fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၁

356
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi ျဖင့္ ဖတ္ရန္)

ဒီအပတ္ေဆာင္းပါးမွာေတာ့ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ က်ေရာက္မယ့္ကမာၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါေန႔ အတြက္ ခုခံအားက်ဆင္မႈ ကူးစက္ေရာဂါေန႔အတြက္ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ (Acquired Immunodeficieney Syndrome) သို႔မဟုတ္ ေအ့ဒ္စ္ေရာဂါ (AIDS) အေၾကာင္းကို နည္းနည္းေလာက္ ေျပာပါရေစ။

ဒီေရာဂါကို ေအကိုက္တယ္လို႔၊ ေလးလုံးျဖစ္ေနတယ္တို႔ဆိုတဲ့ အတိုေကာက္ဘန္းစကားေတြနဲ႔ ေျပာၾကတာကို ၾကားဖူးနားဝေတာ့ ရွိလိမ့္ မယ္ထင္ပါတယ္။ အရင္ကေတာ့ ‘ကုရာနတၳိ၊ ေဆးမရွိ’ ဆိုၿပီး ေျပာခဲ့ၾကေပမယ့္ အခုေတာ့ အဲ့ဒီေအ့ဒ္စ္ ေရာဂါကို ပိုဆိုးမသြား ေအာင္ ထိန္းေပးတဲ့ ေဆးေတြလည္းရွိေနသလို  ကုသႏိုင္မယ့္ နည္းလမ္းေတြကိုလည္း ရွာေဖြေတြ႕ရွိေနၾကၿပီျဖစ္ပါတယ္။

ဒီေအ့ဒ္စ္ေရာဂါကို ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးကေတာ့ အိတ္အိုင္ဗြီ (HIV) လို႔ အတိုေကာက္ေခၚၾကတဲ့ ခုခံအားက်ဆင္း မႈ ကူးစက္ေရာဂါဗိုင္းရပ္စ္ပိုး (Human Immunodeficiency Virus) ပဲျဖစ္ပါတယ္။ ဒီဗိုင္းရပ္စ္ပိုးရဲ႕ ပုံစံကလုံးဝိုင္းၿပီး အ႐ြယ္ အစားက 120 nm အ႐ြယ္သာရွိတဲ့အတြက္ လူရဲ႕ပုံမွန္ေသြးနီဥဆဲလ္ (Red Blood Cell, RBC)တစ္ခုရဲ႕ အပုံ ၆ဝ ပုံ တစ္ပုံေလာက္သာရွိတာပါ။ အဲ့ဒီ HIV ဗိုင္းရပ္စ္ပိုးက Retroviridae မိသားစုဝင္ Lentivirus မ်ိဳးစိတ္ျဖစ္ပါတယ္။

HIV မွာမွ HIV 1 နဲ႔ HIV 2 ဆိုၿပီး ဗိုင္းရပ္စ္ပိုးအမ်ိဳးအစား ၂ မ်ိဳးရွိပါတယ္။ HIV 2 က HIV 2 ထက္အဆေပါင္း မ်ားစြာ ပိုၿပီးကူးစက္ႏိုင္တဲ့အတြက္ တစ္ကမာၻလုံးမွာ HIV 1 ကူးစက္ခံရတာက ပိုမ်ားပါတယ္။ HIV 2 ကေတာ့ ကူးစက္ႏိုင္ မႈအားနည္းတဲ့အတြက္ အေနာက္အာဖရိကလို ေနရာမ်ိဳးမွာတင္ ျဖစ္တာမ်ားပါတယ္။

သူတို႔က ဘယ္လိုနည္းလမ္းနဲ႔ ကူးစက္သလဲဆိုရင္ အဓိကအားျဖင့္ နည္းလမ္း ၃ ခုနဲ႔ကူးစက္ပါတယ္။

၁။ ေရာဂါရွိသူရဲ႕ ေသြး၊ ေသြးနဲ႔ထိေတြ႕ထားတဲ့ ပစၥည္းေတြကတဆင့္ ကူးစက္ခံရျခင္း
– ေသြးသြင္းျခင္း (၉ဝ%)
– ေဆးထိုးအပ္ မွ်ေဝသုံးစြဲျခင္း (ဝ.၆၇%)
– မေတာ္တဆ အပ္စူးျခင္း (ဝ.၃ဝ%)

၂။ ေရာဂါပိုးရွိသူနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း
– ေရာဂါရွီသူ၏ မိန္းမကိုယ္ (Vagina) အတြင္းသို႔ လိင္တံထိုးသြင္းျခင္း (ဝ.ဝ၁ – ဝ.၃၈%)
– ေရာဂါရွိသူ၏ လိင္တံကို မိန္းမိကိုယ္အတြင္းသို႔ ထိုးသြင္းခံျခင္း (ဝ.ဝ၅ – ဝ.၃ဝ%)
– ေရာဂါရွိသူ၏ စအို (Anus) အတြင္းသို႔ လိင္ဆက္ဆံျခင္း (ဝ.ဝ၃%)
– ေရာဂါရွိသူ၏ လိင္တံျဖင့္ စအိုအတြင္းသို႔ ထိုးသြင္းခံျခင္း (ဝ.ဝ၄ – ၃.ဝ%)
– ေရာဂါရွိသူ၏ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္း (ဝ – ဝ.ဝဝ၅%)
– ေရာဂါရွိသူမွ ပါးစပ္အတြင္းသို႔ လိင္ဆက္ဆံျခင္း (ဝ – ဝ.ဝ၄%)

၃။ မိခင္မွ ကေလးသို႔ ကူးစက္ျခင္း (၂၅%)
အဲဒီနည္းလမ္းေတြကေန တဆင့္ ကူးစက္တာျဖစ္ၿပီး ေရာဂါရွိတဲ့သူနဲ႔ တစ္ခန္းထဲအတူေနတာ၊ အလုပ္အတူ လုပ္တာ၊ ျခင္ကိုက္ခံရတာ၊ ေရာဂါရွိသူရဲ႕ဆီး၊ မစင္၊ တံေတြး၊ သလိပ္၊ ႏွာရည္၊ မ်က္ရည္၊ ေခြၽး၊ အန္ဖတ္နဲ႔ ထိေတြ႕မိတာ၊ သာမန္ နမ္းရႈံ႕မိတာ၊ ေရာဂါရွိသူေသာက္ထားတဲ့ ေရခြက္၊ စားထားတဲ့ ထမင္းပန္းကန္ ဇြန္းေတြနဲ႔ စားေသာက္တာေတြကေနေတာ့ ေရာဂါမကူးစက္ႏိုင္ပါဘူး။

ေရာဂါကူးစက္ ပ်ံ႕ႏွံ႔ပုံအေၾကာင္းမေျပာခင္ က်ေနာ္တို႔ကိုယ္ခႏၶာထဲကို ေရာဂါပိုးမႊားေတြ ဝင္လာတဲ့အခါ အဲဒီေရာဂါ ပိုးမႊားေတြ ဝင္လာတဲ့အခါ အဲ့ဒီေရာဂါပိုးမႊားေတြကို ခုခံကာကြယ္တဲ့ ကိုယ္ခံအားစနစ္အေၾကာင္းကို အၾကမ္းဖ်ဥ္းေျပာျပပါ မယ္။ ပုံမွန္အားျဖင့္ က်ေနာ္တို႔ခႏၶာထဲကို ေရာဂါပိုးမႊားေတြက်ဴးေက်ာ္ ဝင္ေရာက္လာၿပီဆိုတာနဲ႔ ကိုယ္ခံအားစနစ္က စၿပီး အလုပ္လုပ္ပါတယ္။ အဲ့လို ေရာဂါပိုးေတြ ဝင္ေရာက္လာတဲ့အခါ ေသြးျဖဴဥ အမ်ိဳးအစားတစ္ခုျဖစ္တဲ့ အကူအညီေပးေသြးျဖဴ ဥ ‘တီး’ Helper T lymphocytes or helper T Cells or CD4 + T Cells) က သူ႔လုပ္ငန္းတာဝန္ႏွစ္ခုထဲက တစ္ခု ကို အရင္ဆုံးလုပ္ေဆာင္ပါတယ္။ ဒီတီဆဲလ္ကို ျမန္မာျပည္က လူေတြက စီဒီဖိုးဆဲလ္ (CD4 + T Cells) လို႔ သိၾကပါတယ္။

သူ႔ပထမတာဝန္က ဘာလဲဆိုရင္ေရာဂါပိုးကို ေတြ႕ေတြ႕ခ်င္း တျခားကိုယ္ခံအား ဆဲလ္ေတြကို အကူအညီ ေတာင္းတဲ့ အေနနဲ႔ ဓာတုပစၥည္းေတြလႊတ္ၿပီး သူ႔ဆီကို စုၿပဳံလာဖို႔ အခ်က္ျပရတာပါ။ သူ႔ရဲ႕အခ်က္ျပကိုရလို႔ ေရာက္လာတဲ့ေသြးျဖဴဥကိုယ္ ခံအားဆဲလ္ေတြက က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးမႊားေတြကို တိုက္ခိုက္ေခ်မႈန္းၾကပါတယ္။

ဒုတိယတာဝန္အေနနဲ႔ အကူအညီေပးေသြးျဖဴဥ ‘တီ’ဟာ ဓာတုပစၥည္းေတြ ထပ္လႊတ္ေပးၿပီး ေရာက္လာတဲ့ ေသြးျဖဴဥေတြကို ပြားမ်ားေအာင္လုပ္ေပးပါတယ္။ အသစ္ထပ္ပြားလာတဲ့ ေသြးျဖဴဥေတြကို ပြားမ်ားေအာင္လုပ္ေပးပါတယ္။ အသစ္ထပ္ပြားလာတဲ့ ေသြးျဖဴဥေတြက ကိုယ္ခံအားပဋိပစၥည္း (Antibodies) ေတြကို ဖန္တီးေပးၿပီး အဲ့ဒီ ကိုယ္ခံအား ပဋိပစၥည္းေတြက တစ္ကိုယ္လုံးမွာရွိတဲ့ အခုက က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးရဲ႕ ကိုယ္ခႏၶာမွာ တြယ္ကပ္ၿပီး ရန္သူျဖစ္ ေၾကာင္း ခြဲျခားသတ္မွတ္ေပးပါတယ္။ အဲဒီလို ကိုယ္ခံအားပဋိပစၥည္းေတြက ေရာဂါပိုးကို တြယ္ကပ္ၿပီး ရန္သူျဖစ္ေၾကာင္း သတ္မွတ္ၿပီးတာနဲ႔ က်န္တဲ့ကိုယ္ခံအားဆဲလ္ေတြက အဲ့ဒီမွတ္သားထားတဲ့ ရန္သူေရာဂါပိုးေတြကို အျမစ္ျပတ္ေခ်မႈန္းပါေတာ့ တယ္။ ဒီလိုနည္းနဲ႔ က်ေနာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္က အလုပ္လုပ္ ပါတယ္။ ဆက္ရန္………….

Author: ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္), Healthcare Journal, vol 8,no 35 (15.9.17)

(Unicode)

ဒီအပတ်ဆောင်းပါးမှာတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ အတွက် ခုခံအားကျဆင်မှု ကူးစက်ရောဂါနေ့အတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (Aequired Immunodeficieney Syndrome) သို့မဟုတ် အေ့ဒ်စ်ရောဂါ (AIDS) အကြောင်းကို နည်းနည်းလောက် ပြောပါရစေ။

ဒီရောဂါကို အေကိုက်တယ်လို့၊ လေးလုံးဖြစ်နေတယ်တို့ဆိုတဲ့ အတိုကောက်ဘန်းစကားတွေနဲ့ ပြောကြတာကို ကြားဖူးနားဝတော့ ရှိလိမ့် မယ်ထင်ပါတယ်။ အရင်ကတော့ ‘ကုရာနတ္ထိ၊ ဆေးမရှိ’ ဆိုပြီး ပြောခဲ့ကြပေမယ့် အခုတော့ အဲ့ဒီအေ့ဒ်စ် ရောဂါကို ပိုဆိုးမသွား အောင် ထိန်းပေးတဲ့ ဆေးတွေလည်းရှိနေသလို  ကုသနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေတွေ့ရှိနေကြပြီဖြစ်ပါတယ်။

ဒီအေ့ဒ်စ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ အိတ်အိုင်ဗွီ (HIV) လို့ အတိုကောက်ခေါ်ကြတဲ့ ခုခံအားကျဆင်း မှု ကူးစက်ရောဂါဗိုင်းရပ်စ်ပိုး (Human Immunodeficiency Virus) ပဲဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးရဲ့ ပုံစံကလုံးဝိုင်းပြီး အရွယ် အစားက 120 nm အရွယ်သာရှိတဲ့အတွက် လူရဲ့ပုံမှန်သွေးနီဥဆဲလ် (Red Blood Cell, RBC)တစ်ခုရဲ့ အပုံ ၆ဝ ပုံ တစ်ပုံလောက်သာရှိတာပါ။ အဲ့ဒီ HIV ဗိုင်းရပ်စ်ပိုးက Retroviridae မိသားစုဝင် Lentivirus မျိုးစိတ်ဖြစ်ပါတယ်။

HIV မှာမှ HIV 1 နဲ့ HIV 2 ဆိုပြီး ဗိုင်းရပ်စ်ပိုးအမျိုးအစား ၂ မျိုးရှိပါတယ်။ HIV 2 က HIV 2 ထက်အဆပေါင်း များစွာ ပိုပြီးကူးစက်နိုင်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ HIV 1 ကူးစက်ခံရတာက ပိုများပါတယ်။ HIV 2 ကတော့ ကူးစက်နိုင် မှုအားနည်းတဲ့အတွက် အနောက်အာဖရိကလို နေရာမျိုးမှာတင် ဖြစ်တာများပါတယ်။

သူတို့က ဘယ်လိုနည်းလမ်းနဲ့ ကူးစက်သလဲဆိုရင် အဓိကအားဖြင့် နည်းလမ်း ၃ ခုနဲ့ကူးစက်ပါတယ်။

၁။ ရောဂါရှိသူရဲ့ သွေး၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကတဆင့် ကူးစက်ခံရခြင်း
– သွေးသွင်းခြင်း (၉ဝ%)
– ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း (ဝ.၆၇%)
– မတော်တဆ အပ်စူးခြင်း (ဝ.၃ဝ%)

၂။ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
– ရောဂါရှီသူ၏ မိန်းမကိုယ် (Vagina) အတွင်းသို့ လိင်တံထိုးသွင်းခြင်း (ဝ.ဝ၁ – ဝ.၃၈%)
– ရောဂါရှိသူ၏ လိင်တံကို မိန်းမိကိုယ်အတွင်းသို့ ထိုးသွင်းခံခြင်း (ဝ.ဝ၅ – ဝ.၃ဝ%)
– ရောဂါရှိသူ၏ စအို (Anus) အတွင်းသို့ လိင်ဆက်ဆံခြင်း (ဝ.ဝ၃%)
– ရောဂါရှိသူ၏ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းခံခြင်း (ဝ.ဝ၄ – ၃.ဝ%)
– ရောဂါရှိသူ၏ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (ဝ – ဝ.ဝဝ၅%)
– ရောဂါရှိသူမှ ပါးစပ်အတွင်းသို့ လိင်ဆက်ဆံခြင်း (ဝ – ဝ.ဝ၄%)

၃။ မိခင်မှ ကလေးသို့ ကူးစက်ခြင်း (၂၅%)
အဲဒီနည်းလမ်းတွေကနေ တဆင့် ကူးစက်တာဖြစ်ပြီး ရောဂါရှိတဲ့သူနဲ့ တစ်ခန်းထဲအတူနေတာ၊ အလုပ်အတူ လုပ်တာ၊ ခြင်ကိုက်ခံရတာ၊ ရောဂါရှိသူရဲ့ဆီး၊ မစင်၊ တံတွေး၊ သလိပ်၊ နှာရည်၊ မျက်ရည်၊ ချွေး၊ အန်ဖတ်နဲ့ ထိတွေ့မိတာ၊ သာမန် နမ်းရှုံ့မိတာ၊ ရောဂါရှိသူသောက်ထားတဲ့ ရေခွက်၊ စားထားတဲ့ ထမင်းပန်းကန် ဇွန်းတွေနဲ့ စားသောက်တာတွေကနေတော့ ရောဂါမကူးစက်နိုင်ပါဘူး။

ရောဂါကူးစက် ပျံ့နှံ့ပုံအကြောင်းမပြောခင် ကျနော်တို့ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားတွေ ဝင်လာတဲ့အခါ အဲဒီရောဂါ ပိုးမွှားတွေ ဝင်လာတဲ့အခါ အဲ့ဒီရောဂါပိုးမွှားတွေကို ခုခံကာကွယ်တဲ့ ကိုယ်ခံအားစနစ်အကြောင်းကို အကြမ်းဖျဉ်းပြောပြပါ မယ်။ ပုံမှန်အားဖြင့် ကျနော်တို့ခန္ဓာထဲကို ရောဂါပိုးမွှားတွေကျူးကျော် ဝင်ရောက်လာပြီဆိုတာနဲ့ ကိုယ်ခံအားစနစ်က စပြီး အလုပ်လုပ်ပါတယ်။ အဲ့လို ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ သွေးဖြူဥ အမျိုးအစားတစ်ခုဖြစ်တဲ့ အကူအညီပေးသွေးဖြူ ဥ ‘တီး’ Helper T lymphocytes or helper T Cells or CD4 + T Cells) က သူ့လုပ်ငန်းတာဝန်နှစ်ခုထဲက တစ်ခု ကို အရင်ဆုံးလုပ်ဆောင်ပါတယ်။ ဒီတီဆဲလ်ကို မြန်မာပြည်က လူတွေက စီဒီဖိုးဆဲလ် (CD4 + T Cells) လို့ သိကြပါတယ်။

သူ့ပထမတာဝန်က ဘာလဲဆိုရင်ရောဂါပိုးကို တွေ့တွေ့ချင်း တခြားကိုယ်ခံအား ဆဲလ်တွေကို အကူအညီ တောင်းတဲ့ အနေနဲ့ ဓာတုပစ္စည်းတွေလွှတ်ပြီး သူ့ဆီကို စုပြုံလာဖို့ အချက်ပြရတာပါ။ သူ့ရဲ့အချက်ပြကိုရလို့ ရောက်လာတဲ့သွေးဖြူဥကိုယ် ခံအားဆဲလ်တွေက ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ခိုက်ချေမှုန်းကြပါတယ်။

ဒုတိယတာဝန်အနေနဲ့ အကူအညီပေးသွေးဖြူဥ ‘တီ’ဟာ ဓာတုပစ္စည်းတွေ ထပ်လွှတ်ပေးပြီး ရောက်လာတဲ့ သွေးဖြူဥတွေကို ပွားများအောင်လုပ်ပေးပါတယ်။ အသစ်ထပ်ပွားလာတဲ့ သွေးဖြူဥတွေကို ပွားများအောင်လုပ်ပေးပါတယ်။ အသစ်ထပ်ပွားလာတဲ့ သွေးဖြူဥတွေက ကိုယ်ခံအားပဋိပစ္စည်း (Antibodies) တွေကို ဖန်တီးပေးပြီး အဲ့ဒီ ကိုယ်ခံအား ပဋိပစ္စည်းတွေက တစ်ကိုယ်လုံးမှာရှိတဲ့ အခုက ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးရဲ့ ကိုယ်ခန္ဓာမှာ တွယ်ကပ်ပြီး ရန်သူဖြစ် ကြောင်း ခွဲခြားသတ်မှတ်ပေးပါတယ်။ အဲဒီလို ကိုယ်ခံအားပဋိပစ္စည်းတွေက ရောဂါပိုးကို တွယ်ကပ်ပြီး ရန်သူဖြစ်ကြောင်း သတ်မှတ်ပြီးတာနဲ့ ကျန်တဲ့ကိုယ်ခံအားဆဲလ်တွေက အဲ့ဒီမှတ်သားထားတဲ့ ရန်သူရောဂါပိုးတွေကို အမြစ်ပြတ်ချေမှုန်းပါတော့ တယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ရဲ့ ကိုယ်ခံအားစနစ်က အလုပ်လုပ် ပါတယ်။ ဆက်ရန်………….

Author: ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်), Healthcare Journal, vol 8,no 35 (15.9.17)

Previous Post

ခႏၶာကိုယ္က်စ္လ်စ္လွပေစဖို႔ေဆာင္ရန္၊ ေရွာင္ရန္အစားအစာမ်ား

Next Post

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၂

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
768
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၂

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၃

လှတစ်မျက်နှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.