အရက်သောက်ခြင်းသည် လိင်ဆန္ဒကိုတက်ကြွစေလိမ့်မည်ဟုလူတစ်ချို့ကယုံကြည်ထားကြသည်။ အမှန်စင်စစ်အရက် သောက်ခြင်းသည် လိင်အင်္ဂါကောင်းစွာတောင့်တင်းနိုင်မှုအတွက် အဟန့်အတားဖြစ်စေနိုင်သည်။ ပန်းသေပန်းညှိုးဝေဒနာမှာအရက်သောက်ခြင်းကြောင့်ပင်ဖြစ်နိုင်သည်။
အရက်သောက်ထားချိန်တွင် သွေးလည်ပတ်မှုအနည်းငယ်မြင့်တက်လာသဖြင့် အချို့သောသူများအတွက်ဆန္ဒအားအနည်းငယ်ပို၍တက်ကြွလာနိုင်ပါသည်။ သို့သော်အရက်သည် လိင်ဆက်ဆံရာ၌အကောင်းထက် အဆိုးဘက်ကိုသာဦးတည်စေပါသည်။
ရင်ကြပ်ရောဂါနှင့် လိင်ဆက်ဆံမှု
ရင်ကြပ်ရောဂါရှိသူများအဖို့ ဝေဒနာလက္ခဏာကင်းစွာ လိင်ဆက်ဆံမှုပြုဆောင်လိုလျှင် အောက်ဖော်ပြပါအချက်များကိုလိုက်နာကြရမည်ဖြစ်သည်။
ရှောင်ကြဉ်ပါ
ဆေးလိပ်၊ စီးကရက်သောက်ခြင်းမှရှောင်ကြဉ်ပါ။
ဝိုင်၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
အနေအထားပြောင်းပါ
လိင်ဆက်ဆံသည့်အနေအထားပြောင်းရပါမည်။ အချို့အနေအထားသည် ရင်ဘက်နှင့်ဝမ်းဗိုက်တို့အပေါ် ဖိအားသက် ရောက်စေသဖြင့် ရင်ကျပ်ဝေဒနာပိုဆိုးစေသည်။ အသက်ရှုခက်ခဲနိုင်သည်။ အခြားအနေအထားတစ်ခုပြောင်းရပါမည်။
အချိန်ပြောင်းပါ
လိင်ဆက်ဆံချိန်ကိုနံနက်အနှောင်းပိုင်းသို့မဟုတ် ညနေပိုင်းသို့ပြောင်းယူပါ။
အရိုးဆုံးသည် အကောင်းဆုံး
လိင်ဆက်ဆံမှုသည် လူမျိုး၊ ဘာသာ၊ ဓလေ့စရိုက်၊ အတွေးအခေါ်၊အယူအဆနှင့် ယုံကြည်မှုတို့အပေါ်တွင်မူတည်၍ကွဲပြားမှုများရှိသည်။ လိင်ဆက်ဆံသည့်အနေအထားနှင့်ပတ်သတ်၍လည်းတူညီမှုမရှိကြပေ။ အများအားဖြင့်လိင်ဆက်ဆံရာတွင် Missionary Position ရိုးရိုးနည်း(ရိုးရိုးအနေအထား) ကိုသာသုံးကြသည်။ သို့သော် လူအချို့မှာအဆန်းထွင်၍အနေအထားအမျိုးမျိုးကိုအသုံးပြုကာဆက်ဆံပြုမှုကြသည်။ ဆန်းပြားသောအနေအထားများနှင့် လိင်ဆက်ဆံခြင်းသည် ကျေနပ်မှုကိုပိုမိုရစေလိမ့် မည်ဟုထင်မှတ်ယုံကြည်နေကြသည်။ လိင်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များကရိုးရိုးအနေအထားMissionary Position သည်သာအကောင်းဆုံးဖြစ်သည်ဟုဆိုပါသည်။
တပြိုင်နက်ပြီးမြောက်ခြင်း
လိင်ဆက်ဆံရာတွင် ဆက်ဆံဖော်နှစ်ဦးတို့သည် တပြိုင်နက်ဆန္ဒပြီးမြောက်ဖို့လိုသည်ဟုယူဆထားသူများရှိသည်။ တပြိုင်နက်ဆန္ဒပြီးမြောက်နိုင်လျှင်အကောင်းဆုံးဟုဆိုနိုင်သော်လည်းအဓိကကျသောကိစ္စတစ်ခုမဟုတ်ပေ။ တပြိုင်နက် မဟုတ်သော်လည်း ဆန္ဒပြီးမြောက်မှုသည်သာအရေးကြီးဆုံးဖြစ်သည်။
တပြိုင်နက်ဖြစ်ရမည်ဟုစိတ်တွင်ဇွတ်အတင်းစွဲမှတ်မထားသင့်ပေ။ တပြိုင်နက်ဖြစ်သည်ဖြစ်စေ၊ သီးခြားဖြစ်သည် ဖြစ်စေ နှစ်ဦးစလုံးပြီးမြောက်ကြဖို့သာအဓိကဖြစ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)