(Zawgyi)
ကြန္ဒုံးသုံးျခင္းဟာ ေဘးထြက္ဆိုးက်ိဴးမရွိသေလာက္နည္းၿပီး ထိေရာက္မႈမ်ားတဲ့သားဆက္ျခားနည္းလမ္းျဖစ္႐ုံသာမက လိင္မွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါေတြကို ကာကြယ္ႏိုင္ဖို႔ ႏွစ္မ်ိဳးစလုံးအတြက္ စြမ္းေဆာင္ေပးႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ပါတယ္။ကြန္ဒုံးသုံးျခင္းျဖင့္ မလိုလားအပ္တဲ့ ကိုယ္ဝန္ရျခင္းကို ၉၈ရာခိုင္ႏႈန္းအထိ ကာကြယ္ႏိုင္ပါတယ္။ ဒါ့အျပင္ ကြန္ဒုံးသုံးျခင္းရဲ႕ တျခား ေကာင္းက်ိဴးေတြကေတာ့
၁။ ေအအိုင္ဒီအက္၊ ဘီပိုး၊ စီပိုး ကာလသားေရာဂါစေသာ လိင္မွ ကူးစက္တက္တဲ့ ေရာဂါေတြ အမ်ိဳး (၂၀)ေက်ာ္ေလာက္ကို ကာကြယ္ႏိုင္ပါတယ္။
၂။ကြန္ဒုံးသုံးျခင္းျဖင့္ အမ်ိဴးသမီးေတြမွာ သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားႏႈန္းကိုလည္း ေလ်ာ့က်ေစပါတယ္။
၃။ကြန္ဒုံးဟာ အေရးေပၚတားေဆးေတြလို ရာသီထိန္တာ မမွန္တာ ႏွစ္ခါသုံးခါဆင္းတာ ေနာက္ပိုင္းကိုယ္ဝန္လိုခ်င္တဲ့ အခါမ်ိဳးမွာ မရတာ စတဲ့ ေဘးထြက္ဆိုးက်ိဴးေတြလည္း မရွိတဲ့အျပင္ တျခားေဘးထြက္ဆိုးက်ိဳးေတြလည္း မရွိသေလာက္ နည္းပါတယ္။
၄။ေဈးလည္းခ်ိဳတယ္။ ႏိုင္ငံအႏွံ႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ လြတ္လပ္စြာ အလြယ္တကူ ဝယ္ယူႏိုင္ပါတယ္။
ကြန္ဒုံးမ်ားသည္ သေႏၶတားဆီးရန္ႏွင့္ လိင္ဆက္ဆံျခင္းမွ တစ္ဆင့္ ကူးစက္ေသာ ေရာဂါမ်ားကို ကာကြယ္ တားဆီးရာ၌ ၉၈ ရာခိုင္ႏႈန္း ထိေရာက္မႈ ရွိေသာ္လည္း ယင္းကို စနစ္တက် မွန္ကန္စြာအသုံးျပဳတတ္ရန္ လိုအပ္ပါတယ္။
၁။ကြန္ဒုံးကို ဘူးထဲက ထုတ္ၿပီးရင္ ေျခာက္ေသြ႕ၿပီး ေနေရာင္မထိတဲ့ ေနရာမွာ ထားပါ။
၂။ကြန္ဒုံးမသုံးမွီ ကြန္ဒုံးေပၚမွာရွိတဲ့ ရက္စြဲကို ေသခ်ာစစ္ရပါမယ္။ သက္တမ္းလြန္ရင္ မသုံးပါနဲ႔။ ေဖာက္ၿပီးၿပီးခ်င္း ခ်က္ခ်င္းသုံးပါ။
၃။ကြန္ဒုံးအထုပ္ကို ၿဖဲရာတြင္ သြားတို႔ ဓါးတို႔ကပ္ေၾကး စတဲ့ခြၽန္တဲ့အရာေတြနဲ႔မၿဖဲပါနဲ႔။ သတ္မွတ္ထားတဲ့ ေနရာကေနပဲ လက္နဲ႔ေဖာက္ပါ။
၄။ကြန္ဒုံးထိပ္ထဲကို လက္ညိဳးထည့္ၿပီး မွန္ကန္သည့္ဘက္ ဟုတ္မဟုတ္ စစ္ေဆးပါ။ ကြန္ဒုံးထိပ္ဖ်ားဟာ ရာဘာႏို႔သီးေခါင္းပုံ ရွိရပါမယ္။
၅။ကြန္ဒုံးကိုမစြပ္မွီ ထိုရာဘာႏို႔သီေခါင္းကို လက္ညိဳးလက္မျဖင့္ ေလမခိုေစရန္ ဖိညစ္ပါ။ ထို႔ေနာက္ရာဘာကြင္းပါတဲ့ဘက္ကေန လိင္တံကိုစြပ္ပါ။
၆။ေနာက္လက္တစ္ဖက္ကို အသုံးျပဳၿပီး ကြန္ဒုံးကို လိင္တံအရင္းထိ ေရာက္ေအာင္ဆြဲခ်ပါ။
၇။ကြန္ဒုံးသုံးတဲ့အခါမွာ ပိုေသခ်ာေအာင္ဆိုၿပီး ႏွစ္ထပ္မစြပ္ပါနဲ႔။
ကြန္ဒုံးကို တစ္ႀကိမ္မွာ တစ္ခုတည္းပဲစြပ္ရတာပါ ၊ ႏွစ္ထပ္၊သုံးထပ္စြပ္ၿပီး သုံးတာက ကြန္ဒုံးေပါက္ဖို႔အခြင့္အလမ္း ပိုမ်ားလို႔ပဲ ျဖစ္ပါတယ္။
၈။လိင္ဆက္ဆံမႈၿပီးၿပီးခ်င္း လိင္တံမေပ်ာ့သြားမွီ မိန္းမကိုယ္ထဲကထုတ္ၿပီး ကြန္ဒုံးကိုခြၽတ္ဖို႔ လိုပါတယ္။ အဲ့လိုမဟုတ္ဘဲ လိင္တံမွာ ကြန္ဒုံးစြပ္ရက္နဲ႔ မိန္းမကိုယ္ထဲကေန မထုတ္ဘဲ ေမာေမာနဲ႔ အိပ္ေပ်ာ္သြားလို႔ကေတာ့ ကေလးခ်ီဖို႔သာျပင္ထားပါ။
၉။ကြန္ဒုံးခြၽတ္တဲ့အခါမွာ လိင္တံေအာက္ေျခကေန ဖိကိုင္ၿပီး ဆြဲခြၽတ္ပါ။ ၿပီးရင္ ကြင္းကေန ေခါက္တုံခ်ည္ကာ အမႈိက္ပုံးထဲထည့္ၿပီး လက္ေဆးပါ။
အဆုံးသတ္အေနနဲ႔ မွာခ်င္တာက ကြန္ဒုံးသုံးရင္ အစမွအဆုံး ေသေသခ်ာခ်ာ သုံးဖို႔လိုပါတယ္။ ကြန္ဒုံးခြၽတ္ၿပီးသြားမွ အဆစ္ေပးတဲ့အေနနဲ႔ လိင္တံကိုမအဂၤါမွာ ဟိုပြတ္ ဒီပြတ္ပြတ္တာေတြမလုပ္ပါနဲ႔။ေလာကႀကီးမွာ မလိုခ်င္ရင္ တစ္ခါတည္းနဲ႔ ရတတ္ၿပီး လိုခ်င္ရင္ေတာ့ ဘယ္လိုပဲ ေခြၽးဒီးဒီးက်ေအာင္ ႀကိဳးစားႀကိဳးစား မရတတ္တဲ့ကိစၥေတြမွာ ကိုယ္ဝန္လည္းပါပါတယ္။
Author : Dr. 528
(Unicode)
ကွန်ဒုံးသုံးခြင်းဟာ ဘေးထွက်ဆိုးကျိူးမရှိသလောက်နည်းပြီး ထိရောက်မှုများတဲ့သားဆက်ခြားနည်းလမ်းဖြစ်ရုံသာမက လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါတွေကို ကာကွယ်နိုင်ဖို့ နှစ်မျိုးစလုံးအတွက် စွမ်းဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ကွန်ဒုံးသုံးခြင်းဖြင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်းကို ၉၈ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကွန်ဒုံးသုံးခြင်းရဲ့ တခြား ကောင်းကျိူးတွေကတော့
၁။ အေအိုင်ဒီအက်၊ ဘီပိုး၊ စီပိုး ကာလသားရောဂါစသော လိင်မှ ကူးစက်တက်တဲ့ ရောဂါတွေ အမျိုး (၂၀)ကျော်လောက်ကို ကာကွယ်နိုင်ပါတယ်။
၂။ကွန်ဒုံးသုံးခြင်းဖြင့် အမျိူးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းကိုလည်း လျော့ကျစေပါတယ်။
၃။ကွန်ဒုံးဟာ အရေးပေါ်တားဆေးတွေလို ရာသီထိန်တာ မမှန်တာ နှစ်ခါသုံးခါဆင်းတာ နောက်ပိုင်းကိုယ်ဝန်လိုချင်တဲ့ အခါမျိုးမှာ မရတာ စတဲ့ ဘေးထွက်ဆိုးကျိူးတွေလည်း မရှိတဲ့အပြင် တခြားဘေးထွက်ဆိုးကျိုးတွေလည်း မရှိသလောက် နည်းပါတယ်။
၄။ဈေးလည်းချိုတယ်။ နိုင်ငံအနှံ့ နေရာတော်တော်များများမှာ လွတ်လပ်စွာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
ကွန်ဒုံးများသည် သန္ဓေတားဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ
အသုံးပြုတတ်ရန် လိုအပ်ပါတယ်။
၁။ကွန်ဒုံးကို ဘူးထဲက ထုတ်ပြီးရင် ခြောက်သွေ့ပြီး နေရောင်မထိတဲ့ နေရာမှာ ထားပါ။
၂။ကွန်ဒုံးမသုံးမှီ ကွန်ဒုံးပေါ်မှာရှိတဲ့ ရက်စွဲကို သေချာစစ်ရပါမယ်။ သက်တမ်းလွန်ရင် မသုံးပါနဲ့။ ဖောက်ပြီးပြီးချင်း ချက်ချင်းသုံးပါ။
၃။ကွန်ဒုံးအထုပ်ကို ဖြဲရာတွင် သွားတို့ ဓါးတို့ကပ်ကြေး စတဲ့ချွန်တဲ့အရာတွေနဲ့မဖြဲပါနဲ့။ သတ်မှတ်ထားတဲ့ နေရာကနေပဲ လက်နဲ့ဖောက်ပါ။
၄။ကွန်ဒုံးထိပ်ထဲကို လက်ညိုးထည့်ပြီး မှန်ကန်သည့်ဘက် ဟုတ်မဟုတ် စစ်ဆေးပါ။ ကွန်ဒုံးထိပ်ဖျားဟာ ရာဘာနို့သီးခေါင်းပုံ ရှိရပါမယ်။
၅။ကွန်ဒုံးကိုမစွပ်မှီ ထိုရာဘာနို့သီခေါင်းကို လက်ညိုးလက်မဖြင့် လေမခိုစေရန် ဖိညစ်ပါ။ ထို့နောက်ရာဘာကွင်းပါတဲ့ဘက်ကနေ လိင်တံကိုစွပ်ပါ။
၆။နောက်လက်တစ်ဖက်ကို အသုံးပြုပြီး ကွန်ဒုံးကို လိင်တံအရင်းထိ ရောက်အောင်ဆွဲချပါ။
၇။ကွန်ဒုံးသုံးတဲ့အခါမှာ ပိုသေချာအောင်ဆိုပြီး နှစ်ထပ်မစွပ်ပါနဲ့။
ကွန်ဒုံးကို တစ်ကြိမ်မှာ တစ်ခုတည်းပဲစွပ်ရတာပါ ၊ နှစ်ထပ်၊သုံးထပ်စွပ်ပြီး သုံးတာက ကွန်ဒုံးပေါက်ဖို့အခွင့်အလမ်း ပိုများလို့ပဲ ဖြစ်ပါတယ်။
၈။လိင်ဆက်ဆံမှုပြီးပြီးချင်း လိင်တံမပျော့သွားမှီ မိန်းမကိုယ်ထဲကထုတ်ပြီး ကွန်ဒုံးကိုချွတ်ဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ဘဲ လိင်တံမှာ ကွန်ဒုံးစွပ်ရက်နဲ့ မိန်းမကိုယ်ထဲကနေ မထုတ်ဘဲ မောမောနဲ့ အိပ်ပျော်သွားလို့ကတော့ ကလေးချီဖို့သာပြင်ထားပါ။
၉။ကွန်ဒုံးချွတ်တဲ့အခါမှာ လိင်တံအောက်ခြေကနေ ဖိကိုင်ပြီး ဆွဲချွတ်ပါ။ ပြီးရင် ကွင်းကနေ ခေါက်တုံချည်ကာ အမှိုက်ပုံးထဲထည့်ပြီး လက်ဆေးပါ။
အဆုံးသတ်အနေနဲ့ မှာချင်တာက ကွန်ဒုံးသုံးရင် အစမှအဆုံး သေသေချာချာ သုံးဖို့လိုပါတယ်။ ကွန်ဒုံးချွတ်ပြီးသွားမှ အဆစ်ပေးတဲ့အနေနဲ့ လိင်တံကိုမအင်္ဂါမှာ ဟိုပွတ် ဒီပွတ်ပွတ်တာတွေမလုပ်ပါနဲ့။လောကကြီးမှာ မလိုချင်ရင် တစ်ခါတည်းနဲ့ ရတတ်ပြီး လိုချင်ရင်တော့ ဘယ်လိုပဲ ချွေးဒီးဒီးကျအောင် ကြိုးစားကြိုးစား မရတတ်တဲ့ကိစ္စတွေမှာ ကိုယ်ဝန်လည်းပါပါတယ်။
Author : Dr. 528