(Zawgyi)
ဂႏိုက်တယ္ဆိုတဲ့စကားကို အ႐ြယ္ေရာက္ၿပီးတဲ့သူ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမယ္ထင္ပါတယ္။ ဂႏိုဆိုတာက က်ေနာ္တို႔ ေဆးပညာ အေခၚနဲ႔ Gonorrhoea ဆိုတဲ့ေရာဂါကို ျမန္မာလို တိုက္႐ိုက္ေခၚတဲ့အသံပါ။ ျမန္မာ့ေဆးအေခၚနဲ႔ေတာ့ ဆီးပူေညာင္းက်ေရာဂါလို႔ေခၚပါတယ္။ လိင္ဆက္ဆံတာကေန တဆင့္ ကူးစက္တတ္တဲ့ေရာဂါ (Sexually Transmitted Disease STD) ေတြထဲကတစ္ခုပါပဲ။
ဒီဆီးပူေညာင္းက် ေခၚ ဂႏိုေရာဂါကို ျဖစ္ေစတဲ့ ေရာဂါပိုးက Neisseria Gonorrhoea လို႔ေခၚတဲ့ ေကာ္ဖီေစ့ပုံဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္တာျဖစ္ၿပီး ေရာဂါကူးစက္ခံရၿပီး ၄ ရက္ကေန ၆ ရက္အၾကာမွာ ေရာဂါလကၡဏာ စျပတတ္ပါတယ္။
အမ်ိဳးသားမွာဆိုရင္ေတာ့ ဆီးသြားတဲ့အခါ က်ဥ္ေခ်ာင္းတစ္ေလ်ာက္ ပူတယ္၊ က်ဥ္တယ္၊ နာတယ္၊ ဆီးနဲ႔အတူ ျပည္လိုအရည္ေတြပါ ဆင္းတယ္။ ပူလို႔နာလို႔ ဆီးကုန္ေအာင္ မသြားႏိုင္ဘူး။ ခဏခဏ သြားေနရတယ္။ သြားတိုင္းလည္း ပူၿပီးနာလို႔ မ်က္ရည္က်မတတ္ ေဝဒနာခံစားရတယ္။ မိန္းမေတြမွာဆိုရင္ေတာ့ ဆီးသြားရင္ ပူတာ၊ က်ဥ္တာ၊ နာတာ၊ ျပည္လိုအရည္ေတြဆင္းလာအျပင္ မိန္းမကိုယ္ကေန ဓမၼတာလာရမယ့္ အခ်ိန္မဟုတ္ဘဲ ေသြးစိမ့္တာ၊ အျဖဴႏွစ္ေတြဆင္းတာ၊ ဆီးစပ္ကိုက္တာေတြ ျဖစ္တတ္ပါတယ္။
မကုသဘဲထားရင္ ဒီေရာဂါပိုးက ေသြးထဲကိုပ်ံ႕ႏွံ႔ၿပီး အဆစ္ေတြ၊ အေရျပားေတြ၊ ႏွလုံးအဆို႔ေတြ၊ ဦးေႏွာက္အေျမႇးေတြကိုပါ ေရာင္ေစတတ္ပါတယ္။ ဒါေပမယ့္ ဒီေနာက္ဆက္တြဲ ေရာဂါေတြ အထိျဖစ္တဲ့သူ မရွိသေလာက္ ေတာ္ေတာ္နည္းပါတယ္။ အထူးသျဖင့္ ကိုယ္ခံအားေတြ ေလ်ာ့နည္းက်ဆင္းေနတဲ့သူေတြမွာပဲ ပိုၿပီး ျဖစ္တတ္ပါတယ္။ ေယာက်္ားေတြမွာေတာ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔ အသက္ႀကီးလာတဲ့အခါမွာ ဆီးက်ိတ္ကင္ဆာ (Prostate Cancer) ျဖစ္ေစဖို႔ အခြင့္အေရး ပိုမ်ားၿပီး မိန္းမေတြမွာေတာ့ နာတာရွည္ ဆီးစပ္ကိုက္ေရာဂါ (Pelvic Inflammatory Diseases) ေတြ ျဖစ္သြားႏိုင္ပါတယ္။
ဒီေရာဂါဟာ ေရာဂါရွိသူနဲ႔ လိင္ဆက္ဆံတာကေန အဓိက ကူးစက္ပါတယ္။ ဂႏိုေရာဂါရွိသူနဲ႔ ပါးစပ္၊ စအို၊ မိန္းမကိုယ္ေတြနဲ႔ လိင္ဆက္ဆံမိရင္ ေရာဂါကူးစက္တတ္ပါတယ္။ ေရာဂါရွိသူရဲ႕ လိင္အဂၤါကို ပါးစပ္နဲ႔ ဆက္ဆံမိရင္ ၉၀ ရာခိုင္ႏႈန္းမွာ ေရာဂါလကၡဏာမျပေပမယ့္ က်န္တဲ့ ၁၀ ရာခိုင္ႏႈန္းမွာေတာ့ အာသီးေရာင္တတ္ပါတယ္။ ေနာက္ၿပီး ဂႏိုေရာဂါပိုးကူးစက္ခံေနရသူ မိခင္ဆီကေန ကေလးေမြးတဲ့အခါ မိခင္ရဲ႕ ေမြးလမ္းေၾကာင္းကတစ္ဆင့္ ကေလးကို ကူးစက္ခံရႏိုင္ပါေသးတယ္။ အဲ့ဒီအခါ ကေလးရဲ႕ မ်က္စိကို အဓိကထိခိုက္ၿပီး အဲ့လိုထိခိုက္တာကို ေဆးပညာအေခၚနဲ႔ Ophthalmia Neonatorum လို႔ေခၚပါတယ္။ စနစ္တက် ကုသမႈမခံယူရင္ ကေလးရဲ႕အျမင္လႊာထိခိုက္ၿပီး မ်က္စိကန္းသြားတတ္ပါတယ္။
ဒါေၾကာင့္ ဂႏိုေရာဂါ ခံစားေနရၿပီဆိုရင္ နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္ဆီမွာ စနစ္တက်ကုသမႈ ခံယူဖို႔လိုပါတယ္။ ဂႏိုေရာဂါဟာ ေသာက္ေဆး၊ ထိုးေဆးနဲ႔ ေပ်ာက္ကင္းႏိုင္တဲ့ေရာဂါ ျဖစ္ၿပီး ပဋိဇီဝပိုးသတ္ေဆးကို ေဆးပတ္လည္ေအာင္ေတာ့ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း ေသာက္ေပးရမွာ ျဖစ္ပါတယ္။ မဟုတ္ရင္ ေဆးယဥ္ပါးမႈ ျပႆနာျဖစ္လာၿပီး ပိုၿပီးျပင္းထန္တဲ့ ပဋိဇီဝပိုးသတ္ေဆးေတြ ထပ္ေသာက္ရမွာ ျဖစ္သလို ေရာဂါေဝဒနာခံစားရတဲ့အခ်ိန္လည္း ပိုၿပီးၾကာသြားမွာ ျဖစ္ပါတယ္။ ကုသတဲ့ေနရာမွာလည္း ကိုယ္နဲ႔လိင္ဆက္ဆံမယ့္ အေဖာ္ကိုပါ တြဲကုမွ ပိုထိေရာက္ပါတယ္။
ဒီေရာဂါကို ကာကြယ္ဖို႔အတြက္ကေတာ့ လိင္ဆက္ဆံတဲ့အခါမွာ ကြန္ဒုံး (Condom) ကိုစနစ္တက် အသုံးျပဳတတ္႐ုံနဲ႔ ကာကြယ္ႏိုင္ပါတယ္။ တိုတိုေျပာရရင္ ကြန္ဒုံးထိပ္ကို ေလမခိုေအာင္ သတိထားစြပ္မယ္၊ ကြန္ဒုံးႏွစ္ထပ္မသုံးဘူး၊ အရည္အေသြးနိမ့္တဲ့ ကြန္ဒုံးမသုံးဘူး၊ ပုံမွန္ သမား႐ိုးက်လိင္ဆက္ဆံမယ္ဆိုရင္ ဒီဆီးပူေညာင္းက် ဂႏိုေရာဂါကို ကာကြယ္ႏိုင္ပါလိမ့္မယ္။ ကာကြယ္ေဆးအေနနဲ႔ကေတာ့ ႂကြက္ေတြမွာ စမ္းသပ္ေအာင္ျမင္ၿပီးၿပီျဖစ္ေပမယ့္ လူေတြမွာ ထိုးႏွံဖို႔အတြက္ေတာ့ ေလ့လာမႈေတြ အမ်ားႀကီးလုပ္ရဦးမွာ ျဖစ္ပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ လိင္ဆက္ဆံတာကေန ကူးစက္တတ္တဲ့ ဆီးပူေညာင္းက် ဂႏိုေရာဂါဟာ ခံစားရတဲ့ေဝဒနာ ျပင္းထန္ေပမယ့္ စနစ္တက် ကုသရင္ အျမစ္ျပတ္ေပ်ာက္ကင္းႏိုင္တဲ့ ေရာဂါျဖစ္တာမို႔ ဂႏိုက်တယ္ဆိုတိုင္း မလန႔္ဖို႔နဲ႔ စနစ္တက် ကုသမႈခံယူဖို႔ လိုအပ္တယ္လို႔ ေျပာၾကားရင္း က်ေနာ့္ရဲ႕ “ဂႏိုက်လို႔ မငိုၾကဖို႔” ဆိုတဲ့ ေဆာင္းပါးေလးကို နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။
Author: Dr. NLA, Healthcare Journal, vol 8, no 29 (4.8.17)
(Unicode)
ဂနိုကျတယ်ဆိုတဲ့စကားကို အရွယ်ရောက်ပြီးတဲ့သူ တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ဂနိုဆိုတာက ကျနော်တို့ ဆေးပညာ အခေါ်နဲ့ Gonorrhoea ဆိုတဲ့ရောဂါကို မြန်မာလို တိုက်ရိုက်ခေါ်တဲ့အသံပါ။ မြန်မာ့ဆေးအခေါ်နဲ့တော့ ဆီးပူညောင်းကျရောဂါလို့ခေါ်ပါတယ်။ လိင်ဆက်ဆံတာကနေ တဆင့် ကူးစက်တတ်တဲ့ရောဂါ (Sexually Transmitted Disease STD) တွေထဲကတစ်ခုပါပဲ။
ဒီဆီးပူညောင်းကျ ခေါ် ဂနိုရောဂါကို ဖြစ်စေတဲ့ ရောဂါပိုးက Neisseria Gonorrhoea လို့ခေါ်တဲ့ ကော်ဖီစေ့ပုံဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဖြစ်ပြီး ရောဂါကူးစက်ခံရပြီး ၄ ရက်ကနေ ၆ ရက်အကြာမှာ ရောဂါလက္ခဏာ စပြတတ်ပါတယ်။
အမျိုးသားမှာဆိုရင်တော့ ဆီးသွားတဲ့အခါ ကျဉ်ချောင်းတစ်လျောက် ပူတယ်၊ ကျဉ်တယ်၊ နာတယ်၊ ဆီးနဲ့အတူ ပြည်လိုအရည်တွေပါ ဆင်းတယ်။ ပူလို့နာလို့ ဆီးကုန်အောင် မသွားနိုင်ဘူး။ ခဏခဏ သွားနေရတယ်။ သွားတိုင်းလည်း ပူပြီးနာလို့ မျက်ရည်ကျမတတ် ဝေဒနာခံစားရတယ်။ မိန်းမတွေမှာဆိုရင်တော့ ဆီးသွားရင် ပူတာ၊ ကျဉ်တာ၊ နာတာ၊ ပြည်လိုအရည်တွေဆင်းလာအပြင် မိန်းမကိုယ်ကနေ ဓမ္မတာလာရမယ့် အချိန်မဟုတ်ဘဲ သွေးစိမ့်တာ၊ အဖြူနှစ်တွေဆင်းတာ၊ ဆီးစပ်ကိုက်တာတွေ ဖြစ်တတ်ပါတယ်။
မကုသဘဲထားရင် ဒီရောဂါပိုးက သွေးထဲကိုပျံ့နှံ့ပြီး အဆစ်တွေ၊ အရေပြားတွေ၊ နှလုံးအဆို့တွေ၊ ဦးနှောက်အမြှေးတွေကိုပါ ရောင်စေတတ်ပါတယ်။ ဒါပေမယ့် ဒီနောက်ဆက်တွဲ ရောဂါတွေ အထိဖြစ်တဲ့သူ မရှိသလောက် တော်တော်နည်းပါတယ်။ အထူးသဖြင့် ကိုယ်ခံအားတွေ လျော့နည်းကျဆင်းနေတဲ့သူတွေမှာပဲ ပိုပြီး ဖြစ်တတ်ပါတယ်။ ယောကျ်ားတွေမှာတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အသက်ကြီးလာတဲ့အခါမှာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဖြစ်စေဖို့ အခွင့်အရေး ပိုများပြီး မိန်းမတွေမှာတော့ နာတာရှည် ဆီးစပ်ကိုက်ရောဂါ (Pelvic Inflammatory Diseases) တွေ ဖြစ်သွားနိုင်ပါတယ်။
ဒီရောဂါဟာ ရောဂါရှိသူနဲ့ လိင်ဆက်ဆံတာကနေ အဓိက ကူးစက်ပါတယ်။ ဂနိုရောဂါရှိသူနဲ့ ပါးစပ်၊ စအို၊ မိန်းမကိုယ်တွေနဲ့ လိင်ဆက်ဆံမိရင် ရောဂါကူးစက်တတ်ပါတယ်။ ရောဂါရှိသူရဲ့ လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံမိရင် ၉၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြပေမယ့် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းမှာတော့ အာသီးရောင်တတ်ပါတယ်။ နောက်ပြီး ဂနိုရောဂါပိုးကူးစက်ခံနေရသူ မိခင်ဆီကနေ ကလေးမွေးတဲ့အခါ မိခင်ရဲ့ မွေးလမ်းကြောင်းကတစ်ဆင့် ကလေးကို ကူးစက်ခံရနိုင်ပါသေးတယ်။ အဲ့ဒီအခါ ကလေးရဲ့ မျက်စိကို အဓိကထိခိုက်ပြီး အဲ့လိုထိခိုက်တာကို ဆေးပညာအခေါ်နဲ့ Ophthalmia Neonatorum လို့ခေါ်ပါတယ်။ စနစ်တကျ ကုသမှုမခံယူရင် ကလေးရဲ့အမြင်လွှာထိခိုက်ပြီး မျက်စိကန်းသွားတတ်ပါတယ်။
ဒါကြောင့် ဂနိုရောဂါ ခံစားနေရပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာ စနစ်တကျကုသမှု ခံယူဖို့လိုပါတယ်။ ဂနိုရောဂါဟာ သောက်ဆေး၊ ထိုးဆေးနဲ့ ပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပေးရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဆေးယဉ်ပါးမှု ပြဿနာဖြစ်လာပြီး ပိုပြီးပြင်းထန်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေ ထပ်သောက်ရမှာ ဖြစ်သလို ရောဂါဝေဒနာခံစားရတဲ့အချိန်လည်း ပိုပြီးကြာသွားမှာ ဖြစ်ပါတယ်။ ကုသတဲ့နေရာမှာလည်း ကိုယ်နဲ့လိင်ဆက်ဆံမယ့် အဖော်ကိုပါ တွဲကုမှ ပိုထိရောက်ပါတယ်။
ဒီရောဂါကို ကာကွယ်ဖို့အတွက်ကတော့ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံး (Condom) ကိုစနစ်တကျ အသုံးပြုတတ်ရုံနဲ့ ကာကွယ်နိုင်ပါတယ်။ တိုတိုပြောရရင် ကွန်ဒုံးထိပ်ကို လေမခိုအောင် သတိထားစွပ်မယ်၊ ကွန်ဒုံးနှစ်ထပ်မသုံးဘူး၊ အရည်အသွေးနိမ့်တဲ့ ကွန်ဒုံးမသုံးဘူး၊ ပုံမှန် သမားရိုးကျလိင်ဆက်ဆံမယ်ဆိုရင် ဒီဆီးပူညောင်းကျ ဂနိုရောဂါကို ကာကွယ်နိုင်ပါလိမ့်မယ်။ ကာကွယ်ဆေးအနေနဲ့ကတော့ ကြွက်တွေမှာ စမ်းသပ်အောင်မြင်ပြီးပြီဖြစ်ပေမယ့် လူတွေမှာ ထိုးနှံဖို့အတွက်တော့ လေ့လာမှုတွေ အများကြီးလုပ်ရဦးမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် လိင်ဆက်ဆံတာကနေ ကူးစက်တတ်တဲ့ ဆီးပူညောင်းကျ ဂနိုရောဂါဟာ ခံစားရတဲ့ဝေဒနာ ပြင်းထန်ပေမယ့် စနစ်တကျ ကုသရင် အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တာမို့ ဂနိုကျတယ်ဆိုတိုင်း မလန့်ဖို့နဲ့ စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်တယ်လို့ ပြောကြားရင်း ကျနော့်ရဲ့ “ဂနိုကျလို့ မငိုကြဖို့” ဆိုတဲ့ ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။
Author: Dr. NLA, Healthcare Journal, vol 8, no 29 (4.8.17)