(Zawgyi)
-ရေခဲအုံ ။ရေခဲဖတ်ကပ်ပါ ။
-လမ်းမလျှောက်သင့် ။
Author : ခေတ်သစ် ဇီဝက
(Unicode)
ကယ်ပယ်အိတ်ကို မတော်တဆ ထိခိုက်မိလို့ သာမန်နာကျင်ရုံလောက်သည် ထူးထူးခြားခြား ဘေးမဖြစ်စေတတ်ပါ ။ဒါပေမယ့် ကယ်ပယ်အိတ်ထဲရှိ ဝှေးစေ့ အညှာ လိမ်သွားရင်တော့ အန္တရာယ်ရှိပါတယ် ။
ဒါ့အပြင် သုတ်ပြွန်ပိုးဝင်ပါကလည်း ကယ်ပယ်အိတ်နာနိုင်တယ် ။နာတာအပြင် ဖျားမယ် ။ဆီးသွားရင် နာမယ် ။ပါးချိတ်ရောင် (မော်နာ )ရောဂါ ၊ဝှေးစေ့ကင်ဆာ တို့မှာလည်း ကယ်ပယ်အိတ်နာနိုင်တယ် ။
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
-၂ရက်ကြာ တဆစ်ဆစ်ဖြင့် နာနေရင်
-သုတ်ပြွန်ရောင်ခြင်း ဟု သံသယရှိရင်
-ကယ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့တွင် အလုံးအကျိတ် စမ်းမိရင်
-မခံမရပ်နိုင်အောင် နာကျင်ရင်
မိမိ မိသားစု ဆရာဝန်နဲ့ ပြသပါ ။
မိမိ ဘာသာ ဘာလုပ်ထားနိုင်လဲ ။
-ရေခဲအုံ ။ရေခဲဖတ်ကပ်ပါ ။
-အကိုက်အခဲ ပျောက်ဆေးသောက်ပါ ။
-လမ်းမလျှောက်သင့် ။
-လှဲနေပါ ။ပေါင် ၂လုံးကို စေ့ထားပြီး ကယ်ပယ်အိတ်အောက်တွင် စောင်ခံထားပါ ။
-မဖြစ်မနေ သွားစရာရှိက အောက်ခံ ဘောင်းဘီအကြပ် ဝတ်ပါ ။
Author : ခေတ်သစ် ဇီဝက