fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်အင်္ဂါကြွက်နို့

1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

လိင္အဂၤါႂကြက္ႏို႔ေရာဂါကလည္း လိင္ဆက္ဆံရာကေန ကူးစက္ပ်ံ႕ပြားတတ္တဲ့ေရာဂါ (Sexually Transmitted Diseases) ေတြက တစ္ခုပါပဲ။ သူကေတာ့ ဘက္တီးရီးယားပိုးေၾကာင့္ မဟုတ္ဘဲ လူမွာႂကြက္ႏို႔ေရာဂါ ျဖစ္ေစတတ္တဲ့ဗိုင္းရပ္စ္ (Human Papilloma Virus HPV) ေၾကာင့္ျဖစ္တာ ျဖစ္ပါတယ္။အထူးသျဖင့္ HPV မ်ိဳးစိတ္ ၆ နဲ႔ ၁၁ က လူေတြမွာ လိင္အဂၤါႂကြက္ႏို႔ေရာဂါကို ျဖစ္ေစတတ္တာပါ။ ဒါေၾကာင့္ HPV မ်ိဳးစိတ္ ၆ နဲ႔ ၁၁ ကို ကာကြယ္တဲ့ ကာကြယ္ေဆးထိုးထားရင္ လူမွာျဖစ္တဲ့ လိင္အဂၤါ ႂကြက္ႏို႔ေတြကို ကာကြယ္ၿပီး ျဖစ္ပါတယ္။

ကူးစက္ပုံကေတာ့ အကာအကြယ္မဲ့ ထိုးသြင္းလိင္ဆက္ဆံျခင္းကေန ကူးစက္တာအမ်ားဆုံး ျဖစ္ပါတယ္။ ဒါ့အျပင္ ထိုးသြင္းလိင္ဆက္ဆံတာေၾကာင့္မဟုတ္ဘဲ လိင္အဂၤါျခင္း သာမန္ပြတ္သပ္ျခင္းကေန တဆင့္လည္းကူးစက္ေစႏိုင္ပါတယ္။ ဒါေပမယ့္ ထိုးသြင္းလိင္ဆက္ဆံတာေလာက္ေတာ့ ကူးစက္မႈႏႈန္း မျမင့္ပါဘူး။ ေရာဂါရွိသူရဲ႕ လိင္အဂၤါကို ပြတ္သပ္ထားတဲ့ လက္ကိုမသန႔္ရွင္းဘဲနဲ႔ မိမိလိင္အဂၤါကို ထပ္မံပြတ္သပ္မိရင္လည္း ေရာဂါကူးစက္ႏိုင္ေျခ ရွိပါေသးတယ္။ ကေလးေမြးတဲ့အခါမွာလည္း မိခင္ရဲ႕ ေမြးလမ္းေၾကာင္းကတစ္ဆင့္ ကေလးကို ကူးစက္ေစတတ္တာမ်ိဳးလည္း ရွိတတ္ပါတယ္။ ေရကူးဝတ္စုံ၊ အတြင္းခံေတြကို မွ်ေဝသုံးစြဲတာကေန တဆင့္လည္း လိင္အဂၤါႂကြက္ႏို႔ ေရာဂါကူးစက္ေစႏိုင္တယ္ဆိုတဲ့ သတင္းပို႔မႈေတြလည္း ရွိပါတယ္။

လိင္ဆက္ဆံတဲ့ေနရာမွာ ကြန္ဒုံးကို စနစ္တက် အသုံးျပဳမယ္ဆိုရင္ေတာ့ လိင္အဂၤါႂကြက္ႏို႔ေရာဂါ ကူးစက္မႈကို အထိုက္အေလ်ာက္ ကာကြယ္ေပးႏိုင္တယ္ဆိုေပမယ့္ ကြန္ဒုံးသုံးရင္ေတာင္မွ ကူးစက္ခံရႏိုင္ေျခရွိေသးတယ္လို႔လည္း ေလ့လာမႈေတြက ဆိုပါတယ္။ အထူးသျဖင့္ လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြမွာ ပိုၿပီးျဖစ္ေစတတ္ပါတယ္။

ကူးစက္ခံရသူေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းခန႔္ဟာ လိင္အဂၤါႂကြက္ႏို႔ ျဖစ္မလာတတ္ဘဲ က်န္တဲ့ ၁၀ ရာခိုင္ႏႈန္းမွာသာ ေရာဂါျဖစ္လာၿပီး တျခားသူေတြကို ကူးစက္ပ်ံ႕ႏွံ႔ေစပါတယ္။ ေရာဂါျဖစ္လာတဲ့သူေတြမွာ လိင္အဂၤါႂကြက္ႏို႔က တစ္ခုထဲျဖစ္တာရွိသလို ႁပြတ္သိပ္ေနေအာင္လည္း ျဖစ္တာရွိပါတယ္။ လိင္အဂၤါႂကြက္ႏို႔ေရာဂါက လိင္အဂၤါေနရာေတြျဖစ္တဲ့ လိင္တံ၊ ကပၸါယ္အိတ္၊ စအို၊ မိန္းမကိုယ္အျပင္ႏႈတ္ခမ္း၊ မိန္းမကိုယ္ေတြမွာ ရွိေနတတ္သလို အဲ့ဒီအဂၤါေတြရဲ႕ အတြင္းပိုင္းေတြမွာလည္း ေပါက္ေနတတ္ပါတယ္။

အ႐ြယ္အစားကေတာ့ ၁ – ၅ မီလီမီတာေလာက္ကေန အႀကီးႀကီးေတြအထိ ရွိေနႏိုင္ပါတယ္။ စမ္းၾကည့္ရင္ေပ်ာ့တာရွိသလို မာသြားတာလည္း ရွိပါတယ္။ အေရာင္ကေတာ့ အမ်ိဳးမ်ိဳးရွိတတ္ၿပီး တစ္ခါတေလမွာ ေသြးယိုစီးတာမ်ိဳးလည္း ရွိတတ္ပါတယ္။ အမ်ားစုမွာေတာ့ ဒီလိုမ်ိဳးရွိေနတာက လြဲၿပီး ဘာေဝဒနာမွ မခံစားရေပမယ့္ တခ်ိဳ႕သူေတြမွာေတာ့ ယားယံတာ၊ နီရဲတာ၊ ခိုးလို႔ခုလု ျဖစ္တာေတြ ျဖစ္ႏိုင္ပါတယ္။ ေဝဒနာမခံစားရဘူး ဆိုေပမယ့္ ဒီေရာဂါေၾကာင့္ စိတ္ပိုင္းဆိုင္ရာ စိုးရိမ္ပူပန္တာ၊ ရွက္႐ြံ႕တာမ်ိဳး၊ ေၾကာက္႐ြံ႕တာမ်ိဳးေတြေတာ့ ရွိႏိုင္ပါတယ္။

ျဖစ္လာတဲ့ လိင္အဂၤါႂကြက္ႏို႔ေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ ႏွစ္ႏွစ္ေလာက္အၾကာမွာ ကိုယ္ခႏၶာရဲ႕ တိုက္ထုတ္ဖယ္ရွားမႈေၾကာင့္ ေပ်ာက္သြားတတ္ေပမယ့္ က်န္ရွိေနေသးတဲ့ ၁၀ ရာခိုင္ႏႈန္းေသာ လက္က်န္ႂကြက္ႏို႔ေတြက ေရာဂါမရွိသူ ေနာက္တစ္ေယာက္ကို အကာအကြယ္မဲ့ လိင္ဆက္ဆံရာကေန ထပ္ၿပီးကူးစက္ေစႏိုင္ပါေသးတယ္။

ေရာဂါကို ကုသဖို႔အတြက္ တိက်ေသခ်ာတဲ့ နည္းစနစ္ မရွိေသးပါဘူး။ ထင္သာျမင္သာရွိတဲ့ ႂကြက္ႏို႔ေတြကို လွီးျဖတ္ထုတ္လို႔ ရတယ္ဆိုေပမယ့္ အဲ့လို လွီးျဖတ္ထုတ္လိုက္လို႔ HPV ဗိုင္းရပ္စ္ပိုး ေပ်ာက္သြားတယ္ဆိုတာေတာ့ မရွိပါဘူး။ ဒါေပမယ့္ ေရာဂါသည္ေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ ကူးစက္ျဖစ္ပြားၿပီး တစ္ႏွစ္ခြဲ၊ ႏွစ္ႏွစ္အၾကာမွာ ေရာဂါသက္သာ ေပ်ာက္ကင္းသြားတတ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ လိင္အဂၤါႂကြက္ႏို႔ေရာဂါဟာ လိင္ဆက္ဆံရာကတဆင့္ ကူးစက္တတ္တဲ့အျပင္ တျခားနည္းေတြနဲ႔လည္း ကူးစက္ေစႏိုင္တယ္ဆိုတာကို သိရွိၿပီး လိင္အဂၤါႂကြက္ႏို႔ေရာဂါ မျဖစ္ပြားေအာင္ သတိျပဳေရွာင္ရွားႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္ က်ေနာ့္ရဲ႕ “လိင္အဂၤါႂကြက္ႏို႔” အေၾကာင္း ေဆာင္းပါးကို နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။

Author: Dr. ေနလင္းေအာင္, Healthcare Journal, vol 8,no 29 (4.8.17)

(Unicode)

လိင်အင်္ဂါကြွက်နို့ရောဂါကလည်း လိင်ဆက်ဆံရာကနေ ကူးစက်ပျံ့ပွားတတ်တဲ့ရောဂါ (Sexually Transmitted Diseases) တွေက တစ်ခုပါပဲ။ သူကတော့ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ လူမှာကြွက်နို့ရောဂါ ဖြစ်စေတတ်တဲ့ဗိုင်းရပ်စ် (Human Papilloma Virus HPV) ကြောင့်ဖြစ်တာ ဖြစ်ပါတယ်။အထူးသဖြင့် HPV မျိုးစိတ် ၆ နဲ့ ၁၁ က လူတွေမှာ လိင်အင်္ဂါကြွက်နို့ရောဂါကို ဖြစ်စေတတ်တာပါ။ ဒါကြောင့် HPV မျိုးစိတ် ၆ နဲ့ ၁၁ ကို ကာကွယ်တဲ့ ကာကွယ်ဆေးထိုးထားရင် လူမှာဖြစ်တဲ့ လိင်အင်္ဂါ ကြွက်နို့တွေကို ကာကွယ်ပြီး ဖြစ်ပါတယ်။

ကူးစက်ပုံကတော့ အကာအကွယ်မဲ့ ထိုးသွင်းလိင်ဆက်ဆံခြင်းကနေ ကူးစက်တာအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းလိင်ဆက်ဆံတာကြောင့်မဟုတ်ဘဲ လိင်အင်္ဂါခြင်း သာမန်ပွတ်သပ်ခြင်းကနေ တဆင့်လည်းကူးစက်စေနိုင်ပါတယ်။ ဒါပေမယ့် ထိုးသွင်းလိင်ဆက်ဆံတာလောက်တော့ ကူးစက်မှုနှုန်း မမြင့်ပါဘူး။ ရောဂါရှိသူရဲ့ လိင်အင်္ဂါကို ပွတ်သပ်ထားတဲ့ လက်ကိုမသန့်ရှင်းဘဲနဲ့ မိမိလိင်အင်္ဂါကို ထပ်မံပွတ်သပ်မိရင်လည်း ရောဂါကူးစက်နိုင်ခြေ ရှိပါသေးတယ်။ ကလေးမွေးတဲ့အခါမှာလည်း မိခင်ရဲ့ မွေးလမ်းကြောင်းကတစ်ဆင့် ကလေးကို ကူးစက်စေတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ရေကူးဝတ်စုံ၊ အတွင်းခံတွေကို မျှဝေသုံးစွဲတာကနေ တဆင့်လည်း လိင်အင်္ဂါကြွက်နို့ ရောဂါကူးစက်စေနိုင်တယ်ဆိုတဲ့ သတင်းပို့မှုတွေလည်း ရှိပါတယ်။

လိင်ဆက်ဆံတဲ့နေရာမှာ ကွန်ဒုံးကို စနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ လိင်အင်္ဂါကြွက်နို့ရောဂါ ကူးစက်မှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ကွန်ဒုံးသုံးရင်တောင်မှ ကူးစက်ခံရနိုင်ခြေရှိသေးတယ်လို့လည်း လေ့လာမှုတွေက ဆိုပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖော်များတဲ့သူတွေမှာ ပိုပြီးဖြစ်စေတတ်ပါတယ်။

ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ လိင်အင်္ဂါကြွက်နို့ ဖြစ်မလာတတ်ဘဲ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းမှာသာ ရောဂါဖြစ်လာပြီး တခြားသူတွေကို ကူးစက်ပျံ့နှံ့စေပါတယ်။ ရောဂါဖြစ်လာတဲ့သူတွေမှာ လိင်အင်္ဂါကြွက်နို့က တစ်ခုထဲဖြစ်တာရှိသလို ပြွတ်သိပ်နေအောင်လည်း ဖြစ်တာရှိပါတယ်။ လိင်အင်္ဂါကြွက်နို့ရောဂါက လိင်အင်္ဂါနေရာတွေဖြစ်တဲ့ လိင်တံ၊ ကပ္ပါယ်အိတ်၊ စအို၊ မိန်းမကိုယ်အပြင်နှုတ်ခမ်း၊ မိန်းမကိုယ်တွေမှာ ရှိနေတတ်သလို အဲ့ဒီအင်္ဂါတွေရဲ့ အတွင်းပိုင်းတွေမှာလည်း ပေါက်နေတတ်ပါတယ်။

အရွယ်အစားကတော့ ၁ – ၅ မီလီမီတာလောက်ကနေ အကြီးကြီးတွေအထိ ရှိနေနိုင်ပါတယ်။ စမ်းကြည့်ရင်ပျော့တာရှိသလို မာသွားတာလည်း ရှိပါတယ်။ အရောင်ကတော့ အမျိုးမျိုးရှိတတ်ပြီး တစ်ခါတလေမှာ သွေးယိုစီးတာမျိုးလည်း ရှိတတ်ပါတယ်။ အများစုမှာတော့ ဒီလိုမျိုးရှိနေတာက လွဲပြီး ဘာဝေဒနာမှ မခံစားရပေမယ့် တချို့သူတွေမှာတော့ ယားယံတာ၊ နီရဲတာ၊ ခိုးလို့ခုလု ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဝေဒနာမခံစားရဘူး ဆိုပေမယ့် ဒီရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်တာ၊ ရှက်ရွံ့တာမျိုး၊ ကြောက်ရွံ့တာမျိုးတွေတော့ ရှိနိုင်ပါတယ်။

ဖြစ်လာတဲ့ လိင်အင်္ဂါကြွက်နို့တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ နှစ်နှစ်လောက်အကြာမှာ ကိုယ်ခန္ဓာရဲ့ တိုက်ထုတ်ဖယ်ရှားမှုကြောင့် ပျောက်သွားတတ်ပေမယ့် ကျန်ရှိနေသေးတဲ့ ၁၀ ရာခိုင်နှုန်းသော လက်ကျန်ကြွက်နို့တွေက ရောဂါမရှိသူ နောက်တစ်ယောက်ကို အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ ထပ်ပြီးကူးစက်စေနိုင်ပါသေးတယ်။

ရောဂါကို ကုသဖို့အတွက် တိကျသေချာတဲ့ နည်းစနစ် မရှိသေးပါဘူး။ ထင်သာမြင်သာရှိတဲ့ ကြွက်နို့တွေကို လှီးဖြတ်ထုတ်လို့ ရတယ်ဆိုပေမယ့် အဲ့လို လှီးဖြတ်ထုတ်လိုက်လို့ HPV ဗိုင်းရပ်စ်ပိုး ပျောက်သွားတယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် ရောဂါသည်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကူးစက်ဖြစ်ပွားပြီး တစ်နှစ်ခွဲ၊ နှစ်နှစ်အကြာမှာ ရောဂါသက်သာ ပျောက်ကင်းသွားတတ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် လိင်အင်္ဂါကြွက်နို့ရောဂါဟာ လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တဲ့အပြင် တခြားနည်းတွေနဲ့လည်း ကူးစက်စေနိုင်တယ်ဆိုတာကို သိရှိပြီး လိင်အင်္ဂါကြွက်နို့ရောဂါ မဖြစ်ပွားအောင် သတိပြုရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုရင် ကျနော့်ရဲ့ “လိင်အင်္ဂါကြွက်နို့” အကြောင်း ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author: Dr. နေလင်းအောင်, Healthcare Journal, vol 8,no 29 (4.8.17)

Previous Post

သံဓါတ်မလုံလောက်ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

Next Post

ရေကြောင့်ဖြစ်ပွားတတ်သောရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
631

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
985

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေကြောင့်ဖြစ်ပွားတတ်သောရောဂါများ

ဝက်သက်အကြောင်းသိကောင်းစရာ

သားအိမ်ခေါင်းကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.