fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လျှို့ဝှက်ခဲ့ရမှု ပျောက်ဆုံးတော့မှာလား

35
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

HIV ရွိေနသူမ်ား ေသာက္သုံးေနရမည့္ ART ေဆးအခမဲ့ ေပးေဝမႈမ်ားကို ၂၀၀၂ ခုႏွစ္ေနာက္ပိုင္း NGO ေဆးခန္းမ်ားႏွင့္ ႏိုင္ငံပိုင္ေဆး႐ုံမ်ားတြင္ စတင္အေကာင္အထည္ေဖာ္ လုပ္ကိုင္ခဲ့ၾကပါသည္။ ဤသို႔ အခမဲ့ ေပးေဝႏိုင္ရန္ ရန္ပုံေငြ အမ်ားဆုံး ေထာက္ပံ့ေပးသည့္ အဖြဲ႕ႀကီး ကမာၻ႔ရန္ပုံေငြမွျဖစ္ၿပီး ေရာဂါသုံးမ်ိဳးရန္ပုံေငြမွလည္း ေထာက္ပံ့မႈ ရရွိခဲ့ပါသည္။ ယခုအခါတြင္  အဓိကရန္ပုံေငြျဖစ္သည့္ ကမာၻ႔ရန္ပုံေငြသည္ ေနာက္ပိုင္းကာလမ်ားတြင္ NGO မ်ားသို႔ ေထာက္ပံ့မႈ မေပးေတာ့ပဲ အစိုးရထံသို႔သာ တိုက္႐ိုက္ေပးလႉသြားမည္ျဖစ္ရာ NGO ေဆးခန္းမ်ားမွ ေသာက္ေနသူမ်ားသည္လည္း   အစိုးရေဆး႐ုံမ်ားသို႔ သြားေရာက္ၿပီး ေျပာင္းလဲသြားထုတ္ယူရမည့္ အေျခအေနတစ္ရပ္ ျဖစ္လာပါသည္။

ျမန္မာႏိုင္ငံရွိ ART ေဆးေသာက္သုံးေနသည့္ ရွိသူမ်ားကို အုပ္စုဖြဲ႕၍ ၾကည့္ရႈလွ်င္ ႏိုင္ငံပိုင္ေဆး႐ုံမ်ားတြင္ အခမဲ့ထုတ္ယူျခင္း၊ NGO ေဆးခန္းမ်ားတြင္ အခမဲ့ထုတ္ယူျခင္းႏွင့္ လူသိမခံလို၍ မိမိတို႔ အစီအစဥ္ျဖင့္ ဝယ္ေသာက္ေနသူမ်ား ဟူ၍ အဓိကအုပ္စုႀကီး သုံးစု ကြဲျပားေနပါသည္။ HIV ေလာကအတြက္ အဓိကအခ်က္မွာ လွ်ိဳ႕ဝွက္မႈျဖစ္ၿပီး လူသိမခံလို၍လည္းေကာင္း၊      ေငြေၾကးတတ္ႏိုင္လို၍လည္းေကာင္း၊ မိမိတို႔၏ေငြျဖင့္ ဝယ္ေသာက္ေနသူ အမ်ားအျပားရွိေနပါသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ေငြေၾကးမေျပလည္သျဖင့္ အခမဲ့ေပးသည့္ေနရာမ်ားသို႔ ေျခဦးလွည့္ရသူမ်ားလည္း ရွိၾကပါသည္။ HIV ရွိေနသူမ်ားအေပၚ ခြဲျခားဆက္ဆံျခင္းမ်ားျပားေနသည့္အတြက္ မိမိတြင္ HIV ရွိလာပါက လူသိမခံရဲေသာ အေၾကာင္းအရင္းမွာ အဓိကျဖစ္ေနပါေတာ့သည္။

သို႔ေသာ္ ေငြေၾကးမတတ္ႏိုင္သျဖင့္ အခမဲ့ေပးသည့္ ေနရာမ်ားသို႔ ေျခဦးလွည့္ၾကရာတြင္ လုံၿခဳံမႈရွိသည့္ NGO ေဆးခန္းမ်ားသို႔သာ ဦးစားေပး    ေ႐ြးခ်ယ္တတ္ၾကပါသည္။ ႏိုင္ငံပိုင္ေဆး႐ုံမ်ားတြင္ သြားေရာက္ထုတ္ယူပါက တနည္းမဟုတ္ တနည္းျဖင့္ လူသိခံရမည္ကို စိုး႐ြံ႕ေနဆဲပင္ ျဖစ္ပါသည္။ လူသိသြားပါက ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကို ရင္ဆိုင္ရမည္ ျဖစ္ေသာေၾကာင့္    လူသိမည့္နည္းလမ္းမ်ားကို အတတ္ႏိုင္ဆုံး ေရွာင္ကြင္းေလ့ရွိတတ္ပါသည္။ ႏိုင္ငံပိုင္ေဆး႐ုံမ်ားတြင္လည္း HIV သီးသန႔္ ကုသေသာေဆး႐ုံမ်ားရွိသလို အျခားေသာေရာဂါရွင္မ်ားႏွင့္ ပူးတြဲကုသသည့္ေဆး႐ုံမ်ားလည္း ရွိေနပါသည္။ ယခုအခါ ခ႐ိုင္ေဆး႐ုံမ်ားသို႔ HIV ရွိသူမ်ား ART ေဆးထုတ္ယူႏိုင္ရန္ ခြဲေဝေပးထားၿပီးလည္း ျဖစ္ပါသည္။ ယခုလက္ရွိ NGO ေဆးခန္းမ်ားမွ ထုတ္ယူေနသူမ်ားသည္လည္း ကမာၻ႔ရန္ပုံေငြကို ႏိုင္ငံပိုင္ေဆး႐ုံမ်ားသို႔သာ သီးသန႔္ေပးသည့္အခါတြင္ ထိုေဆး႐ုံမ်ားတြင္သာ သြားေရာက္ထုတ္ယူရပါေတာ့မည္။ သို႔ေသာ္ အျခားလူနာမ်ားႏွင့္ ေရာေထြးစြာကုသေနသည့္ ထိုေဆး႐ုံမ်ားတြင္လည္း သြားေရာက္ထုတ္ယူရာတြင္ အခက္အခဲမ်ိဳးစုံ ေပၚေပါက္လာဦးမည္သာ ျဖစ္ပါသည္။

HIV အတြက္ အဓိကေသာ့ခ်က္ျဖစ္သည့္ လွ်ိဳ႕ဝွက္မႈသည္ ေလ်ာ့ရဲလာမည္မွာ ဧကန္ပင္ျဖစ္ပါသည္။ ယခုလက္ရွိ ခ႐ိုင္ေဆး႐ုံမ်ားတြင္ ART သြားေရာက္ထုတ္ယူေနသူမ်ား၏ အခက္အခဲမ်ိဳးစုံကိုလည္ ၾကားသိေနရပါသည္။ ART ေပးသည့္ ထိုေဆး႐ုံမ်ားတြင္ သီးျခားအခန္းဖြဲ႕စည္းမႈ မရွိျခင္း၊ ေဆြးေႏြးခန္းမ်ား သီးျခားရွိမေနျခင္း၊ အျခားေသာေရာဂါရွင္မ်ား ထိုေနရာသို႔ လမ္းမွားစြာ ေရာက္လာျခင္း၊   အျခားေသာေဝဒနာရွင္မ်ားက ဝိုင္းဝန္းစပ္စုၾကျခင္း၊ တာဝန္ရွိက်န္းမာေရး ဝန္ထမ္းမ်ားမွ ႏႈတ္မေစာင့္စည္းျခင္း စသည့္ လွ်ိဳ႕ဝွက္မႈပ်က္ျပယ္ႏိုင္သည့္ ကိစၥႀကီးငယ္မ်ားစြာ ရင္ဆိုင္ေနၾကရပါသည္။ ထိုသို႔ လူနာႏွင့္ က်န္းမာေရးဝန္ထမ္း အင္အားမမွ်သည့္ အခ်ိန္မွာပင္ NGO ေဆးခန္းမ်ားမွ ေ႐ႊ႕ေျပာင္းလာသည့္သူမ်ားပါ ပြားမ်ားလာသည့္အခါတြင္ အခက္အခဲမ်ိဳးစုံ ထပ္မံႀကဳံေတြ႕လာႏိုုင္ပါသည္။   အဓိက ေသာ့ခ်က္ျဖစ္သည့္ လွ်ိဳ႕ဝွက္မႈေပါက္ၾကားျခင္းသည္ HIV ရွိသူမ်ားအတြက္ အဆိုးဝါးဆုံးအခ်က္ပင္ ျဖစ္ပါသည္။

ယခုအခါတြင္ မိမိတို႔ေနထိုင္ရာ အရပ္ႏွင့္နီးစပ္သည့္ေဆး႐ုံတြင္ သြားေရာက္ထုတ္ယူ၍ လႊဲေျပာင္းေပးမႈမ်ား၌ အခ်ိဳ႕သည္ လွ်ိဳ႕ဝွက္မႈမ်ား ေပါက္ၾကားကုန္ပါေတာ့သည္။  ထို႔အတြက္ေၾကာင့္ မိမိတို႔ေနထိုင္ရာအရပ္ႏွင့္ အလွမ္းကြာသည့္ေဆး႐ုံမ်ားတြင္ ေျပာင္းလဲၿပီးထုတ္ခ်င္ပါေသာ္လည္း အဆင္မေျပမႈမ်ားသာ ႀကဳံေတြ႕ေနရပါေတာ့သည္။ လူနာမ်ားကလည္း မိမိအဆင္မေျပျဖစ္မႈမ်ားကို သက္ဆိုင္ရာ က်န္းမာေရးဝန္ထမ္းမ်ားကို မတင္ျပရဲျခင္းမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၏ ျငဴဆူမႈကို ေၾကာက္႐ြံ႕ေနျခင္းမ်ား ျဖစ္ေပၚလ်က္ ရွိေနၾကပါသည္။

NGO ေဆးခန္းမ်ားမွ လူနာမ်ား ထပ္မံၿပီးပြားမ်ားလာပါက ယခုထက္ ပိုမိုခက္ခဲေသာ ျဖစ္ရပ္မ်ား ထပ္မံေပၚေပါက္လာႏိုင္မႈကို တာဝန္ရွိသူမ်ားမွ ႀကိဳတင္စဥ္းစား ျပင္ဆင္ထားသင့္ပါသည္။ အဓိကမွာ လွ်ိဳ႕ဝွက္မႈ ေပါက္ၾကားသြားပါက ပါးစပ္တစ္ေပါက္ကို လိုက္လံပိတ္ဆို႔ရန္ မလြယ္ကူေၾကာင္းလည္း သိထားသင့္ပါသည္။ HIV ဥပေဒ မရွိေသးသည့္အတြက္လည္း HIV ႏွင့္ပတ္သက္လာလွ်င္ အထူးသတိျပဳၿပီး ေဆာင္႐ြက္လုပ္ကိုင္မွသာလွ်င္ HIV ရွိသူမ်ားအတြက္ အကာအကြယ္ရမည္သာ ျဖစ္ပါသည္။ အလႉေငြရလွ်င္ ၿပီးေရာဆိုသည့္ တာဝန္ယူ၊ တာဝန္ခံမႈအပိုင္းအားနည္းေနပါက HIV ရွိသူမ်ားအတြက္ အက်ိဳးျဖစ္ထြန္းလာမည္ မဟုတ္ပါ။ ျမန္မာႏိုင္ငံ၏ HIV အေျခအေနသည္ တိုးတက္ေျပာင္းလဲလာသည္ဆိုေသာ္လည္း စနစ္တက် စီမံခန႔္ခြဲမႈအပိုင္း မ်ားစြာအားနည္လ်က္ပင္ ရွိေနပါေသးသည္။

မိမိတြင္ HIV ရွိေၾကာင္း တစ္သက္လုံးလွ်ိဳ႕ဝွက္လာခဲ့သမွ်သည္ ယခုကဲ့သို႔ လႊဲေျပာင္းထုတ္ယူသည့္အခါမွ ဗူးေပၚသလိုေပၚသြားပါက ႀကိဳးစားခဲ့သမွ် အခ်ည္းႏွီး ျဖစ္သြားႏိုင္ပါသည္။ ထို႔အတြက္ေၾကာင့္ ႏိုင္ငံပိုင္ေဆး႐ုံမ်ား တစ္ခုတည္း၌သာ ART ေဆးအခမဲ့ေပးမည့္ အစီအစဥ္ကို ပိုမိုေကာင္းမြန္သည့္ ပုံေဖာ္ႏိုင္ရန္အတြက္ ယခုကတည္းမွ ႀကိဳတင္ျပင္ဆင္ စီမံထားသင့္ပါေၾကာင္း     ေရးသားလိုက္ရပါေတာ့သည္။

Author: Hlaing, Healthcare Journal, vol 8, no 26 ( 14.7.17)

(Unicode)

 

HIV ရှိနေသူများ သောက်သုံးနေရမည့် ART ဆေးအခမဲ့ ပေးဝေမှုများကို ၂၀၀၂ ခုနှစ်နောက်ပိုင်း NGO ဆေးခန်းများနှင့် နိုင်ငံပိုင်ဆေးရုံများတွင် စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ကြပါသည်။ ဤသို့ အခမဲ့ ပေးဝေနိုင်ရန် ရန်ပုံငွေ အများဆုံး ထောက်ပံ့ပေးသည့် အဖွဲ့ကြီး ကမ္ဘာ့ရန်ပုံငွေမှဖြစ်ပြီး ရောဂါသုံးမျိုးရန်ပုံငွေမှလည်း ထောက်ပံ့မှု ရရှိခဲ့ပါသည်။ ယခုအခါတွင်  အဓိကရန်ပုံငွေဖြစ်သည့် ကမ္ဘာ့ရန်ပုံငွေသည် နောက်ပိုင်းကာလများတွင် NGO များသို့ ထောက်ပံ့မှု မပေးတော့ပဲ အစိုးရထံသို့သာ တိုက်ရိုက်ပေးလှူသွားမည်ဖြစ်ရာ NGO ဆေးခန်းများမှ သောက်နေသူများသည်လည်း   အစိုးရဆေးရုံများသို့ သွားရောက်ပြီး ပြောင်းလဲသွားထုတ်ယူရမည့် အခြေအနေတစ်ရပ် ဖြစ်လာပါသည်။

မြန်မာနိုင်ငံရှိ ART ဆေးသောက်သုံးနေသည့် ရှိသူများကို အုပ်စုဖွဲ့၍ ကြည့်ရှုလျှင် နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ထုတ်ယူခြင်း၊ NGO ဆေးခန်းများတွင် အခမဲ့ထုတ်ယူခြင်းနှင့် လူသိမခံလို၍ မိမိတို့ အစီအစဉ်ဖြင့် ဝယ်သောက်နေသူများ ဟူ၍ အဓိကအုပ်စုကြီး သုံးစု ကွဲပြားနေပါသည်။ HIV လောကအတွက် အဓိကအချက်မှာ လျှို့ဝှက်မှုဖြစ်ပြီး လူသိမခံလို၍လည်းကောင်း၊      ငွေကြေးတတ်နိုင်လို၍လည်းကောင်း၊ မိမိတို့၏ငွေဖြင့် ဝယ်သောက်နေသူ အများအပြားရှိနေပါသည်။ သို့သော် နောက်ပိုင်းတွင် ငွေကြေးမပြေလည်သဖြင့် အခမဲ့ပေးသည့်နေရာများသို့ ခြေဦးလှည့်ရသူများလည်း ရှိကြပါသည်။ HIV ရှိနေသူများအပေါ် ခွဲခြားဆက်ဆံခြင်းများပြားနေသည့်အတွက် မိမိတွင် HIV ရှိလာပါက လူသိမခံရဲသော အကြောင်းအရင်းမှာ အဓိကဖြစ်နေပါတော့သည်။

သို့သော် ငွေကြေးမတတ်နိုင်သဖြင့် အခမဲ့ပေးသည့် နေရာများသို့ ခြေဦးလှည့်ကြရာတွင် လုံခြုံမှုရှိသည့် NGO ဆေးခန်းများသို့သာ ဦးစားပေး    ရွေးချယ်တတ်ကြပါသည်။ နိုင်ငံပိုင်ဆေးရုံများတွင် သွားရောက်ထုတ်ယူပါက တနည်းမဟုတ် တနည်းဖြင့် လူသိခံရမည်ကို စိုးရွံ့နေဆဲပင် ဖြစ်ပါသည်။ လူသိသွားပါက နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့်    လူသိမည့်နည်းလမ်းများကို အတတ်နိုင်ဆုံး ရှောင်ကွင်းလေ့ရှိတတ်ပါသည်။ နိုင်ငံပိုင်ဆေးရုံများတွင်လည်း HIV သီးသန့် ကုသသောဆေးရုံများရှိသလို အခြားသောရောဂါရှင်များနှင့် ပူးတွဲကုသသည့်ဆေးရုံများလည်း ရှိနေပါသည်။ ယခုအခါ ခရိုင်ဆေးရုံများသို့ HIV ရှိသူများ ART ဆေးထုတ်ယူနိုင်ရန် ခွဲဝေပေးထားပြီးလည်း ဖြစ်ပါသည်။ ယခုလက်ရှိ NGO ဆေးခန်းများမှ ထုတ်ယူနေသူများသည်လည်း ကမ္ဘာ့ရန်ပုံငွေကို နိုင်ငံပိုင်ဆေးရုံများသို့သာ သီးသန့်ပေးသည့်အခါတွင် ထိုဆေးရုံများတွင်သာ သွားရောက်ထုတ်ယူရပါတော့မည်။ သို့သော် အခြားလူနာများနှင့် ရောထွေးစွာကုသနေသည့် ထိုဆေးရုံများတွင်လည်း သွားရောက်ထုတ်ယူရာတွင် အခက်အခဲမျိုးစုံ ပေါ်ပေါက်လာဦးမည်သာ ဖြစ်ပါသည်။

HIV အတွက် အဓိကသော့ချက်ဖြစ်သည့် လျှို့ဝှက်မှုသည် လျော့ရဲလာမည်မှာ ဧကန်ပင်ဖြစ်ပါသည်။ ယခုလက်ရှိ ခရိုင်ဆေးရုံများတွင် ART သွားရောက်ထုတ်ယူနေသူများ၏ အခက်အခဲမျိုးစုံကိုလည် ကြားသိနေရပါသည်။ ART ပေးသည့် ထိုဆေးရုံများတွင် သီးခြားအခန်းဖွဲ့စည်းမှု မရှိခြင်း၊ ဆွေးနွေးခန်းများ သီးခြားရှိမနေခြင်း၊ အခြားသောရောဂါရှင်များ ထိုနေရာသို့ လမ်းမှားစွာ ရောက်လာခြင်း၊   အခြားသောဝေဒနာရှင်များက ဝိုင်းဝန်းစပ်စုကြခြင်း၊ တာဝန်ရှိကျန်းမာရေး ဝန်ထမ်းများမှ နှုတ်မစောင့်စည်းခြင်း စသည့် လျှို့ဝှက်မှုပျက်ပြယ်နိုင်သည့် ကိစ္စကြီးငယ်များစွာ ရင်ဆိုင်နေကြရပါသည်။ ထိုသို့ လူနာနှင့် ကျန်းမာရေးဝန်ထမ်း အင်အားမမျှသည့် အချိန်မှာပင် NGO ဆေးခန်းများမှ ရွှေ့ပြောင်းလာသည့်သူများပါ ပွားများလာသည့်အခါတွင် အခက်အခဲမျိုးစုံ ထပ်မံကြုံတွေ့လာနိုုင်ပါသည်။   အဓိက သော့ချက်ဖြစ်သည့် လျှို့ဝှက်မှုပေါက်ကြားခြင်းသည် HIV ရှိသူများအတွက် အဆိုးဝါးဆုံးအချက်ပင် ဖြစ်ပါသည်။

ယခုအခါတွင် မိမိတို့နေထိုင်ရာ အရပ်နှင့်နီးစပ်သည့်ဆေးရုံတွင် သွားရောက်ထုတ်ယူ၍ လွှဲပြောင်းပေးမှုများ၌ အချို့သည် လျှို့ဝှက်မှုများ ပေါက်ကြားကုန်ပါတော့သည်။  ထို့အတွက်ကြောင့် မိမိတို့နေထိုင်ရာအရပ်နှင့် အလှမ်းကွာသည့်ဆေးရုံများတွင် ပြောင်းလဲပြီးထုတ်ချင်ပါသော်လည်း အဆင်မပြေမှုများသာ ကြုံတွေ့နေရပါတော့သည်။ လူနာများကလည်း မိမိအဆင်မပြေဖြစ်မှုများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို မတင်ပြရဲခြင်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ငြူဆူမှုကို ကြောက်ရွံ့နေခြင်းများ ဖြစ်ပေါ်လျက် ရှိနေကြပါသည်။

NGO ဆေးခန်းများမှ လူနာများ ထပ်မံပြီးပွားများလာပါက ယခုထက် ပိုမိုခက်ခဲသော ဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာနိုင်မှုကို တာဝန်ရှိသူများမှ ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါသည်။ အဓိကမှာ လျှို့ဝှက်မှု ပေါက်ကြားသွားပါက ပါးစပ်တစ်ပေါက်ကို လိုက်လံပိတ်ဆို့ရန် မလွယ်ကူကြောင်းလည်း သိထားသင့်ပါသည်။ HIV ဥပဒေ မရှိသေးသည့်အတွက်လည်း HIV နှင့်ပတ်သက်လာလျှင် အထူးသတိပြုပြီး ဆောင်ရွက်လုပ်ကိုင်မှသာလျှင် HIV ရှိသူများအတွက် အကာအကွယ်ရမည်သာ ဖြစ်ပါသည်။ အလှူငွေရလျှင် ပြီးရောဆိုသည့် တာဝန်ယူ၊ တာဝန်ခံမှုအပိုင်းအားနည်းနေပါက HIV ရှိသူများအတွက် အကျိုးဖြစ်ထွန်းလာမည် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ HIV အခြေအနေသည် တိုးတက်ပြောင်းလဲလာသည်ဆိုသော်လည်း စနစ်တကျ စီမံခန့်ခွဲမှုအပိုင်း များစွာအားနည်လျက်ပင် ရှိနေပါသေးသည်။

မိမိတွင် HIV ရှိကြောင်း တစ်သက်လုံးလျှို့ဝှက်လာခဲ့သမျှသည် ယခုကဲ့သို့ လွှဲပြောင်းထုတ်ယူသည့်အခါမှ ဗူးပေါ်သလိုပေါ်သွားပါက ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားနိုင်ပါသည်။ ထို့အတွက်ကြောင့် နိုင်ငံပိုင်ဆေးရုံများ တစ်ခုတည်း၌သာ ART ဆေးအခမဲ့ပေးမည့် အစီအစဉ်ကို ပိုမိုကောင်းမွန်သည့် ပုံဖော်နိုင်ရန်အတွက် ယခုကတည်းမှ ကြိုတင်ပြင်ဆင် စီမံထားသင့်ပါကြောင်း     ရေးသားလိုက်ရပါတော့သည်။

Author: Hlaing, Healthcare Journal, vol 8, no 26 ( 14.7.17)

Previous Post

ကိုယ်နံ့ဆိုးနေလား

Next Post

ပါရာစီတမော အဆိပ်သင့်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.6k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
842
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
659

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1.1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပါရာစီတမော အဆိပ်သင့်ခြင်း

နှလုံးအားနည်းတယ်ဆိုတာ ဘာလဲ

လက္ဖက္ရည္က အရသာတင္ ေကာင္းတာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.