fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကာလသားပိုး စစ်တဲ့အခါ

666
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/11/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ကာလသားပုိး စစ္တဲ့အခါ

ကာလသားပိုး ဆိုတာ လိင္ဆက္ဆံတာကေနတဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါတစ္ခုပါ။ ေရာဂါပိုးရွိတဲ့သူတစ္ေယာက္နဲ႔ လိင္အဂၤါခ်င္း ဆက္ဆံတာျဖစ္ေစ၊ စအိုကေနတဆင့္ ဆက္ဆံတာျဖစ္ေစ၊ ပါးစပ္နဲ႔ ဆက္ဆံတာျဖစ္ေစ၊ ကြန္ဒုံးေသခ်ာ မသုံးခဲ့ရင္ ေရာဂါကူးစက္ႏိုင္ပါတယ္။

ကာလသားပိုးက လူ႔ခႏၶာကိုယ္ထဲကို ဝင္ေရာက္ၿပီး ကိုးရက္ကေန ရက္ကိုးဆယ္အတြင္း ေရာဂါလကၡဏာ ျပတတ္ၾကပါတယ္။ ေရာဂါလကၡဏာမွာလည္း အဆင့္ဆင့္ျဖစ္တတ္ၾကပါတယ္။

ပထမအဆင့္အေနနဲ႔ကေတာ့ လိင္အဂၤါမွာ ပါးစပ္ထဲမွာ အနာေတြ ျဖစ္လာတာပါပဲ။ အနာဆိုေပမယ့္ မနာတတ္ေတာ့ ေတာ္႐ုံ သတိမထားမိတတ္ပါဘူး။ အနာရွိန္ေၾကာင့္ေတာ့ ေပါင္ၿခံေတြ လည္ပင္းေတြမွာ အက်ိတ္ေတြ ျဖစ္လာတတ္ပါတယ္။ ေနာက္ပိုင္းေတြမွာေတာ့ ဖ်ားနာတာ ၊ကိုယ္လက္ကိုက္ခဲတာေတြ ျဖစ္လာတတ္ပါတယ္။

ဒီလိုျဖစ္လာမွသာ ကိုယ့္ကိုယ္ကို ေဆးစစ္ဖို႔ သတိရတတ္ၾကပါတယ္။ ေသြးစစ္တဲ့အခါ ကာလသားပိုးစစ္မယ္လို႔ ေျပာရင္ VDRL စစ္ၾကပါတယ္။ ရွိၿပီဆိုတာနဲ႔ ေဆးကုဖို႔လိုပါတယ္။ ေဆးကုတယ္ဆိုတာ သင့္ေတာ္တဲ့ ပိုးသတ္ေဆးကို Course ျပည့္ေအာင္ ေသာက္ဖို႔လိုပါတယ္။ ထိုးေဆးထိုးတာလည္းရွိပါတယ္။

ေဆးေသခ်ာကုၿပီးတဲ့အခါ ကာလသားပိုးကို ျပန္စစ္တတ္ၾကပါတယ္။ ကာလသားပိုးစစ္တာမွာ အလြယ္တကူစစ္လို႔ရတာကေတာ့ VDRL နဲ RPRလို႔ေခၚတဲ့ ေသြးစစ္တာေတြပါ။ ဒီေသြးစစ္တာေတြက ကာလသားျဖစ္ေစတဲ့ SYPHLIS ေရာဂါပိုးတစ္မ်ိဳးတည္းမွာမွမဟုတ္ဘဲ တစ္ျခားေသာ SPIROCHETES မ်ိဳးႏြယ္ေတြေၾကာင့္ျဖစ္တဲ့ေရာဂါေတြမွာလည္း POSITIVE လကၡဏာ ျပတတ္ပါတယ္။

ကာလသားပိုးကုၿပီးလို႔ ျပန္စစ္တယ္ဆိုရင္ေတာ့ VDRLေရာ RPR ေရာ က မရွိရေတာ့ပါဘူး။ NEGATIVE ျပရပါတယ္။ ဒါေပမယ္ တစ္ခါတစ္ေလမွာ ေဆးေသခ်ာကုၿပီးလည္း VDRL ေရာ RPR ေရာ POSITIVE ျဖစ္ေနတတ္ေသးတယ္။

ဘယ္လိုအခါမ်ိဳးေတြမွာ ျဖစ္တတ္လဲဆိုရင္ ကိုယ္ဝန္ေဆာင္ေနစဥ္ေသာ္လည္းေကာင္း တျခားေသာ ကာကြယ္ေဆးေတြ ထိုးထားခဲ့ရင္ေသာ္လည္းေကာင္း တီဘီ ငွက္ဖ်ား အဆုတ္အေအးမိျခင္း စသျဖင့္ ကိုယ္ခႏၶာမွာ ဖ်ားေနျခင္း၊ တျခားေသာ ေရာဂါေတြရွိေနျခင္း၊ ကိုယ့္ခံအားက်ဆင္းေနျခင္း စသျဖင့္မွာလည္း ေဆးကုၿပီး ျပန္စစ္တဲ့အခါလည္း POSITIVE ျပတတ္ပါတယ္။ ေနာက္တစ္ခုကေနနဲ႔ကေတာ့ ကာလသားပိုး ေတာ္ေတာ္ၾကာၾကာ ရွိေနတာမ်ိဳးဆိုရင္လည္း ဥပမာ ႏွစ္ႏွစ္ထက္ေက်ာ္ေနၿပီဆိုရင္လည္း VDRL ေရာ RPR ေရာ က အၿမဲ POSITIVE ျပေနတတ္ပါတယ္။

ကာလသားပိုးအတြက္ သီးသန႔္စစ္တာေတြလည္း ရွိပါတယ္။ ကာလသားပိုးျဖစ္ေစတဲ့ အေကာင္ကိုတိုက္႐ိုက္ရွာတာပါ။ Treponema specific antibody ေတြကိုရွာတာပါ။ ဒီမွာလည္း စစ္တာေတြအမ်ားႀကီးပါ။ TPHA, FTA, TPI စသျဖင့္ပါ။ ဒါေတြကေတာ့ ကာလသားပိုးသီးသန႔္ ဆိုေပမယ့္ ေဆးကုၿပီးလည္း ေတာက္ေလွ်ာက္ကို POSITIVE ျပေနတတ္တာေတြပါ။ အေျဖျပန္မေကာင္းတတ္ပါဘူး။

SYPHLIS ကာလသားပိုးသီးသန႔္ပဲ ELISA TEST စစ္တာလည္းရွိပါတယ္။ ဒါကိုၾကည့္ၿပီး ကာလသားပိုးက လတ္တေလာျဖစ္ေနတာလား၊ အရင္ကျဖစ္ထားတာလားဆိုၿပီးခြဲျခားသိႏိုင္ပါတယ္။
ကာလသားပိုးစစ္တဲ့အခါ ေရာဂါစတင္ဝင္ေရာက္ၿပီး ေရာဂါလကၡဏာခံစားရတဲ့ အဆင့္ဆင့္ေပၚ မူတည္ၿပီး စစ္တဲ့အေျဖ အေျပာင္းအလဲ ရွိတတ္ပါေသးတယ္။

ေရာဂါစစခ်င္းျဖစ္တုန္းမွာ တစ္ခါတစ္ေလ VDRL ေရာ Treponema specific antibody ေတြေရာမေပၚတတ္ဘူး။ အဲလိုအခါမွာ ELISA TEST နဲ႔ ပဲ ရွာလို႔ရတတ္တယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ကာလသားပိုးဝင္ေနတယ္လို႔သံသယျဖစ္လာတဲ့အခါ စစ္သင့္တာေလးေတြကေတာ့ အရင္ဆုံး ELISA TEST ပါပဲ။

အေျဖမွာရွိထားတယ္ဆို ေသခ်ာေအာင္ Treponema specific antibody tests ေတြ နဲ႔ ျပန္စစ္ပါတယ္။ ေသခ်ာလို႔ေဆးကုၿပီးအားလုံးေကာင္းၿပီးဆိုရင္ေတာ့ VDRL ေတြျပန္စစ္ၾကည့္ရပါတယ္။ ဒီအေျဖေတြကိုၾကည့္ၿပီးမွာပဲ ကာလသားပိုးဟုတ္မဟုတ္ အခုျဖစ္ေနတာဟုတ္ဟုတ္ ေဆးကုလို႔ေပ်ာက္မေပ်ာက္ကို ေသခ်ာသိႏိုင္ပါလိမ့္မယ္။

Author : Dr. CST

(Unicode)

ကာလသားပိုး ဆိုတာ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်ခုပါ။ ရောဂါပိုးရှိတဲ့သူတစ်ယောက်နဲ့ လိင်အင်္ဂါချင်း ဆက်ဆံတာဖြစ်စေ၊ စအိုကနေတဆင့် ဆက်ဆံတာဖြစ်စေ၊ ပါးစပ်နဲ့ ဆက်ဆံတာဖြစ်စေ၊ ကွန်ဒုံးသေချာ မသုံးခဲ့ရင် ရောဂါကူးစက်နိုင်ပါတယ်။

ကာလသားပိုးက လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ကိုးရက်ကနေ ရက်ကိုးဆယ်အတွင်း ရောဂါလက္ခဏာ ပြတတ်ကြပါတယ်။ ရောဂါလက္ခဏာမှာလည်း အဆင့်ဆင့်ဖြစ်တတ်ကြပါတယ်။

ပထမအဆင့်အနေနဲ့ကတော့ လိင်အင်္ဂါမှာ ပါးစပ်ထဲမှာ အနာတွေ ဖြစ်လာတာပါပဲ။ အနာဆိုပေမယ့် မနာတတ်တော့ တော်ရုံ သတိမထားမိတတ်ပါဘူး။ အနာရှိန်ကြောင့်တော့ ပေါင်ခြံတွေ လည်ပင်းတွေမှာ အကျိတ်တွေ ဖြစ်လာတတ်ပါတယ်။ နောက်ပိုင်းတွေမှာတော့ ဖျားနာတာ ၊ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်လာတတ်ပါတယ်။

ဒီလိုဖြစ်လာမှသာ ကိုယ့်ကိုယ်ကို ဆေးစစ်ဖို့ သတိရတတ်ကြပါတယ်။ သွေးစစ်တဲ့အခါ ကာလသားပိုးစစ်မယ်လို့ ပြောရင် VDRL စစ်ကြပါတယ်။ ရှိပြီဆိုတာနဲ့ ဆေးကုဖို့လိုပါတယ်။ ဆေးကုတယ်ဆိုတာ သင့်တော်တဲ့ ပိုးသတ်ဆေးကို Course ပြည့်အောင် သောက်ဖို့လိုပါတယ်။ ထိုးဆေးထိုးတာလည်းရှိပါတယ်။

ဆေးသေချာကုပြီးတဲ့အခါ ကာလသားပိုးကို ပြန်စစ်တတ်ကြပါတယ်။ ကာလသားပိုးစစ်တာမှာ အလွယ်တကူစစ်လို့ရတာကတော့ VDRL နဲ RPRလို့ခေါ်တဲ့ သွေးစစ်တာတွေပါ။ ဒီသွေးစစ်တာတွေက ကာလသားဖြစ်စေတဲ့ SYPHLIS ရောဂါပိုးတစ်မျိုးတည်းမှာမှမဟုတ်ဘဲ တစ်ခြားသော SPIROCHETES မျိုးနွယ်တွေကြောင့်ဖြစ်တဲ့ရောဂါတွေမှာလည်း POSITIVE လက္ခဏာ ပြတတ်ပါတယ်။

ကာလသားပိုးကုပြီးလို့ ပြန်စစ်တယ်ဆိုရင်တော့ VDRLရော RPR ရော က မရှိရတော့ပါဘူး။ NEGATIVE ပြရပါတယ်။ ဒါပေမယ် တစ်ခါတစ်လေမှာ ဆေးသေချာကုပြီးလည်း VDRL ရော RPR ရော POSITIVE ဖြစ်နေတတ်သေးတယ်။

ဘယ်လိုအခါမျိုးတွေမှာ ဖြစ်တတ်လဲဆိုရင် ကိုယ်ဝန်ဆောင်နေစဉ်သော်လည်းကောင်း တခြားသော ကာကွယ်ဆေးတွေ ထိုးထားခဲ့ရင်သော်လည်းကောင်း တီဘီ ငှက်ဖျား အဆုတ်အအေးမိခြင်း စသဖြင့် ကိုယ်ခန္ဓာမှာ ဖျားနေခြင်း၊ တခြားသော ရောဂါတွေရှိနေခြင်း၊ ကိုယ့်ခံအားကျဆင်းနေခြင်း စသဖြင့်မှာလည်း ဆေးကုပြီး ပြန်စစ်တဲ့အခါလည်း POSITIVE ပြတတ်ပါတယ်။ နောက်တစ်ခုကနေနဲ့ကတော့ ကာလသားပိုး တော်တော်ကြာကြာ ရှိနေတာမျိုးဆိုရင်လည်း ဥပမာ နှစ်နှစ်ထက်ကျော်နေပြီဆိုရင်လည်း VDRL ရော RPR ရော က အမြဲ POSITIVE ပြနေတတ်ပါတယ်။

ကာလသားပိုးအတွက် သီးသန့်စစ်တာတွေလည်း ရှိပါတယ်။ ကာလသားပိုးဖြစ်စေတဲ့ အကောင်ကိုတိုက်ရိုက်ရှာတာပါ။ Treponema specific antibody တွေကိုရှာတာပါ။ ဒီမှာလည်း စစ်တာတွေအများကြီးပါ။ TPHA, FTA, TPI စသဖြင့်ပါ။ ဒါတွေကတော့ ကာလသားပိုးသီးသန့် ဆိုပေမယ့် ဆေးကုပြီးလည်း တောက်လျှောက်ကို POSITIVE ပြနေတတ်တာတွေပါ။ အဖြေပြန်မကောင်းတတ်ပါဘူး။

SYPHLIS ကာလသားပိုးသီးသန့်ပဲ ELISA TEST စစ်တာလည်းရှိပါတယ်။ ဒါကိုကြည့်ပြီး ကာလသားပိုးက လတ်တလောဖြစ်နေတာလား၊ အရင်ကဖြစ်ထားတာလားဆိုပြီးခွဲခြားသိနိုင်ပါတယ်။
ကာလသားပိုးစစ်တဲ့အခါ ရောဂါစတင်ဝင်ရောက်ပြီး ရောဂါလက္ခဏာခံစားရတဲ့ အဆင့်ဆင့်ပေါ် မူတည်ပြီး စစ်တဲ့အဖြေ အပြောင်းအလဲ ရှိတတ်ပါသေးတယ်။

ရောဂါစစချင်းဖြစ်တုန်းမှာ တစ်ခါတစ်လေ VDRL ရော Treponema specific antibody တွေရောမပေါ်တတ်ဘူး။ အဲလိုအခါမှာ ELISA TEST နဲ့ ပဲ ရှာလို့ရတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာလသားပိုးဝင်နေတယ်လို့သံသယဖြစ်လာတဲ့အခါ စစ်သင့်တာလေးတွေကတော့ အရင်ဆုံး ELISA TEST ပါပဲ။

အဖြေမှာရှိထားတယ်ဆို သေချာအောင် Treponema specific antibody tests တွေ နဲ့ ပြန်စစ်ပါတယ်။ သေချာလို့ဆေးကုပြီးအားလုံးကောင်းပြီးဆိုရင်တော့ VDRL တွေပြန်စစ်ကြည့်ရပါတယ်။ ဒီအဖြေတွေကိုကြည့်ပြီးမှာပဲ ကာလသားပိုးဟုတ်မဟုတ် အခုဖြစ်နေတာဟုတ်ဟုတ် ဆေးကုလို့ပျောက်မပျောက်ကို သေချာသိနိုင်ပါလိမ့်မယ်။

Author : Dr. CST

Previous Post

ဆေးလောကမှ တချို့ ရောဂါနာမည်များ

Next Post

ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
766
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ

သားအိမ်ခေါင်းဝကင်ဆာ စမ်းသပ်နည်း

ပျိုမေများနဲ့ အဖြူကတစ်မျိုး အနီကတစ်မျိုး အပိုင်း(၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.