fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သန္ဓေတားဆေး ယုံတမ်းစကားတွေ

44
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

သေႏၶတားျခင္းနဲ႔ ပတ္သက္ၿပီး ပ်ံ႕ႏွံ႔ေနတဲ့ ယုံတမ္းစကားေတြဟာ ကိုယ္ဝန္ရွိလာတဲ့ အမ်ိဳးသမီးအေတာ္မ်ားမ်ားတို႔ကို တရားမဝင္ဘဲ အသက္အႏၲရာယ္ရွိႏိုင္တဲ့ ကိုယ္ဝန္ဖ်က္ခ်တာေတြဆီကို တြန္းပို႔သလို ျဖစ္ေနတယ္။

တရားမဝင္ ကိုယ္ဝန္ဖ်က္ခ်တဲ့ အမ်ိဳးသမီးေတြမ်ားလာတယ္လို႔ ဆိုရမွာပဲ။ အစဥ္အလာရွိတဲ့ အမ်ိဳးသမီးလက္သည္ေတြကို “ႏွိပ္” ခိုင္းတယ္။ တစ္ခ်ိဳ႕ကလည္း အႏၲရာယ္မ်ားတဲ့ ေဆးဝါးေတြဘက္ လွည့္ၾကတယ္၊ တုတ္ေတြသုံးတဲ့အခါမ်ိဳးလည္း ရွိတယ္။ ရလဒ္ကေတာ့ ေသျခင္းနဲ႔ ရင္ဆိုင္တဲ့ အခါမ်ားတယ္။ ကိုယ္ဝန္ဖ်က္ခ်တဲ့ဥပေဒ ေတြကလည္းရွိေနဦးမွာမို႔လို႔ သေႏၶတားေဆးနဲ႔ ပတ္သက္တဲ့ ဗဟုသုတရွိေအာင္ ပညာေပးေဟာေျပာပြဲေတြ လုပ္ဖို႔ ဒါမွသာ မလိုလားအပ္တဲ့ ကိုယ္ဝန္ရွိမႈေတြကို ေလွ်ာ့ခ်သြားဖို႔ အေထာက္အကူ ျဖစ္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကတယ္။

ဒါေပမယ့္ သေႏၶထိန္းခ်ဳပ္တဲ့ ယုံတမ္းစကားေတြဟာ ႏိုင္ငံအႏွံ႔အျပားမွာေတာထ ေနတုန္းပဲရွိေသးတယ္။ ေၾကာက္စရာနည္းလမ္းေတြအျဖစ္ (သို႔) အခ်က္အလက္ေတြ မသိၾကတာ၊ မျပည့္စုံတာေတြလည္း ပါတယ္။ သေႏၶထိန္းခ်ဳပ္ရင္ ကေလးမရႏိုင္ေတာ့ဘူး။ မိမိကိုယ္အေလးခ်ိန္မွာလည္း သက္ေရာက္မႈ ရွိတယ္ဆိုတာကို စိုးရိမ္ၾကတယ္။ ဒီယုံတမ္းစကားေတြ မွန္တာ အနည္းအက်ဥ္း ရွိတာကလြဲလို႔ အေျခအျမစ္ မရွိဘူး။

လြန္ခဲ့တဲ့ႏွစ္က ျမန္မာႏိုင္ငံမွာ ေဖာ္ျပခဲ့တဲ့ မိသားစုစီမံကိန္း (Family Planning) ၂၀၂၀ ခုႏွစ္အတြက္ စာတမ္းအရ၊ ေခတ္မီသေႏၶတားနည္းကို သုံးၾကတဲ့၊ ကေလးေမြးႏိုင္တဲ့အ႐ြယ္ ရွိၾကတဲ့ အမ်ိဳးသမီး သုံးပုံတစ္ပုံေလာက္ေတာင္ မရွိဘူးလို႔ သိရတယ္။

လူအမ်ား ႀကိဳက္ႏွစ္သက္ၾကတဲ့ သေႏၶထိန္းခ်ဳပ္နည္းဟာ သေႏၶတားေဆးထိုးျခင္းပဲ ျဖစ္တယ္။ ဒီထိုးေဆးေတြကို အလြယ္တကူ ရရွိႏိုင္သလို၊ ေဈးလည္း သက္သာကာ တစ္ႀကိမ္သုံးရင္ သုံးလသေႏၶတားေပးႏိုင္ၿပီး လူေတြလည္း သိပ္သိစရာမလိုဘူး။ ေနာက္ဆက္တြဲ သက္ေရာက္မႈကေတာ့ အမ်ိဳးသမီးရဲ႕ ဓမၼတာအခ်ိန္ကို သုံးလ (သို႔မဟုတ္) ဒါ့ထက္ၾကာေအာင္ ရပ္သြားေစႏိုင္တယ္။ ကေလးမရႏိုင္ေတာ့ဘူးဆိုတာေတာ့ မရွိဘူး။ ဒါေပမယ့္ အဲဒီအခ်ိန္ေနာက္ပိုင္း ကိုယ္ဝန္ရွိလာဖို႔ေတာ့ အခ်ိန္ေပးရမွာ ျဖစ္တယ္။

သက္ေရာက္မႈရွိဖို႔ဆိုရင္ သေႏၶတားထိုးေဆးကို သုံးလတစ္ႀကိမ္ ထိုးဖို႔လိုတယ္။ ဒီေဆးထိုးတဲ့ အႀကိမ္ေတြၾကားမွာ ရက္သတၱပတ္တစ္ပတ္ေလာက္ေတာ့ နားႏိုင္တယ္။ သေႏၶတားေဆးကို ပါးစပ္မွေသာက္တဲ့ အမ်ိဳးသမီးေတြအတြက္ စားရက္လြတ္သြားရင္ မလိုခ်င္တဲ့ ကိုယ္ဝန္ရွိလာႏိုင္တဲ့ အႏၲရာယ္ရွိတယ္။ သေႏၶတားေဆးလုံးရဲ႕ သူတို႔ကိုယ္ေပၚ သက္ေရာက္မႈကို အမ်ိဳးသမီးေတြ စိုးရိမ္ၾကတယ္။

အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ Emergency Contraception (EC) ကို ကြၽမ္းက်င္သူေတြ သတိေပးတဲ့ၾကားက သေႏၶတားေဆးအျဖစ္ သုံးၾကတယ္။ EC ဟာ မ်ိဳးေအာင္ျခင္းအေပၚ သက္ေရာက္မႈရွိႏိုင္တယ္ဆိုတဲ့ ေကာလဟလရွိေပမယ့္ သုံးစြဲတဲ့သူေတြအေပၚ အႏၲရာယ္မရွိဘူးလို႔ ကြၽမ္းက်င္သူေတြက ေျပာၾကတယ္။ တစ္ဖက္ကလည္း အထိေရာက္ဆုံးနည္း မဟုတ္ဘူးလို႔လည္း ေျပာၾကတယ္။

EC ႏွင့္ ေန႔စဥ္သေႏၶတားေဆး ေသာက္တာဟာ ေဆးၫႊန္းအေပၚမွာ ကြာျခားမႈ ရွိတယ္။ EC မွာရွိတဲ့ ေဟာ္မုန္းဟာ ေန႔စဥ္ေသာက္တဲ့ သေႏၶတားေဆးထက္ ေလးဆပိုရွိတယ္။ EC ကို ကိုယ္လက္ႏွီးေႏွာၿပီးတဲ့အခါ သတ္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ ေသာက္ဖို႔လိုတယ္။ ေရာဂါေတြ ျပန႔္ပြားျခင္းကိုလည္း မတားဆီးႏိုင္ဘဲ သက္ေရာက္မႈကိုရွိဖို႔အတြက္တစ္လကို ႏွစ္ႀကိမ္ထက္ပိုမသုံးဖို႔ ဆရာဝန္ေတြက သတိေပးတယ္။

EC (သို႔) ထိုးေဆးေတြလို ေရတိုနည္းေတြႏွင့္ မတူတာကေတာ့ Intra-Uterine Device (IUD) လို႔ေခၚတဲ့ သားအိမ္တြင္းထည့္တဲ့ သေႏၶတား ကိရိယာျဖစ္တယ္။ ေသးငယ္တဲ့ ပလပ္စတစ္နဲ႔ ျပဳလုပ္ထားတဲ့ ပစၥည္းကို ေၾကးနီနဲ႔ ပတ္ထားကာ ေဟာ္မုန္းပါဝင္ၿပီး သားအိမ္ထဲ ဆရာဝန္က သြင္းေပးရတယ္။ IUD ေတြဟာ ေဈးသက္သာၿပီး၊ အႏၲရာယ္မရွိေပမယ့္ အမ်ိဳးသမီးအခ်ိဳ႕က သူတို႔ရဲ႕ ခႏၶာကိုယ္ထဲ ပစၥည္းတစ္ခုထည့္ထားရတာ မခံစားတတ္ၾကဘူး။ အမ်ားစိုးရိမ္မႈကေတာ့ ဒီပစၥည္းဟာ ေ႐ြ႕သြားမလား (သို႔) ကိုယ္လက္ႏွီးေႏွာတဲ့အခါ သက္ေရာက္မႈ ရွိမလားဆိုတဲ့ စိုးရိမ္မႈေတြက အဓိကျဖစ္တယ္။ အခ်ိဳ႕ကလည္း IUD သိပ္နက္သြားသလား၊ သိပ္မနက္ဘူးလား၊ လိင္ကိစၥမွာ အေႏွာင့္အယွက္ျဖစ္တယ္။ ဝမ္းဗိုက္ေနာက္ေက်ာကို ေရာက္သြားတတ္တယ္ စတဲ့ ေကာလဟာလ ေတြေပါ့။ ဆရာဝန္ေတြ အေျပာအရဆိုရင္ IUD သားအိမ္ကေန လြန္ထြက္သြားတာမ်ိဳး မရွိသေလာက္ပဲတဲ့။

တစ္ျခားယုံတမ္းစကားေတြကေတာ့ အိမ္ေထာင္မရွိတဲ့ အမ်ိဳးသမီးေတြ IUD မရႏိုင္ဘူးဆိုတဲ့ ယုံၾကည္မႈ၊ ကိုယ္ဝန္ပ်က္က်တာမ်ိဳး ရွိတယ္ဆိုတာပါပဲ။ ဒါေတြဟာ တစ္ခုမွမမွန္ပါဘူး။ အျခားအႏၲရာယ္ရွိႏိုင္တယ္ဆိုတာကလည္း မရွိသေလာက္ပါပဲ။ IUD ေတြဟာ ႂကြက္တက္တာႏွင့္ ေသြးထြက္တာေတြ ျဖစ္တတ္တယ္။ ဒါေပမယ့္ ကိုယ္ဝန္ပ်က္က်တာမ်ိဳးေတာ့ မျဖစ္ဘူး။ ေၾကးနီအဆိပ္ အာနိသင္ကလည္း ထင္သေလာက္ မဟုတ္ဘူး။ သားအိမ္ေပါက္တာမ်ိဳးလည္း ျဖစ္ခဲတယ္။

IUD ရဲ႕ အားသာခ်က္ေတြ ရွိေပမယ့္ ခႏၶာကိုယ္ထဲ သေႏၶတားေဆး ထည့္သြင္းတာက ပိုသာသြားတယ္။ လက္ေမာင္းအေပၚဘက္ အေရျပားထဲ ေသးငယ္ေပ်ာ့ေျပာင္းတဲ့ ပိုက္ကေလးကို ထည့္လိုက္တာပဲ ျဖစ္တယ္။ ေလာေလာဆယ္မွာေတာ့ သေႏၶတားေဆး အသားထဲထည့္သြင္းျခင္း (implants) ဟာ “ဇိမ္ခံနည္း” ျဖစ္ေနတယ္။ အရင္တုန္းဆိုရင္ ဒီနည္းကို လြယ္လြယ္ကူကူနဲ႔ မရရွိႏိုင္ခဲ့ဘူး။

ကြန္ဒုံးဆိုတာလည္း ရွိေသးတယ္။ ကြန္ဒုံးသုံးတာဟာ ျပည့္တန္ဆာေတြနဲ႔ ပတ္သက္တဲ့ အေတြးကရွိေနေတာ့ တြင္က်ယ္သင့္သေလာက္ မတြင္က်ယ္ဘူး။ ကြန္ဒုံးကို အလြယ္တကူ ဝယ္ယူရရွိႏိုင္တယ္။ သေႏၶတားတာကို ေ႐ြးခ်ယ္တာဟာ ကိုယ္တိုင္ဆုံးျဖတ္ရတဲ့ ကိစၥပဲျဖစ္တယ္။ တစ္ေယာက္အတြက္ အဆင္ေျပေပမယ့္ ေနာက္တစ္ေယာက္အတြက္ အဆင္ေျပခ်င္မွ ေျပမယ္။ ယဥ္ေက်းမႈနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရး စိန္ေခၚမႈေတြၾကားထဲက အမ်ိဳးသမီးအေတာ္မ်ားမ်ားဟာ ေခတ္မီတဲ့ သေႏၶတားေဆးေ႐ြးခ်ယ္မႈေတြ လုပ္လာၾကၿပီ ျဖစ္တယ္။

ေနာက္တစ္ခု စိတ္မေကာင္းစရာကေတာ့ လုံးဝ ကာကြယ္လို႔ ရရဲ႕သားနဲ႔ စိတ္မခ်ရတဲ့ ကိုယ္ဝန္ဖ်က္ခ်မႈေတြမွ ေသဆုံးတာေတြလည္း ရွိေနဦးမွာပဲ။

Author : ေမာင္ခ်မ္းသာ , Healthcare Journal

(Unicode)

သန္ဓေတားခြင်းနဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ယုံတမ်းစကားတွေဟာ ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီးအတော်များများတို့ကို တရားမဝင်ဘဲ အသက်အန္တရာယ်ရှိနိုင်တဲ့ ကိုယ်ဝန်ဖျက်ချတာတွေဆီကို တွန်းပို့သလို ဖြစ်နေတယ်။

တရားမဝင် ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေများလာတယ်လို့ ဆိုရမှာပဲ။ အစဉ်အလာရှိတဲ့ အမျိုးသမီးလက်သည်တွေကို “နှိပ်” ခိုင်းတယ်။ တစ်ချို့ကလည်း အန္တရာယ်များတဲ့ ဆေးဝါးတွေဘက် လှည့်ကြတယ်၊ တုတ်တွေသုံးတဲ့အခါမျိုးလည်း ရှိတယ်။ ရလဒ်ကတော့ သေခြင်းနဲ့ ရင်ဆိုင်တဲ့ အခါများတယ်။ ကိုယ်ဝန်ဖျက်ချတဲ့ဥပဒေ တွေကလည်းရှိနေဦးမှာမို့လို့ သန္ဓေတားဆေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရှိအောင် ပညာပေးဟောပြောပွဲတွေ လုပ်ဖို့ ဒါမှသာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရှိမှုတွေကို လျှော့ချသွားဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။

ဒါပေမယ့် သန္ဓေထိန်းချုပ်တဲ့ ယုံတမ်းစကားတွေဟာ နိုင်ငံအနှံ့အပြားမှာတောထ နေတုန်းပဲရှိသေးတယ်။ ကြောက်စရာနည်းလမ်းတွေအဖြစ် (သို့) အချက်အလက်တွေ မသိကြတာ၊ မပြည့်စုံတာတွေလည်း ပါတယ်။ သန္ဓေထိန်းချုပ်ရင် ကလေးမရနိုင်တော့ဘူး။ မိမိကိုယ်အလေးချိန်မှာလည်း သက်ရောက်မှု ရှိတယ်ဆိုတာကို စိုးရိမ်ကြတယ်။ ဒီယုံတမ်းစကားတွေ မှန်တာ အနည်းအကျဉ်း ရှိတာကလွဲလို့ အခြေအမြစ် မရှိဘူး။

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဖော်ပြခဲ့တဲ့ မိသားစုစီမံကိန်း (Family Planning) ၂၀၂၀ ခုနှစ်အတွက် စာတမ်းအရ၊ ခေတ်မီသန္ဓေတားနည်းကို သုံးကြတဲ့၊ ကလေးမွေးနိုင်တဲ့အရွယ် ရှိကြတဲ့ အမျိုးသမီး သုံးပုံတစ်ပုံလောက်တောင် မရှိဘူးလို့ သိရတယ်။

လူအများ ကြိုက်နှစ်သက်ကြတဲ့ သန္ဓေထိန်းချုပ်နည်းဟာ သန္ဓေတားဆေးထိုးခြင်းပဲ ဖြစ်တယ်။ ဒီထိုးဆေးတွေကို အလွယ်တကူ ရရှိနိုင်သလို၊ ဈေးလည်း သက်သာကာ တစ်ကြိမ်သုံးရင် သုံးလသန္ဓေတားပေးနိုင်ပြီး လူတွေလည်း သိပ်သိစရာမလိုဘူး။ နောက်ဆက်တွဲ သက်ရောက်မှုကတော့ အမျိုးသမီးရဲ့ ဓမ္မတာအချိန်ကို သုံးလ (သို့မဟုတ်) ဒါ့ထက်ကြာအောင် ရပ်သွားစေနိုင်တယ်။ ကလေးမရနိုင်တော့ဘူးဆိုတာတော့ မရှိဘူး။ ဒါပေမယ့် အဲဒီအချိန်နောက်ပိုင်း ကိုယ်ဝန်ရှိလာဖို့တော့ အချိန်ပေးရမှာ ဖြစ်တယ်။

သက်ရောက်မှုရှိဖို့ဆိုရင် သန္ဓေတားထိုးဆေးကို သုံးလတစ်ကြိမ် ထိုးဖို့လိုတယ်။ ဒီဆေးထိုးတဲ့ အကြိမ်တွေကြားမှာ ရက်သတ္တပတ်တစ်ပတ်လောက်တော့ နားနိုင်တယ်။ သန္ဓေတားဆေးကို ပါးစပ်မှသောက်တဲ့ အမျိုးသမီးတွေအတွက် စားရက်လွတ်သွားရင် မလိုချင်တဲ့ ကိုယ်ဝန်ရှိလာနိုင်တဲ့ အန္တရာယ်ရှိတယ်။ သန္ဓေတားဆေးလုံးရဲ့ သူတို့ကိုယ်ပေါ် သက်ရောက်မှုကို အမျိုးသမီးတွေ စိုးရိမ်ကြတယ်။

အချို့ အမျိုးသမီးတွေဟာ Emergency Contraception (EC) ကို ကျွမ်းကျင်သူတွေ သတိပေးတဲ့ကြားက သန္ဓေတားဆေးအဖြစ် သုံးကြတယ်။ EC ဟာ မျိုးအောင်ခြင်းအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ကောလဟလရှိပေမယ့် သုံးစွဲတဲ့သူတွေအပေါ် အန္တရာယ်မရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။ တစ်ဖက်ကလည်း အထိရောက်ဆုံးနည်း မဟုတ်ဘူးလို့လည်း ပြောကြတယ်။

EC နှင့် နေ့စဉ်သန္ဓေတားဆေး သောက်တာဟာ ဆေးညွှန်းအပေါ်မှာ ကွာခြားမှု ရှိတယ်။ EC မှာရှိတဲ့ ဟော်မုန်းဟာ နေ့စဉ်သောက်တဲ့ သန္ဓေတားဆေးထက် လေးဆပိုရှိတယ်။ EC ကို ကိုယ်လက်နှီးနှောပြီးတဲ့အခါ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သောက်ဖို့လိုတယ်။ ရောဂါတွေ ပြန့်ပွားခြင်းကိုလည်း မတားဆီးနိုင်ဘဲ သက်ရောက်မှုကိုရှိဖို့အတွက်တစ်လကို နှစ်ကြိမ်ထက်ပိုမသုံးဖို့ ဆရာဝန်တွေက သတိပေးတယ်။

EC (သို့) ထိုးဆေးတွေလို ရေတိုနည်းတွေနှင့် မတူတာကတော့ Intra-Uterine Device (IUD) လို့ခေါ်တဲ့ သားအိမ်တွင်းထည့်တဲ့ သန္ဓေတား ကိရိယာဖြစ်တယ်။ သေးငယ်တဲ့ ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းကို ကြေးနီနဲ့ ပတ်ထားကာ ဟော်မုန်းပါဝင်ပြီး သားအိမ်ထဲ ဆရာဝန်က သွင်းပေးရတယ်။ IUD တွေဟာ ဈေးသက်သာပြီး၊ အန္တရာယ်မရှိပေမယ့် အမျိုးသမီးအချို့က သူတို့ရဲ့ ခန္ဓာကိုယ်ထဲ ပစ္စည်းတစ်ခုထည့်ထားရတာ မခံစားတတ်ကြဘူး။ အများစိုးရိမ်မှုကတော့ ဒီပစ္စည်းဟာ ရွေ့သွားမလား (သို့) ကိုယ်လက်နှီးနှောတဲ့အခါ သက်ရောက်မှု ရှိမလားဆိုတဲ့ စိုးရိမ်မှုတွေက အဓိကဖြစ်တယ်။ အချို့ကလည်း IUD သိပ်နက်သွားသလား၊ သိပ်မနက်ဘူးလား၊ လိင်ကိစ္စမှာ အနှောင့်အယှက်ဖြစ်တယ်။ ဝမ်းဗိုက်နောက်ကျောကို ရောက်သွားတတ်တယ် စတဲ့ ကောလဟာလ တွေပေါ့။ ဆရာဝန်တွေ အပြောအရဆိုရင် IUD သားအိမ်ကနေ လွန်ထွက်သွားတာမျိုး မရှိသလောက်ပဲတဲ့။

တစ်ခြားယုံတမ်းစကားတွေကတော့ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေ IUD မရနိုင်ဘူးဆိုတဲ့ ယုံကြည်မှု၊ ကိုယ်ဝန်ပျက်ကျတာမျိုး ရှိတယ်ဆိုတာပါပဲ။ ဒါတွေဟာ တစ်ခုမှမမှန်ပါဘူး။ အခြားအန္တရာယ်ရှိနိုင်တယ်ဆိုတာကလည်း မရှိသလောက်ပါပဲ။ IUD တွေဟာ ကြွက်တက်တာနှင့် သွေးထွက်တာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ်ဝန်ပျက်ကျတာမျိုးတော့ မဖြစ်ဘူး။ ကြေးနီအဆိပ် အာနိသင်ကလည်း ထင်သလောက် မဟုတ်ဘူး။ သားအိမ်ပေါက်တာမျိုးလည်း ဖြစ်ခဲတယ်။

IUD ရဲ့ အားသာချက်တွေ ရှိပေမယ့် ခန္ဓာကိုယ်ထဲ သန္ဓေတားဆေး ထည့်သွင်းတာက ပိုသာသွားတယ်။ လက်မောင်းအပေါ်ဘက် အရေပြားထဲ သေးငယ်ပျော့ပြောင်းတဲ့ ပိုက်ကလေးကို ထည့်လိုက်တာပဲ ဖြစ်တယ်။ လောလောဆယ်မှာတော့ သန္ဓေတားဆေး အသားထဲထည့်သွင်းခြင်း (implants) ဟာ “ဇိမ်ခံနည်း” ဖြစ်နေတယ်။ အရင်တုန်းဆိုရင် ဒီနည်းကို လွယ်လွယ်ကူကူနဲ့ မရရှိနိုင်ခဲ့ဘူး။

ကွန်ဒုံးဆိုတာလည်း ရှိသေးတယ်။ ကွန်ဒုံးသုံးတာဟာ ပြည့်တန်ဆာတွေနဲ့ ပတ်သက်တဲ့ အတွေးကရှိနေတော့ တွင်ကျယ်သင့်သလောက် မတွင်ကျယ်ဘူး။ ကွန်ဒုံးကို အလွယ်တကူ ဝယ်ယူရရှိနိုင်တယ်။ သန္ဓေတားတာကို ရွေးချယ်တာဟာ ကိုယ်တိုင်ဆုံးဖြတ်ရတဲ့ ကိစ္စပဲဖြစ်တယ်။ တစ်ယောက်အတွက် အဆင်ပြေပေမယ့် နောက်တစ်ယောက်အတွက် အဆင်ပြေချင်မှ ပြေမယ်။ ယဉ်ကျေးမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုတွေကြားထဲက အမျိုးသမီးအတော်များများဟာ ခေတ်မီတဲ့ သန္ဓေတားဆေးရွေးချယ်မှုတွေ လုပ်လာကြပြီ ဖြစ်တယ်။

နောက်တစ်ခု စိတ်မကောင်းစရာကတော့ လုံးဝ ကာကွယ်လို့ ရရဲ့သားနဲ့ စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေမှ သေဆုံးတာတွေလည်း ရှိနေဦးမှာပဲ။

Author : မောင်ချမ်းသာ , Healthcare Journal

Previous Post

ရေကျောက် ၊ပဲသီတာ ဆိုသည်မှာ

Next Post

သွေးလွန်တုပ်ကွေးဖြစ်ရင် တိုက်လို့ရတဲ့ဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
738
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလွန်တုပ်ကွေးဖြစ်ရင် တိုက်လို့ရတဲ့ဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်

သမီးကညာ အရွယ်ရောက်လာ ၊မိဘများ သတိပြုစရာ

တစ်ခုခေါင်းထောင်ချက်ခြင်းနှိပ်ကွပ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.