fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်အင်္ဂါ အရေပြား ဖြတ်တောက်ခြင်း

424
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/07/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

 

ဆရာခင္ဗ်ား၊ ဒီအပတ္ ကြၽန္ေတာ္သိလိုတာ ေဆြးေႏြးလိုတာက အမ်ိဳးသားမ်ား လိင္အဂၤါ အေရျပား ထိပ္ျဖတ္ေတာက္ပစ္ျခင္း အေၾကာင္းပါ။

ပထမဦးဆုံးအေနနဲ႔ေပါ့ဆရာ။ လိင္အဂၤါထိပ္အေရျပားကို ျဖတ္သင့္မသင့္ အရင္သိပါရေစ။

လိင္အဂၤါထိပ္အေရျပားျဖတ္ေတာက္ျခင္း (Circumcision) ေပါ့။ လုပ္သင့္တယ္ မလုပ္သင့္ဘူးဆိုတဲ့ ေမးခြန္းအေျဖက ေဆြးေႏြးရင္း သိလာရမယ့္ကိစၥပါ။ ဘာေၾကာင့္လည္းဆိုေတာ့ မျဖတ္သင့္ဘူး ျဖတ္သင့္တယ္ဆိုတာ ယတိျပတ္မေျပာႏိုင္လို႔ပါပဲ။ ျဖတ္ရင္ ဘယ္လို အက်ိဳးရမလဲ။ မျဖတ္ရင္ ဘယ္လိုအက်ိဳးရွိမလဲ။ အဲဒီလိုပဲ ျဖတ္ရင္ ဘယ္လိုဆိုးက်ိဳးျမစ္ရွိမလဲ။ မျဖတ္ရင္ေကာ ဆိုးက်ိဳးဘာေတြ ရွိႏိုင္သလဲ။ အဲဒီအေၾကာင္းေတြ အေျခခံပါတယ္။

ဟုတ္ကဲ့ပါဆရာ။ တခ်ိဳ႕လူေတြမွာ ဓေလ့စ႐ိုက္အရ လိင္အဂၤါ အေရျပားထိပ္ကို ျဖတ္ေတာက္ပစ္ၾကတယ္ မဟုတ္လားဆရာ။ ျဖတ္ရင္ဘယ္လို အက်ိဳးရွိႏိုင္မလဲ ဆိုတာသိပါရေစ။
တခ်ိဳ႕လိင္အဂၤါ အေရျပားရွည္လြန္းသူေတြ ရွိတယ္။ ရွည္႐ုံမက အဝက်ဥ္းေနတာမ်ိဳးလည္း ရွိတတ္တယ္။ ေနာက္ကိုလွန္လို႔ မရဘူး။ အဲဒီလိုလူမ်ိဳးမွာ ဆီးသြားရမွာ အခက္အခဲ ရွိႏိုင္တယ္။ ဆီးလမ္းေၾကာင္း မၾကာခဏ အခက္အခဲ ရွိႏိုင္တယ္။ ဆီးလမ္းေၾကာင္း မၾကာခဏ ပိုးဝင္တာမ်ိဳး ျဖစ္တတ္တယ္။ ေနာက္ကိုလွန္လို႔မရဘူး။ ဒီေတာ့ သန႔္ရွင္းေရးေကာင္းစြာ လုပ္မရဘူး။ အညစ္အေၾကးေတြ အေရျပားေအာက္မွာ စုခဲေနတတ္တယ္။ အဲဒီလို မသန႔္ရွင္းမႈဟာ လိင္အဂၤါကင္ဆာ ျဖစ္ႏိုင္တယ္လို႔ဆိုတယ္။ အဲဒီအမ်ိဳးသားနဲ႔ ဆက္ဆံတဲ့ အမ်ိဳးသမီးအတြက္လည္း သားအိမ္လည္တံကင္ဆာျဖစ္ဖို႔ အခြင့္မ်ားတယ္လို႔ သိရပါတယ္။ လိင္အဂၤါထိပ္အေရျပားျဖတ္ထားေတာ့ ေစာေစာက အႏၲရာယ္ေတြ ကင္းသြားတာေပါ့။

လိင္အဂၤါထိပ္အေရျပားဟာ လူတစ္ေယာက္အတြက္ အမ်ိဳးသားတစ္ေယာက္အတြက္ လိုအပ္ပါသလား ခင္ဗ်ာ။
ေဆးပညာရွင္ႀကီးတစ္ဦးဟာ ေျပာဖူးပါတယ္။ ခႏၶာကိုယ္မွာရွိတဲ့ အဂၤါအစိတ္အပိုင္းအားလုံးဟာ သူ႔ေနရာနဲ႔ သူလိုအပ္တာပါပဲ။ အေရးႀကီးတာပါပဲ။ မလိုအပ္တဲ့ အဂၤါအစိတ္အပိုင္းဆိုတာ မရွိပါဘူးတဲ့။ ဒါေၾကာင့္ လိင္အဂၤါထိပ္အေရျပားကို က်န္းမာေရးအတြက္ အႏၲရာယ္ရွိမွသာ ျဖတ္ပစ္သင့္တယ္။ အႏၲရာယ္မရွိရင္ မျဖတ္သင့္ဘူး။

ကြၽန္ေတာ္ရဲ႕ ကိုယ္ပိုင္အျမင္ေျပာရင္လည္း လိင္အဂၤါထိပ္ အေရျပားကို လိုအပ္ခ်က္မွအပ မျဖတ္သင့္ဘူးလို႔ပါ။ အေရျပားဟာ လိင္အဂၤါကို အကာအကြယ္ေပးထားတဲ့ ပစၥည္းတစ္ခုပါပဲ။ သူ႔မွာ Protective Function ရွိတယ္။ လိင္အဂၤါ ေျခာက္ေသြ႕မႈ ကာကြယ္ေပးတယ္။ ဥပမာ တင္စား ေျပာရရင္ မ်က္စိထဲမွာ မ်က္ခြံရွိတယ္။ မ်က္စိကို ကာကြယ္ေပးတယ္။ လိင္အဂၤါထိပ္ အေရျပားကလည္း မ်က္စိက မ်က္ခြံလိုပါပဲ။ ေနာက္ထူးျခားခ်က္တစ္ခုက အေရျပားျဖစ္တယ္။ အာ႐ုံခံစားမႈရွိတယ္။ အျခားေနရာမ်ားထက္ပိုၿပီး အာ႐ုံလက္ခံပစၥည္း (Nerve receptors) ေတြ အမ်ားအျပားရွိတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ လိင္ဆက္ဆံမႈအတြက္ အေထာက္အကူ ျဖစ္ေစတယ္။ စိတ္ဆႏၵကို လႈံ႕ေဆာ္ေပးႏိုင္တယ္။ ေက်နပ္မႈ ျပည့္ဝေစတယ္။ ဒါေၾကာင့္ လိင္အဂၤါထိပ္အေရျပားဟာ အမ်ိဳးသားတစ္ဦးအတြက္ လိုအပ္တဲ့အရာ တစ္ခုပါ။

သုေတသနတစ္ခုက လိင္အဂၤါထိပ္အေရျပား ျဖတ္ေတာက္ျခင္းဟာ HIV/ AIDS ကူးစက္မႈ ေလ်ာ့နည္းေစတယ္လို႔ ထုတ္ေဖာ္ျပလိုက္တာ ေတြ႕ရပါတယ္။ အဲဒီအေပၚမွာ ဆရာအျမင္ သိခ်င္ပါတယ္။
ဟုတ္ပါတယ္။ မၾကာမီက လိင္အဂၤါထိပ္အေရျပား ျဖတ္ေတာက္ပစ္ရင္ HIV/ AIDS ကူးစက္မႈကာကြယ္ႏိုင္တယ္လို႔ သုေတသနတစ္ခုက ေျပာလိုက္တယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ အေရျပားျဖတ္ဖို႔ အမ်ိဳးသားေတြ တန္းစီ ေစာင့္ေနရၿပီလို႔ေတာင္ သိရတယ္။ HIV/ AIDS ေရာဂါဆိုးကို ေၾကာက္ၾကေတာ့ ျဖတ္လိုက္ရင္ ေကာင္းမွာပဲလို႔ ယူဆၾကတာကိုး။

လိင္အဂၤါအေရျပားျဖတ္ေတာက္ေပမယ့္ လူရဲ႕အျပဳအမႈ မေျပာင္းရင္ HIV/ AIDS ကူးစက္မွာပါဘဲ။ လိင္ဆက္ဆံေဖာ္ အမ်ားအျပားထားမယ္။ လိင္တူ လိင္ကြဲဆက္ဆံမယ္။ ဆက္ဆံတဲ့အခါ ကြန္ဒုံးမသုံးဘူး စသျဖင့္ ေပါ့ဗ်ာ။ ဒါေတြမလုပ္ရင္ အေရျပားျဖတ္ေတာက္ထားလည္း ကူးမွာပါပဲ။ ကြၽန္ေတာ့္အျမင္ကေတာ့ လိင္တံအေရျပား ျဖတ္ေတာက္ျခင္းက ကူးစက္မႈ ေလ်ာ့နည္းေစတာ မွန္ေပမယ့္ ကာကြယ္ႏိုင္တဲ့ နည္းလမ္းေကာင္းေတာ့ မဟုတ္ဘူးဗ်။ HIV ကာကြယ္ခ်င္လို႔ လိင္အဂၤါထိပ္အေရျပားျဖတ္တာေတာ့ ကြၽန္ေတာ္ သေဘာမေတြ႕ပါဘူး။ ကြၽန္ေတာ္ အေနနဲ႔ ေပါ့ဗ်ာ။ က်န္းမာေရးအတြက္ အႏၲရာယ္ရွိရင္ ( ဆီးသြားခက္မယ္၊ မၾကာခဏ ဆီးလမ္းေၾကာင္း ပိုးဝင္မယ္၊ ဆက္ဆံတဲ့အခါ နာက်င္မယ္၊ ေနာက္လွန္မရဘူး သန႔္ရွင္းေရး ေဆာင္႐ြက္လို႔မရဘူး) ျဖတ္သင့္တယ္။ သာမန္ဆိုရင္ မျဖတ္သင့္ဘူးဗ်ာ။

Author : Dr. ေအးေက်ာ္(ဇီဝကမၼေဗဒ),

 

(Unicode)

ဆရာခင်ဗျား၊ ဒီအပတ် ကျွန်တော်သိလိုတာ ဆွေးနွေးလိုတာက အမျိုးသားများ လိင်အင်္ဂါ အရေပြား ထိပ်ဖြတ်တောက်ပစ်ခြင်း အကြောင်းပါ။

ပထမဦးဆုံးအနေနဲ့ပေါ့ဆရာ။ လိင်အင်္ဂါထိပ်အရေပြားကို ဖြတ်သင့်မသင့် အရင်သိပါရစေ။

လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ခြင်း (Circumcision) ပေါ့။ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတဲ့ မေးခွန်းအဖြေက ဆွေးနွေးရင်း သိလာရမယ့်ကိစ္စပါ။ ဘာကြောင့်လည်းဆိုတော့ မဖြတ်သင့်ဘူး ဖြတ်သင့်တယ်ဆိုတာ ယတိပြတ်မပြောနိုင်လို့ပါပဲ။ ဖြတ်ရင် ဘယ်လို အကျိုးရမလဲ။ မဖြတ်ရင် ဘယ်လိုအကျိုးရှိမလဲ။ အဲဒီလိုပဲ ဖြတ်ရင် ဘယ်လိုဆိုးကျိုးမြစ်ရှိမလဲ။ မဖြတ်ရင်ကော ဆိုးကျိုးဘာတွေ ရှိနိုင်သလဲ။ အဲဒီအကြောင်းတွေ အခြေခံပါတယ်။

ဟုတ်ကဲ့ပါဆရာ။ တချို့လူတွေမှာ ဓလေ့စရိုက်အရ လိင်အင်္ဂါ အရေပြားထိပ်ကို ဖြတ်တောက်ပစ်ကြတယ် မဟုတ်လားဆရာ။ ဖြတ်ရင်ဘယ်လို အကျိုးရှိနိုင်မလဲ ဆိုတာသိပါရစေ။
တချို့လိင်အင်္ဂါ အရေပြားရှည်လွန်းသူတွေ ရှိတယ်။ ရှည်ရုံမက အဝကျဉ်းနေတာမျိုးလည်း ရှိတတ်တယ်။ နောက်ကိုလှန်လို့ မရဘူး။ အဲဒီလိုလူမျိုးမှာ ဆီးသွားရမှာ အခက်အခဲ ရှိနိုင်တယ်။ ဆီးလမ်းကြောင်း မကြာခဏ အခက်အခဲ ရှိနိုင်တယ်။ ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်တာမျိုး ဖြစ်တတ်တယ်။ နောက်ကိုလှန်လို့မရဘူး။ ဒီတော့ သန့်ရှင်းရေးကောင်းစွာ လုပ်မရဘူး။ အညစ်အကြေးတွေ အရေပြားအောက်မှာ စုခဲနေတတ်တယ်။ အဲဒီလို မသန့်ရှင်းမှုဟာ လိင်အင်္ဂါကင်ဆာ ဖြစ်နိုင်တယ်လို့ဆိုတယ်။ အဲဒီအမျိုးသားနဲ့ ဆက်ဆံတဲ့ အမျိုးသမီးအတွက်လည်း သားအိမ်လည်တံကင်ဆာဖြစ်ဖို့ အခွင့်များတယ်လို့ သိရပါတယ်။ လိင်အင်္ဂါထိပ်အရေပြားဖြတ်ထားတော့ စောစောက အန္တရာယ်တွေ ကင်းသွားတာပေါ့။

လိင်အင်္ဂါထိပ်အရေပြားဟာ လူတစ်ယောက်အတွက် အမျိုးသားတစ်ယောက်အတွက် လိုအပ်ပါသလား ခင်ဗျာ။
ဆေးပညာရှင်ကြီးတစ်ဦးဟာ ပြောဖူးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးဟာ သူ့နေရာနဲ့ သူလိုအပ်တာပါပဲ။ အရေးကြီးတာပါပဲ။ မလိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းဆိုတာ မရှိပါဘူးတဲ့။ ဒါကြောင့် လိင်အင်္ဂါထိပ်အရေပြားကို ကျန်းမာရေးအတွက် အန္တရာယ်ရှိမှသာ ဖြတ်ပစ်သင့်တယ်။ အန္တရာယ်မရှိရင် မဖြတ်သင့်ဘူး။

ကျွန်တော်ရဲ့ ကိုယ်ပိုင်အမြင်ပြောရင်လည်း လိင်အင်္ဂါထိပ် အရေပြားကို လိုအပ်ချက်မှအပ မဖြတ်သင့်ဘူးလို့ပါ။ အရေပြားဟာ လိင်အင်္ဂါကို အကာအကွယ်ပေးထားတဲ့ ပစ္စည်းတစ်ခုပါပဲ။ သူ့မှာ Protective Function ရှိတယ်။ လိင်အင်္ဂါ ခြောက်သွေ့မှု ကာကွယ်ပေးတယ်။ ဥပမာ တင်စား ပြောရရင် မျက်စိထဲမှာ မျက်ခွံရှိတယ်။ မျက်စိကို ကာကွယ်ပေးတယ်။ လိင်အင်္ဂါထိပ် အရေပြားကလည်း မျက်စိက မျက်ခွံလိုပါပဲ။ နောက်ထူးခြားချက်တစ်ခုက အရေပြားဖြစ်တယ်။ အာရုံခံစားမှုရှိတယ်။ အခြားနေရာများထက်ပိုပြီး အာရုံလက်ခံပစ္စည်း (Nerve receptors) တွေ အများအပြားရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လိင်ဆက်ဆံမှုအတွက် အထောက်အကူ ဖြစ်စေတယ်။ စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်တယ်။ ကျေနပ်မှု ပြည့်ဝစေတယ်။ ဒါကြောင့် လိင်အင်္ဂါထိပ်အရေပြားဟာ အမျိုးသားတစ်ဦးအတွက် လိုအပ်တဲ့အရာ တစ်ခုပါ။

သုတေသနတစ်ခုက လိင်အင်္ဂါထိပ်အရေပြား ဖြတ်တောက်ခြင်းဟာ HIV/ AIDS ကူးစက်မှု လျော့နည်းစေတယ်လို့ ထုတ်ဖော်ပြလိုက်တာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာ ဆရာအမြင် သိချင်ပါတယ်။
ဟုတ်ပါတယ်။ မကြာမီက လိင်အင်္ဂါထိပ်အရေပြား ဖြတ်တောက်ပစ်ရင် HIV/ AIDS ကူးစက်မှုကာကွယ်နိုင်တယ်လို့ သုတေသနတစ်ခုက ပြောလိုက်တယ်။ တချို့နိုင်ငံတွေမှာ အရေပြားဖြတ်ဖို့ အမျိုးသားတွေ တန်းစီ စောင့်နေရပြီလို့တောင် သိရတယ်။ HIV/ AIDS ရောဂါဆိုးကို ကြောက်ကြတော့ ဖြတ်လိုက်ရင် ကောင်းမှာပဲလို့ ယူဆကြတာကိုး။

လိင်အင်္ဂါအရေပြားဖြတ်တောက်ပေမယ့် လူရဲ့အပြုအမှု မပြောင်းရင် HIV/ AIDS ကူးစက်မှာပါဘဲ။ လိင်ဆက်ဆံဖော် အများအပြားထားမယ်။ လိင်တူ လိင်ကွဲဆက်ဆံမယ်။ ဆက်ဆံတဲ့အခါ ကွန်ဒုံးမသုံးဘူး စသဖြင့် ပေါ့ဗျာ။ ဒါတွေမလုပ်ရင် အရေပြားဖြတ်တောက်ထားလည်း ကူးမှာပါပဲ။ ကျွန်တော့်အမြင်ကတော့ လိင်တံအရေပြား ဖြတ်တောက်ခြင်းက ကူးစက်မှု လျော့နည်းစေတာ မှန်ပေမယ့် ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတော့ မဟုတ်ဘူးဗျ။ HIV ကာကွယ်ချင်လို့ လိင်အင်္ဂါထိပ်အရေပြားဖြတ်တာတော့ ကျွန်တော် သဘောမတွေ့ပါဘူး။ ကျွန်တော် အနေနဲ့ ပေါ့ဗျာ။ ကျန်းမာရေးအတွက် အန္တရာယ်ရှိရင် ( ဆီးသွားခက်မယ်၊ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်မယ်၊ ဆက်ဆံတဲ့အခါ နာကျင်မယ်၊ နောက်လှန်မရဘူး သန့်ရှင်းရေး ဆောင်ရွက်လို့မရဘူး) ဖြတ်သင့်တယ်။ သာမန်ဆိုရင် မဖြတ်သင့်ဘူးဗျာ။

Author : Dr. အေးကျော်(ဇီဝကမ္မဗေဒ),

Previous Post

ကြွက်တက်ခြင်းဆိုသည်မှာ

Next Post

ဝါးတားတား သတင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
780
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝါးတားတား သတင်း

မွေးစကလေးငယ်များ ပြုစုစောင့်ရှောက်ပုံ

သေးသေးလေးလား အကြီးကြီးလား.....သတိပြုရန် ဝက်တုတ်ကွေးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.