fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

တစ်နှစ်တစ်ခါပြီးနေတာ

22
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ကမာၻ႔ HIV ေလာကအတြက္ တစ္ႏွစ္လွ်င္ ပြဲႀကီးႏွစ္ပြဲကို ႏွစ္စဥ္ ႏိုင္ငံတိုင္းမွ ျပဳလုပ္က်င္းပေလ့ရွိၾကပါသည္။ ႏွစ္စဥ္ ဒီဇင္ဘာလ(၁)ရက္ေန႔ကို ကမာၻတစ္ဝွမ္း World AIDS Day ေန႔အျဖစ္ သတ္မွတ္သလို ေမလ တတိယပတ္တြင္ Candle Light Memorial မီးထြန္းဆုေတာင္းပြဲ အခမ္းအနားမ်ား ျပဳလုပ္ေလ့ရွိပါသည္။ HIV ေၾကာင့္ကြယ္လြန္ခဲ့ရသူမ်ားအတြက္ဆုမြန္ေကာင္းေတာင္းၾကသလို ေနာက္ထပ္လူမ်ားစြကို မကူးစက္ေစရန္ အလင္းျပေဖာ္ျပျခင္းလည္း ျဖစ္ပါသည္။ သို႔ေသာ္ HIV ကူးစက္မႈမ်ားကေတာ့ ရပ္တန႔္မသြားေသးဘဲ ဆက္လက္ၿပီးကူးစက္ေနဆဲပင္ ျဖစ္ပါသည္။ထိုပြဲႀကီးႏွစ္ပြဲ ျပဳလုပ္ခ်ိန္ ကာလမ်ားတြင္ ပုံႏွိပ္ႏွင့္ ႐ုပ္သံမီဒီယာသားမ်ားတြင္ HIV ႏွင့္ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ား၊ ဇာတ္လမ္းတင္ဆက္မႈမ်ား ပလူပ်ံေအာင္ပင္ ထုတ္လႊင့္ျပသေနၾကပါေတာ့သည္။

ထိုအခ်ိန္ကာလတစ္ခုၿပီးဆုံးသြားသည္ႏွင့္HIV ႏွင့္ပတ္သက္ေသာသတင္းအခ်က္အလက္မ်ား ေဖာ္ျပမႈရပ္တန႔္သြားၿပီး ၿငိမ္သြားပါေလေတာ့သည္။HIV ဆိုသည္မွာလူတစ္ဦးမွ တစ္ဦးသို႔ ေန႔စဥ္ကူးစက္မႈ ရွိေနျခင္းျဖစ္ေနသျဖင့္ HIV သတင္းအခ်က္အလက္မ်ားကို စဥ္ဆက္မျပတ္ ေဖာ္ျပေနမွသာလွ်င္ ကူးစက္မႈမ်ားကို ေအာင္ျမင္စြာ ေလွ်ာ့ခ်ႏိုင္ျခင္း၊ ေဆးဝါးကုသမႈ ခံယူလာႏိုင္ျခင္းႏွင့္ ခြဲျခား ဆက္ဆံခံရမႈကို ထိေရာက္စြာ ေလွ်ာ့ခ်ႏိုင္မည္သာ ျဖစ္ပါသည္။ ပြဲစဥ္မ်ာ က်င္းပေလ့ရွိသည့္ အခ်ိန္တိုအတြင္းသာ သတင္းေဖာ္ျပေနမႈမ်ားသည္ ထိေရာက္စြာ ေအာင္ျမင္မႈမရႏိုင္ျခင္းကိုလည္း သိေစလိုပါသည္။

ႏိုင္ငံတိုင္း၏ အေရးတြင္ HIV အေရးသည္လည္း အေရးႀကီးက႑တစ္ခုျဖစ္ေနသည္ကို သတိတစ္ခုျပဳေစလိုပါသည္။ ထိုပြဲစဥ္မ်ားက်င္းပႏိုင္ေရးအတြက္ ေငြကုန္ေၾကးက်မ်ားသလို ကုန္က်မည့္ ေငြမ်ားကို ႀကိဳတင္ရွာေဖြရျခင္းမ်ား အစီအစဥ္မ်ား ႀကိဳတင္ေရးဆြဲျပင္ဆင္ရျခင္းမ်ားသည္လည္း ရွိေနစၿမဲ ျဖစ္သည့္အတြက္ ထိုပြဲမ်ားၿပီးဆုံးၿပီး ေနာက္ပိုင္း ရလဒ္ေကာင္းမ်ား ထြက္ေပၚလာႏိုင္မွသာလွ်င္ အက်ိဳးတစ္ခုျဖစ္ထြန္းႏိုင္မည္သာျဖစ္ပါသည္။ ယခုေတာ့ ဤသို႔မဟုတ္ဘဲ ထိုပြဲမ်ားၿပီးသြားသည္ႏွင့္ HIV အေရးမ်ား ၿပီးဆုံးသြားသကဲ့သို႔ ျဖစ္ေနပါေတာ့သည္။ HIV ေလာကတြင္ ဝင္ေရာက္ဦးစီး ဦးေဆာင္ျပဳလုပ္ေနမႈမ်ားသည္လည္း HIV အေရးအတြက္ရလဒ္ေကာင္းမ်ား ရႏိုင္မည္ မဟုတ္ပါ။ထိုပြဲမ်ားျဖစ္ေျမာက္ေရးအတြက္ HIV ရွိသူအမ်ားစုမွ ကိုယ္တိုင္ကိုယ္က် ပူးေပါင္းပါဝင္ၾကရသည္ျဖစ္ရာ ပြဲၿပီးလူပန္းစိတ္ပန္း ရလဒ္ေကာင္း ႏွစ္စဥ္ထြက္ေပၚမလာျခင္းသည္ HIV ေလာကအတြက္ ထူးမျခားနားသာ ျဖစ္ၿပီး ေပ်ာ္ပႊဲ႐ႊင္ပႊဲ ျပဳလုပ္ေနသည္ႏွင့္သာ တူေနပါေတာ့သည္။

ထိုပြဲမ်ားအၿပီးတြင္ ၿပီးေတာ့လည္း အလုပ္တစ္ခုၿပီးတာပါပဲဟုသာ သေဘာထားမ်ားသာ အဖတ္တင္က်န္ရစ္ရပါေလေတာ့သည္။   ဤကဲ့သို႔ ပြဲမ်ားႏွစ္စဥ္က်င္းပလာခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္သည့္တိုင္ ထူးမျခားနား ပြဲမ်ားအျဖစ္သာ တည္ရွိလ်က္ျဖစ္ေနပါသည္။ ထိုပြဲမ်ားကိုလည္း ႏွစ္စဥ္ႏွစ္တိုင္း ဗဟုသုတ ျပည့္ေနသည့္ ၿမိဳ႕ႀကီးမ်ားတြင္သာ က်င္းပေလ့ရွိသည့္အတြက္ ျပည့္ၿပီးသား အိုးကို ထပ္ျဖည့္ေနသည့္သဖြယ္ ျဖစ္ေနပါေတာ့သည္။အမွန္တကယ္ ျဖစ္သင့္သည္မွာHIV ဗဟုသုတနည္းပါးသည့္ ေဒသမ်ားတြင္အလွည့္က် ေျပာင္းလဲက်င္းပႏိုင္မွသာလွ်င္Knowledge Sharing အမွန္ျဖစ္   ေနပါမည္။ သိေနသူမ်ား ထပ္ခါထပ္ခါ သိေနၿပီး မသိေသးသူမ်ား သိခြင့္ရမေနျခင္းသည္လည္း HIV ေလာကအတြက္ ေအာင္ျမင္မႈမွတ္တိုင္တစ္ခု တည္ေထာင္ႏိုင္မည္ မဟုတ္ေပ။

နယ္မ်ားတြင္ HIV ဆိုလွ်င္ နကန္းတစ္လုံးမွ် ဗဟုသုတ မရွိေသးသူမ်ားစြာ ရွိေနပါသည္။ ထိုသို႔ မသိေသးသူမ်ားအတြက္ အႏၲရာယ္သည္ ပိုမိုၿပီး အေရးႀကီးလ်က္ ရွိေနသည္ကို ဦးေဆာင္သူမ်ားမွ အ      ေၾကာင္းအမ်ိဳးမ်ိဳးတို႔ေၾကာင့္ ဖန္တီးေပးႏိုင္မႈ မရွိျခင္းသည္လည္း လိုအပ္ခ်က္တစ္ခုပင္ ျဖစ္ပါသည္။ ျမန္မာႏိုင္ငံရွိ ၿမိဳ႕ႀကီးမ်ားႏွင့္ နယ္ၿမိဳ႕မ်ားပါမက်န္ ၿမိဳ႕တိုင္းတြင္ HIV ကူးစက္ခံေနရသူမ်ားလည္း ျဖစ္ပါသည္။ မ်ားေသာအားျဖင့္ မူးယစ္ေဆးဝါး ထြက္ရွိရာေနရာမ်ား၊ သုံးစြဲသူမ်ားသည့္ေနရာမ်ား၊ တြင္းထြက္ေက်ာက္မ်ား ထြက္ရွိသည့္ ေနရာမ်ားတြင္ HIV ကူးစက္မႈ အႏၲရာယ္မ်ားျပားသည့္အတြက္ ထိုေနရာတြင္ HIV ႏွင့္ပတ္သက္သည့္ ပညာေပးလုပ္ငန္းမ်ိဳးစုံကို ၿမိဳ႕ႀကီးမ်ားထက္ ပိုမို က်င္းပျပဳလုပ္ေပးသင့္ပါသည္။

တစ္ခါလာလည္း သည္ၿမိဳ႕သည္ေနရာ၊ သည္ပြဲမ်ားပင္ ထပ္လ်က္ရွိေနသည့္အတြက္ ဆင့္ပြားရလဒ္ေကာင္းမ်ား ရရွိႏိုင္မည္မဟုတ္။ အလုပ္ျဖစ္လွ်င္ၿပီးေရာ သေဘာအသြင္ေဆာင္ေနသည့္အတြက္   တစ္ႏွစ္တစ္ခါ ၿပီးသြားယုံအေျခအေနသာ ျဖစ္လွ်င္ရွိေနပါေတာ့သည္။HIV ႏွင့္ပတ္သက္သည့္ကာကြယ္ေရး၊ကုသေရးႏွင့္ ျပဳစုေစာင့္ေရွာက္ေရး လုပ္ငန္းစဥ္ႀကီးသုံးခုစလုံးသည္ တစ္ခုႏွင့္တစ္ခု ဆက္စပ္လ်က္ရွိၿပီး က်ယ္ျပန႔္ေသာ သေဘာအသြင္ကို ေဆာင္ေနပါသည္။

ထိုလုပ္ငန္းစဥ္ႀကီး သုံးခုစလုံး ဟန္ခ်က္ညီညီ လႈပ္ရွားမွသာလွ်င္ ေအာင္ျမင္မႈ ရလဒ္ေကာင္းမ်ား ရရွိႏိုင္ပါသည္။ တစ္ခုတြင္ အားနည္းေနပါက ေအာင္ျမင္မႈရလဒ္ေကာင္း ရႏိုင္မည္မဟုတ္ပါ။ အရာရာတိုင္း လုပ္ငန္းတိုင္းတြင္ အခက္အခဲမ်ား ရွိေနတတ္ေသာ္လည္း အျခားေသာလုပ္ငန္းထက္စာလွ်င္ HIV အေရးသည္ အမ်ိဳးသားအေရးျဖစ္သလို ႏိုင္ငံ၏ အေရးႀကီးလုပ္ငန္းစဥ္ တစ္ရပ္ႀကီးလည္း ျဖစ္ပါသည္။ တစ္ႏွစ္တြင္မွ ႏွစ္ႀကိမ္သာ ျပဳလုပ္ေနျခင္းသည္လည္း ေကာက္႐ိုးမီးသဖြယ္ ဟုန္းကနဲ ထေတာက္ၿပီး ျပန္ၿငိမ္းသြားသည့္ပုံစံမ်ိဳးသာ ျဖစ္လ်က္ရွိေနပါသည္။ စဥ္ဆက္မျပတ္ HIV အေရး ႏႈိးေဆာ္မႈမ်ားကို ေခါင္းစဥ္ အမ်ိဳးမ်ိဳး ေျပာင္းလဲ၍လည္းေကာင္း၊ ေနရာေဒသ၊လူအမ်ိဳးမ်ိဳးကို ေျပာင္းလဲခ်ဥ္းကပ္ၿပီး ျဖန႔္က်က္လုပ္ေဆာင္မွသာလွ်င္ ေအာင္ျမင္မႈေကာင္းမ်ားရႏိုင္ေၾကာင္း ေရးသားသတိေပးလိုက္ရပါေတာ့သည္။

Author: Dr.ျဖဴစင္ ,Healthcare Journal, vol 8, no 21 (9.6.17)

(Unicode)

ကမ္ဘာ့ HIV လောကအတွက် တစ်နှစ်လျှင် ပွဲကြီးနှစ်ပွဲကို နှစ်စဉ် နိုင်ငံတိုင်းမှ ပြုလုပ်ကျင်းပလေ့ရှိကြပါသည်။ နှစ်စဉ် ဒီဇင်ဘာလ(၁)ရက်နေ့ကို ကမ္ဘာတစ်ဝှမ်း World AIDS Day နေ့အဖြစ် သတ်မှတ်သလို မေလ တတိယပတ်တွင် Candle Light Memorial မီးထွန်းဆုတောင်းပွဲ အခမ်းအနားများ ပြုလုပ်လေ့ရှိပါသည်။ HIV ကြောင့်ကွယ်လွန်ခဲ့ရသူများအတွက်ဆုမွန်ကောင်းတောင်းကြသလို နောက်ထပ်လူများစွကို မကူးစက်စေရန် အလင်းပြဖော်ပြခြင်းလည်း ဖြစ်ပါသည်။ သို့သော် HIV ကူးစက်မှုများကတော့ ရပ်တန့်မသွားသေးဘဲ ဆက်လက်ပြီး ကူးစက်နေဆဲပင် ဖြစ်ပါသည်။ ထိုပွဲကြီးနှစ်ပွဲ ပြုလုပ်ချိန် ကာလများတွင် ပုံနှိပ်နှင့် ရုပ်သံမီဒီယာသားများတွင် HIV နှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ ဇာတ်လမ်းတင်ဆက်မှုများ ပလူပျံအောင်ပင် ထုတ်လွှင့်ပြသနေကြပါတော့သည်။

ထိုအချိန်ကာလတစ်ခုပြီးဆုံးသွားသည်နှင့်HIV နှင့်ပတ်သက်သောသတင်းအချက်အလက်များ ဖော်ပြမှုရပ်တန့်သွားပြီး ငြိမ်သွားပါလေတော့သည်။HIV ဆိုသည်မှာလူတစ်ဦးမှ တစ်ဦးသို့ နေ့စဉ်ကူးစက်မှု ရှိနေခြင်းဖြစ်နေသဖြင့် HIV သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ဖော်ပြနေမှသာလျှင် ကူးစက်မှုများကို အောင်မြင်စွာ လျှော့ချနိုင်ခြင်း၊ ဆေးဝါးကုသမှု ခံယူလာနိုင်ခြင်းနှင့် ခွဲခြား ဆက်ဆံခံရမှုကို ထိရောက်စွာ လျှော့ချနိုင်မည်သာ ဖြစ်ပါသည်။ ပွဲစဉ်မျာ ကျင်းပလေ့ရှိသည့် အချိန်တိုအတွင်းသာ သတင်းဖော်ပြနေမှုများသည် ထိရောက်စွာ အောင်မြင်မှုမရနိုင်ခြင်းကိုလည်း သိစေလိုပါသည်။

နိုင်ငံတိုင်း၏ အရေးတွင် HIV အရေးသည်လည်း အရေးကြီးကဏ္ဍတစ်ခုဖြစ်နေသည်ကို သတိတစ်ခုပြုစေလိုပါသည်။ ထိုပွဲစဉ်များကျင်းပနိုင်ရေးအတွက် ငွေကုန်ကြေးကျများသလို ကုန်ကျမည့် ငွေများကို ကြိုတင်ရှာဖွေရခြင်းများ အစီအစဉ်များ ကြိုတင်ရေးဆွဲပြင်ဆင်ရခြင်းများသည်လည်း ရှိနေစမြဲ ဖြစ်သည့်အတွက် ထိုပွဲများပြီးဆုံးပြီး နောက်ပိုင်း ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မှသာလျှင် အကျိုးတစ်ခုဖြစ်ထွန်းနိုင်မည်သာဖြစ်ပါသည်။ ယခုတော့ ဤသို့မဟုတ်ဘဲ ထိုပွဲများပြီးသွားသည်နှင့် HIV အရေးများ ပြီးဆုံးသွားသကဲ့သို့ ဖြစ်နေပါတော့သည်။ HIV လောကတွင် ဝင်ရောက်ဦးစီး ဦးဆောင်ပြုလုပ်နေမှုများသည်လည်း HIV အရေးအတွက်ရလဒ်ကောင်းများ ရနိုင်မည် မဟုတ်ပါ။ထိုပွဲများဖြစ်မြောက်ရေးအတွက် HIV ရှိသူအများစုမှ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ကြရသည်ဖြစ်ရာ ပွဲပြီးလူပန်းစိတ်ပန်း ရလဒ်ကောင်း နှစ်စဉ်ထွက်ပေါ်မလာခြင်းသည် HIV လောကအတွက် ထူးမခြားနားသာ ဖြစ်ပြီး ပျော်ပွှဲရွှင်ပွှဲ ပြုလုပ်နေသည်နှင့်သာ တူနေပါတော့သည်။

ထိုပွဲများအပြီးတွင် ပြီးတော့လည်း အလုပ်တစ်ခုပြီးတာပါပဲဟုသာ သဘောထားများသာ အဖတ်တင်ကျန်ရစ်ရပါလေတော့သည်။   ဤကဲ့သို့ ပွဲများနှစ်စဉ်ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ထူးမခြားနား ပွဲများအဖြစ်သာ တည်ရှိလျက်ဖြစ်နေပါသည်။ ထိုပွဲများကိုလည်း နှစ်စဉ်နှစ်တိုင်း ဗဟုသုတ ပြည့်နေသည့် မြို့ကြီးများတွင်သာ ကျင်းပလေ့ရှိသည့်အတွက် ပြည့်ပြီးသား အိုးကို ထပ်ဖြည့်နေသည့်သဖွယ် ဖြစ်နေပါတော့သည်။အမှန်တကယ် ဖြစ်သင့်သည်မှာHIV ဗဟုသုတနည်းပါးသည့် ဒေသများတွင်အလှည့်ကျ ပြောင်းလဲကျင်းပနိုင်မှသာလျှင်Knowledge Sharing အမှန်ဖြစ်   နေပါမည်။ သိနေသူများ ထပ်ခါထပ်ခါ သိနေပြီး မသိသေးသူများ သိခွင့်ရမနေခြင်းသည်လည်း HIV လောကအတွက် အောင်မြင်မှုမှတ်တိုင်တစ်ခု တည်ထောင်နိုင်မည် မဟုတ်ပေ။

နယ်များတွင် HIV ဆိုလျှင် နကန်းတစ်လုံးမျှ ဗဟုသုတ မရှိသေးသူများစွာ ရှိနေပါသည်။ ထိုသို့ မသိသေးသူများအတွက် အန္တရာယ်သည် ပိုမိုပြီး အရေးကြီးလျက် ရှိနေသည်ကို ဦးဆောင်သူများမှ အ      ကြောင်းအမျိုးမျိုးတို့ကြောင့် ဖန်တီးပေးနိုင်မှု မရှိခြင်းသည်လည်း လိုအပ်ချက်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် နယ်မြို့များပါမကျန် မြို့တိုင်းတွင် HIV ကူးစက်ခံနေရသူများလည်း ဖြစ်ပါသည်။ များသောအားဖြင့် မူးယစ်ဆေးဝါး ထွက်ရှိရာနေရာများ၊ သုံးစွဲသူများသည့်နေရာများ၊ တွင်းထွက်ကျောက်များ ထွက်ရှိသည့် နေရာများတွင် HIV ကူးစက်မှု အန္တရာယ်များပြားသည့်အတွက် ထိုနေရာတွင် HIV နှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းမျိုးစုံကို မြို့ကြီးများထက် ပိုမို ကျင်းပပြုလုပ်ပေးသင့်ပါသည်။

တစ်ခါလာလည်း သည်မြို့သည်နေရာ၊ သည်ပွဲများပင် ထပ်လျက်ရှိနေသည့်အတွက် ဆင့်ပွားရလဒ်ကောင်းများ ရရှိနိုင်မည်မဟုတ်။ အလုပ်ဖြစ်လျှင်ပြီးရော သဘောအသွင်ဆောင်နေသည့်အတွက်   တစ်နှစ်တစ်ခါ ပြီးသွားယုံအခြေအနေသာ ဖြစ်လျှင်ရှိနေပါတော့သည်။HIV နှင့်ပတ်သက်သည့်ကာကွယ်ရေး၊ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်ကြီးသုံးခုစလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး ကျယ်ပြန့်သော သဘောအသွင်ကို ဆောင်နေပါသည်။

ထိုလုပ်ငန်းစဉ်ကြီး သုံးခုစလုံး ဟန်ချက်ညီညီ လှုပ်ရှားမှသာလျှင် အောင်မြင်မှု ရလဒ်ကောင်းများ ရရှိနိုင်ပါသည်။ တစ်ခုတွင် အားနည်းနေပါက အောင်မြင်မှုရလဒ်ကောင်း ရနိုင်မည်မဟုတ်ပါ။ အရာရာတိုင်း လုပ်ငန်းတိုင်းတွင် အခက်အခဲများ ရှိနေတတ်သော်လည်း အခြားသောလုပ်ငန်းထက်စာလျှင် HIV အရေးသည် အမျိုးသားအရေးဖြစ်သလို နိုင်ငံ၏ အရေးကြီးလုပ်ငန်းစဉ် တစ်ရပ်ကြီးလည်း ဖြစ်ပါသည်။ တစ်နှစ်တွင်မှ နှစ်ကြိမ်သာ ပြုလုပ်နေခြင်းသည်လည်း ကောက်ရိုးမီးသဖွယ် ဟုန်းကနဲ ထတောက်ပြီး ပြန်ငြိမ်းသွားသည့်ပုံစံမျိုးသာ ဖြစ်လျက်ရှိနေပါသည်။ စဉ်ဆက်မပြတ် HIV အရေး နှိုးဆော်မှုများကို ခေါင်းစဉ် အမျိုးမျိုး ပြောင်းလဲ၍လည်းကောင်း၊ နေရာဒေသ၊လူအမျိုးမျိုးကို ပြောင်းလဲချဉ်းကပ်ပြီး ဖြန့်ကျက်လုပ်ဆောင်မှသာလျှင် အောင်မြင်မှုကောင်းများရနိုင်ကြောင်း ရေးသားသတိပေးလိုက်ရပါတော့သည်။

Author: Dr.ဖြူစင် ,Healthcare Journal, vol 8, no 21 (9.6.17)

Previous Post

ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ

Next Post

စံလွဲသော စိတ်ဆန္ဒနှင့် အပြုအမူများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
777
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စံလွဲသော စိတ်ဆန္ဒနှင့် အပြုအမူများ

ကိုယ်ဝန် ရှိ ၊မရှိ ဘယ်လို စစ်ကြမယ်

အဆုတ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.