအမှုကို ပြုလုပ်ကြသည် မဟုတ်ပေ။ လိင်တူဆက်ဆံသူများတွင် အကြမ်းသဘောအားဖြင့်Activeဖြစ်သူနှင့် Passiveဖြစ်သူဟူ၍ နှစ်မျိုးတွေ့ရမည်ဖြစ်၏။ ထိုသို့ခွဲခြားထားမှုရှိသော်လည်း တစ်ဦးနှင့်တစ်ဦးအပြန်အလှည် စအိုဆက်ဆံမှု ပြုတတ်လေ့ရှိ၏။ Passive ဖြစ်သူသည် အများအားဖြင့် ယောကျ်ားပီသမှုနည်း၍ တက်ကြွမှုမရှိကြောင်း တွေ့ရ၏။ အမျိုးသမီးအချင်းချင်း လိင်ဆက်ဆံရာတွင် တစ်ဦးသည် စိတ်ပိုင်းဆိုင်ရာအရ ပိုမို Active တက်ကြွမှုရှိကြောင်း တွေ့နိူင်သည်။

ထိုသူတို့၏ အပြုအမူ၊ စိတ်နေသဘောထား၊ တွေးခေါ်စဉ်းစားမှု၊ စိတ်ခံစားမှု စသည်တို့ကို သူတို့သာလှျှင် အသိနိူင်ဆုံးဖြစ်သည်။ ထိုအချက်ကိုပင် ဆွေးနွေးအကြံပေးသူများ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ လိင်တူဆက်ဆံသူတို့အား အကြံပေးသူတို့ကိုယ်တိုင် နားမလည်နိူင်သော ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပါ။ မိမိပေးသော အကြံအစည် လမ်းညွှန်မှုများသည် ထိုသူတို့အတွက် သင့်လျော်ချင်မှ သင့်လျော်ပါလိမ့်မည်။

လိင်ပိုင်းဆိုင်ရာ အပြုအမှုများ
လိင်တူဆက်ဆံကြသူများ၏ စိတ်နေသဘောထားနှင့် နေထိုင်မှုဘဝပုံစံကို ရှင်းလင်းပြတ်သားစွာ နားလည်နိူင်ရန် မလွယ်ကူပေ။ လိင်တူဆက်ဆံကြသူများ၏ နေထိုင်ပြုမူမှုသည် အမျိုးမျိုးကွဲပြားမှုများ ရှိနေကြသည်။
တချို့သော လိင်တူဆက်ဆံသူများသည် ဆက်ဆံဖော်တစ်ဦးတည်းသာ ထားတတ်ကြ၏။ အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှ နောက်ထပ်ဆက်ဆံခြင်း မပြုကြပေ။ တချို့မှာ တစ်ဦးထက်မကသော ဆက်ဆံဖော်များထားတတ်ကြသည်။ လိင်ကွဲဆက်ဆံသူများတွင် ဆက်ဆံဖော်တစ်ဦးထက် ပိုထားပါက “ သစ္စာမဲ့ခြင်း ” (သစ္စာဖောက်ခြင်း) ဟု သတ်မှတ်သကဲ့သို့ လိင်တူဆက်ဆံသူများသည်လည်း ဆက်ဆံဖော်အား သစ္စာရှိတတ်ကြပါသည်။ ထိုသူတို့၌လည်း တစ်ဦးထက်ပိုသော ဆက်ဆံဖော်ထားသူများအား “ သစ္စာမဲ့သူ ”အဖြစ် သတ်မှတ်ပါသည်။

လိင်တူဆက်ဆံသူ အမျိုးသားများ
လူ့အသိုက်အဝန်းများက စအိုဆက်ဆံခြင်းကို မကောင်းမှုတစ်ခု၊ ရှောင်ကြဉ်ဖွယ်ရာ ကိစ္စတစ်ခုဟု သတ်မှတ်ခဲ့ကြ၏။ ရိုးရာယဉ်ကျေးမှုအရ တဘူး (Taboo) တစ်ခုဟုပင် ဆိုနိူင်ပါသည်။ လိင်ဆက်ဆံရာတွင် အပြုအမှု အမျိုးမျိုးတွေ့နိုင်သည်။ အပြန်အလှန် စိတ်ဖြေဖျောက်ပေးခြင်း ပါးစပ်ဖြင့် လိင်ကိစ္စပြုခြင်း စအိုဆက်ဆံခြင်းစသည်တို့ ပြုလုပ်တတ်ကြသည်။

လိင်တူဆက်ဆံသူ အမျိုးသမီးများ
အမျိုးသမီးများအကြား လိင်တူဆက်ဆံမှုနှင့် ပတ်သက်၍ သုတေသနပြုလုပ်ထားမှု အင်မတန်နည်းပါးလှပါသည်။ အမျိုးသမီးများ လိင်တူဆက်ဆံရာတွင် အများဆုံး အသုံးပြုသည့်နည်းမှာ အပြန်အလှန် စိတ်ဖြေဖျောက်ပေးခြင်းပင်ဖြစ်၏။ ပါးစပ်ဖြင့် လိင်ကိစ္စပြုခြင်းနှင့် ခန္ဓာကိုယ်အား ထိတွေ့ပွတ်သပ်ပေးခြင်းပင် ဖြစ်၏။ ပါးစပ်ဖြင့် လိင်ကိစ္စပြုခြင်းနှင့် ခန္ဓာကိုယ်အား ထိတွေ့ပွတ်သပ်ပေးခြင်း အပြုအမှုများလည်း ပြုလုပ်တတ်ကြ၏။ ပစ္စည်းကိရိယာများ အသုံးပြုခြင်းများလည်း ရှိကြသည်။

ဝေါဟာရအသုံးအနှုန်းများ
လိင်တူဆက်ဆံကြသူများအကြား အချင်းချင်းဆက်ဆံပြောဆိုရာတွင် သုံးနှုန်းသော ဝေဟာရများစွာရှိကြကြောင်း တွေ့ရသည်။ ဆေးပညာရှင်များနှင့် ဆွေးနွေးအကြံပေးမည့်သူများအဖို့ ယင်းဝေါဟာရများနှင့်လည်း ရင်းနှီးကျွမ်းဝင်မှုရှိရန် လိုအပ်ပါသည်။
Active နှင့် Passive ဟူသော ဝေါဟာရမှာ လိင်တူဆက်ဆံသူများအကြား သုံးလေ့မရှိပေ။ အပြင်လူတစ်ဦးအနေဖြင့်သာ လိင်တူဆက်ဆံသူနှစ်မျိုးရှိပြီး တချို့ Active ဖြစ်သူ၊ တချို့ Passive ဖြစ်သူစသည်ဖြင့် ခွဲခြားသုံးနှုန်းခြင်း ဖြစ်၏။ Active နှင့် Passive ဟူသော ဝေါဟာရကိုပင် ထိုသူများအား ဆွေးနွေးပညာပေးရာတွင် မသုံးမိအောင် သတိထားရမည့် ဖြစ်သည်။

ပြဿနာများ
လိင်တူဆက်ဆံသူများတွင် တွေ့ရတတ်သော ပြဿနာများမှာ-
– လိင်အင်္ဂါတောင့်တင်းမှု ပြဿနာ
– သုတ်မလွှတ်နိူင်ခြင်း
– စအိုကွဲနာ
– အမျိုးသမီးများတွင် ဆက်ဆံလမ်းကြောင်းကျုံ့ခြင်း။
– ဆန္ဒပြီးမြောက်မှုမရှိခြင်း။
– လိင်ဆန္ဒလျော့နည်းခြင်း။
– ရောဂါပိုးမွှားများ ကူးစက်ခံရခြင်း။ (ဥပမာ    – ဗိုင်းရပ်စ်ပိုး)
– အသည်းရောင်ရောဂါ
– အခြားလိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သောရောဂါများ
လိင်တူဆက်ဆံခြင်းအားဖြင့် ပညာပေးဆွေးနွေးခြင်း
ဆေးပညာရှင် သို့မဟုတ် နှစ်သိမ့်ဆွေးနွေးပညာပေးသူသည် အောက်ပာအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
– မိမိကိုယ်တိုင် ရိုးသားပွင့်လင်းမှုရှိပါ။
အကယ်၍ လိင်တူဆက်ဆံသူများနှင့် စကားပြောဆိုဆက်ဆံရန် မနှစ်မြို့ပါက အခြားဆေးပညာရှင် (သို့မဟုတ်) ဆွေးနွေးအကြံပေးပုဂ္ဂိုလ်ထံ လွှဲပြောင်းပေးပါ။ ဆိုလိုသည်မှာ စိတ်မကြည်လင်သော ကိစ္စကို မဆောင်ရွက်ပါနှင့်။
– အကယ်၍ လိင်တူဆက်ဆံသူသည် ဆယ်ကျော်အသက်ရွယ်များဖြစ်ပါက လိင်မှုကိစ္စ နားမလည်မှု၊ ရှုပ်ထွေးနေမှုများကို လမ်းညွှန်အကြံပေးပါ။ ဆုံးဖြတ်မှုပေးသင့်ပါက ဆုံးဖြတ်ပေးပါ။
– ကြိုတင် ထင်မြင်ယူဆချက်များ၊ ခန့်မှန်းမှုများ မထားရပါ။
– လိင်တူဆက်ဆံသူများအားလည်း ပြန်လှန်ပြောဆိုခွင့်များများ ပေးပါ။
– လိင်ဆက်ဆံမှုသည် အမြဲတမ်း တစ်သမတ်တည်း ရှိနေခြင်း မဟုတ်ပေ။
ပြောင်းလဲတတ်သော သဘောရှိသည်ကို နားလည်ထားရမည်ဖြစ်၏။

စအိုဆက်ဆံမှု (Anal Sex)
ဗြိတိန်နိုင်ငံတွင် လိင်ကွဲဆက်ဆံသူများ၏ သုံးပုံတစ်ပုံခန့်သည် စအိုဆက်ဆံမှုကို တစ်ခါတစ်ရံပြုလေ့ရှိကြောင်း တွေ့ရသည်။ လိင်တူဆက်ဆံသူများ၏ သုံးပုံနှစ်ပုံမှာ စအိုဆက်ဆံမှု ပြုကြ၏။ ထို့ကြောင့် စုစုပေါင်းအရေအတွက်ကို လေ့လာကြည့်လျှင် လိင်ကွဲဆက်ဆံသူ အမျိုးသားများ အရေအတွက်က စအိုဆက်ဆံမှုတွင် သာလွန်နေကြောင်း တွေ့ရမည်ဖြစ်၏။

စအို၏ ခန္ဓာဗေဒသဘော
စအိုအား မျိုးပွားအင်္ဂါများသို့သွားသော အာရုံကြောများကပင် အာရုံကြောငယ်များ ပေးပို့ထားခြင်းဖြစ်၏။ အပြင်ပိုင်းသည် ထိမှုနှင့်အပူအအေးကို ခံစားနိုင်ပြီး အတွင်းပိုင်းသည် ကျဉ်းမြောင်းခြင်း၊ ကျယ်ခြင်းအာရုံကို သိရှိနိုင်ကြောင်း တွေ့ရ၏။ စအိုရှိ ကြွက်သားများသည် စိတ်ဆန္ဒဖြင့် ကျုံညှစ်နိုင်ကြသည်။

လူနာများအား အကြံပေးခြင်း
– အမှန်တကယ် စအိုဆက်ဆံမှု လိုလားခြင်း ရှိမရှိ မေးမြန်းရပါမည်။ ဆက်ဆံဖော်၏
ဖိအားပေးမှုကြောင့် ဆက်ဆံရခြင်းမျိုး မဖြစ်သင့်ပါ။
– စအိုလမ်းကြောင်း ကြွက်သားများလျော့အောင် ပြုသင့်သည်။
– Condoms ကွန်ဒုံးအသုံးပြုခြင်းကို တိုက်တွန်းအားပေးပါ။
– စအိုလမ်းကြောင်းကျယ်အောင် ပြုလုပ်သည့်နည်းလမ်းကို ညွှန်ပြပေးပါ။

Author; Dr. အေးကျော်(ဇီဝကမ္မဗေဒ)

Previous Post

အရေ ပြားရဲ့အလှ

Next Post

ခွဲမွေးတာဟာ လွယ်သလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခွဲမွေးတာဟာ လွယ်သလား

အရွယ်ကျလာတဲ့အမျိုးသားများ ပြန်လည်လန်းဆန်းတက်ကြွစေတဲ့နည်း

အလှကုန်ပစ္စည်းများနှင့် ဘေးအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.