အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေရဲ့ ကျန်းမာရေးမှာ အဖိုလိင်ဟော်မုန်းဟာ အဓိက
အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သုတေသနအသစ်က အကြုံပြုတယ်။
အသက် ၅၀ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသားတွေကို အရွယ်ကောင်းလို့ဆိုရပါမယ်။
နေ့စဉ်စားတဲ့ အစားအစာကို ဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကိုလည်း မှန်မှန်လုပ်လို့
ကျန်းမာရေးကောင်းတယ်လို့လည်း ပြောခံရပါမယ်။ အဲ့ဒီထဲက အမျိုးသားတစ်ဦးဟာ အမြဲလိုလို
မောပန်းနေပြီး ကိုယ်အလေးချိန်လည်း တက်လာတယ်။ သူ့မှာ အင်အားမရှိလို့
အမြဲလဲလျောင်းနေတဲ့အတွက် ကိုယ်အလေးချိန်တက်လာတယ်။ ကိုယ့်မိန်းမနဲ့
ချစ်တင်းနှောတာကိုလည်း ငြီးငွေ့စရာလို့ မြင်လာတယ်။ စိတ်ဓာတ်ကျလာပြီး စိတ်တိုလာတတ်တယ်။
၎င်းရဲ့မိသားစုဆရာဝန်က ဒီပြဿနာကို သေသေချာချာမဖြေရှင်းပေးနိူင်ပါ။
ပုံမှန်ပြုလုပ်နေကျဖြစ်တဲ့ သုတ်ရည်ဂလင်း စစ်ဆေးမှုကို ပြုစဉ်၊ ဆီးရောဂါအထူးကုဆရာဝန်အား
၎င်းရဲ့အခြေအနေကို ပြောပြခဲ့ပါတယ်။ အဲ့ဒီအထူးကုဆရာဝန်က ၎င်းရဲ့အဖိုလိင်ဟော်မုန်းအဆင့်ကို
စစ်ဆေးရန် သွေးစစ်ခိုင်းလိုက်တယ်။
တိုင်းတာလို့ရတဲ့ ၎င်းရဲ့အဆင့်က နိမ့်တဲ့အဆင့်လို့ ယူဆရတဲ့ အဆင့်ထက်
သိပ်နည်းနေတာကို တွေ့ရတယ်။ ဆီးရောဂါအထူးကုဆရာဝန်နဲ့ ဆွေးနွေးပြီးတာနဲ့ ထိုအမျိုးသား
လိင်ဟော်မုန်းအစားထိုးကုသနည်းကို စတင်ခဲ့တယ်။ ရလဒ်အလွန်ကောင်းပါတယ်။
ကိုယ်အလေးချိန်လျော့လာပြီး ကြွက်သားတွေနဲ့ အင်အားတွေ ပြန်ကောင်းလာတယ်။
၎င်းရဲ့စိတ်နေစိတ်ထားပြောင်းလာပြီး သုံးလမပြည့်မီ အချစ်နယ်ထဲတွင် လန်းဆန်းတက်ကြွလာတယ်။
အဖိုလိင်ဟော်မုန်းဟာ အသက်ကြီးလာတာနဲ့အမျှ လျော့လာ၏။
အသက် ၄၀ ရောက်လာပြီးနောက် အမျိုးသားများတွင် အဖိုလိင်ဟော်မုန်းဟာ တစ်နှစ်မှာ
တစ်ရာခိုင်နှုန်းခန့် လျော့လာတယ်။ အသက် ၇၀မှာ ၎င်းတို့အသက် ၃၀ မှာရှိတဲ့ ပမာဏ၏
ထက်ဝက်မှာသာ ရှိသည်ကို တွေ့ရတယ်။ ဒီဟော်မုန်းလျော့လာတာနဲ့ လိင်စွမ်းဆောင်မှုနဲ့ တက်ကြွမှု
လျော့နည်းလာတယ်။ ကြွက်သားများ ရှုံ့လာကာ အဆီ တိုးလာပြီး အရိုးသိပ်သည်းမှု လျော့လာသဖြင့်
ကျိုးဖို့ပို လွယ်ကူလာတယ်။ ဆီးချိုအမျိုးအစားနှစ် ဖြစ်နိူင်ခြေ မြင့်လာပြီး အယ်လ်ဇိုင်းမားရောဂါ
ဖြစ်နိူင်ခြေ၊ နှလုံးတိုက်ခိုက်မှုနဲ့ လေသင်တုန်းဖြတ်နိူင်ခြေ ပိုများလာတယ်။ အသက် ၄၀ ကျော်နဲ့
အသက်ပိုကြီးတဲ့ အမျိုးသားတွေအတွက် ဒီသုတေသန အလားအလာကောင်းပုံ ရပါတယ်။
ယခင်ကရှိခဲ့တဲ့ အဖိုလိင်ဟော်မုန်းအဆင့် ပြန်ရောက်ခြင်းဟာ အမျိုးသားတွေအတွက် အရိုးပွခြင်း၊
နှလုံးတိုက်ခိုက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းစတဲ့ ပြဿနာတွေကို တားဆီးကာကွယ်ပေးတယ်လို့
တွေ့ရှိတဲ့ အထောက်အထား အသစ်တွေက အကြံပြုတယ်။
ယနေ့အမျိုးသားတွေရဲ့ ကျန်းမာရေးမှာ ၎င်းဟာ ရေပန်းအစားဆုံးနဲ့ အငြင်းပွားဖွယ်
အများဆုံးဖြစ်နေတယ်ဟု Mount Sinai Hospital မှ ဆီးရောဂါအထူးကု ဒေါက်တာ အီသန်ဂရိုဘာက
ဆိုတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တုန်းကတည်းက အဖိုလိင်ဟော်မုန်းကို လေ့လာခဲ့ရာ
အံ့ဖွယ်ဆေးတစ်ခုအဖြစ် ထောက်ခံခြင်းနဲ့ လက်မခံခြင်းတို့ ဖြစ်ခဲ့တယ်။ ဟော်မုန်းအစားထိုးကုသမှု
ထောက်ခံခြင်းအပေါ် ထပ်ပေါ်လာတဲ့ သုတေသနက အမျိုးသားတွေအတွက် ရေရှည်ကောင်းကျိုးနဲ့
ဘေးကင်းမှုကို အခိုင်အမာ ပြခဲ့တယ်ဟု ဂရိုဘာက ဆိုတယ်။
ယနေ့အငြင်းပွားဖွယ်တစ်ခုက ဗြုတ်စဗျင်းတောင်း သိပ္ပံရဲ့က အဖိုလိင်ဟော်မုန်းကို
လိင်တူဆက်ဆံခြင်း၊ အမျိုးသမီးတွေမှာ ကာမဆန္ဒနည်းခြင်းနဲ့ အဖိုစွမ်းအားပျောက်ဆုံးခြင်းတို့အတွက်
ဆေးအဖြစ် အားပေးကြတာဖြစ်တယ်။
မကြာသေးမီက အားကစားသမားတွေနဲ့ ကာယဗလလေ့ကျင့်သူတွေက ကြွက်သားအရွယ်နဲ့
ခံနိူင်ရည်တိုးပွားဖို့ ဟော်မုန်းဖြင့် ပိုပျော်ရွှင်အောင်နဲ့ ပိုစိတ်ဝင်စားအောင် လုပ်ကြတယ်။
ဆေးကျောင်းတက်စဉ်က အဖိုလိင်ဟော်မုန်းဟာ နှလုံးနဲ့ သွေးလည်ပတ်မှုအတွက်
မကောင်းကြောင်းနဲ့ သုတ်ရည်ဂလင်းကင်ဆာ ဖြစ်ပေါ်မှုကို တိုးပွားစေတယ်လို့ သင်ကြားရပါတယ်။
ယခုအခါမှာ ဒါတွေ မမှန်တော့ကြောင်း သိရတယ်ဟု ကင်စ်တန်ရှိ Queen’s University မှ
ဆီးရောဂါအထူးကုနဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာအယ်လ်ဗားဂိုးမိုးရေးလ် ကဆိုတယ်။
အဖိုလိင်ဟော်မုန်းအဆင့် ပြန်ရယူခြင်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအပေါ်
ကောင်းကျိုးဆက်ရှိနိူင်တယ်လို့ လက်ရှိပြုလုပ်တဲ့ သုတေသနက ပြနေတယ်။
အသက် ၄၅နှစ်နဲ့ အထက်ရှိ အမျိုးသားတွေမှာသာ ယေဘုယျတွေ့နိူင်တဲ့ အဖိုလိင်ဟော်မုန်းလျော့နည်းခြင်းရဲ့
လက္ခဏာတွေရှိတဲ့အခါမှာသာ အဲ့ဒီဟော်မုန်းအစားထိုးကုသနည်းဟာ သံသယမရှိနိူင်ပါဟု
မိုးရေးလ်ကဆိုသည်။ စိတ်ဓာတ်ကျခြင်း၊ အင်အားမရှိခြင်း၊ ကာမရာဂဆန္ဒမရှိခြင်းနဲ့
ကြွက်သားထုလျော့နည်းရင် အဖိုလိင်ဟော်မုန်းအဆင့် လျော့ကျသွားသည်ကို အတည်ပြုရန်
သွေးစစ်ကြည့်ဖို့ ၎င်းကဆိုသည်။ ဟော်မုန်းအစားထိုးကုသနည်းဟာ သင့်မြတ်ကြောင်းသိရှိပြီး
လက်ခံပေမဲ့ စောင့်ကြည့်ဖို့လိုပြီး၊ သုံးလတစ်ကြိမ် စစ်ဆေးပါ။
ပထမသုံးလမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းတိုးတက်မှုရှိရင် ဒုတိယ သုံးလပတ်အတွက်
ကျိုးကြောင်းခိုင်လုံသွားပြီဟု မိုရေးလ်က ဆိုသည်။ ရေရှည်လေ့လာရေးတွေဟာ အချိန်ကို
လိုအပ်ပါတယ်။ အဖိုလိင်ဟော်မုန်းအစားထိုးကုသမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေဆဲပါ။
အသက်အရွယ် တစ်ခုခုမှာ အမျိုးသားတွေရဲ့ အဖိုလိင်ဟော်မုန်းအဆင့်မှန်ဟာ ဘယ်လောက်လဲ။
တစ်ဦးနဲ့တစ်ဦး မတူကြပါ။ ပိုငယ်ရွယ်စဉ်က လူတိုင်းရဲ့ အဆင့်ကို သိဖို့ခက်ပါတယ်။
Author: နှင်းအေးဝေ , Healthcare Journal