fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သားဆက္ျခား ပဋိသေႏၶတားနည္းလမ္း

62
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi ျဖင့္ ဖတ္ရန္)

မိန္းမအဂၤါျပင္ပတြင္ သုတ္လႊတ္ျခင္း
ေယာက္်ားရဲ႕လိင္ဆႏၵ အထြတ္အထိပ္ေရာက္လို႔ သုတ္လႊတ္ကာနီးၿပီဆိုရင္ မိန္းမကိုယ္ရဲ႕ျပင္ပကို ထုတ္ၿပီးသုတ္လႊတ္တာမ်ိဳးနဲ႔လည္း ကိုယ္ဝန္မရေအာင္ ေရွာင္ၾကဥ္ႏိုင္ပါတယ္။ ဒါေပမယ့္ စိတ္မခ်ရပါဘူး။ လိင္တံအျပင္မထုတ္ႏိုင္ခင္မွာ သုတ္ရည္ထြက္သြားရင္ပဲျဖစ္ျဖစ္၊ အတြင္းထဲမွာ ရွိေနတဲ့အခ်ိန္ သုတ္ရည္အနည္းငယ္ စီးဝင္သြားတာေၾကာင့္ပဲျဖစ္ျဖစ္ မေတာ္တဆ ကိုယ္ဝန္ရသြားႏိုင္ပါတယ္။

သားေၾကာျဖတ္ျခင္း
သားေၾကာျဖတ္တယ္ဆိုတဲ့ေနရာမွာ ေယာက္်ားရဲ႕သုတ္ႁပြန္ကို ျဖတ္တာရွိသလို မိန္းမရဲ႕သားဥႁပြန္ကို ျဖတ္တာလည္း ရွိပါတယ္။ ဒီလို သားေၾကာျဖတ္တာက ျပန္ျပင္ခ်င္လို႔၊ ကေလးျပန္လိုခ်င္လို႔ မရေတာ့တာမို႔ မျဖတ္ခင္ ေသခ်ာစဥ္းစားၿပီးမွ လုပ္ဖို႔လိုပါတယ္။ ဒီလိုသားေၾကာျဖတ္ဖို႔အတြက္ အေသးစား ခြဲစိတ္မႈေလးလုပ္ရမွာပါ။ ခြဲၿပီးစမွာ အနည္းငယ္နာတာ၊ ေရာင္တာရွိတတ္ပါတယ္။

ေရရွည္အတြက္ အႏၲရာယ္မရွိသလို လိင္စိတ္နဲ႔ စြမ္းေဆာင္ရည္ကို မထိခိုက္ေစႏိုင္ပါဘူး။ အမ်ိဳးသမီးေတြမွာေတာ့ သားေၾကာျဖတ္ၿပီး ၃ လအၾကာအထိ တျခားသားဆက္ျခားနည္း စနစ္တစ္ခုခုကို သုံးသင့္ပါတယ္။ ၃ လ ေနာက္ပိုင္းမွာေတာ့ စိတ္ခ်ရပါၿပီ။ ဒါေပမယ့္ ၁၀၀ ရာႏႈန္း စိတ္ခ်ရတာေတာ့ မဟုတ္ပါ။ သားဥႁပြန္ကို ျဖတ္ေတာက္ၿပီး လုံေအာင္ပိတ္ခ်ည္ထားတဲ့ႀကိဳးက မေတာ္တဆ ေျပသြားတာ၊ ျပဳတ္ထြက္သြားတာမ်ိဳးဆိုရင္ ကေလးျပန္ရသြားႏိုင္ပါေသးတယ္။

ကေလးအား ႏို႔မျပတ္တိုက္ျခင္းနည္း
ကေလးက အသက္ ၆ လေအာက္မွာပဲ ရွိေသးရင္ ေန႔ေရာညပါ ႏို႔မျပတ္ေအာင္ တိုက္ေကြၽးမယ္ဆိုရင္လည္း သားဥေႂကြတာကို တားဆီးေပးႏိုင္တဲ့အတြက္ ကိုယ္ဝန္မရေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီစနစ္ဟာ အခန႔္မသင့္ရင္ ကိုယ္ဝန္ရသြားတတ္တာမို႔ ကေလး တစ္လခြဲျပည့္တာနဲ႔ တျခားပဋိသေႏၶတားနည္း တစ္ခုခုကိုသာ အသုံးျပဳသင့္ပါတယ္။ ကေလးႏို႔မျပတ္တိုက္ေနတယ္ဆိုရင္ေတာ့ ၆ လအတြင္းမွာ ပဋိသေႏၶတားေဆး၊ ထိုးေဆးေတာ့ မသုံးသင့္ပါဘူး။ ေသြးျပန္ေၾကာပိတ္တယ္၊ ေသြးခဲဆို႔တတ္ပါတယ္။

ေနာက္ဆုံးေပၚ ေယာက္်ားပဋိသေႏၶတားေဆး
ဒီေဆးကေတာ့ ေပၚတာမၾကာေသးတဲ့အတြက္ က်ေနာ္တို႔ျမန္မာႏိုင္ငံမွာ မရေသးပါဘူး။ ဒီအသစ္တီထြင္ထုတ္လုပ္လိုက္တဲ့ ေယာက္်ား ပဋိသေႏၶတားေဆးမွာ ေဟာ္မုန္းပါဝင္မႈ မရွိဘဲ ထိုးေဆးအေနနဲ႔ေရာ၊ ေသာက္ေဆးအေနနဲ႔ပါ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ထိုးေဆးကေတာ့ ေယာက္်ားရဲ႕သုတ္ပို႔ႁပြန္ထဲကို ထိုးရမွာျဖစ္ၿပီး သုတ္ပိုးေတြကို ေရွ႕ဆက္မထြက္ႏိုင္ဘဲ ေနာက္ျပန္သြားၿပီး ပ်က္စီးသြားေအာင္ ျပဳလုပ္ေပးတဲ့အတြက္ ကေလးမရႏိုင္ေတာ့ပါ။ တစ္ခါထိုးထားရင္ ႏွစ္နဲ႔ခ်ီၿပီးခံပါတယ္။

တခ်ိဳ႕ေဆးေတြကေတာ့ သုတ္လႊတ္တာကို တားဆီးေပမယ့္ ဆႏၵၿပီးေျမာက္မႈ (Orgasm) ရေအာင္ စီမံထားေပးပါတယ္။ သုတ္ပိုးေတြကိုေတာ့ ဟန႔္တားၿပီး က်န္တဲ့အရည္ေတြကိုေတာ့ စီးထြက္ခြင့္ျပဳမွာမို႔ နာက်ဥ္မႈကိုလည္း မခံစားရေစႏိုင္ဘူးလို႔လည္း ဆိုပါတယ္။ ေသာက္ေဆးဟာလည္း ေဟာ္မုန္းမပါဝင္တာမို႔ က်န္းမာေရး ဆိုးက်ိဳးမရွိႏိုင္ဘူးလို႔ ဆိုပါတယ္။

ဒီေဆးေတြကို ကမာၻ ေယာက္်ားေလး ဦးေရရဲ႕တစ္ဝက္ေက်ာ္ေလာက္က အသုံးျပဳၾကလိမ့္မယ္လို႔ ထုတ္လုပ္သူေတြက ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။ ဒီေဆးေၾကာင့္ အလႊာပါးေပမယ့္ ကမာၻျခားသလို ခံစားေနရတဲ့ ကြန္ဒုံးအသုံးျပဳသူ ေယာက်္ားေလးေတြ အတြက္လည္း အဆင္ေျပပါလိမ့္မယ္။ ဒါေပမယ့္ ကူးစက္ေရာဂါေတြကို ကာကြယ္ႏိုင္ဖို႔ေတာ့ ကြန္ဒုံးကဆက္ရွိေနဦးမွာပါ။

အမ်ိဳးသမီးေတြအေနနဲ႔လည္း သေႏၶတားေဟာ္မုန္းေဆးေတြ ေသာက္ရ၊ ထိုးရလို႔ ေရာဂါအမ်ိဳးမ်ိဳးရတဲ့ေဘးကေန ကင္းေဝးေစမွာမို႔ ဒီက်ားသေႏၶတားေဆးက ဝမ္းေျမာက္ဖြယ္ရာသတင္းေကာင္းတစ္ခုျဖစ္မွာပါ။ ဒီေလာက္ဆိုရင္ကို သားဆက္ျခားနည္း၊ ကိုယ္ဝန္တားနည္းေတြကို သေဘာေပါက္ေလာက္ၿပီလို႔ ယူဆပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ က်ေနာ္တို႔ ျမန္မာအမ်ိဳးသမီးေတြအေနနဲ႔ ႐ိုးရာယဥ္ေက်းမႈအရ အရွက္တရားရွိရွိနဲ႔ ကိုယ့္ရဲ႕အပ်ိဳစင္ဘဝကို အိမ္ေထာင္မက်ခင္အထိ ထိန္းသိမ္းၾကေစလိုပါတယ္။ အေၾကာင္းေၾကာင္းေၾကာင့္ အပ်ိဳစင္ဘဝကို မထိန္းသိမ္းႏိုင္ဘူးဆိုရင္လည္း ကိုယ္ဝန္ဖ်က္ခ်ရတာမ်ိဳး၊ အရွက္နဲ႔ အသက္လဲရတာမ်ိဳး မျဖစ္ေအာင္ က်ေနာ္ေျပာခဲ့တဲ့ ပဋိသေႏၶတားနည္းလမ္းေတြထဲက ကိုယ္နဲ႔အဆင္ေျပမယ့္နည္းလမ္းကို အသုံးျပဳၿပီး ကိုယ္ဝန္မရေအာင္ တားဆီးကာကြယ္သင့္ပါေၾကာင္း၊ ကိုယ္ဝန္ဖ်က္ခ်တာမ်ိဳး မလုပ္ၾကေစလိုေၾကာင္း ေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။

Author: Dr. ေနလင္းေအာင္, Healthcare Journal, vol 8, no 31 (18.8.17)

(Unicode)

မိန်းမအင်္ဂါပြင်ပတွင် သုတ်လွှတ်ခြင်း
ယောက်ျားရဲ့လိင်ဆန္ဒ အထွတ်အထိပ်ရောက်လို့ သုတ်လွှတ်ကာနီးပြီဆိုရင် မိန်းမကိုယ်ရဲ့ပြင်ပကို ထုတ်ပြီးသုတ်လွှတ်တာမျိုးနဲ့လည်း ကိုယ်ဝန်မရအောင် ရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မချရပါဘူး။ လိင်တံအပြင်မထုတ်နိုင်ခင်မှာ သုတ်ရည်ထွက်သွားရင်ပဲဖြစ်ဖြစ်၊ အတွင်းထဲမှာ ရှိနေတဲ့အချိန် သုတ်ရည်အနည်းငယ် စီးဝင်သွားတာကြောင့်ပဲဖြစ်ဖြစ် မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

သားကြောဖြတ်ခြင်း
သားကြောဖြတ်တယ်ဆိုတဲ့နေရာမှာ ယောက်ျားရဲ့သုတ်ပြွန်ကို ဖြတ်တာရှိသလို မိန်းမရဲ့သားဥပြွန်ကို ဖြတ်တာလည်း ရှိပါတယ်။ ဒီလို သားကြောဖြတ်တာက ပြန်ပြင်ချင်လို့၊ ကလေးပြန်လိုချင်လို့ မရတော့တာမို့ မဖြတ်ခင် သေချာစဉ်းစားပြီးမှ လုပ်ဖို့လိုပါတယ်။ ဒီလိုသားကြောဖြတ်ဖို့အတွက် အသေးစား ခွဲစိတ်မှုလေးလုပ်ရမှာပါ။ ခွဲပြီးစမှာ အနည်းငယ်နာတာ၊ ရောင်တာရှိတတ်ပါတယ်။

ရေရှည်အတွက် အန္တရာယ်မရှိသလို လိင်စိတ်နဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေနိုင်ပါဘူး။ အမျိုးသမီးတွေမှာတော့ သားကြောဖြတ်ပြီး ၃ လအကြာအထိ တခြားသားဆက်ခြားနည်း စနစ်တစ်ခုခုကို သုံးသင့်ပါတယ်။ ၃ လ နောက်ပိုင်းမှာတော့ စိတ်ချရပါပြီ။ ဒါပေမယ့် ၁၀၀ ရာနှုန်း စိတ်ချရတာတော့ မဟုတ်ပါ။ သားဥပြွန်ကို ဖြတ်တောက်ပြီး လုံအောင်ပိတ်ချည်ထားတဲ့ကြိုးက မတော်တဆ ပြေသွားတာ၊ ပြုတ်ထွက်သွားတာမျိုးဆိုရင် ကလေးပြန်ရသွားနိုင်ပါသေးတယ်။

ကလေးအား နို့မပြတ်တိုက်ခြင်းနည်း
ကလေးက အသက် ၆ လအောက်မှာပဲ ရှိသေးရင် နေ့ရောညပါ နို့မပြတ်အောင် တိုက်ကျွေးမယ်ဆိုရင်လည်း သားဥကြွေတာကို တားဆီးပေးနိုင်တဲ့အတွက် ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ အခန့်မသင့်ရင် ကိုယ်ဝန်ရသွားတတ်တာမို့ ကလေး တစ်လခွဲပြည့်တာနဲ့ တခြားပဋိသန္ဓေတားနည်း တစ်ခုခုကိုသာ အသုံးပြုသင့်ပါတယ်။ ကလေးနို့မပြတ်တိုက်နေတယ်ဆိုရင်တော့ ၆ လအတွင်းမှာ ပဋိသန္ဓေတားဆေး၊ ထိုးဆေးတော့ မသုံးသင့်ပါဘူး။ သွေးပြန်ကြောပိတ်တယ်၊ သွေးခဲဆို့တတ်ပါတယ်။

နောက်ဆုံးပေါ် ယောက်ျားပဋိသန္ဓေတားဆေး
ဒီဆေးကတော့ ပေါ်တာမကြာသေးတဲ့အတွက် ကျနော်တို့မြန်မာနိုင်ငံမှာ မရသေးပါဘူး။ ဒီအသစ်တီထွင်ထုတ်လုပ်လိုက်တဲ့ ယောက်ျား ပဋိသန္ဓေတားဆေးမှာ ဟော်မုန်းပါဝင်မှု မရှိဘဲ ထိုးဆေးအနေနဲ့ရော၊ သောက်ဆေးအနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထိုးဆေးကတော့ ယောက်ျားရဲ့သုတ်ပို့ပြွန်ထဲကို ထိုးရမှာဖြစ်ပြီး သုတ်ပိုးတွေကို ရှေ့ဆက်မထွက်နိုင်ဘဲ နောက်ပြန်သွားပြီး ပျက်စီးသွားအောင် ပြုလုပ်ပေးတဲ့အတွက် ကလေးမရနိုင်တော့ပါ။ တစ်ခါထိုးထားရင် နှစ်နဲ့ချီပြီးခံပါတယ်။

တချို့ဆေးတွေကတော့ သုတ်လွှတ်တာကို တားဆီးပေမယ့် ဆန္ဒပြီးမြောက်မှု (Orgasm) ရအောင် စီမံထားပေးပါတယ်။ သုတ်ပိုးတွေကိုတော့ ဟန့်တားပြီး ကျန်တဲ့အရည်တွေကိုတော့ စီးထွက်ခွင့်ပြုမှာမို့ နာကျဉ်မှုကိုလည်း မခံစားရစေနိုင်ဘူးလို့လည်း ဆိုပါတယ်။ သောက်ဆေးဟာလည်း ဟော်မုန်းမပါဝင်တာမို့ ကျန်းမာရေး ဆိုးကျိုးမရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဒီဆေးတွေကို ကမ္ဘာ ယောက်ျားလေး ဦးရေရဲ့တစ်ဝက်ကျော်လောက်က အသုံးပြုကြလိမ့်မယ်လို့ ထုတ်လုပ်သူတွေက မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဒီဆေးကြောင့် အလွှာပါးပေမယ့် ကမ္ဘာခြားသလို ခံစားနေရတဲ့ ကွန်ဒုံးအသုံးပြုသူ ယောကျ်ားလေးတွေ အတွက်လည်း အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့တော့ ကွန်ဒုံးကဆက်ရှိနေဦးမှာပါ။

အမျိုးသမီးတွေအနေနဲ့လည်း သန္ဓေတားဟော်မုန်းဆေးတွေ သောက်ရ၊ ထိုးရလို့ ရောဂါအမျိုးမျိုးရတဲ့ဘေးကနေ ကင်းဝေးစေမှာမို့ ဒီကျားသန္ဓေတားဆေးက ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းတစ်ခုဖြစ်မှာပါ။ ဒီလောက်ဆိုရင်ကို သားဆက်ခြားနည်း၊ ကိုယ်ဝန်တားနည်းတွေကို သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျနော်တို့ မြန်မာအမျိုးသမီးတွေအနေနဲ့ ရိုးရာယဉ်ကျေးမှုအရ အရှက်တရားရှိရှိနဲ့ ကိုယ့်ရဲ့အပျိုစင်ဘဝကို အိမ်ထောင်မကျခင်အထိ ထိန်းသိမ်းကြစေလိုပါတယ်။ အကြောင်းကြောင်းကြောင့် အပျိုစင်ဘဝကို မထိန်းသိမ်းနိုင်ဘူးဆိုရင်လည်း ကိုယ်ဝန်ဖျက်ချရတာမျိုး၊ အရှက်နဲ့ အသက်လဲရတာမျိုး မဖြစ်အောင် ကျနော်ပြောခဲ့တဲ့ ပဋိသန္ဓေတားနည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေမယ့်နည်းလမ်းကို အသုံးပြုပြီး ကိုယ်ဝန်မရအောင် တားဆီးကာကွယ်သင့်ပါကြောင်း၊ ကိုယ်ဝန်ဖျက်ချတာမျိုး မလုပ်ကြစေလိုကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author: Dr. နေလင်းအောင်, Healthcare Journal, vol 8, no 31 (18.8.17)

Previous Post

စပျစ်သီးသန္ဓေဆိုသည်မှာ

Next Post

သားဆက်ခြား ပဋိသန္ဓေတား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားဆက်ခြား ပဋိသန္ဓေတား

ဆေးလိပ်သောက်ခြင်းနဲ့အဆုတ်ကင်ဆာ

အရက်စွဲနေတဲ့သူလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.