fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဆီးကျိတ်ကြီးခြင်း

928
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2021
in အမျိုးသားကျန်းမာရေး
1 min read
A A

ဆီးကျိတ်ကြီးခြင်း

တစ်ခုသောတနင်္ဂနွေညနေ အိမ်တွင်ကျွန်တော့်အမေနဲ့ကျွန်တော် ဇာတ်လမ်းတွဲကြည့်နေခိုက် အိမ်သို့အပတ်တိုင်း အလည်လာလေ့ရှိသော အမေ့မိတ်ဆွေ ဒေါ်ရွှေစင် ဆိုသူ ရောက်လာသည်။ ကျွန်တော့်ကိုတွေ့သည်နဲ့ “ဟော ဖိုးသားဆရာဝန်လည်း အိမ်မှာရှိနေတာပဲ မေးစရာရှိလို့ လာတာနဲ့အတော်ပဲ။ ရှိမှရှိပါ့မလားလို့ထင်နေတာ” ဟု ရောက်ရောက်ချင်းပြောလေသည်။

ကျွန်တော်ကလည်း မေးပါဗျာဟု ပြန်ပြောရသည် ။

“အဒေါ့်အမျိုးသားဦးတင့်လွင် ဆီးပိုက်ထည့်ထားရတယ်။ ဆရာဝန်ပြတော့ ပုရွက်ဆိတ်ဂလင်းကြီးနေလို့ ပြောတယ်” ။

“ဘယ်လို ဘယ်လို ပုရွက်ဆိတ်ဂလင်း ? ဟုတ်လား အဲ့ဒါတော့ မကြားဖူးဘူး အဒေါ်ရေ ဆေးမှတ်တမ်းစာအုပ်ပါလား။ ပါရင် ပြပါ”။

ဆေးမှတ်တမ်းကြည့်လိုက်မှပဲ ရှင်းသွားတော့သည်။ BPH လို့ရေးထားသည် ။

“ပုရွတ်ဆိတ်ဂလင်းမဟုတ်ပါဘူး။ Prostate gland ပရောစတိတ်ဂလင်း ကြီးတာပါအဒေါ်ရ၊ တစ်နည်းပြောရရင်ဆီးကျိတ်ကြီးတာပါ။”

“မသိပါဘူး။ အဒေါ်နားထဲမှာတော့ ပုရွက်ဆိတ်ဂလင်းလို့ကြားတယ်ထင်လို့ပါ။ ထားပါတော့။ အဲ့ဒီဟာကဘယ်နားမှာရှိတာလဲ ။ ဘာပြုလို့ကြီးရတာလဲ။”

“ဆီးကျိတ်က အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာ ကပ်ပြီးရှိတယ် ။ ဆီးကျိတ်ထဲကနေ ဆီးထွက်ပြွန်က ဖြတ်သွားတယ် ။ ဆီးကျိတ်ကြီးရတဲ့ အကြောင်းရင်းက သေချာမသိနိုင်သေးဘူး။ သုတေသနပညာရှင်တွေယူဆတာကအသက်ကြီးလာတာနဲ့အမျှဆီးကျိတ်ကနေကျားဟော်မုန်း (Testosterone) ထုတ်တာလျှေ့ာနည်းလာတယ်။

ဒါပေမယ့် ကျောက်ကပ်အပေါ်နားမှာရှိတဲ့ adrenal ဂလင်းက အီစတိုဂျင်ဟော်မုန်းထုတ်တာကတော့ ဒီအတိုင်းပဲ။ ဒါကြောင့် အချိုးချလိုက်ရင် အီစတိုဂျင်ကများလာတယ်။ အီစတိုဂျင်က ဆီးကျိတ်ကြီးဖို့ လှုံဆော်တယ်။”

“ဆီးကျိတ်ကြီးရင် ဘာတွေဖြစ်တတ်လဲ ဖိုးသားရေ”

“ဆီးကျိတ်ကြီးတာက လက္ခဏာပြချင်မှပြတာ။ တချို့တွေမှာ ကြီးနေပေမယ့် ဘာမှမဖြစ်တာလည်းရှိတယ်။ ဒါပေမယ့် ဆီးသွားရခက်တာ ၊ဆီးသွားရင်ဆီးတန်းသေးတာ ၊ဆီးသွားတာဆန့်တငင်ငင်ဖြစ်တာ၊ ဆီမထိန်းနိုင်တာ ၊ ညဘက်ဆီးခဏခဏသွားချင်တာ၊ ဆီးသွားပြီးရင်လည်း တစက်စက်ကျနေတာ တွေရှိခဲ့ရင်တော့ဆီးလမ်းကြောင်းဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေလုပ်သင့်တယ်” ။

“ဘယ်လိုစစ်ဆေးမှုတွေလဲဖိုးသား”

“ရိုးရိုးအာထရာဆောင်းရိုက်တာနဲ့ စအိုကနေတစ်ဆင့်အာထရာဆောင်းရိုက်တာတွေ လုပ်နိုင်တယ် ။
လုပ်ကြည့်လို့မှ ဆီးကျိတ်ကြီးနေတယ်ဆိုရင်တော့ ကင်ဆာလား ရိုးရိုးကြီးတာလား သိဖို့အတွက် PSA (Prostate Specific Antigen) ဆိုတာစစ်သင့်တယ်။ နောက်ပြီး ဆီးလမ်းကြောင်းပိုးဝင်၊မဝင်ရယ် ကျောက်ကပ်ကောင်း၊ မကောင်းရယ်သိဖို့ သွေးစစ်ဆီးစစ်တာတွေပါ လုပ်သင့်တယ်” ။

“ကုသတဲ့နည်းလမ်းတွေကရော”

“ဆီးကျိတ်ကြီးတိုင်းတော့ ကုသစရာမလိုပါဘူး။ ဘယ်အချိန်မှာကုရမလဲဆိုတော့ ဆီးရုတ်တရက်မသွားနိုင်ရင် ၊ ဆီးထွက်တဲ့ပြွန်ကဖောင်းလာရင် ၊ ဆီးထဲ သွေးပါရင် ၊ ဆီးပိုးခဏခဏဝင်ရင် ၊ အပေါ်မှာပြောတဲ့လက္ခဏတွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးခဲ့ရင် ကုသဖို့လိုပါပြီ”။

“ဆီးရုတ်တရက် မသွားနိုင်တော့ဘူးဆိုရင်တော့ ဆီးပိုက်ထည့်တာ သို့မဟုတ် ဆီးဖုံးကနေအပေါက်ဖောက်ပြီးပိုက်ထည့်ထားဖို့ လိုပါတယ်” ။

“ကုသတဲ့နည်းတွေကတော့ ခွဲစိတ်ကုသတာ၊ ဆေးသောက်တာ စသဖြင့်ရှိပါတယ် ။

ခွဲစိတ်ကုတဲ့နေရာမှာ အသုံးများတဲ့နည်းကတော့ ဆီးကျိတ်ခြစ်ထုတ်တာလို့ လူပြောများတဲ့ TURP (Trans Uretheral Resection of Prostate) ပါ။ တစ်ခုပြသာနာရှိတာကတော့ ဆီးကျိတ်က
ခြစ်ထုပ်ပြီးရင်လည်း ပြန်ကြီးနိုင်တယ်။ ခြစ်ထုတ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဆီးထွက်ပြွန်ကျဉ်းသွားတာ ၊ ဆီးအိမ်အဝကျဉ်းတာ ၊ သုတ်အပြင်မ  ထွက်တာစတာတွေဖြစ်နိုင်တယ် ။

ဆေးသောက်မယ်ဆိုရင်တော့ 5 alpha reductase inhibitor (Finasteride) သို့မဟုတ် (Dutasteride) သောက်နိုင်ပါတယ်” ။

“ဆေးသောက်ရုံနဲ့ ပျောက်သွားတာကော ရှိလား” ။

“ဆီးကျိတ်ကြီးတဲ့သူတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်လောက်က ဆေးသောက်တာနဲ့ အဆင်ပြေသွားတတ်ပါတယ်”

“ကဲ အဒေါ်သိချင်တာတွေကော စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဖိုးသားဆရာဝန်ကို ကျေးဇူးပါပဲ
ပြန်လိုက်ပါဦးမယ်”

“ဟုတ်ကဲ့ပါ အဒေါ်”

အာရောဂျံ ပရမံ လာဘံ
Author: Dr 528

Previous Post

ကဖင်းဓာတ်နဲ့ ကျန်းမာရေးအယူအဆများ

Next Post

ကွမ်းစားလျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
768
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကွမ်းစားလျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

အစာစားချိန်မမှန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

အရက် ဘယ်လိုဖြတ်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.