fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အတူနေစဉ်သွေးထွက်ခြင်း

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

တချို့အိမ်ထောင်သည်တွေမှာ ကာကွယ်ဆေးထိုးပြီးပေမယ့် အမျိုးသားနဲ့ အတူနေပြီးစအချိန်မှာ တခါတလေ သွေးဆင်းတာ ကြားဖူးပါတယ်ဆရာ။ အဲဒါကရော ကင်ဆာရဲ့ အစလက္ခဏာပဲလား ဆရာ။ နောက်ပြီး တချို့အပျိုကြီးအစစ်တွေမှာလဲ သွေးတစ်လလုံးဆင်းလို့ OG တွေက ကင်ဆာလက္ခဏာဆိုပြီး သားအိမ်ထုတ်ခိုင်းတာလဲ အများကြီး တွေ့ဖူးပါတယ်။

အဲဒါ ဘာဖြစ်လို့ပါလဲ ဆရာ။ ဒီလိုပါဆရာ ပထမတစ်ယောက်က သူငယ်ချင်းပါဆရာ။ သူကရာသီလာခါနီးမှာ အမျိုးသားနဲ့အတူနေပြီးတဲ့အခါ သွေးနဲနဲဆင်းတယ်လို့ ပြောတယ်ဆရာ။ ဒါပေမယ့် နောက်ရက်ကျတော့ မဆင်းတော့ဘူးတဲ့။ အဲလိုမျိုး နှစ်ခါလောက် ဖြစ်တော့ သူကြောက်ပြီး OG သွားပြတော့ သားအိမ်ခေါင်းဝကအချွဲကို ယူပြီးစစ်တော့ ကင်ဆာမဟုတ်ဘဲ သားအိမ်ခေါင်း နဲနဲရောင်တာလို့ပြောပြီး ပိုးသတ်ဆေးပဲ ပေးလိုက်တယ်တဲ့။

သူလဲ ကာကွယ်ဆေးပါ ထိုးလိုက်ပါတယ်ဆရာ။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီး နောက်ပိုင်းလဲ တစ်ခါတစ်လေ အဲဒီလိုပဲ သွေးဆင်းတတ်ပါတယ်တဲ့။ ဒါပေမယ့်သူလဲ OG ထပ်မပြချင်တော့ဘူး။ ပြလဲဘာမှမဖြစ်ဘူးပဲ ပြောဦးမယ်ဆိုပြီး မပြပဲနေနေလို့ပါ။ ရေရှည်ဆိုရင် ဘာဖြစ်နိုင်ပါသလဲဆရာ။

သူကရှက်တတ်လို့ပါ။ နောက်တစ်ဦးက သမီးတို့နဲ့ အရောင်းအဝယ်လုပ်တဲ့ အစ်မကြီးပါ။ သူကအပျိုကြီးပါ။ ဒါပေမယ့် အဖြူမကြာခဏ ဆင်းပြီး တစ်ခါတစ်ခါလနဲ့ချီပြီးကြာလို့ OG သွားပြတဲ့အခါ သားအိမ်ကင်ဆာလက္ခဏာဆိုပြီး သားအိမ်ထုတ်ခိုင်းလို့ ထုတ်လိုက်ရတယ်ဆရာ။ သမီးသိသလောက်တော့ သူကအပျိုကြီးအစစ်ပါဆရာ။ ဒါပေမယ့် ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ ဗဟုသုတအနေနဲ့ သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဒီမေးခွန်း ၂ မျိုးလုံးကို ဖြစ်တဲ့သူတစ်ဦးချင်းရဲ့ ကျန်းမာရေးရာဇဝင်၊ စစ်ဆေးချက်တွေ လုပ်ပြီးမှသာ ပြောနိုင်ပါတယ်။ အမျိုးသမီးတွေ သွေးဆင်းတာ ပုံမှန်ရက် မဟုတ်တိုင်းတော့ ကင်ဆာလို့ မထင်သင့်သေးပါ။ လူနာတစ်ဦးချင်းအတွက် သိချင်ရင်တော့ အချက်အလက်တွေနဲ့ မေးနိုင်ပါတယ်။

သားအိမ်ဝကင်ဆာကို Papsmear test လုပ်မှသိမယ်။ အဲဒီစစ်နည်းကိုလဲ အမျိုးသမီးရဲ့အရွယ်၊ မိသားစုရာဇဝင်စတာတွေအရ ဘယ်လောက်တခါ စစ်နေရမယ်ဆိုတာကို “Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်” ထုတ်ထားပါတယ်။ အရင်စစ်တာ ဘာမှမတွေ့ပေမဲ့ နောက်စစ်တာမှ တွေ့လာတာမျိုး ရှိနိုင်တယ်။ တသက်လုံး ရောဂါမတွေ့တာလဲ ရှိမယ်။

အဖြူဆင်းတိုင်းလဲ ကင်ဆာတော့ မဟုတ်ပါ။ အိမ်ထောင်မကျဖူး၊ အတူမနေဖူးတဲ့ သားအိမ်ဝကင်ဆာ၊ သားအိမ်ကင်ဆာ၊ မျိုးဥကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ အသက်ငယ်ငယ်ကတည်း အတူနေဖူးသူ၊ အတူနေဖက်များသူ၊ လိင်ကတစ်ဆင့် ကူးစက်ရောဂါတခုခုရှိနေသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပျိုကြီးတွေမှာ လုံးဝမဖြစ်လို့ အာမခံချက်တော့ မရှိပါ။

သားအိမ်ဝကင်ဆာကို မစစ်ဘဲ သွေးဆင်းရက်ပုံမှန်မဟုတ်တာ၊ အတူနေတုံး သွေးဆင်းတာနဲ့ အတူနေစဉ်မှာ မနာသင့်ဘဲ နာတာတွေက သံသယရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

Vaginal Bleeding During Sexual Intercourse အတူနေစဉ် မွေးလမ်းက သွေးဆင်းခြင်း ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ –

  1. Inflammation ရောင်ရမ်းခြင်း
    Cervical erosion သားအိမ်ဝရောင်ခြင်း၊ ငယ်ရွယ်သူတွေ၊ တားဆေးစားနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာလဲ ဖြစ်နိုင်တယ်။ အဲလိုအချိန်တွေမှာ သားအိမ်အဝက ပုံမှန်ထက် နုနေလို့ဖြစ်တယ်။ ဖြစ်ရင်လဲ အလိုလိုပျောက်နိုင်သလို လိုအပ်ရင် Freezing နည်းနဲ့ ကုသလို့ရတယ်။
  2. Atrophic vaginitis ဗဂျိုင်းနား ပါးလွှာခြင်း
    သွေးဆုံးပြီးရင် Estrogen ဟော်မုန်းနည်းရာကနေဖြစ်တယ်။ တချို့မှာဖြစ်တတ်တယ်။ သွေးနည်းနည်းလေးဆင်းတာနဲ့ အတူနေစဉ် နာတာတွေ ဖြစ်တယ်။ ဖြစ်ရင် အတူနေစဉ်မှာ Lubricating gels ဂျဲလ်ကိုသုံးနိုင်တယ်။ Estrogen (အီစထိုဂျင်) ဟော်မုန်းနဲ့ ကုနိုင်တယ်။ ဆေးသောက်နည်း-ဆေးထည့်နည်း သုံးနိုင်တယ်။
  3. Sexually transmitted diseases(STDS) လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ Chlamydia (ကာလ်မိုင်ဒီးယား)နှင့် Gonorrhea (ဂိုနိုးရီးယား) တွေကနေ ဖြစ်စေနိုင်တယ်။ ပိုးရှိနေရင် Vaginal discharge မွေးလမ်းကနေ တခုခုဆင်းတာ၊ Pelvic pain တင်ပါးဆုံရိုးကွင်းထဲကနာတာ၊ Itching ယားတာ၊ Burning ပူလောင်တာတွေ ခံစားရမယ်။ Antibiotics ပိုးသေဆေးနဲ့ ပျောက်ပါတယ်။ မကုဘဲထားရင် တချိန်မှာ ကလေးမရတာ ဖြစ်လာနိုင်တယ်။ Trichomoniasis (ထရွိင်ကိုမိုနီယေးဆစ်) ရောဂါကနေလဲဖြစ်တယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရောဂါ တခုဖြစ်တယ်။ လိင်ကတဆင့်ကူးတယ်။ တခုခုဆင်းမယ်။ ယားမယ်။ သွေးဆင်းမယ်။
  4. Abnormal growths အပိုကင်ဆာ တခုခုဖြစ်တာ
    Cancer ကင်ဆာဖြစ်နိုင်သလို၊ Precancerous growths ကင်ဆာမဟုတ်ခင်အဆင့်လဲ ဖြစ်နိုင်တယ်။
  5. Endometriosis (အင်ဒိုမီထရီယိုးဆစ်) ရောဂါ
    သားအိမ် (တစ်ရှူး) တွေကိ သားအိမ်အပြင်မှာ ဖြစ်နေတာကိုခေါ်တယ်။ အပျိုကြီးတွေ၊ ကလေးမရသေးသူတွေမှာ ပိုဖြစ်တယ်။ ရာသီလာချိန်နဲ့ အတူနေချိန်တွေမှာ နာတာသိသာတယ်။
  6. Uterine polyps သားအိမ်အသီး
    ကင်ဆာမဟုတ်တဲ့ အသားပိုအသီးလေးတွေကနေလဲ သွေးဆင်းတာ ဖြစ်နိုင်တယ်။ သားအိမ်နဲ့ သားအိမ်ဝကနေ ထွက်တယ်။ သူ့အလိုလိုလဲ ပျောက်နိုင်တယ်။ လိုအပ်ရင် ခွဲထုတ်ရမယ်။

အတူနေပြီး သွေးထွက်ခြင်းကို ဖြစ်စေနိုင်တာတွေ ရှိတယ်။
1. Inflammation ရောင်ခြင်း၊ Vaginitis, Cervicitis, Cervical erosion သားအိမ်ရောင်ခြင်း၊ ငယ်ရွယ်သူတွေနဲ့ တားဆေးသောက်နေသူတွေမှာ ဖြစ်တတ်တယ်။ အလိုလိုလဲပျောက်သွားနိုင်တယ်။ အေးခဲနည်းနဲ့လဲ ကုသပေးနိုင်တယ်။
2. Atrophic vaginitis မွေးလမ်းခြောက်သွေ့ခြင်း၊ သွေးဆုံးပြီး အမျိုးသမီးတွေမှာဖြစ်တယ်။ Estrogen ဟော်မုန်းကို ထည့်ဆေးနဲ့ သောက်ဆေးပေးတယ်။
3. Sexually transmitted diseases(STDS) လိင်ကတစ်ဆင့် ကူးစက်ရောဂါ၊ chlamydia (ကလာမိုင်ဒီးယား) နဲ့ gonorrhea (ဂနိုရီးယား) တွေကနေဖြစ်စေနိုင်တယ်။ ဆိုင်ရာပိုးသေဆေးပေးရင် ပျောက်တယ်။
4. Trichomoniasis(ထွိုင်ကိုမိုးနပ်စ်) ပိုးဝင်ခြင်း၊ လိင်ကတဆင့်ကူးစက်ရောဂါ၊ အဖြူဆင်းမယ်၊ ယားမယ်။ ပိုးသေဆေးပေးရင် ပျောက်တယ်။
5. Abnormal growths ကင်ဆာ ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အသားပို၊ စနစ်တကျ ဆေးကုရမယ်။ ၆% က ကင်ဆာဖြစ်မယ်။
6. Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ၊ ကလေးမရနိုင်သေးတဲ့ အသက်လည်း သိပ်မငယ်တဲ့ အမျိုးသမီးတွေမှာဖြစ်တယ်။ အတူနေရင်လဲနာမယ်။
7. Uterine polyps သားအိမ်အသားပို၊ ခွဲစိတ်ကုသရင် ပျောက်တယ်။
8. Cervical dysplasia ကင်ဆာနဲ့ဆင်တဲ့အဆင့်၊ cervical intraepithelial neoplasia(CIN) ခေါ်တယ်။ စနစ်တကျကုသရမယ်။
9. Vaginal yeast infection မွေးလမ်း မှိုပိုးဝင်ခြင်း၊ အနံ့ဆိုးတဲ့ အဖြူဆင်းမယ်၊ ဒိန်ခဲလိုဆင်းမယ်။ ဆေးကုရင်ပျောက်တယ်။
10. Fibroid tumors သားအိမ်အကျိတ်၊ အဖြစ်နည်းပါ။ ကလေးမရသေးသူတွေမှာ ပိုဖြစ်တယ်။ ခွဲစိတ်ကုသရင် ပျောက်တယ်။

Author: Dr.တင့်ဆွေ, Healthcare Journal, vol 8,no 28, (28.7.17)

Previous Post

အူရောင်ငန်းဖျား

Next Post

ထိပ်ကပ်နာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
640

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ထိပ်ကပ်နာ

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား

ဆီးမထိန်းနိုင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.