fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အယူအဆ အမှားတချို့

27
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/09/2016
in အမျိုးသားကျန်းမာရေး
1 min read
A A

အမျိုးသားနှင့် အမျိုးသမီးတို့ ဆက်ဆံမှုနှင့် ပတ်သက်သော အယူအဆမှားတစ်ခုကို တင်ပြလိုပါသည်။ အဆိုပါ အယူအဆအမှားမှာ ရယ်စရာလည်းကောင်းလှသည်။

အရေးကြီးသော ဆောင်ရွက်စရာကိစ္စ၊ အခက်အခဲနှင့် တွေ့ကြုံရမည့်ကိစ္စ၊ ဖိစိးမှုများရမည့်ကိစ္စမျိုးကို ရင်ဆိုင်ဖြေရှင်းခြင်းမပြုမှ၊ ဆက်ဆံမှုပြုပါက၊ အဆိုပါကိစ္စရပ်များသည် လွယ်ကူချောမွေ့စွာ အဆင်ပြေနိုင်ပြီး၊ အောင်မြင်မှုရနိုင်သည်ဟူသော အယူအဆပင်ဖြစ်သည်။

ဆက်ဆံမှုသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်တချို့ကို ပြောင်းလဲသွားစေသည်။ ဆက်ဆံမှုသည် ဖိစီးမှု ကို ဖြေလျော့နိုင်သည်ဟုဆိုသည်။ ဖိစီးမှုဟော်မုန်းကော်တီဆော Cortisol ထွက်ရှိမှုကိုလည်း ကျဆင်းစေပြီး၊ ကော်တီဆော၏ ဆိုးကျိုးမှလည်း ကင်းစေနိုင်သည်။ ထို့အပြင် ဦးနှောက်၌ အင်ဒေါ့ဖင်ဟော်မုန်းသည် စိတ်ကျေနပ်နှစ်သက်မှုကို ဖြစ်ထွန်းစေနိုင်သည်။ ခန္ဓာကိုယ်၏ အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။ နှလုံးသွေးကြောပြဿနာများ (နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းမှု Heart Attack နှင့် လေဖြတ်ခြင်း Stroke) ဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်သည်။
သို့သော် အထက်တွင် ဖော်ပြသကဲ့သို့ အရေးကြီးသော ကိစ္စရပ်များ ဆောင်ရွက်မှုမပြုမီ၊ ဆက်ဆံခြင်းသည် ကိစ္စရပ်ကို ချောမွေ့အဆင်ပြေစေသည်။ လွယ်ကူစေသည်။ အောင်မြင်မှုရစေသည်ဆိုခြင်း မှာ မှားယွင်းသော အယူအဆသာ ဖြစ်ကြောင်းတွေ့ရှိရသည်။ ဤအချက်ကို ဆွစ်သုတေသနပညာရှင်များက လက်တွေ့လေ့လာခဲ့ပြီး ဖော်ထုတ်တင်ပြခဲ့ကြသည်။ လိင်ဆက်ဆံမှုပြုပြီး နှစ်နာရီမှ ဆယ်နာရီကြားအတွင်း၊ လူတို့၏ ဖိစီးမှုအခြေအနေကို Stress tests ဖိစီးမှုစစ်ဆေးနည်းများဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြသည်။ သုတေသနတွေ့ရှိချက်အရ ဆက်ဆံမှုပြုပြီး နှစ်နာရီနောက်ပိုင်းကာလတွင် လူတို့၏ စွမ်းဆောင်ရည်မှာ အနည်းပင် ကျဆင်းသွားကြောင်း တွေ့ရသည်ဟု သုတေသနပညာရှင်များက ပြောကြားလိုက်သည်။
တခြားသော အယူအဆအမှားတစ်ခုကိုလည်း ဆက်လက်တင်ပြပေးလိုပါသည်။ ဂုံးကောင်စားသုံးခြင်း သည် ဆန္ဒအားကို မြင့်တက်လာစေသည်ဟူသော အယူအဆဖြစ်သည်။
ဆန္ဒအားနည်းသူများသည် ဂုံးကောင်စားသုံးလျှင် ဆန္ဒအားပြန်လည်ကောင်းလာနိုင်သည်။ သာမန် လူတို့အဖို့လည်း ဂုံးကောင်စားသုံးလျှင် ဆန္ဒအားပို၍ မြင့်မားလာနိုင်သည်ဟု လက်ခံထားကြသည်။ အဆိုပါ အချက်မှာ ထင်မြင်ယူဆချက် သက်သက်မျှသာဖြစ်သည်။ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်းမရှိပေ။ Dr Pryor က ဤအချက်မှာ ဟန်ဆောင်ဆေး၏ အာနိသင်မျိုးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဥပမာတင်ပြရသော်၊ ဤရေမန်းကို သောက်ခြင်းဖြင့် သင်၏ ခေါင်းကိုက်ဝေဒနာပျောက်မည်ဟု တစ်စုံတစ်ယေက်ဆိုသည်။ အဆိုပါ လူပုဂ္ဂိုလ်အပေါ် ရိုသေလေးစားယုံကြည်သူက ရေမန်းကိုသောက်သည်။ သူခံစားနေရသော ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းသွားခဲ့သည်။ အလားတူပင် ဂုံးကောင်စားသုံးများကို ဂုံးကောင်သည် ဆန္ဒအားကို မြင့်တင်ပေးသည်ဟု ယုံကြည်မှုကြောင့်၊ အမှန်တကယ်ပင် အားအင်ပြည့်ဖြိုးပြီး ဆန္ဒအားကောင်းလာသကဲ့သို့ ခံစားရခြင်းဖြစ်သည်။
အမှန်စစ်စစ်ဂုံးကောင်သည် ဆန္ဒအားကို မြင့်တင်ပေးနိုင်သော အစွမ်းသတ္တိလုံးဝမရှိပေ။

 

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ဦးဏှောက်စွမ်းအင်နှင့် ရောဂါများကုသခြင်း

Next Post

သွေးကျဆေးက စွဲသောက်သင့်သလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
743
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
630

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
984

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးကျဆေးက စွဲသောက်သင့်သလား

နှလုံးသွေးကြောရောဂါ (Coronary artery disease)

ရင်သွေးငယ်လား ပူစီလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.