fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကိုယ်ဝန်တားနည်း – တားဆေး ဘယ်လိုရွေးမလဲ(အပိုင်း ၁)

439
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

၁။ Birth Control Pill ကိုယ္ဝန္တားစားေဆးမ်ား

(က) ေဟာ္မုန္းႏွစ္မ်ိဳးတြဲေဆးကေန

မ်ိဳးဥထြက္မွာကို တားေပးတယ္။
သားအိမ္အဝက ခြၽဲကိုလဲေစးပ်စ္ေစလို႔ သုတ္ပိုးဝင္လာဖို႔ ခက္ခဲေစမယ္။
သားအိမ္-အတြင္းဆုံးလႊာကိုလဲ သေႏၶတြယ္ကပ္မႈ မျဖစ္ႏိုင္ေအာင္ ျပဳျပင္ေပးတယ္။
ေဟာ္မုန္း ႏွစ္မ်ိဳးတြဲေဆးကို ၂၁ လုံးပါကဒ္နဲ႔ ၂၈ လုံးပါေဆးကဒ္ေတြနဲ႔ရွိတယ္။
၂၁ လုံးဆိုတာေဟာ္မုန္းပါတာေတြခ်ည္း ျဖစ္တယ္။ က်န္ ၇ လုံးမွာအကုန္မွာေဟာ္မုန္းမပါဘူး။
၇ လုံးပိုထည့္ထားလို႔ ၂၈ လုံးအကုန္မွာ ေနာက္ေဆးကဒ္အသစ္ေသာက္ဖို႔ သိသာတယ္။
၂၁ လုံးပါေဆးကဒ္ ေသာက္သူက ၾကားထဲမွာ ၇ ရက္တိတိ နားထားရမယ္။
ေန႔တိုင္းေသာက္တာမွန္ရင္ ၉၉% စိတ္ခ်ရတယ္။ ရာသီေသြးဆင္းတာ မမ်ားဘူး။ ရက္မွန္တယ္။ ရာသီလာလို႔ နာတာသက္သာတယ္။ မလာခင္ ျဖစ္ခ်င္တာေတြလဲ သက္သာတယ္။ မ်ိဳးဥအိမ္-ကင္ဆာ၊ သားအိမ္-ကင္ဆာအျဖစ္နည္းတယ္။ မ်ိဳးဥအိမ္-အက်ိတ္ နဲ႔ ရင္သား-အက်ိတ္ျဖစ္တာ နည္းတယ္။ PID တင္ပါးဆုံတြင္းေရာဂါ အျဖစ္နည္းတယ္။ ဝက္ၿခံထြက္တာသက္သာတယ္။ သားအိမ္ျပင္ပ-သေႏၶတည္တာနည္းတယ္။ Endometriosis ျဖစ္ေနလို႔ ခံစားရတာေတြလဲ နည္းေစတယ္။

ေဘးထြက္-ဆိုးက်ိဳးေတြ = ပ်ိဳ႕အန္၊ ေခါင္းကိုက္၊ ရင္သားတင္း-နာ၊ လိင္စိတ္နည္း၊ ေခါင္းမူး၊ ေဆးစေသာက္ဘူးသူေတြ တလ၊ ႏွစ္လမွာရာသီရက္ မမွန္ျဖစ္ႏိုင္တယ္။ ရွားရွားပါးပါး ျဖစ္ႏိုင္တာေတြကေတာ့ ေသြးဖိအားတက္၊ ႏွလုံး၊ ေသြးေၾကာပိတ္၊ အသဲကင္ဆာ၊ သည္းေျခအိတ္ေက်ာက္ေတြ ျဖစ္တတ္တယ္။ ဒီေဆးမ်ိဳးမသုံးသင့္သူေတြကေတာ့ ေသြးေၾကာပိတ္ ေရာဂါျဖစ္ဘူးသူေတြ၊ အသက္ႀကီးသူေတြ၊ ေသြးတိုးမ်ားသူေတြ၊ (မိုင္ဂရင္းေရာဂါရွိသူေတြ၊ အသဲမေကာင္းသူေတြနဲ႔ မသင့္ဘူး။

(ခ) Minipill (Progestin Only) (မီနီ-ပီးလ္)

အားလုံး ၂၈ လုံးမွာ ေဟာ္မုန္းပါတယ္။ ကေလးႏို႔တိုက္ေနသူေတြ၊ ေသြးေၾကာပိတ္ျဖစ္သူေတြ၊ (အီစထိုဂ်င္) မတည့္သူေတြ၊ အသက္ ၃၅ ႏွစ္ေက်ာ္သူေတြ၊ ေဆးလိပ္ေသာက္သူေတြ သုံးႏိုင္တယ္။ ေသြးတိုးရွိလဲျဖစ္တယ္။ (မိုင္ဂရင္း) ေရာဂါရွိလဲေသာက္ႏိုင္တယ္။ ရာသီဆင္းတာနည္းတယ္။ မ်ိဳးဥအိမ္-ကင္ဆာ၊ သားအိမ္-ကင္ဆာအျဖစ္နည္းတယ္။ တင္ပါးဆုံတြင္းေရာဂါ အျဖစ္နည္းတယ္။ ေဟာ္မုန္း ၂ မ်ိဳးတြဲေလာက္ မထိေရာက္လွဘူး။ ၾကားရက္ ေသြးဆင္းတာ ျဖစ္တတ္တယ္။ ေဆးေသာက္ဖို႔ တရက္မွ ေမ့သြားလို႔မရဘူး။ ေန႔တိုင္း အခ်ိန္တူမွာေသာက္သင့္တယ္။ ေဘးထြက္-ဆိုးက်ိဳးေတြက ဗိုက္နာ တတ္တယ္။ အားယုတ္မယ္။ မ်က္ႏွာနီျမန္းတာ၊ လိင္စိတ္နည္းတာ၊ ေခါင္းကိုက္၊ ပ်ိဳ႕၊ ေခါင္းမူးတာ၊ အိပ္ေရးပ်က္။

၂။ Depo Provera (ဒီပို) ထိုးေဆး

ကိုယ္ဝန္တား ၃ လခံထိုးေဆးေဆးစာနဲ႔ အတိအက်ေျပာရရင္ Depot medroxyprogesterone acetate (DMPA) လို႔ေခၚတယ္။ (ပ႐ိုဂ်က္စ္တင္) ေဟာ္မုန္းတမ်ိဳးထဲပါတယ္။ ၁၅၀ mg ကို ၃ လ တခါထိုးပါ။

၃။ IUD သားအိမ္ထဲပစၥည္းထည့္နည္း
(တီ) ပုံသ႑ာန္ (ပလပ္စတစ္) ပစၥည္းေလးျဖစ္တယ္။ Copper IUDc ParaGard ေတြကို ၃-၅-၁၀-၁၂ ႏွစ္အထိထည့္ထားႏိုင္တယ္။ ေဟာ္မုန္းပါတဲ့ Mirena က ၅ႏွစ္တစ္ခါလဲ ေပးရတယ္။

၄။ Birth Control Implant ကိုယ္ဝန္တားအေရျပားေအာက္ထားရတဲ့ေဆးေခ်ာင္း
မီးျခစ္ဆံေလာက္သာရွိတယ္။ ကိုယ္ဝန္တား Depo-Provera ထိုးေဆးလိုဘဲ ေဟာ္မုန္းကိုထုတ္ေပးေနမယ္။ ၃ ႏွစ္အထိ ထားႏိုင္တယ္။

၅။ Birth Control Patch ကိုယ္ဝန္တားေဆးကပ္ခြာ
Orth-Evra patch ေဆးကပ္ခြာကို ႀကိဳက္တဲ့ေနရာ အေရျပားမွာ ကပ္ထားႏိုင္တယ္။ တစ္လ(၄ ပါတ္)မွာ ၃ ပါတ္ကိုကပ္ထားၿပီး ၁ ပါတ္ နားထားရတယ္။ ေသာက္ေဆးေတြလို ေဟာ္မုန္းထုတ္ေပးေနမယ္။

၆။ Male Condom ေယာက်ာ္းသုံး(ကြန္ဒုံး)
ကိုယ္ဝန္တားနည္း အမ်ားႀကီးရွိတဲ့ အထဲက ေပၚျပဴလာအျဖစ္ဆုံးဟာ ေယာက်ာ္းသုံး-ကြန္ဒုံး ျဖစ္တယ္။ ေဈးလဲမႀကီး၊ ရွာလို႔လဲလြယ္တယ္။ ကိုယ္ဝန္တားဖို႔သာမဟုတ္ပါ။ လိင္ကတစ္ဆင့္ ကူးစက္ေရာဂါေတြကိုပါ ကာကြယ္ႏိုင္တယ္။ ဥပမာ AIDS and herpes ခုခံအားက်ဆင္းေရာဂါ နဲ႔ လိင္လမ္း-ေရယုံ။ ဒီရည္႐ြယ္ခ်က္ ၂ ခုအတြက္ အေသအခ်ာေတာ့သုံးတတ္ဖို႔ လိုပါမယ္။ တစ္ခုကို တခါတည္းအတြက္သာ သုံးရမယ္။ Latex (ေလးတက္စ္) ရာဘာနဲ႔ လုပ္တာကိုသာသုံးပါ။

၇။ Femal Condom အမ်ိဳးသမီးသုံး (ကြန္ဒုံး)
(ပလပ္စတစ္) ပါးပါးေလးနဲ႔ လုပ္ထားတဲ့ အိတ္ငယ္ေလးျဖစ္တယ္။ (ဗဂ်ိဳင္းနား) ထဲမွာ အလိုက္သင့္ထည့္ထားရတယ္။ လိင္ဆက္ဆံမႈမျပဳခင္ ၈ နာရီကတည္းက ထည့္ထားႏိုင္တယ္။ (ကြန္ဒုံး) ရာဘာနဲ႔ မတည့္သူေတြ သုံးႏိုင္တယ္။

၈။ Vaginal Ring (ဗဂ်ိဳင္းနား) ထဲထည့္ရတဲ့ ကြင္း
NuvaRing(ပလပ္စတစ္) အေပ်ာ့စားကြင္းဝိုင္ေလးျဖစ္တယ္။ Pill ေသာက္ေဆးနဲ႔ Patch ေဆးကပ္ခြာေတြလို ေဟာ္မုန္းထုတ္ေပးေနမယ္။ တစ္လတစ္ခါ လဲေပးရမယ္။

၉။ Cervical Cap သားအိမ္ဝအပိတ္
Diaphragm သားအိမ္ဝအဖုံးနဲ႔ သေဘာတူၿပီး ေသးငယ္တယ္။ FemCap ကို (ဗဂ်ိဳင္းနား) ထဲကေနအတြင္း နက္နက္မွာရွိတဲ့ သားအိမ္ဝကို ဖုံး-ပိတ္ေပးထားရမယ္။ Spermicide သုတ္ပိုးသတ္ေဆးနဲ႔ပါ ေရာသုံးသင့္တယ္။

၁၀။ Diaphragm သားအိမ္ဝအဖုံး
ရာဘာနဲ႔လုပ္ထားတဲ့ ခပ္ခုံးခုံးေလး ျဖစ္တယ္။ သားအိမ္ဝကို ဆက္ဆံမႈ မျပဳခင္ ဖုံးထားေပးရတယ္။ သုတ္ပိုးသတ္ေဆးနဲ႔ပါ ေရာသုံးသင့္တယ္။

၁၁။ Birth Control Sponge သုတ္ပိုးသတ္ ေဆးျမႇဳပ္
Today Sponge ထဲမွာ Spermicide Foam သုတ္ပိုးသတ္ေဆးပါတယ္။ လိင္ဆက္ဆံမႈမျပဳခင္ ၂၄ နာရီကတည္းက ထည့္ထားႏိုင္တယ္။

၁၂။ Spermicide သုတ္ပိုးသတ္ေဆး
Spermicide foam အျမႇဳပ္၊ Jelly (ဂ်ယ္လီ)၊ Cream (ခရင္မ္) နဲ႔ Fillm (ဖလင္) သုတ္ပိုးသတ္ေဆးေတြ ရွိတယ္။ (ဗဂ်ိဳင္းနား) ထဲမွာ လိင္ဆက္ဆံမႈ မျပဳခင္ထည့္-လိမ္း-သုတ္ထားရတယ္။ တခ်ိဳ႕ အမ်ိဳးအစားကို မတိုင္ခင္ ၃၀ မိနစ္ႀကိဳတင္သုံးရတယ္။ တခ်ိဳ႕က အဲေလာက္ ေစာင့္ဖို႔မလိုဘူး။

Author: Dr. တင့္ေဆြ, Healthcare Journal, vol 7,no 43 (11.11.16)

(Unicode)

၁။ Birth Control Pill ကိုယ်ဝန်တားစားဆေးများ

(က) ဟော်မုန်းနှစ်မျိုးတွဲဆေးကနေ

  1. မျိုးဥထွက်မှာကို တားပေးတယ်။
  2. သားအိမ်အဝက ချွဲကိုလဲစေးပျစ်စေလို့ သုတ်ပိုးဝင်လာဖို့ ခက်ခဲစေမယ်။
  3. သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အောင် ပြုပြင်ပေးတယ်။
    ဟော်မုန်း နှစ်မျိုးတွဲဆေးကို ၂၁ လုံးပါကဒ်နဲ့ ၂၈ လုံးပါဆေးကဒ်တွေနဲ့ရှိတယ်။
    ၂၁ လုံးဆိုတာဟော်မုန်းပါတာတွေချည်း ဖြစ်တယ်။ ကျန် ၇ လုံးမှာအကုန်မှာဟော်မုန်းမပါဘူး။
    ၇ လုံးပိုထည့်ထားလို့ ၂၈ လုံးအကုန်မှာ နောက်ဆေးကဒ်အသစ်သောက်ဖို့ သိသာတယ်။
    ၂၁ လုံးပါဆေးကဒ် သောက်သူက ကြားထဲမှာ ၇ ရက်တိတိ နားထားရမယ်။

နေ့တိုင်းသောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာသက်သာတယ်။ မလာခင် ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာအဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ PID တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာသက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာနည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ပျို့အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုးမသုံးသင့်သူတွေကတော့ သွေးကြောပိတ် ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်းရောဂါရှိသူတွေ၊ အသဲမကောင်းသူတွေနဲ့ မသင့်ဘူး။

(ခ) Minipill (Progestin Only) (မီနီ-ပီးလ်)
အားလုံး ၂၈ လုံးမှာ ဟော်မုန်းပါတယ်။ ကလေးနို့တိုက်နေသူတွေ၊ သွေးကြောပိတ်ဖြစ်သူတွေ၊ (အီစထိုဂျင်) မတည့်သူတွေ၊ အသက် ၃၅ နှစ်ကျော်သူတွေ၊ ဆေးလိပ်သောက်သူတွေ သုံးနိုင်တယ်။ သွေးတိုးရှိလဲဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါရှိလဲသောက်နိုင်တယ်။ ရာသီဆင်းတာနည်းတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာအဖြစ်နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဟော်မုန်း ၂ မျိုးတွဲလောက် မထိရောက်လှဘူး။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်တယ်။ ဆေးသောက်ဖို့ တရက်မှ မေ့သွားလို့မရဘူး။ နေ့တိုင်း အချိန်တူမှာသောက်သင့်တယ်။ ဘေးထွက်-ဆိုးကျိုးတွေက ဗိုက်နာ တတ်တယ်။ အားယုတ်မယ်။ မျက်နှာနီမြန်းတာ၊ လိင်စိတ်နည်းတာ၊ ခေါင်းကိုက်၊ ပျို့၊ ခေါင်းမူးတာ၊ အိပ်ရေးပျက်။

၂။ Depo Provera (ဒီပို) ထိုးဆေး
ကိုယ်ဝန်တား ၃ လခံထိုးဆေးဆေးစာနဲ့ အတိအကျပြောရရင် Depot medroxyprogesterone acetate (DMPA) လို့ခေါ်တယ်။ (ပရိုဂျက်စ်တင်) ဟော်မုန်းတမျိုးထဲပါတယ်။ ၁၅၀ mg ကို ၃ လ တခါထိုးပါ။

၃။ IUD သားအိမ်ထဲပစ္စည်းထည့်နည်း
(တီ) ပုံသဏ္ဍာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။ Copper IUDc ParaGard တွေကို ၃-၅-၁၀-၁၂ နှစ်အထိထည့်ထားနိုင်တယ်။ ဟော်မုန်းပါတဲ့ Mirena က ၅နှစ်တစ်ခါလဲ ပေးရတယ်။

၄။ Birth Control Implant ကိုယ်ဝန်တားအရေပြားအောက်ထားရတဲ့ဆေးချောင်း
မီးခြစ်ဆံလောက်သာရှိတယ်။ ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကိုထုတ်ပေးနေမယ်။ ၃ နှစ်အထိ ထားနိုင်တယ်။

၅။ Birth Control Patch ကိုယ်ဝန်တားဆေးကပ်ခွာ
Orth-Evra patch ဆေးကပ်ခွာကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။ တစ်လ(၄ ပါတ်)မှာ ၃ ပါတ်ကိုကပ်ထားပြီး ၁ ပါတ် နားထားရတယ်။ သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။

၆။ Male Condom ယောကျာ်းသုံး(ကွန်ဒုံး)
ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့ အထဲက ပေါ်ပြူလာအဖြစ်ဆုံးဟာ ယောကျာ်းသုံး-ကွန်ဒုံး ဖြစ်တယ်။ ဈေးလဲမကြီး၊ ရှာလို့လဲလွယ်တယ်။ ကိုယ်ဝန်တားဖို့သာမဟုတ်ပါ။ လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့ လိင်လမ်း-ရေယုံ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအချာတော့သုံးတတ်ဖို့ လိုပါမယ်။ တစ်ခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့ လုပ်တာကိုသာသုံးပါ။

၇။ Femal Condom အမျိုးသမီးသုံး (ကွန်ဒုံး)
(ပလပ်စတစ်) ပါးပါးလေးနဲ့ လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။ (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့်ထည့်ထားရတယ်။ လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။ (ကွန်ဒုံး) ရာဘာနဲ့ မတည့်သူတွေ သုံးနိုင်တယ်။

၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
NuvaRing(ပလပ်စတစ်) အပျော့စားကွင်းဝိုင်လေးဖြစ်တယ်။ Pill သောက်ဆေးနဲ့ Patch ဆေးကပ်ခွာတွေလို ဟော်မုန်းထုတ်ပေးနေမယ်။ တစ်လတစ်ခါ လဲပေးရမယ်။

၉။ Cervical Cap သားအိမ်ဝအပိတ်
Diaphragm သားအိမ်ဝအဖုံးနဲ့ သဘောတူပြီး သေးငယ်တယ်။ FemCap ကို (ဗဂျိုင်းနား) ထဲကနေအတွင်း နက်နက်မှာရှိတဲ့ သားအိမ်ဝကို ဖုံး-ပိတ်ပေးထားရမယ်။ Spermicide သုတ်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

၁၀။ Diaphragm သားအိမ်ဝအဖုံး
ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေး ဖြစ်တယ်။ သားအိမ်ဝကို ဆက်ဆံမှု မပြုခင် ဖုံးထားပေးရတယ်။ သုတ်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

၁၁။ Birth Control Sponge သုတ်ပိုးသတ် ဆေးမြှုပ်
Today Sponge ထဲမှာ Spermicide Foam သုတ်ပိုးသတ်ဆေးပါတယ်။ လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။

၁၂။ Spermicide သုတ်ပိုးသတ်ဆေး
Spermicide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Fillm (ဖလင်) သုတ်ပိုးသတ်ဆေးတွေ ရှိတယ်။ (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှု မပြုခင်ထည့်-လိမ်း-သုတ်ထားရတယ်။ တချို့ အမျိုးအစားကို မတိုင်ခင် ၃၀ မိနစ်ကြိုတင်သုံးရတယ်။ တချို့က အဲလောက် စောင့်ဖို့မလိုဘူး။

Author: Dr. တင့်ဆွေ, Healthcare Journal, vol 7,no 43 (11.11.16)

Previous Post

ေတာ္ေတာ္စိတ္ဒုကၡေပးတဲ့ အေရျပားေရာဂါေတြ အေရျပားအေပၚယံလႊာထဲက အရည္အိတ္ေလး ( အပိုင္း ၁)

Next Post

ကိုယ်ဝန်တားနည်း – တားဆေး ဘယ်လိုရွေးမလဲ (အပိုင်း ၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
750
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်တားနည်း - တားဆေး ဘယ်လိုရွေးမလဲ (အပိုင်း ၂)

လက်ထပ်ခြင်း နှင့် ကျန်းမာရေး

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.