fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လက်ထပ်ခြင်း နှင့် ကျန်းမာရေး

126
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဝါလကင္းလြတ္၊ သီတင္းကြၽတ္ၿပီး ေနာက္ လက္ထပ္ထိမ္းျမားမဂၤလာပြဲမ်ားကို ၿမိဳ႕႐ြာအႏွံတြင္ ေတြ႕ရွိရပါသည္။ တစ္ကိုယ္တည္းေနရာမွ ဇနီးေမာင္ႏွံ ရာသက္ပန္ျဖစ္ရန္ လက္ထပ္ၾကပါသည္။        အိမ္ေထာင္ျပဳလိုက္ေသာအခါတြင္ ရရွိလာႏိုင္ေသာ ေကာင္းက်ိဳးမ်ားကို ခံစားေစခ်င္ၾကပါသည္။ လက္ထပ္ျခင္းျဖင့္ စိတ္ဖိစီးမႈမ်ား ေလ်ာ့က်လာျခင္း၊ စိတ္ဓာတ္က်ဆင္းမႈမ်ားကို ကာကြယ္ႏိုင္ျခင္း၊ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းႏိုင္ျခင္း၊ ဘဝတိုးတက္မႈအတြက္ အခြင့္အလမ္းမ်ား ရရွိႏိုင္ျခင္း၊ စီးပြားေရးအဆင္ေျပလာျခင္းႏွင့္ ေရာဂါျဖစ္ပြားမႈ ေလ်ာ့နည္းလာျခင္းမ်ား ရရွိႏိုင္ပါသည္။

စိတ္ဖိစီးမႈမ်ား ေလ်ာ့က်လာျခင္း
အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ စိတ္ဖိစီးမႈမ်ား အလြယ္တကူ ခံစားရႏိုင္ပါသည္။ စိတ္ဖိစီးမႈမ်ား ႀကဳံေတြ႕ရပါက အမ်ိဳးသားမ်ား၏ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းေကာ္တီစုန္းသည္ အမ်ိဳးသမီးမ်ားထက္ ပိုမိုထြက္ရွိပါသည္။ သို႔ရာတြင္ အမ်ိဳးသားမ်ားသည္ လက္ထပ္ၿပီးပါက တစ္ကိုယ္တည္းေနေသာ လူပ်ိဳႀကီးမ်ားထက္ စိတ္ဖိစီးမႈ ေဟာ္မုန္း၊ ေကာ္တီစုန္းထြက္ရွိမႈ ပိုနည္းလာတတ္ၿပီး စိတ္ဖိစီးမႈမ်ား ေလ်ာ့နည္းလာတတ္ပါသည္။

စိတ္ဓာတ္က်ဆင္းမႈမ်ားကို ကာကြယ္ႏိုင္ျခင္း
အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ စိတ္ဓာတ္က်ဆင္းႏိုင္ေျခႏွစ္ဆခန႔္ ပိုမ်ားပါသည္။ သို႔ရာတြင္ အမ်ိဳးသမီးမ်ားသည္ အိမ္ေထာင္ျပဳလိုက္ပါက အပ်ိဳႀကီးမမမ်ားထက္ စိတ္ဓာတ္က်ဆင္းမႈ ေလ်ာ့က်လာၿပီး တည္ၿငိမ္မႈ ရွိလာပါသည္။

ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းႏိုင္ျခင္း
အမ်ိဳးသမီးမ်ားသည္ လက္ထပ္ၿပီးေသာအခါတြင္ ကိုယ္အေလးခ်ိန္ အနည္းငယ္ တက္လာတတ္ေသာ္လည္း အလွမပ်က္ရန္ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းၾကပါသည္။ သို႔ရာတြင္ အမ်ိဳးသားမ်ားတြင္ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းမႈ နည္းျခင္းေၾကာင့္ အဝလြန္ကဲလာတတ္ပါသည္။

ဘဝတိုးတက္မႈအတြက္ အခြင့္အလမ္းမ်ား ရရွိႏိုင္ျခင္း
အိမ္ေထာင္မရွိ လူပ်ိဳႀကီးမ်ားသည္ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ေနထိုင္စားေသာက္မႈပုံစံကို လိုက္နာမႈအားနည္းပါသည္။ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းႏွင့္ အေပ်ာ္အပါး လိုက္စားျခင္းမ်ား ျပဳလုပ္ေလ့ရွိေသာ္လည္း အိမ္ေထာင္ျပဳၿပီးပါက ေရွာင္ၾကည္မႈမ်ား ရွိလာပါသည္။ ဇနီးသည္မွ ခင္ပြန္းအား အနီးကပ္ျပဳျပင္ၿပီး အႀကံဉာဏ္ေကာင္းမ်ား ေပးေသာေၾကာင့္ ဘဝတိုးတက္မႈ အခြင့္အ လမ္းမ်ား ရရွိလာပါသည္။

စီးပြားေရးအဆင္ေျပလာျခင္း
တစ္ကိုယ္တည္းသမားမ်ားသည္ သားေရး၊ သမီးေရး၊ ဇနီး/မယားအေရးကိစၥမ်ား မပူပန္ရေသာေၾကာင့္ သုံးျဖဳန္းစားေသာက္ၾက၍ ေငြေရးေၾကးေရး အဆင္မေျပၾကပါသည္။ ေနာက္ဆက္တြဲအေနျဖင့္ က်န္းမာေရးထိခိုက္လာပါသည္။ ေဆးကုသစရိတ္မ်ားစြာ ကုန္က်ၿပီး စီးပြားေရးကို ထိခိုက္ႏိုင္ပါသည္။ အိမ္ေထာင္ျပဳၿပီးပါက အသုံးအျဖဳန္းမ်ားကို ခ်င့္ခ်ိန္လာပါသည္။ စိတ္ဖိစီးမႈႏွင့္ စိတ္ပူပင္ေသာကမ်ား ေလ်ာ့နည္းလာၿပီး က်န္းမာေရးေကာင္းမြန္လာပါသည္။ ေကာင္းက်ိဳးအေနျဖင့္ စီးပြားေရး အဆင္ေျပလာပါသည္။

ေရာဂါျဖစ္ပြားမႈေလ်ာ့နည္းလာျခင္း
လက္ထပ္ ထိမ္းျမားျခင္းသည္ အသက္ရွည္ရာ၊ အနာမဲ့ေၾကာင္း နည္းလမ္းေကာင္းမ်ားကို မ်ားစြာ အေထာက္အကူျပဳပါသည္။ လက္ထပ္ထားေသာ သူမ်ားသည္ လက္မထပ္ထားေသာ သူမ်ားထက္ နာတာရွည္ေရာဂါမ်ား ျဖစ္ေသာ ဆီးခ်ိဳ။ ေသြးခ်ိဳေရာဂါ၊ အဆုတ္ေရာဂါႏွင့္ အယ္လ္ဇိုင္းမားေရာဂါမ်ား ျဖစ္ပြားမႈေလ်ာ့နည္းပါသည္။ သို႔ရာတြင္ ကင္ဆာေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်၍ မရပါ။ ႏွလုံးေရာဂါႏွင့္  ေသဆုံးႏိုင္ျခင္းသည္လည္း ေလ်ာ့နည္းျခင္းမရွိပါ။ လိင္ဆက္ဆံျခင္းေၾကာင့္ ရရွိေသာ ေရာဂါျဖစ္ပြားမႈမ်ားအား ေလွ်ာ့ခ်ႏိုင္ပါသည္။

အိမ္ေထာင္မႈ၊ ဘုရားတည္၊ ေဆးမင္ရည္စုတ္ထိုး ဤသုံးမ်ိဳး ခ်က္မပိုင္လွ်င္ ေနာက္ျပင္ရန္ခက္သည့္ အမ်ိဳးဆိုသည့္အတိုင္း သူစိမ္းႏွစ္ဦး ဖိုႏွင့္မ ထာဝရလက္တြဲၾကရန္ မ်က္ေတာင္ေမႊးတစ္ဆုံးကိုသာ  မၾကည့္ၾကၾဘ ေရရွည္အေရးကို ေမွ်ာ္ေတြးစဥ္းစားၾကသင့္ပါသည္။ ကုန္ရႈံးတစ္ေခါက္၊ အိမ္ေထာင္ရႈံး တစ္သက္လုံးေမွာက္၊ ဖြတ္ထြက္မွ ေတာင္ပို႔မွန္းသိႏွင့္ ႏြားမကို ႐ြံ႕ပိတ္ေရာင္းဆိုသည့္ စကားမ်ားအတိုင္း အိမ္ေထာင္ဖက္ အေ႐ြးမမွားေစရန္ ဂ႐ုစိုက္ရပါမည္။ အေတာင္စုံလို႔၊ သိုက္ၿမဳံထဲမွ ပ်ံခ်င္ပ်ံၾကပါ။ မိဘေတြရဲ႕ ရင္အစုံကိုေတာ့ ေျခစုံကန္မသြားၾကပါႏွင့္လို႔ သတိေပးခ်င္ပါသည္။ လက္ထပ္ျခင္းသည္ က်န္းမာေရးအတြက္ မ်ားစြာ အေထာက္အကူျပဳေသာ္လည္း လက္ထပ္ၾကမည္ဟု ရည္႐ြယ္ထားၾကပါက က်န္းမာေရးေကာင္းမေကာင္း တစ္ဦးႏွင့္တစ္ဦး အေသအခ်ာ၊ အျပန္အလွန္ ေလ့လာ ဆန္းစစ္ရန္ လိုအပ္ေၾကာင္း အႀကံျပဳအပ္ပါသည္။

Author: Dr. ေကာင္းစံ, Helathcare Journal, vol 7,no 43 (11.11.16)

(Unicode)

ဝါလကင်းလွတ်၊ သီတင်းကျွတ်ပြီး နောက် လက်ထပ်ထိမ်းမြားမင်္ဂလာပွဲများကို မြို့ရွာအနှံတွင် တွေ့ရှိရပါသည်။ တစ်ကိုယ်တည်းနေရာမှ ဇနီးမောင်နှံ ရာသက်ပန်ဖြစ်ရန် လက်ထပ်ကြပါသည်။        အိမ်ထောင်ပြုလိုက်သောအခါတွင် ရရှိလာနိုင်သော ကောင်းကျိုးများကို ခံစားစေချင်ကြပါသည်။ လက်ထပ်ခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့ကျလာခြင်း၊ စိတ်ဓာတ်ကျဆင်းမှုများကို ကာကွယ်နိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ခြင်း၊ ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ စီးပွားရေးအဆင်ပြေလာခြင်းနှင့် ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်းများ ရရှိနိုင်ပါသည်။

စိတ်ဖိစီးမှုများ လျော့ကျလာခြင်း
အမျိုးသားများသည် အမျိုးသမီးများထက် စိတ်ဖိစီးမှုများ အလွယ်တကူ ခံစားရနိုင်ပါသည်။ စိတ်ဖိစီးမှုများ ကြုံတွေ့ရပါက အမျိုးသားများ၏ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းကော်တီစုန်းသည် အမျိုးသမီးများထက် ပိုမိုထွက်ရှိပါသည်။ သို့ရာတွင် အမျိုးသားများသည် လက်ထပ်ပြီးပါက တစ်ကိုယ်တည်းနေသော လူပျိုကြီးများထက် စိတ်ဖိစီးမှု ဟော်မုန်း၊ ကော်တီစုန်းထွက်ရှိမှု ပိုနည်းလာတတ်ပြီး စိတ်ဖိစီးမှုများ လျော့နည်းလာတတ်ပါသည်။

စိတ်ဓာတ်ကျဆင်းမှုများကို ကာကွယ်နိုင်ခြင်း
အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ဓာတ်ကျဆင်းနိုင်ခြေနှစ်ဆခန့် ပိုများပါသည်။ သို့ရာတွင် အမျိုးသမီးများသည် အိမ်ထောင်ပြုလိုက်ပါက အပျိုကြီးမမများထက် စိတ်ဓာတ်ကျဆင်းမှု လျော့ကျလာပြီး တည်ငြိမ်မှု ရှိလာပါသည်။

ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ခြင်း
အမျိုးသမီးများသည် လက်ထပ်ပြီးသောအခါတွင် ကိုယ်အလေးချိန် အနည်းငယ် တက်လာတတ်သော်လည်း အလှမပျက်ရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းကြပါသည်။ သို့ရာတွင် အမျိုးသားများတွင် ကိုယ်အလေးချိန် ထိန်းသိမ်းမှု နည်းခြင်းကြောင့် အဝလွန်ကဲလာတတ်ပါသည်။

ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိနိုင်ခြင်း
အိမ်ထောင်မရှိ လူပျိုကြီးများသည် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံကို လိုက်နာမှုအားနည်းပါသည်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းများ ပြုလုပ်လေ့ရှိသော်လည်း အိမ်ထောင်ပြုပြီးပါက ရှောင်ကြည်မှုများ ရှိလာပါသည်။ ဇနီးသည်မှ ခင်ပွန်းအား အနီးကပ်ပြုပြင်ပြီး အကြံဉာဏ်ကောင်းများ ပေးသောကြောင့် ဘဝတိုးတက်မှု အခွင့်အ လမ်းများ ရရှိလာပါသည်။

စီးပွားရေးအဆင်ပြေလာခြင်း
တစ်ကိုယ်တည်းသမားများသည် သားရေး၊ သမီးရေး၊ ဇနီး/မယားအရေးကိစ္စများ မပူပန်ရသောကြောင့် သုံးဖြုန်းစားသောက်ကြ၍ ငွေရေးကြေးရေး အဆင်မပြေကြပါသည်။ နောက်ဆက်တွဲအနေဖြင့် ကျန်းမာရေးထိခိုက်လာပါသည်။ ဆေးကုသစရိတ်များစွာ ကုန်ကျပြီး စီးပွားရေးကို ထိခိုက်နိုင်ပါသည်။ အိမ်ထောင်ပြုပြီးပါက အသုံးအဖြုန်းများကို ချင့်ချိန်လာပါသည်။ စိတ်ဖိစီးမှုနှင့် စိတ်ပူပင်သောကများ လျော့နည်းလာပြီး ကျန်းမာရေးကောင်းမွန်လာပါသည်။ ကောင်းကျိုးအနေဖြင့် စီးပွားရေး အဆင်ပြေလာပါသည်။

ရောဂါဖြစ်ပွားမှုလျော့နည်းလာခြင်း
လက်ထပ် ထိမ်းမြားခြင်းသည် အသက်ရှည်ရာ၊ အနာမဲ့ကြောင်း နည်းလမ်းကောင်းများကို များစွာ အထောက်အကူပြုပါသည်။ လက်ထပ်ထားသော သူများသည် လက်မထပ်ထားသော သူများထက် နာတာရှည်ရောဂါများ ဖြစ်သော ဆီးချို။ သွေးချိုရောဂါ၊ အဆုတ်ရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါများ ဖြစ်ပွားမှုလျော့နည်းပါသည်။ သို့ရာတွင် ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချ၍ မရပါ။ နှလုံးရောဂါနှင့်  သေဆုံးနိုင်ခြင်းသည်လည်း လျော့နည်းခြင်းမရှိပါ။ လိင်ဆက်ဆံခြင်းကြောင့် ရရှိသော ရောဂါဖြစ်ပွားမှုများအား လျှော့ချနိုင်ပါသည်။

အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောက်ပြင်ရန်ခက်သည့် အမျိုးဆိုသည့်အတိုင်း သူစိမ်းနှစ်ဦး ဖိုနှင့်မ ထာဝရလက်တွဲကြရန် မျက်တောင်မွှေးတစ်ဆုံးကိုသာ  မကြည့်ကြဘြ ရေရှည်အရေးကို မျှော်တွေးစဉ်းစားကြသင့်ပါသည်။ ကုန်ရှုံးတစ်ခေါက်၊ အိမ်ထောင်ရှုံး တစ်သက်လုံးမှောက်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိနှင့် နွားမကို ရွံ့ပိတ်ရောင်းဆိုသည့် စကားများအတိုင်း အိမ်ထောင်ဖက် အရွေးမမှားစေရန် ဂရုစိုက်ရပါမည်။ အတောင်စုံလို့၊ သိုက်မြုံထဲမှ ပျံချင်ပျံကြပါ။ မိဘတွေရဲ့ ရင်အစုံကိုတော့ ခြေစုံကန်မသွားကြပါနှင့်လို့ သတိပေးချင်ပါသည်။ လက်ထပ်ခြင်းသည် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသော်လည်း လက်ထပ်ကြမည်ဟု ရည်ရွယ်ထားကြပါက ကျန်းမာရေးကောင်းမကောင်း တစ်ဦးနှင့်တစ်ဦး အသေအချာ၊ အပြန်အလှန် လေ့လာ ဆန်းစစ်ရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

Author: Dr. ကောင်းစံ, Helathcare Journal, vol 7,no 43 (11.11.16)

Previous Post

ကိုယ်ဝန်တားနည်း – တားဆေး ဘယ်လိုရွေးမလဲ (အပိုင်း ၂)

Next Post

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
752
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၁)

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၂)

ကီဂယ်လ် လေ့ကျင့်ခန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.