fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သားဆက်ခြား ပဋိသန္ဓေတား

78
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ပဋိသေႏၶတားေသာက္ေဆး

(Oral Contraceptive Pill)
ပဋိသေႏၶတား ေသာက္ေဆးမွာ အီစ္ႀထိဳဂ်င္ (Oestrogen) နဲ႔ ပ႐ိုဂ်က္စတင္ (Progestin) ေဟာ္မုန္းႏွစ္မ်ိဳးပါတဲ့ COC pill(Combined Oral Contraceptive Pill) နဲ႔ ပ႐ိုဂ်က္စတင္တစ္မ်ိဳးထဲပါတဲ့ တားေဆး (Progestin only pill) ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အဲ့ဒီတားေဆးေတြကို ရာသီေသြးေပၚၿပီး ၂ ရက္(ငါးရက္ေျမာက္ေန႔)ကစလို႔ တစ္ေန႔တစ္လုံး ပုံမွန္ေသာက္သြားမယ္ဆိုရင္ ေဆးေသာက္ေနစဥ္ ကာလအတြင္းမွာ လိင္ဆက္ဆံတာအတြက္ ကေလးမရေအာင္ တားဆီးေပးပါတယ္။

ေဆးရပ္လိုက္မယ္ဆိုရင္လည္း ကေလးအလြယ္တကူျပန္ရေစပါတယ္။ ဒီလိုေျပာလို႔ ေဆးေသာက္ေနတုန္းက ဆက္ဆံခဲ့တာေၾကာင့္ ေဆးေသာက္ရပ္လိုက္တာနဲ႔ ကေလးရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ေဆးေသာက္ရပ္ၿပီးခ်ိန္ လိင္ဆက္ဆံရင္သာ ကေလးရႏိုင္တာ ျဖစ္ပါတယ္။ ေဆးေသာက္ကာစအခ်ိန္မွာ ေခါင္းအုံ၊ ေခါင္းကိုက္တာမ်ိဳး၊ ေသြးဆင္းတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ စိုးရိမ္စရာမလိုပါဘူး။ ဆက္ေသာက္ရင္ မွန္သြားပါလိမ့္မယ္။

အသက္အ႐ြယ္မေ႐ြး အသုံးျပဳႏိုင္ပါတယ္။ ကေလးေမြးထားတယ္ဆိုရင္ေတာ့ ေမြးၿပီးလို႔ တစ္လခြဲအၾကာမွာ ေဆးစေသာက္ႏိုင္ပါတယ္။ တားေဆးက ေန႔စဥ္မျပတ္ေသာက္ရတာမို႔ ေမ့ၿပီး ေဆးမေသာက္မိတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေဆးေသာက္မယ္ဆိုရင္ ေသခ်ာသတိထားၿပီးမွ မေမ့မေလ်ာ့ေသာက္သင့္ပါတယ္။

ဒီတားေဆးက ေရရွည္စြဲသုံးရင္ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးျပစ္ေရာဂါ၊ ေသြးျပန္ေၾကာထုံးေရာဂါ၊ အသည္းေရာဂါ၊ ရင္သားကင္ဆာေတြကို ျဖစ္ေစတတ္တာမို႔ အဲ့ေရာဂါအခံရွိတဲ့သူေတြမွာလည္း ဒီတားေဆး မေသာက္သုံးသင့္ပါဘူး။ အသက္ ၃၅ ႏွစ္ေက်ာ္ရင္လည္း ေဟာ္မုန္းႏွစ္မ်ိဳးပါတဲ့တားေဆး မေသာက္သင့္ပါဘူး။ သည္းေျခေက်ာက္တည္တဲ့သူေတြ၊ ေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိတဲ့သူေတြမွာလည္း ဒီတားေဆးကို မေသာက္သင့္ပါဘူး။

ပဋိသေႏၶတား ထိုးေဆး
ထိုးေဆးမွာ ၁လခံ၊ ၂လခံ၊ ၃လခံေဆးေတြရွိပါတယ္။ ျမန္မာႏိုင္ငံမွာ အမ်ားဆုံးသုံးၾကတာက ၃ လခံ ေဆး (Depo, Medroxyprogesterone acetate 150 mg) ျဖစ္ပါတယ္။ အဲ့ေဆးတစ္ခါထိုးထားရင္ ၃ လအထိ ကေလးမရေအာင္ ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္တဲ့ေဆး ျဖစ္ပါတယ္။ ၃ လတစ္ခါ ပုံမွန္ထိုးေပးရပါမယ္။ အလြန္ဆုံး ၁ လေနာက္က်လို႔ ရပါတယ္။ ေဆးထိုးၿပီးရင္ ေသြးဆင္းနည္းတာ၊ မမွန္တာ၊ ေသြးမေပၚေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေဆးေၾကာင့္ ေခါင္းကိုက္တာ၊ ကိုယ္အေလးခ်ိန္တိုးလာတာမ်ိဳးလည္း ျဖစ္ပါတယ္။

ကေလးေမြးၿပီးတဲ့မိခင္ေတြမွာလည္း ေမြးၿပီးတစ္လခြဲအၾကာမွာ စထိုးႏိုင္ပါတယ္။ ေဆးရပ္ၿပီးရင္ ကေလးခ်က္ခ်င္းလိုခ်င္လို႔ မရပါဘူး။ ကေလးရဖို႔ လအနည္းငယ္ေစာင့္ရပါေသးတယ္။ အ႐ြယ္မေ႐ြးသုံးႏိုင္ပါတယ္။ တခ်ိဳ႕က ကိုယ္ဝန္ရွိေနတဲ့အခ်ိန္ ဒီပဋိသေႏၶတားထိုးေဆး ထိုးလိုက္ရင္ ကေလးပ်က္က်မယ္ ထင္တတ္ၾကပါတယ္။ အဲ့ဒါမွားပါတယ္။

ကိုယ္ဝန္ရွိေနရင္ေတာင္မွ ဒီေဆးထိုးလို႔ ကေလးမပ်က္ပါဘူး။ မသကာ ကေလးရဲ႕လိင္အဂၤါ ခ်ိဳ႕ယြင္းတာေလာက္ပဲျဖစ္မွာပါ။ အရင္တုန္းက ကိုယ္ဝန္ၿမဲေအာင္ဆိုၿပီး ကိုယ္ဝန္ႏုစဥ္ ပထမသုံးလအတြင္းမွာ ထိုးလို႔ရတယ္လို႔ေတာင္ ေျပာၾကပါေသးတယ္။ ဒါေပမယ့္ ဒီေဆးေၾကာင့္ ကိုယ္ဝန္မပ်က္ေပမယ့္ ကိုယ္ဝန္ၿမဲေစတယ္ဆိုတာ ခိုင္ခိုင္မာမာ သက္ေသမရွိတာေၾကာင့္ ဆက္မထိုးေတာ့ပါ။ ဒါကိုမွ ကိုယ္ဝန္ရွိတုန္း ဒီေဆးထိုးခ်င္သပဆိုရင္ထိုးၾက။ ကေလးေတာ့ ပ်က္မွာမဟုတ္ဘူးေနာ္။

အေရးေပၚ ပဋိသေႏၶတားေသာက္ေဆး
အေရးေပၚ ပဋိသေႏၶတား ေသာက္ေဆး (Emergency Contraceptive Pill)ကိုေတာ့ အကာအကြယ္လည္း မသုံးမိ၊ တားေဆးလည္းမထိုး၊ မေသာက္ထားမိဘဲ မ်ိဳးဥေႂကြခ်ိန္အတြင္းမွာ လိင္ဆက္ဆံခဲ့မိရင္ ကိုယ္ဝန္မရေအာင္ အေရးေပၚသုံးရတဲ့ ေဟာ္မုန္းေဆး အျပင္းစားတစ္ခု ျဖစ္ပါတယ္။ လိင္ဆက္ဆံၿပီး ၇၂ နာရီအတြင္းမွာ ပထမတစ္လုံးကို ေသာက္ရတာျဖစ္ၿပီး အဲ့ဒီပထမအလုံးေသာက္ၿပီး ၁၂ နာရီအၾကာမွာ ေနာက္တစ္လုံး ထပ္ေသာက္ရတာ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုက အခုေခတ္လူငယ္ေတြၾကားမွာ ဒီ Emergency Pill ကို သုံးခ်င္သလို သုံးေနၾကတာေတြကို ၾကားသိရတာပါပဲ။

ဒီလိုအေရးေပၚမွ သုံးရမယ့္ေဆးကို ဆိုင္ေတြက အလြယ္တကူဝယ္ၿပီးေတာ့ လိင္ဆက္ဆံၿပီးတဲ့ အႀကိမ္တိုင္းမွာ တိုက္ေန၊ ေသာက္ေနၾကတာကိုလည္း ၾကားေန၊ ေတြ႕ေနရပါတယ္။ ဒီအေရးေပၚေဆးကို အဲ့လိုေသာက္ရင္ အဲ့မိန္းကေလးမွာ ေဟာ္မုန္းဆိုင္ရာ အေျပာင္းအလဲေတြ ႀကီးႀကီးမားမားျဖစ္ၿပီး ဒုကၡေရာက္သြားတတ္ပါတယ္။

ဒီေဆးဟာ ပုံမွန္တားေဆးမွာပါတဲ့ ေဟာ္မုန္းေတြကိုပဲ ျပင္းအားျမႇင့္ထားတာျဖစ္ပါတယ္။ တစ္လကို တစ္ႀကိမ္ထက္ ပိုမသုံးသင့္ပါဘူး။ အေရးေပၚတားေဆးဆိုတဲ့အတိုင္း အေရးေပၚအေျခအေနမွသာ သုံးသင့္ပါတယ္။ ပုံမွန္တားေဆးထက္ ေဘးထြက္ဆိုးက်ိဳးပိုမ်ားပါတယ္။ ေနာက္ၿပီး ပိုအေရးႀကီးတာက တစ္လထဲမွာ အဲ့ဒီေဆးကို အမ်ားႀကီးသုံးမိရင္ ေဟာ္မုန္းဓာတ္ေတြ ေဖာက္ျပန္ၿပီး ကေလးမရေအာင္ မတားႏိုင္ေတာ့ဘဲ ကိုယ္ဝန္ရွိသြားေစတတ္ပါတယ္။

Author: Dr. ေနလင္းေအာင္, Healthcare Journal, vol 8, no 31 (18.8.17)

(Unicode)

ပဋိသန္ဓေတားသောက်ဆေး
(Oral Contraceptive Pill)
ပဋိသန္ဓေတား သောက်ဆေးမှာ အီစ်ထြိုဂျင် (Oestrogen) နဲ့ ပရိုဂျက်စတင် (Progestin) ဟော်မုန်းနှစ်မျိုးပါတဲ့ COC pill(Combined Oral Contraceptive Pill) နဲ့ ပရိုဂျက်စတင်တစ်မျိုးထဲပါတဲ့ တားဆေး (Progestin only pill) ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲ့ဒီတားဆေးတွေကို ရာသီသွေးပေါ်ပြီး ၂ ရက်(ငါးရက်မြောက်နေ့)ကစလို့ တစ်နေ့တစ်လုံး ပုံမှန်သောက်သွားမယ်ဆိုရင် ဆေးသောက်နေစဉ် ကာလအတွင်းမှာ လိင်ဆက်ဆံတာအတွက် ကလေးမရအောင် တားဆီးပေးပါတယ်။

ဆေးရပ်လိုက်မယ်ဆိုရင်လည်း ကလေးအလွယ်တကူပြန်ရစေပါတယ်။ ဒီလိုပြောလို့ ဆေးသောက်နေတုန်းက ဆက်ဆံခဲ့တာကြောင့် ဆေးသောက်ရပ်လိုက်တာနဲ့ ကလေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆေးသောက်ရပ်ပြီးချိန် လိင်ဆက်ဆံရင်သာ ကလေးရနိုင်တာ ဖြစ်ပါတယ်။ ဆေးသောက်ကာစအချိန်မှာ ခေါင်းအုံ၊ ခေါင်းကိုက်တာမျိုး၊ သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်စရာမလိုပါဘူး။ ဆက်သောက်ရင် မှန်သွားပါလိမ့်မယ်။

အသက်အရွယ်မရွေး အသုံးပြုနိုင်ပါတယ်။ ကလေးမွေးထားတယ်ဆိုရင်တော့ မွေးပြီးလို့ တစ်လခွဲအကြာမှာ ဆေးစသောက်နိုင်ပါတယ်။ တားဆေးက နေ့စဉ်မပြတ်သောက်ရတာမို့ မေ့ပြီး ဆေးမသောက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးသောက်မယ်ဆိုရင် သေချာသတိထားပြီးမှ မမေ့မလျော့သောက်သင့်ပါတယ်။

ဒီတားဆေးက ရေရှည်စွဲသုံးရင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးပြစ်ရောဂါ၊ သွေးပြန်ကြောထုံးရောဂါ၊ အသည်းရောဂါ၊ ရင်သားကင်ဆာတွေကို ဖြစ်စေတတ်တာမို့ အဲ့ရောဂါအခံရှိတဲ့သူတွေမှာလည်း ဒီတားဆေး မသောက်သုံးသင့်ပါဘူး။ အသက် ၃၅ နှစ်ကျော်ရင်လည်း ဟော်မုန်းနှစ်မျိုးပါတဲ့တားဆေး မသောက်သင့်ပါဘူး။ သည်းခြေကျောက်တည်တဲ့သူတွေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့သူတွေမှာလည်း ဒီတားဆေးကို မသောက်သင့်ပါဘူး။

ပဋိသန္ဓေတား ထိုးဆေး
ထိုးဆေးမှာ ၁လခံ၊ ၂လခံ၊ ၃လခံဆေးတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးသုံးကြတာက ၃ လခံ ဆေး (Depo, Medroxyprogesterone acetate 150 mg) ဖြစ်ပါတယ်။ အဲ့ဆေးတစ်ခါထိုးထားရင် ၃ လအထိ ကလေးမရအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ဆေး ဖြစ်ပါတယ်။ ၃ လတစ်ခါ ပုံမှန်ထိုးပေးရပါမယ်။ အလွန်ဆုံး ၁ လနောက်ကျလို့ ရပါတယ်။ ဆေးထိုးပြီးရင် သွေးဆင်းနည်းတာ၊ မမှန်တာ၊ သွေးမပေါ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးကြောင့် ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်တိုးလာတာမျိုးလည်း ဖြစ်ပါတယ်။

ကလေးမွေးပြီးတဲ့မိခင်တွေမှာလည်း မွေးပြီးတစ်လခွဲအကြာမှာ စထိုးနိုင်ပါတယ်။ ဆေးရပ်ပြီးရင် ကလေးချက်ချင်းလိုချင်လို့ မရပါဘူး။ ကလေးရဖို့ လအနည်းငယ်စောင့်ရပါသေးတယ်။ အရွယ်မရွေးသုံးနိုင်ပါတယ်။ တချို့က ကိုယ်ဝန်ရှိနေတဲ့အချိန် ဒီပဋိသန္ဓေတားထိုးဆေး ထိုးလိုက်ရင် ကလေးပျက်ကျမယ် ထင်တတ်ကြပါတယ်။ အဲ့ဒါမှားပါတယ်။

ကိုယ်ဝန်ရှိနေရင်တောင်မှ ဒီဆေးထိုးလို့ ကလေးမပျက်ပါဘူး။ မသကာ ကလေးရဲ့လိင်အင်္ဂါ ချို့ယွင်းတာလောက်ပဲဖြစ်မှာပါ။ အရင်တုန်းက ကိုယ်ဝန်မြဲအောင်ဆိုပြီး ကိုယ်ဝန်နုစဉ် ပထမသုံးလအတွင်းမှာ ထိုးလို့ရတယ်လို့တောင် ပြောကြပါသေးတယ်။ ဒါပေမယ့် ဒီဆေးကြောင့် ကိုယ်ဝန်မပျက်ပေမယ့် ကိုယ်ဝန်မြဲစေတယ်ဆိုတာ ခိုင်ခိုင်မာမာ သက်သေမရှိတာကြောင့် ဆက်မထိုးတော့ပါ။ ဒါကိုမှ ကိုယ်ဝန်ရှိတုန်း ဒီဆေးထိုးချင်သပဆိုရင်ထိုးကြ။ ကလေးတော့ ပျက်မှာမဟုတ်ဘူးနော်။

အရေးပေါ် ပဋိသန္ဓေတားသောက်ဆေး
အရေးပေါ် ပဋိသန္ဓေတား သောက်ဆေး (Emergency Contraceptive Pill)ကိုတော့ အကာအကွယ်လည်း မသုံးမိ၊ တားဆေးလည်းမထိုး၊ မသောက်ထားမိဘဲ မျိုးဥကြွေချိန်အတွင်းမှာ လိင်ဆက်ဆံခဲ့မိရင် ကိုယ်ဝန်မရအောင် အရေးပေါ်သုံးရတဲ့ ဟော်မုန်းဆေး အပြင်းစားတစ်ခု ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ပထမတစ်လုံးကို သောက်ရတာဖြစ်ပြီး အဲ့ဒီပထမအလုံးသောက်ပြီး ၁၂ နာရီအကြာမှာ နောက်တစ်လုံး ထပ်သောက်ရတာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက အခုခေတ်လူငယ်တွေကြားမှာ ဒီ Emergency Pill ကို သုံးချင်သလို သုံးနေကြတာတွေကို ကြားသိရတာပါပဲ။

ဒီလိုအရေးပေါ်မှ သုံးရမယ့်ဆေးကို ဆိုင်တွေက အလွယ်တကူဝယ်ပြီးတော့ လိင်ဆက်ဆံပြီးတဲ့ အကြိမ်တိုင်းမှာ တိုက်နေ၊ သောက်နေကြတာကိုလည်း ကြားနေ၊ တွေ့နေရပါတယ်။ ဒီအရေးပေါ်ဆေးကို အဲ့လိုသောက်ရင် အဲ့မိန်းကလေးမှာ ဟော်မုန်းဆိုင်ရာ အပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်ပြီး ဒုက္ခရောက်သွားတတ်ပါတယ်။

ဒီဆေးဟာ ပုံမှန်တားဆေးမှာပါတဲ့ ဟော်မုန်းတွေကိုပဲ ပြင်းအားမြှင့်ထားတာဖြစ်ပါတယ်။ တစ်လကို တစ်ကြိမ်ထက် ပိုမသုံးသင့်ပါဘူး။ အရေးပေါ်တားဆေးဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှသာ သုံးသင့်ပါတယ်။ ပုံမှန်တားဆေးထက် ဘေးထွက်ဆိုးကျိုးပိုများပါတယ်။ နောက်ပြီး ပိုအရေးကြီးတာက တစ်လထဲမှာ အဲ့ဒီဆေးကို အများကြီးသုံးမိရင် ဟော်မုန်းဓာတ်တွေ ဖောက်ပြန်ပြီး ကလေးမရအောင် မတားနိုင်တော့ဘဲ ကိုယ်ဝန်ရှိသွားစေတတ်ပါတယ်။

Author: Dr. နေလင်းအောင်, Healthcare Journal, vol 8, no 31 (18.8.17)

Previous Post

သားဆက္ျခား ပဋိသေႏၶတားနည္းလမ္း

Next Post

ဆေးလိပ်သောက်ခြင်းနဲ့အဆုတ်ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးလိပ်သောက်ခြင်းနဲ့အဆုတ်ကင်ဆာ

အရက်စွဲနေတဲ့သူလား

နှလုံးကြီးတယ်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.