fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
ဆန္ဒလျော့နည်းခြင်း
26
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in အမျိုးသားကျန်းမာရေး
1 min read
A A
(Zawgyi)
ဆန္ဒဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုတယ်။
(unicode)
(Zawgyi)
●ကျွန်တော်အမြင်လေးတစ်ခုတင်ပြချင်ပါတယ်။ မှားတယ်၊ မှန်တယ်တော့ ဆရာပဲဆုံးဖြတ်ပေးပါ။ လိင်ဆန္ဒလျော့နည်းမှုဟာ အမျိုးသမီးတွေအဖြစ်များသလားလို့ပါဆရာ။
လိင်စိတ်ဆန္ဒလျော့နည်းခြင်းဟာ အမျိုးသား၊ အမျိုးသမီးဖြစ်တတ်ကြတာ မှန်ပေမယ့်ခင်ဗျားပြောသလိုပါဘဲ။ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်ကြပါတယ်။လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီးဖြစ်တတ်တဲ့ ပြဿနာများထဲမှ စိတ်ဆန္ဒလျော့နည်းတာအများဆုံးဖြစ်တတ်ကြတာ။
●ကျွန်တော့်ကို မိတ်ဆွေဆရာဝန်တစ်ဦးကပြောဖူးတယ်။ ကျွန်တော့်အနေနဲ့တော့ဆန်းတာပေါ့ဆရာရယ်။ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းကအမျိုးသမီးတွေမှာ လိင်ဆန္ဒကောင်းစေနိူင်တယ်ဆိုတာပါ။ အမျိုးသားဟော်မုန်းနဲ့အမျိုးသမီးလိင်ဆန္ဒဆိုတော့ ကျွန်တော်ပြောသလိုဆန်းမနေဘူးလားဆရာ။
ခင်ဗျားမိတ်ဆွေ ဆရာဝန်ပြောတာမှန်ပါတယ်။ အမျိုးသားဟော်မုန်းတက်စတိုစတီရုန်း
Testosterone ဆိုတာက အမျိုးသားတွေမှာသာရှိတာ မဟုတ်ဘူး။ အမျိုးသမီးတွေမှာလည်းမူလသဘာဝကတည်းက ရှိပြီးသား။ ဒါပေမယ့် ပမာဏအလွန်နည်းတယ်။ မမျိုးဥအိမ်က ထွက်တယ်။
ကျောက်ကပ်အပေါ်မှာ ကပ်လျက်ရှိတဲ့ ပြွန်မဲ့ဂလင်း (အက်ဒွီနယ်ဂလင်း Adrenal Gland)ကလည်းထွက်တယ်။လိင်ဆန္ဒလျော့နည်းနေတဲ့ အမျိုးသမီးတစ်ဦးကို အနည်းငယ်မျှသာ တက်စတိုစတီရုန်းက
ဆန္ဒဖြစ်ပေါ်စေနိူင်တယ်လို့ ဆိုတယ်။
●စိတ်ဆန္ဒလျော့နည်းစေတဲ့ အကြောင်းတွေ သိချင်ပါတယ်ဆရာ။
ဆန္ဒလျော့နည်းမှုဟာ ရုပ်ခန္ဓာကိုယ်ရဲ့ ပြဿနာတွေကြောင့် ဖြစ်နိူင်တယ်။ နောက်ပြီးစိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိူင်တယ်။အမျိုးသမီးတစ်ယောက်က ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်နဲ့ ကုထားဖူးတယ်။သားအိမ် ဒါမှမဟုတ် မမျိုးဥအိမ်ရောဂါကြောင့် ခွဲစိတ်ဖူးတယ်ဆိုရင် ဆန္ဒလျော့နည်းသွားတတ်တယ်။ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့်လည်း ဆန္ဒလျော့နည်းတာဖြစ်နိူင်ပါတယ်။ မီးယပ်သွေးပေါ်ခါနီးချိန်၊သားသမီးမွေးဖွားပြီးစအချိန်၊မီးယပ်သွေးဆုံးချိန်စတာတွေများလည်းဆန္ဒလျော့နည်းနေတတ်တယ်။တချို့ဆေးဝါးများဟာလည်းလိင်ဆက်ဆံလိုမှုကိုအဟန့်အတားဖြစ်   စေတယ်။စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆေးတွေဗျာ။ ဥပမာ – အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊မူးယစ်ဆေးတွေဟာ စိတ်ဆန္ဒလျော့နည်းသွားစေတတ်တယ်။ အီထရိုဂျင်ဆန့်ကျင်တဲ့ဆေးတွေ၊အီထရိုဂျင်ဆိုတာက အမျိုးသမီး လိင်ဟော်မုန်းပါ။ ဥပမာပေါ့ဗျာ။ Tamoxifen ဆေး၊သန္ဓေတားဆေးတချို့ကလည်း လိင်ဆန္ဒလျော့နည်းစေတယ်။
●တချို့အမျိုးသမီးတွေမှာ ဆက်ဆံစဉ်နာကျင်မှုဝေဒနာခံစားရတာကြောင့်ဆန္ဒလျော့နည်းတတ်တယ် ဆိုတာကရောဆရာ။
ဆက်ဆံစဉ်နာကျင်မှုကတော့ သားမွေးလမ်းကြောင်းခြောက်သွေ့မှု၊သားမွေးလမ်းကြောင်းကြွက်သားတွေ ကျုံ့ညစ်မှုကြောင့် ဖြစ်တတ်တယ်။ အဲ့ဒီလိုသားမွေးလမ်းကြောင်း ခြောက်သွေ့တာ၊ ကျုံ့ညစ်တာတွေကလည်း ရုပ်ဝေဒနာတွေကြောင့်ဖြစ်တတ်သလို စိတ်ကြောင့်လည်း ဖြစ်တတ်တယ်။ လိင်ဆက်ဆံရမှာကို ကြောက်လန့်နေခြင်းကပဲ ကြွက်သားတွေကျုံ့ညစ်မှုဖြစ်စေပြီး နာကျင်မှုခံစားရတတ်   စေတယ်။
●အမျိုးသမီးတစ်ဦးဟာ ရပ်တည်မှုအနေအထားပြောင်းလဲသွားတဲ့အခါ မျိုးမှာလိင်ဆန္ဒနည်းသွားနိူင်တယ်လို့ သိရပါတယ်။ အိမ်ထောင်မှာ လင်ရယ်၊ မယားရယ်နှစ်ယောက်ထဲရှိလာရာက သမီးရလာပြီ ဆိုပါတော့။ အမျိုးသမီးဟာမိခင်ဆိုတဲ့ဘဝရောက်သွားပြီ။ အဲ့ဒီအခါမျိုးမှာ ဆန္ဒလျော့နည်းသွားနိူင်တယ်ဆိုတာမျိုးပေါ့ ဆရာ။
ဟုတ်ပါတယ်။ ဘဝရဲ့အချိန်ဇယားပြောင်းလဲမှုလို့ပဲ ဆိုရမှာပေါ့။ ဥပမာပေါ့ဗျာ။အပျိုဘဝတုန်းက ကိုယ့်ကိုယ်ကိုယ်တသသနဲ့ အလှအပဂရုစိုက်တတ်တဲ့ အမျိုးသမီးတစ်ဦးဟာအိမ်ထောင်ကျသွားပြီး ဖြစ်သလိုနေသွားတာမျိုးပေါ့။ သားသမီးမွေးပြီးတချို့ဆိုပိုပြီးဂရုမစိုက်တော့ဘူး။ အဲ့ဒီလိုပဲ စိတ်ဆန္ဒအပိုင်းမှာလည်း လျော့သွားတာတွေ့ရတယ်။သားသမီးမွေးဖွားပြီးနောက် လိင်ဆန္ဒလျော့သွားတတ်တာဟာ အဓိကစိတ်နဲ့ဆိုင်တယ်။စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ စိတ်ကျဝေဒနာ စိတ်ဖိစီးမှုများလွန်းတာ၊ ပူပင်သောကတွေ လွန်ကဲတာ၊ဒါတွေကြောင့် စိတ်ဆန္ဒနည်းသွားတာလည်း ဖြစ်နိူင်တယ်။ကုသမှုအပိုင်းကတော့ ဇာစ်မြစ်ကိုဖယ်ရှားဖို့နဲ့ နှစ်သိမ့်ဆွေးနွေးအကြံပေးမှုဟာအရေးကြီးတယ်။ ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်တယ်။တခြားနိူင်ငံတွေမှာတော့Sex Therapist ဆိုတာမျိုးတွေရှိတယ်။ မြန်မာနိူင်ငံအနေနဲ့တော့ ဆရာဝန်တွေ အထူးသဖြင့် စိတ်ကျန်းမာရေးဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်။
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
Previous Post
အသည်းရောင်အသားဝါရောဂါ
Next Post
ပျိုမေတို့ မျက်ခုံမို့မှောက်ခြင်း
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
788
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
2 years ago
1.1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
2 years ago
644
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
1k
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ပျိုမေတို့ မျက်ခုံမို့မှောက်ခြင်း
နေ့တိုင်းသင့်ကျောက်ကပ်အားဖျက်စီးနေသော အကျင့်ဆိုး(၈)ချက်
မူးယစ်ဆေးစွဲခြင်းအန္တရာယ်
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.