fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သားသမီး ထွန်းကားဖို့

159
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/07/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဆရာခင္ဗ်ား ကြၽန္ေတာ္သူငယ္ခ်င္းဇနီးေမာင္ႏွံဟာ အိမ္ေထာင္ျပဳတာ ငါးႏွစ္ေလာက္ရွိပါၿပီ။ သားသမီးအရမ္း လိုခ်င္ေနၾကပါတယ္ ဆရာ။ ဟိုလူက ဟိုဟာေကာင္းတယ္ဆိုလို႔ လိုက္လုပ္တာ။ ဒီလူက ဒီဟာေကာင္းတယ္ဆိုရင္လည္း ႀကိဳးစားၾကည့္ၾကတာပဲ။ ဘယ္မွာသြားၿပီး ဆုေတာင္းဆိုလို႔ အႀကံေပးလိုက္လည္း လိုက္လုပ္ရွာၾကတာပဲ။ ဒါေပမယ့္ ဆရာရယ္။ အခုအထိ သားသမီးမရႏိုင္ေသးပါဘူး။ သူတို႔လင္မယားက ကေလးလိုခ်င္ေနတာ ႐ူးမတက္ေအာင္ပါပဲ ဆရာရယ္။ အဲဒီအေၾကာင္းေလး ဆရာ ေမးခ်င္လို႔ပါ။

သားသမီးလိုခ်င္ပါလ်က္နဲ႔ မရႏိုင္တဲ့ျပႆနာကလည္း မေသးဘူး ကိုမ်ိဳးဆင့္ေရ။ တခ်ိဳ႕ကေတာ့ ရလြန္းလို႔ တားေနၾကရတာ။ တခ်ိဳ႕က်ျပန္ေတာ့ လိုခ်င္ေပမယ့္ မရႏိုင္ျဖစ္ေနၾကတာ။ ေဆးပညာမွာ Infertility ဆိုတာ ရွိတယ္။ ဇနီးေမာင္ႏွံႏွစ္ဦးဟာ အကာအကြယ္မဲ့အတူေနဆက္ဆံပါလ်က္ တစ္ႏွစ္ၾကာသည္အထိ သားသမီးမရႏိုင္ဘူးဆိုရင္ Infertility လို႔ေခၚပါတယ္။ ဆရာဝန္ေတြ အထူးသျဖင့္ သားဖြားမီးယပ္ဆရာဝန္ေတြ ဦးေႏွာက္ေျခာက္ၾကရတဲ့ ျပႆနာပါ။ အခုေတာ့ နည္းပညာေတြ တိုးတက္လာေတာ့ သားသမီးရေအာင္ လုပ္ေပးဖို႔ ယခင္ထက္လြယ္လာပါၿပီ၊ အရင္တစ္ခ်ိန္ကေတာ့ အမ်ိဳးမ်ိဳး ႀကိဳးပမ္းေျဖရွင္းၾကရတဲ့ ျပႆနာႀကီးတစ္ခု ျဖစ္ခဲ့တာေပါ့ဗ်ာ။

သားသမီးမရႏိုင္တာ ဘာေၾကာင့္မ်ားလဲ သိပါရေစ။

မရႏိုင္တဲ့အေၾကာင္းေတြ မေျပာခင္ သားသမီးရဖို႔ လိုအပ္တာေလးေတြ အရင္သိထားရင္ ေကာင္းမလားပဲ။

ဟုတ္ကဲ့ပါ ဆရာ။ ဒါဆိုရင္လည္း သားသမီးရဖို႔လိုအပ္ခ်က္ကေလးေတြပဲ ရွင္းျပေပးပါဦး။

သားသမီးမရဖို႔ အေျခခံက်က်ၾကည့္ရင္ သေႏၶတည္ဖို႔ လိုတယ္။ သေႏၶတည္တယ္ဆိုတာက မမ်ိဳးဥ Ovum ႏွင့္သုက္ပိုး Sperm ထိေတြ႕ေပါင္းစပ္ၿပီး မ်ိဳးေအာင္ရမယ္။ အဲဒီေအာင္ၿပီးသြားတဲ့မ်ိဳးဥဟာ အမ်ိဳးသမီးရဲ႕ သားအိမ္နံရံမွာ ေကာင္းစြာကိုင္တြယ္ၿပီး ႀကီးထြားဖြံ႕ၿဖိဳးလာရမယ္။ ရက္ေပါင္း ၂၇၀ ေလာက္ မိခင္ဝမ္းဗိုက္အတြင္းမွ သေႏၶသားအျဖစ္ ရပ္တည္ၿပီး ေမြးဖြားလာမွသာ သားသမီးဆိုတာ ရႏိုင္မွာ။

အဲဒီျဖစ္စဥ္မွာ တစ္ေနရာမွာ ခ်ိဳ႕ယြင္းေနၿပီဆိုရင္ေတာ့ သားသမီးရဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူးေပါ့။ မမ်ိဳးဥဆိုတာကလည္း မမ်ိဳးဥအိမ္ Ovary ကတစ္လမွာ တစ္ႀကိမ္သာေႂကြတာကိုး။ တစ္ႀကိမ္မွာလည္း အမ်ားအားျဖင့္ တစ္လုံးတည္းပဲေလ။ မမ်ိဳးဥေပါက္ေႂကြတာက အမ်ိဳးသမီးတစ္ေယာက္ မီးယပ္ေသြးစတင္ ေပၚတဲ့ေန႔ကစၿပီး ေရတြက္ရင္ ၁၄ ရက္ေျမာက္ေန႔မွာပါ။

အဲဒီရင့္မွည့္ေနတဲ့ မမ်ိဳးဥက သုတ္ပိုးနဲ႔ေအာင္ျမင္စြာ ထိေတြ႕ေပါင္းစပ္ႏိုင္မွ သေႏၶေအာင္မွာ။ သုတ္ပိုးကေတာ့ က်န္းမာတဲ့ အမ်ိဳးသားတစ္ေယာက္ထုတ္လႊတ္တဲ့ သုတ္ရည္မွာ တစ္မီလီလီတာမွာ သန္း ၁၀၀ ေလာက္ပါတယ္။ အမ်ိဳးသားတစ္ဦးက တစ္ႀကိမ္ ဆႏၵၿပီးေျမာက္လို႔ သုတ္ရည္ထုတ္လႊတ္ရာမွာ သုံးမီလီလီတာေလာက္ရွိေတာ့ သန္း ၃၀၀ ေလာက္ပါတယ္။ အဲဒီသန္း ၃၀၀ ထဲက လူစြမ္းေကာင္း အဲ့ သုတ္စြမ္းေကာင္းတစ္ေကာင္ပဲလိုတာပါ။ အဲဒီသုတ္ပိုးတစ္ေကာင္က ေအာင္ျမင္စြာမမ်ိဳးဥနဲ႔ ေပါင္းစပ္ႏိုင္ၿပီဆိုရင္ သေႏၶေအာင္ၿပီ။

သားသမီးရဖို႔အေျခခံျဖစ္တဲ့ သေႏၶေအာင္ျခင္းအေၾကာင္းေတာ့ သိခဲ့ရပါၿပီ ဆရာ။ သားသမီး မရႏိုင္တဲ့ ခ်ိဳ႕ယြင္းခ်က္ေတြလည္း ေျပာျပေပးပါလား ခင္ဗ်ာ။

ေစာေစာကသုတ္ရည္အေၾကာင္း၊ သုတ္ပိုးအေၾကာင္း နည္းနည္းေတာ့ ေျပာခဲ့ၿပီးၿပီ။ အဲဒီသုတ္ပိုးမွာ ခ်ိဳ႕ယြင္းခ်က္ရွိရင္ သားသမီးမရႏိုင္ေတာ့ဘူး။ သုတ္ပိုးခ်ိဳ႕ယြင္းခ်က္ေၾကာင့္ သားသမီးမရတာ ၂၅ ရာခိုင္ႏႈန္းေလာက္ ရွိတယ္။ သုတ္ပိုးအေရအတြက္နည္းတာ။ မူမမွန္တဲ့ (ပုံသဏၭာန္မမွန္တဲ့) သုတ္ပိုးေတြမ်ားေနတာ။ သုတ္ပိုးေတြ တက္တက္ႂကြႂကြ ေ႐ြ႕လ်ားႏိုင္ျခင္း မရွိတာစတဲ့ ခ်ိဳ႕ယြင္းခ်က္ေတြရွိရင္ သားသမီးမရႏိုင္ေတာ့ဘူး။

မမ်ိဳးဝအိမ္က မမ်ိဳးဥမေပါက္ႏိုင္တာကလည္း သားသမီးမရတဲ့ အဓိကအေၾကာင္းတစ္ခုပါပဲ။ အဲဒါေၾကာင့္ သားသမီးမရတာ ၂၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ မမ်ိဳးဥမေႂကြမွာေတာ့ ဘယ္လိုမွသားသမီးမရေတာ့ဘူးေပါ့။

အျခားအေၾကာင္းေတြမ်ားေကာ က်န္ပါေသးလားဆရာ။

အခုေျပာခဲ့တာ ႏွစ္မ်ိဳးပဲရွိပါေသးတယ္။ သုတ္ပိုးခ်ိဳ႕ယြင္းခ်က္နဲ႔ မမ်ိဳးဥမေႂကြတာ။ ေနာက္ထပ္အမ်ားႀကီးက်န္ေသးတယ္။ မမ်ိဳးဥဟာ သုတ္ပိုးနဲ႔ ေပါင္းစပ္ဖို႔၊ မမ်ိဳးဥေကာ သုတ္ပိုးပါ သားအိမ္ႁပြန္ထဲေရာက္လာၾကဖို႔ လိုတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြမွာ သားအိမ္ႁပြန္ Uterine tube or Fallopian Tube ပိတ္ဆို႔ေနရင္လည္း သေႏၶတည္ေပါင္းစပ္ဖို႔ မျဖစ္ႏိုုင္ေတာ့ရင္ သားသမီးမရႏိုင္ေတာ့ဘူးေလ။ ခုႁပြန္လမ္းေၾကာင္း ပိတ္ဆို႔မႈဟာလည္း သေႏၶမတည္၊ သားသမီးမရမႈရဲ႕ ၁၅ ရာခိုင္ႏႈန္းေလာက္ရွိတယ္။

တခ်ိဳ႕အမ်ိဳးသမီးေတြမွာ သားအိမ္ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ သားသမီးမရႏိုင္တာမ်ိဳး ရွိပါတယ္။ ရာႏႈန္းအားျဖင့္ေတာ့ နည္းပါတယ္။ ၅ ရာခိုင္ႏႈန္းေလာက္ပါ။ ဆက္ဆံမႈခ်ိဳ႕ယြင္းခ်က္ေၾကာင့္ သေႏၶမတည္ႏိုင္တာမ်ိဳးကေတာ့လည္း ၅ ရာခိုင္ႏႈန္းျဖစ္တယ္။ သားအိမ္အဝမွာရွိတဲ့ ျမဴးကပ္လႊာခ်ိဳ႕ယြင္းခ်က္ေၾကာင့္ သားသမီး မရႏိုင္တာကေတာ့ ၃ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ထူးထူးျခားျခားေတြ႕ရတာေလးရွိတယ္။

ဘယ္လိုထူးျခားတာမ်ိဳးပါလဲ ဆရာ။

အမ်ိဳးသားေတြတစ္ႀကိမ္ ထုတ္လႊင့္တဲ့ သုတ္ရည္မွာ သုတ္ပိုးသန္း ၃၀၀ ေလာက္ပါတယ္ဆိုတာ ေျပာခဲ့ၿပီးၿပီ။ ထူးျခားတယ္ဆိုတာက အမ်ိဳးသားက ထုတ္လႊတ္တဲ့သုတ္ရည္မွာ သုတ္ပိုးလုံးဝမပါလာျခင္းပါ။ အင္မတန္ေတာ့ ရွားတယ္လို႔ ဆိုရမွာပါ။ ဒီျပႆနာေၾကာင့္ သားသမီးမရႏိုင္တာက ၂ ရာခိုင္ႏႈန္းေလာက္ ရွိတယ္။

ခ်ိဳ႕ယြင္းခ်က္ေတြ အေၾကာင္းလဲ သိရလို႔ ဗဟုသုတတိုးခဲ့ရပါၿပီ ဆရာ။ သားသမီးရေအာင္ ဘယ္လိုမ်ား ေဆာင္႐ြက္ေပးႏိုင္ပါသလဲ။

ဒီအပိုင္းေျပာရင္လည္း က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးမွ ျပည့္စုံမွာ။ အၾကမ္းသေဘာေျပာရရင္ ပထမဦးဆုံး အမ်ိဳးသမီးနဲ႔ အမ်ိဳးသား ႏွစ္ဦးစလုံးရဲ႕ က်န္းမာေရးရာဇဝင္မွတ္တမ္း ရယူဖို႔ လိုတယ္။ က်န္းမာေရးအေထြေထြ စစ္ေဆးၾကရမယ္။ ၿပီးမွ လိုအပ္တဲ့ ဓာတ္ခြဲစစ္ေဆးတာ၊ ေသြးစစ္တာ၊ ဆီးစစ္တာ၊ ဓာတ္မွန္႐ိုက္တာ၊ အာထရာေဆာင္း႐ိုက္တာ၊ မွန္ေျပာင္းနဲ႔ၾကည့္စစ္ေဆးတာကစၿပီး ကြန္ပ်ဴတာ ဓာတ္မွန္႐ိုက္တာမ်ိဳးအထိ လိုရင္လိုသလို စစ္ေဆးရမွာပါ။ ခ်ိဳ႕ယြင္းခ်က္ကို ရွာတဲ့သေဘာပါ။ ခ်ိဳ႕ယြင္းခ်က္ရွာေတြ႕လို႔ ဖယ္ရွားပစ္ႏိုင္ရင္ေတာ့ သားသမီးရလာႏိုင္မွာပါ။ ယခုေနာက္ပိုင္းေတာ့ ျပင္ပမွသေႏၶေအာင္ေစၿပီး သားသမီးရေစတာ။ IVF (Invitro Fertilization) တို႔ျပင္ပမွာ မမ်ိဳးဥႀကီးထြားေစၿပီး သားသမီးရေအာင္ျပဳလုပ္တာ IVM (Invitro Maturation) တို႔ဆိုတာေတြနဲ႔ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ေပးေနပါၿပီဗ်ာ။

Author: ေဒါက္တာေအာင္ေက်ာ္

 

(Unicode)

ဆရာခင်ဗျား ကျွန်တော်သူငယ်ချင်းဇနီးမောင်နှံဟာ အိမ်ထောင်ပြုတာ ငါးနှစ်လောက်ရှိပါပြီ။ သားသမီးအရမ်း လိုချင်နေကြပါတယ် ဆရာ။ ဟိုလူက ဟိုဟာကောင်းတယ်ဆိုလို့ လိုက်လုပ်တာ။ ဒီလူက ဒီဟာကောင်းတယ်ဆိုရင်လည်း ကြိုးစားကြည့်ကြတာပဲ။ ဘယ်မှာသွားပြီး ဆုတောင်းဆိုလို့ အကြံပေးလိုက်လည်း လိုက်လုပ်ရှာကြတာပဲ။ ဒါပေမယ့် ဆရာရယ်။ အခုအထိ သားသမီးမရနိုင်သေးပါဘူး။ သူတို့လင်မယားက ကလေးလိုချင်နေတာ ရူးမတက်အောင်ပါပဲ ဆရာရယ်။ အဲဒီအကြောင်းလေး ဆရာ မေးချင်လို့ပါ။

သားသမီးလိုချင်ပါလျက်နဲ့ မရနိုင်တဲ့ပြဿနာကလည်း မသေးဘူး ကိုမျိုးဆင့်ရေ။ တချို့ကတော့ ရလွန်းလို့ တားနေကြရတာ။ တချို့ကျပြန်တော့ လိုချင်ပေမယ့် မရနိုင်ဖြစ်နေကြတာ။ ဆေးပညာမှာ Infertility ဆိုတာ ရှိတယ်။ ဇနီးမောင်နှံနှစ်ဦးဟာ အကာအကွယ်မဲ့အတူနေဆက်ဆံပါလျက် တစ်နှစ်ကြာသည်အထိ သားသမီးမရနိုင်ဘူးဆိုရင် Infertility လို့ခေါ်ပါတယ်။ ဆရာဝန်တွေ အထူးသဖြင့် သားဖွားမီးယပ်ဆရာဝန်တွေ ဦးနှောက်ခြောက်ကြရတဲ့ ပြဿနာပါ။ အခုတော့ နည်းပညာတွေ တိုးတက်လာတော့ သားသမီးရအောင် လုပ်ပေးဖို့ ယခင်ထက်လွယ်လာပါပြီ၊ အရင်တစ်ချိန်ကတော့ အမျိုးမျိုး ကြိုးပမ်းဖြေရှင်းကြရတဲ့ ပြဿနာကြီးတစ်ခု ဖြစ်ခဲ့တာပေါ့ဗျာ။

သားသမီးမရနိုင်တာ ဘာကြောင့်များလဲ သိပါရစေ။

မရနိုင်တဲ့အကြောင်းတွေ မပြောခင် သားသမီးရဖို့ လိုအပ်တာလေးတွေ အရင်သိထားရင် ကောင်းမလားပဲ။

ဟုတ်ကဲ့ပါ ဆရာ။ ဒါဆိုရင်လည်း သားသမီးရဖို့လိုအပ်ချက်ကလေးတွေပဲ ရှင်းပြပေးပါဦး။

သားသမီးမရဖို့ အခြေခံကျကျကြည့်ရင် သန္ဓေတည်ဖို့ လိုတယ်။ သန္ဓေတည်တယ်ဆိုတာက မမျိုးဥ Ovum နှင့်သုက်ပိုး Sperm ထိတွေ့ပေါင်းစပ်ပြီး မျိုးအောင်ရမယ်။ အဲဒီအောင်ပြီးသွားတဲ့မျိုးဥဟာ အမျိုးသမီးရဲ့ သားအိမ်နံရံမှာ ကောင်းစွာကိုင်တွယ်ပြီး ကြီးထွားဖွံ့ဖြိုးလာရမယ်။ ရက်ပေါင်း ၂၇၀ လောက် မိခင်ဝမ်းဗိုက်အတွင်းမှ သန္ဓေသားအဖြစ် ရပ်တည်ပြီး မွေးဖွားလာမှသာ သားသမီးဆိုတာ ရနိုင်မှာ။

အဲဒီဖြစ်စဉ်မှာ တစ်နေရာမှာ ချို့ယွင်းနေပြီဆိုရင်တော့ သားသမီးရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ မမျိုးဥဆိုတာကလည်း မမျိုးဥအိမ် Ovary ကတစ်လမှာ တစ်ကြိမ်သာကြွေတာကိုး။ တစ်ကြိမ်မှာလည်း အများအားဖြင့် တစ်လုံးတည်းပဲလေ။ မမျိုးဥပေါက်ကြွေတာက အမျိုးသမီးတစ်ယောက် မီးယပ်သွေးစတင် ပေါ်တဲ့နေ့ကစပြီး ရေတွက်ရင် ၁၄ ရက်မြောက်နေ့မှာပါ။

အဲဒီရင့်မှည့်နေတဲ့ မမျိုးဥက သုတ်ပိုးနဲ့အောင်မြင်စွာ ထိတွေ့ပေါင်းစပ်နိုင်မှ သန္ဓေအောင်မှာ။ သုတ်ပိုးကတော့ ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ထုတ်လွှတ်တဲ့ သုတ်ရည်မှာ တစ်မီလီလီတာမှာ သန်း ၁၀၀ လောက်ပါတယ်။ အမျိုးသားတစ်ဦးက တစ်ကြိမ် ဆန္ဒပြီးမြောက်လို့ သုတ်ရည်ထုတ်လွှတ်ရာမှာ သုံးမီလီလီတာလောက်ရှိတော့ သန်း ၃၀၀ လောက်ပါတယ်။ အဲဒီသန်း ၃၀၀ ထဲက လူစွမ်းကောင်း အဲ့ သုတ်စွမ်းကောင်းတစ်ကောင်ပဲလိုတာပါ။ အဲဒီသုတ်ပိုးတစ်ကောင်က အောင်မြင်စွာမမျိုးဥနဲ့ ပေါင်းစပ်နိုင်ပြီဆိုရင် သန္ဓေအောင်ပြီ။

သားသမီးရဖို့အခြေခံဖြစ်တဲ့ သန္ဓေအောင်ခြင်းအကြောင်းတော့ သိခဲ့ရပါပြီ ဆရာ။ သားသမီး မရနိုင်တဲ့ ချို့ယွင်းချက်တွေလည်း ပြောပြပေးပါလား ခင်ဗျာ။

စောစောကသုတ်ရည်အကြောင်း၊ သုတ်ပိုးအကြောင်း နည်းနည်းတော့ ပြောခဲ့ပြီးပြီ။ အဲဒီသုတ်ပိုးမှာ ချို့ယွင်းချက်ရှိရင် သားသမီးမရနိုင်တော့ဘူး။ သုတ်ပိုးချို့ယွင်းချက်ကြောင့် သားသမီးမရတာ ၂၅ ရာခိုင်နှုန်းလောက် ရှိတယ်။ သုတ်ပိုးအရေအတွက်နည်းတာ။ မူမမှန်တဲ့ (ပုံသဏ္ဌာန်မမှန်တဲ့) သုတ်ပိုးတွေများနေတာ။ သုတ်ပိုးတွေ တက်တက်ကြွကြွ ရွေ့လျားနိုင်ခြင်း မရှိတာစတဲ့ ချို့ယွင်းချက်တွေရှိရင် သားသမီးမရနိုင်တော့ဘူး။

မမျိုးဝအိမ်က မမျိုးဥမပေါက်နိုင်တာကလည်း သားသမီးမရတဲ့ အဓိကအကြောင်းတစ်ခုပါပဲ။ အဲဒါကြောင့် သားသမီးမရတာ ၂၀ ရာခိုင်နှုန်းလောက်ရှိတယ်။ မမျိုးဥမကြွေမှာတော့ ဘယ်လိုမှသားသမီးမရတော့ဘူးပေါ့။

အခြားအကြောင်းတွေများကော ကျန်ပါသေးလားဆရာ။

အခုပြောခဲ့တာ နှစ်မျိုးပဲရှိပါသေးတယ်။ သုတ်ပိုးချို့ယွင်းချက်နဲ့ မမျိုးဥမကြွေတာ။ နောက်ထပ်အများကြီးကျန်သေးတယ်။ မမျိုးဥဟာ သုတ်ပိုးနဲ့ ပေါင်းစပ်ဖို့၊ မမျိုးဥကော သုတ်ပိုးပါ သားအိမ်ပြွန်ထဲရောက်လာကြဖို့ လိုတယ်။ တချို့အမျိုးသမီးတွေမှာ သားအိမ်ပြွန် Uterine tube or Fallopian Tube ပိတ်ဆို့နေရင်လည်း သန္ဓေတည်ပေါင်းစပ်ဖို့ မဖြစ်နိုုင်တော့ရင် သားသမီးမရနိုင်တော့ဘူးလေ။ ခုပြွန်လမ်းကြောင်း ပိတ်ဆို့မှုဟာလည်း သန္ဓေမတည်၊ သားသမီးမရမှုရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိတယ်။

တချို့အမျိုးသမီးတွေမှာ သားအိမ်ချို့ယွင်းချက်ကြောင့် သားသမီးမရနိုင်တာမျိုး ရှိပါတယ်။ ရာနှုန်းအားဖြင့်တော့ နည်းပါတယ်။ ၅ ရာခိုင်နှုန်းလောက်ပါ။ ဆက်ဆံမှုချို့ယွင်းချက်ကြောင့် သန္ဓေမတည်နိုင်တာမျိုးကတော့လည်း ၅ ရာခိုင်နှုန်းဖြစ်တယ်။ သားအိမ်အဝမှာရှိတဲ့ မြူးကပ်လွှာချို့ယွင်းချက်ကြောင့် သားသမီး မရနိုင်တာကတော့ ၃ ရာခိုင်နှုန်းလောက်ရှိတယ်။ ထူးထူးခြားခြားတွေ့ရတာလေးရှိတယ်။

ဘယ်လိုထူးခြားတာမျိုးပါလဲ ဆရာ။

အမျိုးသားတွေတစ်ကြိမ် ထုတ်လွှင့်တဲ့ သုတ်ရည်မှာ သုတ်ပိုးသန်း ၃၀၀ လောက်ပါတယ်ဆိုတာ ပြောခဲ့ပြီးပြီ။ ထူးခြားတယ်ဆိုတာက အမျိုးသားက ထုတ်လွှတ်တဲ့သုတ်ရည်မှာ သုတ်ပိုးလုံးဝမပါလာခြင်းပါ။ အင်မတန်တော့ ရှားတယ်လို့ ဆိုရမှာပါ။ ဒီပြဿနာကြောင့် သားသမီးမရနိုင်တာက ၂ ရာခိုင်နှုန်းလောက် ရှိတယ်။

ချို့ယွင်းချက်တွေ အကြောင်းလဲ သိရလို့ ဗဟုသုတတိုးခဲ့ရပါပြီ ဆရာ။ သားသမီးရအောင် ဘယ်လိုများ ဆောင်ရွက်ပေးနိုင်ပါသလဲ။

ဒီအပိုင်းပြောရင်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှ ပြည့်စုံမှာ။ အကြမ်းသဘောပြောရရင် ပထမဦးဆုံး အမျိုးသမီးနဲ့ အမျိုးသား နှစ်ဦးစလုံးရဲ့ ကျန်းမာရေးရာဇဝင်မှတ်တမ်း ရယူဖို့ လိုတယ်။ ကျန်းမာရေးအထွေထွေ စစ်ဆေးကြရမယ်။ ပြီးမှ လိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးတာ၊ သွေးစစ်တာ၊ ဆီးစစ်တာ၊ ဓာတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ၊ မှန်ပြောင်းနဲ့ကြည့်စစ်ဆေးတာကစပြီး ကွန်ပျူတာ ဓာတ်မှန်ရိုက်တာမျိုးအထိ လိုရင်လိုသလို စစ်ဆေးရမှာပါ။ ချို့ယွင်းချက်ကို ရှာတဲ့သဘောပါ။ ချို့ယွင်းချက်ရှာတွေ့လို့ ဖယ်ရှားပစ်နိုင်ရင်တော့ သားသမီးရလာနိုင်မှာပါ။ ယခုနောက်ပိုင်းတော့ ပြင်ပမှသန္ဓေအောင်စေပြီး သားသမီးရစေတာ။ IVF (Invitro Fertilization) တို့ပြင်ပမှာ မမျိုးဥကြီးထွားစေပြီး သားသမီးရအောင်ပြုလုပ်တာ IVM (Invitro Maturation) တို့ဆိုတာတွေနဲ့ အောင်မြင်အောင် လုပ်ဆောင်ပေးနေပါပြီဗျာ။

Author: ဒေါက်တာအောင်ကျော်

Previous Post

ရင်သားကင်ဆာ

Next Post

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
772
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်

ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အစားအသောက်များ

ဖြူစင်တင့်တယ်သော အသားအရေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.