fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

စိတ်ခိုင်လျှင် သိပ်မယိုင်ပါ

41
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(zawgyi)

HIV ပိုး စတင္ေပၚေပါက္စဥ္ ကာလတုန္းက ကုသစရာ ေဆးဝါးမရွိခဲ့ေသးေသာေၾကာင့္ HIV ကူးစက္သည္ႏွင့္ မၾကာမီ ကာလတစ္ခုတြင္ ေသဆုံးၾကရပါေတာ့သည္။ ထိုစဥ္အခါကHIVကူးစက္ခံရမႈတို႔ေၾကာင့္ ေသဆုံးၾကရျခင္းထက္ စိတ္ပိုင္းဆိုင္ရာ ၿပိဳလဲမႈတို႔ေၾကာင့္ ေစာစီးစြာ ေသဆုံးခဲ့ရမႈက မ်ားျပားပါသည္။ သို႔ေသာ္ ယေန႔အခ်ိန္တြင္ ART ကုထုံးအစြမ္းေၾကာင့္ အသက္မ်ား ရွင္သန္ခြင့္ရေနၾကသည္ဆိုေသာ္လည္း HIV ဗဟုသုတနည္းပါးၾကသူမ်ား ကုသေရးစနစ္ႏွင့္ ေဝးကြာေနၾကသူမ်ားအဖို႔ HIV ကူးစက္ခံရၿပီဆိုသည္ႏွင့္ လူနာကိုယ္တိုင္သာမက မိသားစုဝင္မ်ားကပါ တုန္လႈပ္ေျခာက္ျခားၿပီး စိတ္ဓာတ္က်ဆင္းမႈမ်ား ျဖစ္ၾကရပါေတာ့သည္။

HIV ႏွင့္ပတ္သက္၍လည္း မည္သူကို စတင္ဆက္သြယ္ၿပီး စုံစမ္းေမးျမန္းမႈ ျပဳရမည္ကို မသိရွိျခင္းႏွင့္ ရွက္႐ြံ႕၊ ေၾကာက္႐ြံ႕ေနမႈမ်ားေၾကာင့္လည္း ျဖစ္ၾကရပါေတာ့သည္။ အခ်ိန္ကာလၾကာျမင့္သည္အထိ HIV အေၾကာင္း စုံစမ္းရမႈခက္ခဲလာေသာအခါတြင္ စိတ္ဆင္းရဲမႈမ်ားျဖစ္လာတတ္ၾကၿပီး လူနာကိုယ္တိုင္ကလည္း စားမဝင္ အိပ္မေပ်ာ္ျဖစ္ကာ မီးဇာကုန္ဆီခမ္းဘဝသို႔ ေရာက္ရပါေတာ့သည္။ ထို႔အတြက္ေၾကာင့္ မိမိႏွင့္မိမိတို႔၏ မိသားစုဝင္အတြက္ မဟုတ္လွ်င္    ေသာ္မွ တစ္ပါးသူျဖစ္လာပါက ကယ္တင္ႏိုင္ရန္ အလို႔ငွာ HIV ႏွင့္ ပတ္သက္ေသာ ကုသႏိုုင္သည့္ေနရာမ်ားကို ႀကိဳတင္ေလ့လာထားသင့္ပါသည္။ ထိုနည္းတူပင္ မိမိကိုယ္တိုင္ႏွင့္ မိသားစုဝင္မ်ားအတြက္ HIV စစ္ေဆးမႈမ်ားကို အခ်ိန္ယူၿပီး စစ္ေဆးထားပါက ယိမ္းယိုင္သြားေသာ မိသားစုဘဝမ်ားမျဖစ္ဖို႔ ကာကြယ္ၿပီးသားျဖစ္ေနပါလိမ့္မယ္။

စိတ္ဆိုသည္မွာ လူတစ္ဦးခ်င္း၏ စဥ္းစားမႈ၊ ေတြးေခၚမႈ၊ ေမွ်ာ္ျမင္မႈ၊ ေဝဖန္ပိုင္းျခားမႈတို႔ႏွင့္ သက္ဆိုင္ေနၿပီး လႈမႈဆက္ဆံေရးအတြက္လည္း ထိုစိတ္ႏွင့္ပင္ ကိုင္တြယ္ေျဖရွင္းရျခင္းမ်ိဳးျဖစ္ပါသည္။ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕တဲ့မႈမ်ားလာပါက ခႏၶာကိုယ္ပိုင္းဆိုင္ရာ ဇီဝလိုအပ္ခ်က္မ်ားလာေလ ျဖစ္တတ္ပါသည္။ ခႏၶာကိုယ္တြင္ ေဘးအႏၲရာယ္တစ္ခုက်ေရာက္လာပါက စိတ္ပိုင္းဆိုင္ရာၿပိဳလဲပ်က္စီးၿပီး စိတ္ကစဥ့္ကလ်ား ျဖစ္လာႏိုင္ပါသည္။ အမွန္တရားကို ပိုင္းျခားေဝဖန္သုံးသပ္ႏိုင္မႈ အားနည္းလာတတ္သလို ဟိုဟာလုပ္ရေကာင္းႏိုး သည္ဟာလုပ္ရေကာင္းႏိုးျဖစ္ကာ ရႈပ္ေထြးမႈမ်ားျပားလာေစပါသည္။ စိတ္ေထာင္းလွ်င္ ကိုယ္ေၾကဆိုသည္က စကားအရ ကာလၾကာရွည္စြာ ခံစားရပါက အသက္အႏၲရာယ္ ရွိလာႏိုင္ပါသည္။

ခႏၶာကိုယ္ ထိခိုက္ဒဏ္ရာရမႈႏွင့္ ေရာဂါတစ္ခု ကပ္ၿငိလာပါက စိတ္ဒဏ္ရာရမႈ အနည္းႏွင့္အမ်ား ခံစားရတတ္ပါသည္။ အထူးသျဖင့္ ေရာဂါဟုဆိုရာတြင္ အျခားေသာေရာဂါမ်ားထက္စာလွ်င္ HIV ကူးစက္ခံလာရပါက ပတ္ဝန္းက်င္မွ ကဲ့ရဲ႕ရႈံ႕ခ်မႈဒဏ္မ်ားကို မခံစားႏိုင္ေသာေၾကာင့္ ဖြင့္ဟေျပာဆိုၿပီး အကူအညီေတာင္းခံရန္ လြန္စြာ ခက္ခဲေသာေရာဂါတစ္ခု ျဖစ္ေနျခင္းက လူနာ၏စိတ္ကို ပိုမိုထိခိုက္ႏိုင္ေစပါသည္။ ထိုုသို႔ေသာ အခက္အခဲမ်ား ေျမာက္မ်ားလွေသာ      ေၾကာင့္ HIV ပိုးကူးစက္ခံရသူမ်ားသည္ စိတ္ပိုင္းဆိုင္ရာ ၿပိဳလဲယိမ္းယိုင္ကုန္ၿပီး မိမိကိုယ္ကိုပင္ အဆုံးစီရင္သြားၾကေသာ သာဓကမ်ားပင္ ရွိခဲ့ေလေတာ့ သည္။

အဓိက အသိေပးလိုသည္မွာ HIV ကူးစက္ခံရသူ တစ္ဦးသည္ ကုသေရးလမ္းေၾကာင္းကို ရွာေဖြစုံစမ္းမႈ မျပဳမီကတည္းကပင္ မိမိတို႔၏ စိတ္ကိုမယိမ္းယိုင္ပဲ တည္ၿငိမ္လာေအာင္ ဦးဆုံးျပဳလုပ္ျပင္ဆင္ဖို႔ လိုအပ္ပါသည္။ အေနအထိုင္ အစားအေသာက္ အအိပ္အေနမ်ား အပါအဝင္ အျခားေသာ လူမႈပတ္ဝန္းက်င္ ဆက္ဆံေရးမ်ားကို ယခင္ပုံမွန္အတိုင္း ဆက္လက္ေနထိုင္ႏိုင္ရန္ က်င့္ႀကံသင့္ပါသည္။ စိတ္ဓာတ္ ခိုင္မာေစရန္ ျပဳမႈေနထိုင္ျခင္းသည္ မိမိက်န္းမာေရးကို အဆိုးဖက္သို႔ ေရာက္မသြားေစဘဲ အေကာင္းဘက္သို႔ ဦးတည္လာႏိုင္သည္ကို သတိတစ္ခုျပဳေစလိုပါသည္။ မိမိတြင္ ကူးစက္ေနသည့္ HIV အေၾကာင္းကိုသာ ထပ္ခါတလဲလဲ ျပန္စဥ္းစားၿပီး စိတ္ဖိစီးမႈျဖစ္ေနျခင္းသည္ ခႏၶာကိုယ္က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္လာႏိုင္မည္မဟုတ္သလို၊ မိမိေရာဂါအတြက္ သူ႔အဆင့္လိုက္ ကုသမႈခံယူ၍ ေက်ာ္ျဖတ္ႏိုင္ရန္သာ ေတြးေတာထားသင့္ပါသည္။

အခ်ိဳ႕သူမ်ားသည္လည္း HIV ကူးစက္ခံလာရျခင္းအတြက္ ေနာက္ေၾကာင္းျပန္ ေတြးေတာစဥ္းစားတတ္ၾကၿပီး မိမိကိုယ္ကို အျပစ္တင္ ေနာင္တရေနမႈလည္း ေရွ႕ဆက္ရမည့္ ခရီးအေရာက္ေကာင္းက်ိဳးကို ေဖာ္ေဆာင္ႏိုင္မည့္ မဟုတ္ေပ။ မိမိတို႔၏ လူ႔ဘဝေရွ႕ခရီးအတြက္ အေကာင္းဆုံး ပုံေဖာ္ႏိုင္ေစရန္ စိတ္ဓာတ္ခြန္အားမ်ား ေမြးျမဴထားရန္သာ လိုအပ္ပါသည္။ မည္သူမဆိုပင္ HIV ပိုးကူးစက္ခံယူ လိုစိတ္မရွိၾကေသာ္လည္း အေၾကာင္းဖန္လာ၍ ကူးစက္ခံရပါ လွ်င္လည္း ေရွ႕ဆက္ရမည့္ ခရီးလမ္းေကာင္းမြန္ေစရန္ မိမိတို႔၏စိတ္ကို ဦးဆုံးထိန္းခ်ဳပ္တတ္ရန္သာ ဦးစားေပးေလ့က်င့္ထားသင့္ပါသည္။

သတင္းအခ်က္အလက္မ်ား စုံစမ္းရာတြင္လည္း ကုုသေရးလမ္းေၾကာင္းမ်ားကို ရွာေဖြသင့္သလို မိမိ၏ေရွ႕မွ ကူးစက္ခံေနရသူမ်ား၏ ဘဝအစိတ္အပိုင္းမ်ားကိုပါေလ့လာစူးစမ္းသင့္ပါသည္။ ထို႔အျပင္ မိမိ၏အေရွ႕မွ ကူးစက္ခံရၿပီး က်န္းမာေရးအေျခအေန ျပန္လည္ေကာင္းမြန္လာၿပီး ပုံမွန္ဘဝျပန္ရေနသူမ်ားကို ရွာေဖြကာ အေတြ႕အႀကဳံေကာင္းမ်ားကို ရယူသင့္ပါသည္။ ထိုသူတို႔သည္လည္း မိမိကဲ့သို႔ပင္ ခံစားခဲ့ရသူမ်ားျဖစ္ၿပီး ေက်ာ္လႊားျဖတ္သန္းခဲ့ရပုံအဆင့္ဆင့္ကို အတုယူကာ ေလ့က်င့္သင့္ပါသည္။

လူ႔ေလာကတြင္ အရာရာတိုင္းတတ္သိ ကြၽမ္းက်င္ၾကသည္ မဟုတ္သျဖင့္ သင္ယူေလ့က်င့္ျခင္းျဖင့္ မိမိတို႔၏ အခက္အခဲမ်ားကို ေက်ာ္ျဖတ္ႏိုင္ရန္ ႀကိဳးစားေနရသူမ်ား ျဖစ္သည္ကိုလည္း မေမ့ထားသင့္ပါ။ အဓိက ဆိုလိုခ်င္သည့္အခ်က္မွာ မိမိတို႔၏ စိတ္အလ်င္ အဓိကျဖစ္ေနေသာေၾကာင့္ စိတ္ဓာတ္ခိုင္မာမႈရရွိေစရန္ နည္းပညာမ်ိဳးစုံကို ေလ့လာဆည္းပူး က်င့္ႀကံသင့္ပါသည္။ မည္သည့္ေဘးဒုကၡမဆို စိတ္မခိုင္ပါက ယိမ္းယိုင္တတ္သည့္သေဘာရွိသျဖင့္ စိတ္ဓာတ္ကို  ျမင့္မားလာေစရန္သာ ဦးစြာေလ့က်င့္သင့္ပါသည္။ HIV ရွိေနေသာ္လည္း စိတ္ဓာတ္ခိုင္မာေနလွ်င္ ဘဝႀကီးတစ္ခုလုံး ယိမ္းယိုင္သြားမႈ မျဖစ္ႏိုင္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါေတာ့သည္။

Author: Hlaing, Healthcare Journal, vol 8,no 24 (30.6.17)

(Unicode)

HIV ပိုး စတင်ပေါ်ပေါက်စဉ် ကာလတုန်းက ကုသစရာ ဆေးဝါးမရှိခဲ့သေးသောကြောင့် HIV ကူးစက်သည်နှင့် မကြာမီ ကာလတစ်ခုတွင် သေဆုံးကြရပါတော့သည်။ ထိုစဉ်အခါကHIVကူးစက်ခံရမှုတို့ကြောင့် သေဆုံးကြရခြင်းထက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတို့ကြောင့် စောစီးစွာ သေဆုံးခဲ့ရမှုက များပြားပါသည်။ သို့သော် ယနေ့အချိန်တွင် ART ကုထုံးအစွမ်းကြောင့် အသက်များ ရှင်သန်ခွင့်ရနေကြသည်ဆိုသော်လည်း HIV ဗဟုသုတနည်းပါးကြသူများ ကုသရေးစနစ်နှင့် ဝေးကွာနေကြသူများအဖို့ HIV ကူးစက်ခံရပြီဆိုသည်နှင့် လူနာကိုယ်တိုင်သာမက မိသားစုဝင်များကပါ တုန်လှုပ်ခြောက်ခြားပြီး စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ကြရပါတော့သည်။

HIV နှင့်ပတ်သက်၍လည်း မည်သူကို စတင်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းမှု ပြုရမည်ကို မသိရှိခြင်းနှင့် ရှက်ရွံ့၊ ကြောက်ရွံ့နေမှုများကြောင့်လည်း ဖြစ်ကြရပါတော့သည်။ အချိန်ကာလကြာမြင့်သည်အထိ HIV အကြောင်း စုံစမ်းရမှုခက်ခဲလာသောအခါတွင် စိတ်ဆင်းရဲမှုများဖြစ်လာတတ်ကြပြီး လူနာကိုယ်တိုင်ကလည်း စားမဝင် အိပ်မပျော်ဖြစ်ကာ မီးဇာကုန်ဆီခမ်းဘဝသို့ ရောက်ရပါတော့သည်။ ထို့အတွက်ကြောင့် မိမိနှင့်မိမိတို့၏ မိသားစုဝင်အတွက် မဟုတ်လျှင်    သော်မှ တစ်ပါးသူဖြစ်လာပါက ကယ်တင်နိုင်ရန် အလို့ငှာ HIV နှင့် ပတ်သက်သော ကုသနိုုင်သည့်နေရာများကို ကြိုတင်လေ့လာထားသင့်ပါသည်။ ထိုနည်းတူပင် မိမိကိုယ်တိုင်နှင့် မိသားစုဝင်များအတွက် HIV စစ်ဆေးမှုများကို အချိန်ယူပြီး စစ်ဆေးထားပါက ယိမ်းယိုင်သွားသော မိသားစုဘဝများမဖြစ်ဖို့ ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။

စိတ်ဆိုသည်မှာ လူတစ်ဦးချင်း၏ စဉ်းစားမှု၊ တွေးခေါ်မှု၊ မျှော်မြင်မှု၊ ဝေဖန်ပိုင်းခြားမှုတို့နှင့် သက်ဆိုင်နေပြီး လှုမှုဆက်ဆံရေးအတွက်လည်း ထိုစိတ်နှင့်ပင် ကိုင်တွယ်ဖြေရှင်းရခြင်းမျိုးဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုများလာပါက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဇီဝလိုအပ်ချက်များလာလေ ဖြစ်တတ်ပါသည်။ ခန္ဓာကိုယ်တွင် ဘေးအန္တရာယ်တစ်ခုကျရောက်လာပါက စိတ်ပိုင်းဆိုင်ရာပြိုလဲပျက်စီးပြီး စိတ်ကစဉ့်ကလျား ဖြစ်လာနိုင်ပါသည်။ အမှန်တရားကို ပိုင်းခြားဝေဖန်သုံးသပ်နိုင်မှု အားနည်းလာတတ်သလို ဟိုဟာလုပ်ရကောင်းနိုး သည်ဟာလုပ်ရကောင်းနိုးဖြစ်ကာ ရှုပ်ထွေးမှုများပြားလာစေပါသည်။ စိတ်ထောင်းလျှင် ကိုယ်ကြေဆိုသည်က စကားအရ ကာလကြာရှည်စွာ ခံစားရပါက အသက်အန္တရာယ် ရှိလာနိုင်ပါသည်။

ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရမှုနှင့် ရောဂါတစ်ခု ကပ်ငြိလာပါက စိတ်ဒဏ်ရာရမှု အနည်းနှင့်အများ ခံစားရတတ်ပါသည်။ အထူးသဖြင့် ရောဂါဟုဆိုရာတွင် အခြားသောရောဂါများထက်စာလျှင် HIV ကူးစက်ခံလာရပါက ပတ်ဝန်းကျင်မှ ကဲ့ရဲ့ရှုံ့ချမှုဒဏ်များကို မခံစားနိုင်သောကြောင့် ဖွင့်ဟပြောဆိုပြီး အကူအညီတောင်းခံရန် လွန်စွာ ခက်ခဲသောရောဂါတစ်ခု ဖြစ်နေခြင်းက လူနာ၏စိတ်ကို ပိုမိုထိခိုက်နိုင်စေပါသည်။ ထိုုသို့သော အခက်အခဲများ မြောက်များလှသော      ကြောင့် HIV ပိုးကူးစက်ခံရသူများသည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲယိမ်းယိုင်ကုန်ပြီး မိမိကိုယ်ကိုပင် အဆုံးစီရင်သွားကြသော သာဓကများပင် ရှိခဲ့လေတော့ သည်။

အဓိက အသိပေးလိုသည်မှာ HIV ကူးစက်ခံရသူ တစ်ဦးသည် ကုသရေးလမ်းကြောင်းကို ရှာဖွေစုံစမ်းမှု မပြုမီကတည်းကပင် မိမိတို့၏ စိတ်ကိုမယိမ်းယိုင်ပဲ တည်ငြိမ်လာအောင် ဦးဆုံးပြုလုပ်ပြင်ဆင်ဖို့ လိုအပ်ပါသည်။ အနေအထိုင် အစားအသောက် အအိပ်အနေများ အပါအဝင် အခြားသော လူမှုပတ်ဝန်းကျင် ဆက်ဆံရေးများကို ယခင်ပုံမှန်အတိုင်း ဆက်လက်နေထိုင်နိုင်ရန် ကျင့်ကြံသင့်ပါသည်။ စိတ်ဓာတ် ခိုင်မာစေရန် ပြုမှုနေထိုင်ခြင်းသည် မိမိကျန်းမာရေးကို အဆိုးဖက်သို့ ရောက်မသွားစေဘဲ အကောင်းဘက်သို့ ဦးတည်လာနိုင်သည်ကို သတိတစ်ခုပြုစေလိုပါသည်။ မိမိတွင် ကူးစက်နေသည့် HIV အကြောင်းကိုသာ ထပ်ခါတလဲလဲ ပြန်စဉ်းစားပြီး စိတ်ဖိစီးမှုဖြစ်နေခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်လာနိုင်မည်မဟုတ်သလို၊ မိမိရောဂါအတွက် သူ့အဆင့်လိုက် ကုသမှုခံယူ၍ ကျော်ဖြတ်နိုင်ရန်သာ တွေးတောထားသင့်ပါသည်။

အချို့သူများသည်လည်း HIV ကူးစက်ခံလာရခြင်းအတွက် နောက်ကြောင်းပြန် တွေးတောစဉ်းစားတတ်ကြပြီး မိမိကိုယ်ကို အပြစ်တင် နောင်တရနေမှုလည်း ရှေ့ဆက်ရမည့် ခရီးအရောက်ကောင်းကျိုးကို ဖော်ဆောင်နိုင်မည့် မဟုတ်ပေ။ မိမိတို့၏ လူ့ဘဝရှေ့ခရီးအတွက် အကောင်းဆုံး ပုံဖော်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ မွေးမြူထားရန်သာ လိုအပ်ပါသည်။ မည်သူမဆိုပင် HIV ပိုးကူးစက်ခံယူ လိုစိတ်မရှိကြသော်လည်း အကြောင်းဖန်လာ၍ ကူးစက်ခံရပါ လျှင်လည်း ရှေ့ဆက်ရမည့် ခရီးလမ်းကောင်းမွန်စေရန် မိမိတို့၏စိတ်ကို ဦးဆုံးထိန်းချုပ်တတ်ရန်သာ ဦးစားပေးလေ့ကျင့်ထားသင့်ပါသည်။

သတင်းအချက်အလက်များ စုံစမ်းရာတွင်လည်း ကုုသရေးလမ်းကြောင်းများကို ရှာဖွေသင့်သလို မိမိ၏ရှေ့မှ ကူးစက်ခံနေရသူများ၏ ဘဝအစိတ်အပိုင်းများကိုပါလေ့လာစူးစမ်းသင့်ပါသည်။ ထို့အပြင် မိမိ၏အရှေ့မှ ကူးစက်ခံရပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်ဘဝပြန်ရနေသူများကို ရှာဖွေကာ အတွေ့အကြုံကောင်းများကို ရယူသင့်ပါသည်။ ထိုသူတို့သည်လည်း မိမိကဲ့သို့ပင် ခံစားခဲ့ရသူများဖြစ်ပြီး ကျော်လွှားဖြတ်သန်းခဲ့ရပုံအဆင့်ဆင့်ကို အတုယူကာ လေ့ကျင့်သင့်ပါသည်။

လူ့လောကတွင် အရာရာတိုင်းတတ်သိ ကျွမ်းကျင်ကြသည် မဟုတ်သဖြင့် သင်ယူလေ့ကျင့်ခြင်းဖြင့် မိမိတို့၏ အခက်အခဲများကို ကျော်ဖြတ်နိုင်ရန် ကြိုးစားနေရသူများ ဖြစ်သည်ကိုလည်း မမေ့ထားသင့်ပါ။ အဓိက ဆိုလိုချင်သည့်အချက်မှာ မိမိတို့၏ စိတ်အလျင် အဓိကဖြစ်နေသောကြောင့် စိတ်ဓာတ်ခိုင်မာမှုရရှိစေရန် နည်းပညာမျိုးစုံကို လေ့လာဆည်းပူး ကျင့်ကြံသင့်ပါသည်။ မည်သည့်ဘေးဒုက္ခမဆို စိတ်မခိုင်ပါက ယိမ်းယိုင်တတ်သည့်သဘောရှိသဖြင့် စိတ်ဓာတ်ကို  မြင့်မားလာစေရန်သာ ဦးစွာလေ့ကျင့်သင့်ပါသည်။ HIV ရှိနေသော်လည်း စိတ်ဓာတ်ခိုင်မာနေလျှင် ဘဝကြီးတစ်ခုလုံး ယိမ်းယိုင်သွားမှု မဖြစ်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။

Author: Hlaing, Healthcare Journal, vol 8,no 24 (30.6.17)

Previous Post

ကိုယ့်ခါးကိုယ်ကြည့်၊ ကျန်းမာရေးသတိ

Next Post

ကယ္ပယ္အိတ္နာ ျပႆနာမ်ား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကယ္ပယ္အိတ္နာ ျပႆနာမ်ား

ဝက်ခြံထွက်လွယ်တဲ့ သူတွေအတွက် အသားအရေကို ဘယ်လိုတွေဂရုစိုက်ကြမလဲ

အရွယ်တင်လှပနုပျိုစေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.