fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သားဆက်ခြား ပဋိသန္ဓေတား နည်းလမ်း

85
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

ရက်ရှောင်ခြင်းနည်းစနစ်

ရာသီသွေးမပေါ်ခင် ၇ ရက်၊ ရာသီသွေးပေါ်ပြီး ၇ ရက်အတွင်းမှာပဲ လိင်ဆက်ဆံတာဖြစ်ပါတယ်။ ရာသီသွေးပေါ်ပြီး ၇ ရက်နောက်ပိုင်း ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ (၁၄)၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်တွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကို ရှောင်ကြဉ်တဲ့နည်းလမ်း ဖြစ်ပါတယ်။ အဲဒီ့ရက်မှာ လိင်ဆက်ဆံမယ်ဆိုရင်လည်း ကွန်ဒုံးလို အကာအကွယ်ပစ္စည်း သုံးရပါမယ်။ ဒီရက်ရှောင်တဲ့နည်းက လူတစ်ဦးချင်းစီအလိုက် အနည်းငယ် ကွာခြားမှု ရှိနိုင်တဲ့အတွက် ၁၀၀ ရာနှုန်းတော့ စိတ်မချရပါဘူး။ အထူးသဖြင့် ရာသီသွေးပါ်ရက်များတဲ့ အမျိုးသမီးတွေ (ဥပမာ သွေးပေါ်ရက် ၅ ရက်၊ ၇ ရက် ရှိသူများ) အတွက် သွေးပေါ်ပြီး ၇ ရက်၊ သွေးမပေါ်ခင် ၇ ရက်ဟာ ပုံသေတွက်ဖို့ခက်တာမို့ ကလေးရသွားနိုင်ပါတယ်။

ကွန်ဒုံး (Condom) အသုံးပြုခြင်း

ကွန်ဒုံးအသုံးပြုတာဟာ စနစ်တကျအသုံးပြုတတ်မယ်ဆိုရင် ကိုယ်ဝန်အပြင် ဂနို၊ ကာလသားရောဂါနဲ့ HIV ရောဂါပိုးတွေအပါအဝင် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုပါ မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးကို နှစ်ထပ်စွပ်တာမျိုး၊ လေမထုတ်ဘဲစွပ်တာမျိုး မလုပ်ရပါဘူး။ အဲ့လိုလုပ်မိရင် ကွန်ဒုံးပေါက်ပြဲပြီး ကလေးရသွားနိုင်ပါတယ်။ နောက်ပြီး ကွန်ဒုံးကို ယောကျ်ားတန်ဆာ၊ လိင်တံမှာစွပ်ရမှာပါ။ သရုပ်ပြထဲကလို ငှက်ပျောသီးမှာစွပ်တာ၊ လက်ညိုးမှာစွပ်တာမျိုးလုပ်ပြီး လိင်ဆက်ဆံလို့မရပါဘူး။ မဟုတ်ရင် “ကွန်ဒုံးကို ဆရာပြောသလို ငှက်ပျောသီးမှာ၊ လက်ညိုးမှာစွပ်ပြီး လုပ်တာပဲ ဒါပေမယ့် မထူးဘူး။ ကလေးရတာပါပဲ” ဆိုတဲ့လူမျိုးတွေလည်း ရှိလို့ ဒီလိုပြောရတာပါ။

သားအိမ်ခေါင်းအစွပ် + သုတ်ပိုးသတ်ဆေး

ဒါကတော့ လိင်မဆက်ဆံခင်မှာ ကိုယ့်သားအိမ်ခေါင်းနဲ့တော်တဲ့ အစွပ်ကို မိန်းမကိုယ်ထဲထည့်ပြီး စနစ်တကျစွပ်သုံးရတာပါ။ ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ အခြေအနေများပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာတော့ အသုံးနည်းပါတယ်။

လက်မောင်းအရေပြားအောက် ပစ္စည်းထည့်ခြင်း

ဒီနည်းစနစ်ကတော့ ဟော်မုန်းပါတဲ့ အချောင်းလေး တစ်ချောင်းကနေအထက်ကို မိန်းမရဲ့လက်မောင်းအပေါ်ပိုင်း အရေပြားအောက်မှာ ထည့်သွင်းမြှုပ်နှံထားတဲ့နည်းစနစ် (implant) ပါ။ အသက်အရွယ်မရွေး ထည့်လို့ရပါတယ်။ ကလေးမွေးပြီးတဲ့ သူတွေမှာလည်း ကလေးမွေးပြီး တစ်လခွဲကစလို့ ထည့်သွင်းထားနိုင်ပါတယ်။ နေရာမှန်ရင် အနည်းဆုံး ၃ နှစ်ကနေ ၇ နှစ်အထိ ပဋိသန္ဓေမရအောင် တားဆီးပေးပါတယ်။ ကလေးပြန်လိုချင်ရင်လည်း အဲ့ဒီမြှုပ်ထားတဲ့ အချောင်းလေးတွေကို ကျွမ်းကျင်သူနဲ့ အချိန်မရွေး ထုတ်ပစ်နိုင်ပြီး အချိန်စောင့်စရာမလိုဘဲ ကိုယ်ဝန်ချက်ချင်း ရစေနိုင်ပါတယ်။ ဒီပစ္စည်းထည့်တာကြောင့် သွေးဆင်းများတာ၊ မအီမသာဖြစ်တာ၊ ခေါင်းအုံး၊ ခေါင်းကိုက်တာ၊ လိင်စိတ်နည်းတာတွေ ဖြစ်နိုင်ပေမယ့် အန္တရာယ်ဖြစ်အောင် မဖြစ်ပါဘူး။

သားအိမ်တွင်းပစ္စည်းထည့်ခြင်း

သားအိမ်ထဲပစ္စည်းထည့်တဲ့နေရာမှာ သေးငယ်ပျော့ပျောင်းတဲ့ ကြေးနီနဲ့လုပ်ထားတဲ့ပစ္စည်း၊ ဟော်မုန်းထည့်ထားတဲ့ပစ္စည်းတွေကို ထည့်ထားရတာပါ။

IUCD (Intrauterine Contraceptive Devices) ထည့်တယ်လို့ခေါ်ကြပါတယ်။ ကလေးမွေးပြီးတဲ့ အချိန်အပါအဝင် ကျွမ်းကျင်သူနဲ့ အချိန်မရွေး ထည့်နိုင်ပါတယ်။ ထည့်တဲ့အချိန်မှာ နည်းနည်းနာတတ်ပေမယ့် ရေရှည်အတွက် အဆင်ပြေပါတယ်။ ကြေးနီ Copper T Cu 380A  ဆိုရင် ၇ နှစ်လောက်အထိ သုံးလို့ရပါတယ်။ ဒါပေမယ့် သူက သွေးဆင်းများတတ်ပါတယ်။ ရက်အကြာကြီး ဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သွေးဆင်းများတာကြောင့် သွေးအားနည်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းထည့်ထားတဲ့ပစ္စည်းကတော့ သွေးဆင်းတာသိပ်မရှိလို့ သွေးအာနည်းတာ မဖြစ်နိုင်ပါဘူး။ ဒီပစ္စည်းထည့်ထားတယ်ဆိုရင် အခန့်မသင့်ရင် ထွက်ကျသွားတတ်တဲ့အတွက် သူ့ရဲ့အမြီးဖြစ်တဲ့ကြိုးစကို စမ်းပေးဖို့တော့ လိုပါတယ်။ ကြိုးစမစမ်းမိတော့ရင် တတ်ကျွမ်းနားလည်သူနဲ့ ပြန်ပြသသင့်ပါတယ်။ နောက်ထပ်ဆိုးကျိုးတစ်ခုက သန္ဓေနေရာမှား တည်တာမျိုးဖြစ်တတ်တဲ့အတွက် ရာသီသွေးပုံမှန်ပေါ်ရာကနေ ထိမ်သွားပြီး ဗိုက်ကလည်း အောင့်အောင့်နေတယ်ဆိုရင် မပေါ့ဆဘဲ ဆေးရုံဆေးခန်းကို ချက်ချင်းပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ သန္ဓေနေရာမှားတည်တာဟုတ်၊ မဟုတ်သိနိုင်တဲ့ အလွယ်ဆုံးနည်းကတော့ – ပစ္စည်းထည့်ထားလျက်နဲ့ (ကြိုးစလည်းမိတယ်) သွေးထိမ်နေပြီဆိုရင် ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။

ဆီးမှာ နှစ်ကြောင်းပေါ်နေပြီဆိုရင် သားဖွားမီးယပ်အထူးကု၊ သို့မဟုတ် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်စစ်ဆေးခံပါ။ ဗိုက်အောင့်တဲ့အထိ မစောင့်ပါနဲ့။ ဘာလို့လည်းဆိုတော့ တချို့သန္ဓေနေရာ မှားတည်တဲ့သူတွေက အဲ့ဒီသန္ဓေဥကြီးလာလို့ သားဥပြွန်ကို ဖောက်ထွက်လာတဲ့အချိန်မှ အပြင်းအထန် ဗိုက်အောင့်တာမျိုး ရှိတတ်လို့ပါပဲ။ အဲ့ဒီအချိန်မှဆိုရင် အရေးပေါ် အခြေအနေ ဖြစ်သွားပါပြီ။ ဒါကြောင့် သန္ဓေနေရာမှားတည်တယ်လို့ သံသယရှိရင် ဆီးစစ်ကြည့်ပြီး သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ပြသဖို့ မမေ့ကြပါနဲ့။ မပေါ့ဆကြပါနဲ့။ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါ။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါရှိသူတွေ၊ သားအိမ်အနေအထား မမှန်တဲ့သူတွေ၊ သားအိမ်ခေါင်းရောင်နေတဲ့သူတွေမှာ ဒီ IUCD ကိုမထည့်သင့်ပါဘူး။

Author: Dr.နေလင်းအောင်, Health Care Journal, vol 8,no 31 (18.8.17)

 

Previous Post

ရောဂါနှင့်ဆေးမကိုက်ညီပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ သွေးလေးဖက်နာ 

Next Post

ကလေးငယ်များကျန်းမာရေးနှင့်အိပ်စက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များကျန်းမာရေးနှင့်အိပ်စက်ခြင်း

ဘယ်အသက်အရွယ်မှာ ဘယ်အားဆေးသောက်သင့်သလဲ

လှပကျန်းမာစေမယ့် လေ့ကျင့်ခန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.