fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

စောလေ ကောင်းလေ

25
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/07/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

မည်သူမဆို ရောဂါတစ်ခုဖြစ်လာပါက ကုသမှုခံယူမှုကို အချိန်တစ်ခု ဆွဲဆန့်ထား၍ ရောဂါပြင်းထန်လာမှ ကုသမှု ခံယူမည်ဆိုလျှင် အပ်နှင့်ပေါက်ဆိန်ဖြင့် ထွင်းရသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ရောဂါ၏ ဆိုးကျိုးကို ပိုမိုခံစားတက်ရခြင်း၊ နောက်ဆက်တွဲရောဂါများ ထပ်မံဖြစ်ပွားလာနိုင်ခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ အချိန်ပိုမိုကြာမြင့်တက်ခြင်းနှင့် နောက်ဆုံးအသက်အန္တရာယ်ပါရှိလာနိုင်ခြင်းစသည့် ဆိုးကျိုးများကိုသာ ခံစားရတတ်ပါသည်။ ရောဂါတစ်ခုစဖြစ်ကာစတွင် ဆိုးရွားမှုမဖြစ်သေးသည့်အတွက် ရောဂါ၏ ဒဏ်ကိုခံနိုင်ရည်ရှိနေချိန်တွင် ကုသခံယူခြင်းကို အချိန်ဆွဲနေတတ်ခြင်းသည် ကောင်းမွန်သော လက္ခဏာမဟုတ်ပါ။ အချို့သည်လည်း အလုပ်မအားသည်ကို အကြောင်းပြကာ မဖြစ်စလောက်ရောဂါမို့ ကုသမှု မခံယူသေးလည်းရပါသေးတယ်ဟူသော အလွယ်တကူ တွေးတောဆုံးဖြတ်တတ်ကြပါသည်။

ထိုအယူအဆများသည် မိမိတို့၏ ကျန်းမာရေးအတွက် ကောင်းကျိုးမပေးဘဲ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်သည်ကို လူတိုင်းသိထားပြီး လိုက်နာသင့်ပါသည်။ အချို့သည်လည်း မိမိတို့ ကုသရမည့် ရောဂါသည် မိမိတို့နေထိုင်ရာ အရပ်ဒေသတွင်လည်း ကုသပေးမည့် ဆရာဝန်မရှိခြင်းနှင့် မိမိဒေသတွင် ကုသ၍မရသည့် ရောဂါမျိုးလည်း ဖြစ်နေခြင်းမျိုး ရှိတတ်ပါသည်။ အချို့သည်လည်း မိမိတို့၏ ရောဂါကို မိမိတို့ဒေသတွင် ကုသခံယူ၍ရပါသော်လည်း လူသိမခံလိုသည့် ရောဂါဖြစ်နေတတ်ခြင်းများကြောင့် အခြားဒေသများသို့ သွားရောက်ပြီး ကုသခံယူရမည့် အခြေအနေမျိုးလည်း ဖြစ်တတ်ပါသည်။

ထိုသို့ တနယ်တကျေးသို့ သွားရောက်ပြီး ကုသခံယူရမည့် ရောဂါမျိုးဖြစ်နေပါလျှင် ပြင်ဆင်စရာကိစ္စရပ်များ ရှိနေသာကြောင့် ကုသခံယူရန် အချိန်နှောင့်နှေးတတ်ခြင်းမျိုးလည်း ရှိတတ်ပါသည်။ အလုပ်ကိစ္စများကြောင့် မအားလပ်ခြင်း၊ ကုန်ကျမည့် ငွေကြေးများ ရှာဖွေစုဆောင်းရသည့်မျိုးလည်း ရှိတတ်ကြပါသည်။ ထိုကဲ့သို့ အချိန်ယူရသည့် ကိစ္စရပ်များကြောင့် လူနာ၏ ရောဂါကို ပိုမိုပြင်းထန်စေရန် အကြောင်းဖန်လာတတ်ပါသည်။ နယ်ပင်မဆိုထားနှင့် မြို့ကြီးများနေထိုင်သူအချို့သည်ပင်လျှင် ထိုကဲ့သို့သော အခက်အခဲများလည်း ရှိတတ်သဖြင့် ကုသခံယူမှု နှောင့်နှေးတတ်မှုများလည်း ရှိကြပါသည်။ ထို့ကြောင့် ရောဂါတစ်ခုဖြစ်လာပြီဆိုသည်နှင့် ကုသခံယူမှု စောလေကောင်းလေ ဖြစ်ပြီး အချိန်ဆိုသည်မှာ လူနာ၏ အသက်ဖြစ်သည်ကိုလည်း မမေ့စေချင်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုသခံယူမှု နောက်ကျသည့်အခါတွင် လူနာအတွက် ကောင်းကျိုးရရှိမှုထက် ဆိုးကျိုးဖက်သို့သာ ဦးတည်သွားနိုင်သည်ကို အစဉ်သတိပြုရမည်သာ ဖြစ်ပါသည်။ အချို့ရောဂါများသည် မြန်မာပြည်ဒေသအရပ်ရပ်တွင် ပြီးပြည့်စုံစွာ ကုသခံယူရန် မဖြစ်နိုုင်သေးသော အခြေအနေတစ်ရပ်ဖြစ်သောကြောင့် ဖြစ်လာသည့် ရောဂါအလိုက် ကုသခံယူနိုင်မည့် နေရာများကိုလည်း ကြိုတင်လေ့လာထားသင့်ပါသည်။

ထို့နည်းတူစွာပင် HIV နှင့် ပတ်သက်သည့် စစ်တမ်းများအရ ရောဂါဝင်ရောက်ပြီး ငါးနှစ်မှ ဆယ်နှစ်အကြာမှသာ ရောဂါလက္ခဏာပြသည်ဟု ကနဦး ထုတ်ပြန်ချက်များကို အသေစွဲမှတ်ထားသူများလည်း ရှိကြပါသည်။ မိမိတို့၏ ခန္ဓာကိုယ်ထဲသို့ HIV ပိုးရောက်နေသည်ကို မည်သူမှ မသိပဲ သွေးစစ်ဆေးခြင်း ပြုမှသာ သိနိုင်ခြင်းဖြစ်သည်။ HIV ရှိနေသည်ဟု အဖြေသိလာရသော်လည်း မည်သည့်အချိန်ကာလတုန်းက ရောက်ရှိနေသည်ကို မည်သို့မှ တွက်ချက်၍ မရနိုင်ပေ။ ခန့်မှန်းသုံးသပ်မှုများအရသာ အချိန်ကာလကို ထင်ကြေးပေးနိုင်ခြင်းသာ ဖြစ်ပါသည်။

အထက်ပါ ကြေညာချက်များကြောင့် နောင်ငါးနှစ်ဆယ်နှစ်ကြာမှ ကုသခံယူတော့မည်ဟု ဆုံးဖြတ်ထားပါက အမှားကြီးမှားနိုင်သည်ကို သတိပြုသင့်ပါသည်။ HIV ရှိသည်ဟု သိရသည်နှင့် ပုံမှန်ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။ နောက်မှ ကုသခံယူမည်၊ အဆင်ပြေမှ ကုသခံယူမည် ရောဂါဆိုးလာမှ ကုသခံယူမည်ဟု မဆုံးဖြတ်သင့်ပါ။ အချို့သူများသည်လည်း ရောဂါလက္ခဏာပြသည့်အခါမှ သွေးစစ်ဆေးမိသောကြောင့် မိမိတွင် HIV ရှိကြောင်းသိလာရသူများလည်း ရှိနေပါသည်။ ထိုအခါများတွင်လည်း ကုသခံယူမှုအတွက် အကြောင်းအမျိုးမျိုးတို့ကြောင့် အလှမ်းဝေးနေသူများလည်း ရှိနေကြပါသည်။ အချို့သည်လည်း HIV ကို ထိန်းချုပ်သည့် ART ဆေးများအကြောင်းကို ပြီးပြည့်စုံစွာ မသိမဲ့နားစွန်နားဖျားကြားရုံမျှဖြင့် ART ဆေးများသည် ဘေးထွက်ဆိုးကျိုးများရှိနေသောကြောင့် ကုသမှုခံယူရန် အလှမ်းဝေးနေကြသူများလည်း ရှိနေကြသေးသည်ကို တွေ့ရှိရပါသည်။

မကြာသေးမှီကာလတုန်းကထဲက ကျွန်တော့်ထံသို့ HIVပိုးရှိနေသဖြင့် ဖုန်းဖြင့် ဆက်သွယ်အကြံဉာဏ် တောင်းခံလာသူများလည်း ရှိခဲ့ပါသည်။ HIV ရှိနေသည်မှာ ကာလတစ်ခု ကြာပြီဖြစ်သော်လည်း သူတို့နေထိုင်ရာ အရပ်ဒေသတွင် လူသိခံ ၍ကုသရန် မဖြစ်ခြင်း၊ ရန်ကုန်တွင် လာရောက်ကုသရန်အတွက်လည်း လုပ်ငန်းများ မအားလပ်ခြင်း စသည့် အခက်အခဲများ တွေ့ကြုံရနေရသဖြင့် အကြံဉာဏ်တောင်းခံရခြင်းပင် ဖြစ်ပါသည်။ ထိုအခက်အခဲများ တွေ့ကြုံနေရသဖြင့် အကြံပြုဖြေကြားရပါသည်။ ကုသခံယူရန်အတွက် အချိန်စောလေ ပိုကောင်းလေဖြစ်ပြီး ရှိနေသည့်အခက်အခဲများသည် သာမညသာဖြစ်ပြီး ကုသခံယူမှုသည် အဓိကဖြစ်နေကြောင်း လူနာကိုယ်တိုင် ဆုံးဖြတ်ချက်ပိုင်ပိုင်ချနိုင်ရန် လိုအပ်ပါသည်။

HIV ကြောင့် ဆက်နွယ်လာသည့် အခွင့်အရေး ယူဝင်ရောက်လာသောရောဂါများသည် အချိန်မရွေး ဖြစ်လာနိုင်သဖြင့် ထိုရောဂါများ ဝင်ရောက်လာစေရန် တံခါးဖွင့်၍ လက်ကမ်းကြိုနေသည့်သဖွယ်သာ ဖြစ်နေပါတော့သည်။ ထို့အတွက်ကြောင့် HIV သာမက မည်သည့်ရောဂါမဆို စတင်ဖြစ်ပွားသည်ကို သိရှိသည်နှင့် စောစီးစွာ ကုသလေးပိုမိုကောင်းလေ ဖြစ်ပါကြောင်း အလင်းပြရေးသားလိုက်ရပါတော့သည်။

Author: လှိုင်(Peer), Healthcare Journal

Previous Post

တုပ်ကွေးနဲ့ အအေးမိတာ မတူပါ

Next Post

ရာသီမလာခင် စိတ်ကယောက်ကယက် ငိုမလို ရယ်မလို မှန်းရခက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
768
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီမလာခင် စိတ်ကယောက်ကယက် ငိုမလို ရယ်မလို မှန်းရခက်

ရင်ဘတ်အောင့်ခြင်း အန္တရာယ်

မိခင်နို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.