fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သမီးကညာ အရွယ်ရောက်လာ ၊မိဘများ သတိပြုစရာ

49
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

တစ်နေ့သော ညနေခင်းတွင် ဇီဝက ဆေးခန်းသို့ ခေါင်းကိုက်လို့လာပြတဲ့ ဒေါ်ဘုမ တစ်ယောက် ပြန်ခါနီး ဟိုကြည့် ဒီကြည့်နဲ့ ဆရာလေးကို
တိုင်ပင်စရာရှိလို့ဆိုပြီး တိုးတိုးနဲ့ ဇီဝကကို ဆိုလေ၏ ။

ဇီဝက ။ ။ဆိုပါဦး ၊ဒေါ်ဘုမရဲ့ ။ဘာတွေ တိုင်ပင်ချင်တာတုံး ။

ဒေါ်ဘုမ။ ။ ဒီလို ဆရာလေးရေ ။ကျွန်မ သမီး ပေါက်ကျော်မ အငယ်မလေးလေ ။ခုတလော ငြိမ်ချက်သားကောင်းပြီး ၊ရှိုးတိုးရှန့်တန့်တွေဖြစ်။အလှအပလည်းကြိုက်လာတယ် ။သူ့သူငယ်ချင်းကောင်လေးတွေနဲ့စကားပြောရင်လည်း မပွင့်တပွင့် ။အရင်လို သိပ်မဆော့တော့ဘူး ။ကျွန်မအထင် သူအပျိုဖော်ဝင်တာလား မသိ ။အဲ့တာ ဘယ်လိုလုပ်ရမလဲ ၊ဆရာလေး ။သူ့ကို ဆရာလေးတို့ ကျန်းမာရေးအမြင်နဲ့ ဘယ်လို ပြောပြရမလဲ ။စောင့်ရှောက်ရမလဲ ။
ဇီဝက ။ ။ဘယ်လို ပြောပြရမလဲ မပြောခင် အရင်ဆုံး အပျိုဖော် ဘာကြောင့်ဝင်တယ်ဆိုတာ သိဖို့လိုတယ် ဒေါ်ဘုမရဲ့ ။

ဒေါ်ဘုမ။ ။ဆရာလေးပြောမှ အဒေါ်လည်း မသိဘူး ။ပြောပြပါဦး ။
ဇီဝက ။ ။အပျိုဖော် ဝင်လာတဲ့ အကြောင်းအရင်း အစက မိန်းကလေးတွေရဲ့ ကိုယ်ထဲမှာ မဟိုမုန်းလ်ဓာတ်ဖြစ်တဲ့ အီစထရိုဂျင်များလာလို့ အဒေါ်ရဲ့ ။

ဒေါ်ဘုမ။ ။ဆရာလေးပြောတဲ့ ဟိုမုန်းလ် ဓာတ်က ဘာတွေဖြစ်စေတာတုန်း ။
ဇီဝက ။ ။ကိုယ်ခန္ဓာတွေ ကြီးထွားဖွံ့ဖြိုးလာမယ် ။အသက် ၉နှစ်နဲ့ ၁၁ နှစ်အတွင်းဆို ၁နှစ်ရင် အရပ် ၄လက်မရှည်မယ်။ အမွေးလေးတွေ ပေါက်လာမယ်။ ချိုင်းမွေး ၊ခြေထောက် နဲ့ ဆီးစပ်နေရာမှာ အမွေးနုတွေ စပေါက်လာမယ် ။အရေပြား အဆီများလာမယ် ။ဝက်ခြံတွေ ထွက်လာမယ်။ ချွေးပိုထွက်လာမယ် ။ချိုင်းချွေးနံ့ပျောက်ဆေးတောင့်တွေ လိမ်းခိုင်း။ရင်သားတွေ စပြီးဖွံ့ဖြိုးလာမယ် ။အရင်လို လွတ်လွတ်လပ်လပ် ဝတ်လို့ မရတော့ဘူး ။ရှမီး အကျီ ၤလေးတွေ ဝတ်ခိုင်းရတော့မယ် ။

ရင်သားထိပ်ကလေးတွေဟာလည်း အရောင် ၊ပုံပန်း ပြောင်းလာရော ။မိန်းမလိင်အင်္ဂါလေးတွေလည်း ပြောင်းလာရော ။အင်္ဂါနှုတ်ခမ်းသားတွေ ကြီးလာမယ် ။နှုတ်ခမ်းသားကြီးမှာ အမွေးကလေးတွေ စပေါက်လာမယ် ။မိန်းမကိုယ်ထဲမှာလည်း စိုတိုတို ဖြစ်လာမယ် ။ဖြူတာ ဝါတာ ၊ကြည်တာ ၊ခပ်ပျစ်ပျစ်တွေ ဆင်းနိုင်တယ် ။ဒါက ပုံမှန်ပါပဲ ။ရာသီသွေးဆိုတဲ့ဓမ္မတာတွေ စဆင်းမယ် ။စဆင်းဆင်းချင်း မလန့်ဖို့ ကိုယ့်ကလေးကိုသေချာ ဂရုတစိုက် ရှင်းပြ ။ ကိုယ့်မိခင် ရာသီသွေးစဆင်းတဲ့အရွယ် လောက်မှာပဲ စဆင်းမယ် ။စိတ်တွေလည်း ပြောင်းလဲ တတ်လာတယ်။

ကိုယ်နံ့ ၊ခံတွင်းနံ့ လည်းပြောင်းလာမယ် ။တစ်ကိုယ်ရေသန့် ရှင်းရေးက ပိုအရေးကြီးလာတယ် ။ခါးသေးရင်ချီ ဆိုသလို ခန္ဓာကိုယ် အချိုးအစား ပြောင်းလာမယ် ။တင်နေရာက ကားလာ စွင့်လာမယ် ။ခုပြောပြတာတွေကို ကလေးကို ဖြည်းဖြည်းချင်း နားလည်အောင် ဒေါ်ဘုမက ပြောပြ ။တခြားရွယ်တူ ယောကျာၤးကလေးတွေနဲ့ မတူပုံကို သေချာ ရှင်းပြပေါ့ဗျာ ။ဟုတ်ပြီလား ။

ဒေါ်ဘုမ။ ။ဟုတ်ကဲ့ ၊ဆရာလေးရေ ။ဆရာလေးပြောမှ သေချာ ဃဃနန နားလည်တော့တယ် ။ကျွန်မသမီးလေးကို ဆရာလေးပြောသလို သေချာပြောပြ
လိုက်မယ် ။ကျေးဇူးပါပဲ ၊ဆရာလေးရေ ။

Author : ခေတ်သစ် ဇီဝက

Previous Post

သွေးလွန်တုပ်ကွေးဖြစ်ရင် တိုက်လို့ရတဲ့ဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်

Next Post

တစ်ခုခေါင်းထောင်ချက်ခြင်းနှိပ်ကွပ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
738
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တစ်ခုခေါင်းထောင်ချက်ခြင်းနှိပ်ကွပ်

မိန်းမကိုယ်ကို သန့်စင်ဆေးနဲ့ နေ့စဉ် ဆေးကြောတာ ကောင်းရဲ့လား

အမျိုးသမီးများနှင့် အမွေးအမျှင်ပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.