fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း(Female Sterilization)
335
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2017
in အမျိုးသားကျန်းမာရေး
1 min read
A A
(Zawgyi)
အမျိုးသမီးသားကြောဖြတ်ခြင်းဆိုတာက တားဆေးသောက်တာ၊ထိုးတာ၊ကွန်ဒုံးသုံးတာ စတဲ့သားဆက်ခြားနည်းလမ်းတွေထဲက နည်းလမ်းတခုပဲဖြစ်ပါတယ်။
သားကြောဖြတ်တယ်ဆိုတာက ထိုမမျိုးဥဖြတ်သန်းသွားရသောလမ်းကြောင်း
-Hysteroscopic Method
-Laser
-Clips
နောက်ပြီး
အသက်ငယ်တဲ့အမျိုးသမီးတွေ၊ကလေးတယောက်ပဲရှိတဲ့အမျိုးသမီးတွေဆိုမဖြတ်သင့်ဘူးလို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ အသက်က ငယ်တဲ့အမျိုးသမီးဆိုရင် ကလေးဘယ်နှစ်ယောက်ပဲရှိရှိ ပထမအိမ်ထောင်နဲ့ကွဲခဲ့လို့နောက်ထပ် အိမ်ထောင်ပြုတာမျိုး၊တပင်လဲလို့တပင်ထူတာမျိုးဆိုရင် ပထမယောကျာ်းနဲ့က ကလေး ဘယ်နှယောက်ပဲရှိရှိ ကလေး ထပ်လိုချင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ကလေးတယောက်ပဲရှိတဲ့အမျိုးသမီးဆိုရင်လည်း မမျှော်လင့်ဘဲ ကိုယ်မွေးထားတဲ့ ကလေးက မတော်တဆ ထိခိုက်မှုတွေကြောင့် ဆုံးပါးသွားမယ်ဆိုရင် ကလေး ပြန်လို
အမျိုးသမီးတွေသားကြောဖြတ်တာတောင်မှ သတ်မှတ်ထားတဲ့မူဝါဒတွေနဲ့ကိုက်ညီဖို့လိုပါတယ်။
စိစစ်ရေးအဖွဲ့ရဲ့
၎။အသက်၃၅နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၃ယောက်ရှိသောအမျိုးသမီး
၅။အသက်၃၈နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၂ယောက်ရှိသောအမျိုးသမီး
၆။အသက်၄၀နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၁ယောက်ရှိသောအမျိုးသမီး
၇။ယခင်မွေးထားသောကလေးတွင် မျိုးရိုးဗီဇနဲ့ဆိုင်သောရောဂါတခုခုပါလာပြီး နောက်ကိုယ်ဝန်တွင်လည်း ထိုရောဂါထပ်ဖြစ်နိုင်ချေများသောအမျိုးသမီး
၉။ကိုယ်ဝန်ဆောင်ပါက မိမိမှာရှိသောမီးယပ်ရောဂါသည် မိမိအသက်ကိုဒုက္ခပေးနိုင်တဲ့အဆင့်ရောက်သွားနိုင်တဲ့ မီးယပ်ရောဂါအခံရှိသောအမျိုးသမီးများ
၁၀။ယခင်မီးဖွားစဉ်ကအရေးပေါ်အခြေအနေရှိခဲ့သူများ(ဥပမာ အကြောင်းတခုခုကြောင့်သားအိမ်ကွဲလို့ချူပ်ခဲ့ရတာမျိုး)
ဒီ၁၀ချက်ထဲက တချက်ချက်နဲ့ကိုက်ညီရင် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာလျှောက်လွှာတင်ပြီး ခွင့်ပြုချက်ကျပါက သားကြောဖြတ်ခြင်းကို တရားဝင်ဆောင်ရွက်နိုင်ပါတယ်။
Dr. 528
(Unicode)
အမျိူးသမီးသားကြောဖြတ်ခြင်းဆိုတာက တားဆေးသောက်တာ၊ထိုးတာ၊ကွန်ဒုံးသုံးတာ စတဲ့သားဆက်ခြားနည်းလမ်းတွေထဲက နည်းလမ်းတခုပဲဖြစ်ပါတယ်။
အကြမ်းအားဖြင့်ပြောရရင် သန္ဓေအောင်ရန်(ကလေးရရန်)အတွက် မမျိုးဥတခု(Ovum)ဟာ သားဥပြွန်ကိုဖြတ်သန်းသွားရပြီး သားအိမ်တွင် သုတ်ကောင်နဲ့တွေ့ရပါတယ်။
သားကြောဖြတ်တယ်ဆိုတာက ထိုမမျိူးဥဖြတ်သန်းသွားရသောလမ်းကြောင်း
ဖြစ်သည့်သားဥပြွန်လေးတွေကို (Fallopian Tubes) ကိုဖြတ်တောက်ပြီးထုံးထားလိုက်တာဖြစ်ပါတယ်။ဒီလိုဖြတ်တောက်ထုံးထားလိုက်တဲ့အတွက် မမျိူးဥဟာသုတ်ကောင်နဲ့ မတွေ့နိုင်တော့တာကြောင့် ကိုယ်ဝန်လည်းမရနိုင်တော့ပါဘူး။
သားကြောဖြတ်တာကိုဗိုက်ခွဲပြီးသားဥပြွန်တွေကိုဖြတ်တောက်ထုံးခြင်းဖြင့်လုပ်နိုင်သလို အခုနောက်ပိုင်းခေတ်မှီလာတာနဲ့အမျှ
-Hysteroscopic Method
-Electrocautery/diathermy
-Laser
-Clips
-Fallope ring စတဲ့နည်းလမ်းတွေနဲ့လည်းလုပ်နိုင်ပါတယ်။
သားကြောဖြတ်တယ်ဆိုတာက သားအိမ်ကိုပါထုတ်လိုက်တာမဟုတ်တဲ့အတွက်  ပုံမှန်ရာသီသွေးကတော့ တလတခါပေါ်ရမှာပါ။
သို့သော် သားကြောဖြတ်ပြီးရာသီသွေးမပေါ်တဲ့အခြေအနေတွေလည်းရှိပါတယ်။ဥပမာ-ကလေးမွေးရင်းနဲ့ တခါတည်း သားကြောဖြတ်
ခဲ့သော မွေးပြီးကလေးကိုလည်းမိခင်နို့တိုက်နေသော အမျိူးသမီးဆိုရင် လေးလနဲ့ ခြောက်လလောက်ထိ ရာသီသွေး မပေါ်ဘဲ ရှိနေတတ်တယ်။ ဒါကသားကြောဖြတ်လိုက်လို့ ရာသီမလာတာမဟုတ်ပါ။ ကလေးမွေးပြီး ကလေးကိုမိခင်နို့တိုက်နေလို့ ရာသီမလာတာပါ။
နောက်ပြီး
သားကြောဖြတ်တဲ့အချိန်က သွေးဆုံးတော့မယ့်အချိန်နဲ့တိုက်ဆိုင်သွားတဲ့အခါကျရင်လည်း ဖြတ်ပြီးရင် ရာသီမပေါ်တတ်ပါဘူး။
အဲ့လိုမျိူးအခါမှာ တချို့လူတွေက သားကြောဖြတ်လို့ ရာသီမလာတော့ဘူးဆိုပြီး အထင်မှားတတ်ပါတယ်။(ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပေါ့)
ဒီအခြေအနေတွေမရှိဘဲနဲ့ သားကြောဖြတ်ပြီးနောက် ရာသီသွေးမပေါ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ တချို့တလေမှာ သားကြော ဖြတ်ထားလျက်နဲ့ အထဲမှာ ပြေသွားပြီး ပြန်ဆက်သွား
တာမျိုးလည်း ဖြစ်တတ်တယ်။ ဒါက စစ်တမ်းတွေအရ အယောက် ၂၀၀ မှာ တယောက်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ်။ တကယ်ကို ရှားရှားပါးပါးပါပဲ။ရှားပေမယ့် အဲ့တယောက်က ကံဆိုးစွာနဲ့ ကိုယ်လည်းဖြစ်နေနိုင်ပါတယ်။
သားကြောဖြတ်ခြင်းရဲ့ကောင်းကျိူးတွေကတော့ တခြားသန္ဓေတားနည်းတွေဖြစ်တဲ့တားဆေးသောက်တာ၊ဆေးထိုးတာတို့လို ဟော်မုန်းရဲ့ဆိုးကျိူးတွေကိုမခံစားရဘူးပေါ့။ဒါ့အပြင် တခြားတားနည်းတွေထက် ကလေးမရဖို့ပိုစိတ်ချရပါတယ်။
ဆိုးကျိူးအနေနဲ့ကတော့ ခွဲစိတ်တဲ့အခါမှာ ကြုံရတဲ့ ထုံဆေး၊မေ့ဆေးအန္တရာယ်ရှိနိုင်တယ်။သားကြောဖြတ်ရင်းနဲ့အဲ့နားတဝိုက်က အစိတ်အပိုင်းတွေကိုထိခိုက်မှုလည်းရှိနိုင်တယ်။
တခုအကြံပေးချင်တာကတော့ ဒီတသက်မှာ ဘယ်လို အကြောင်းကြောင်းကြောင့်မှ ကလေးထပ်မယူတော့
ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ချက် ချထားတဲ့သူတွေသာ သားကြောဖြတ်ပြီး သန္ဓေတားတဲ့နည်းလမ်းကိုရွေးချယ်သင့်တယ်လို့ထင်တယ်။ ဖြတ်ပြီးရင်ပြန်ဆက်လို့မရတတ်လို့ပါ။
အသက်ငယ်တဲ့အမျိူးသမီးတွေ၊ကလေးတယောက်ပဲရှိတဲ့အမျိူးသမီးတွေဆိုမဖြတ်သင့်ဘူးလို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ အသက်က ငယ်တဲ့အမျိူးသမီးဆိုရင် ကလေးဘယ်နှစ်ယောက်ပဲရှိရှိ ပထမအိမ်ထောင်နဲ့ကွဲခဲ့လို့နောက်ထပ် အိမ်ထောင်ပြုတာမျိုး၊တပင်လဲလို့တပင်ထူတာမျိူးဆိုရင် ပထမယောကျာ်းနဲ့က ကလေး ဘယ်နှယောက်ပဲရှိရှိ ကလေး ထပ်လိုချင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ကလေးတယောက်ပဲရှိတဲ့အမျိူးသမီးဆိုရင်လည်း မမျှော်လင့်ဘဲ ကိုယ်မွေးထားတဲ့ ကလေးက မတော်တဆ ထိခိုက်မှုတွေကြောင့် ဆုံးပါးသွားမယ်ဆိုရင် ကလေး ပြန်လို
ချင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
သားကြောဖြတ်တာ(sterilization)က အမျိူးသမီးတွေမှာပဲ လုပ်လို့ရတာမဟုတ်ပါ။အမျိူးသားတွေမှာလည်း sterilization လုပ်တာရှိပါတယ်။အဲ့ဒါကိုကျ male vasectomy လို့ခေါ်ပါတယ်။ သို့သော် တည်ဆဲဥပဒေတွေအရ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမျိူးသားတွေသားကြောဖြတ်တာကိုလုံး၀ ခွင့်မပြုထားပါ။
အမျိူးသမီးတွေသားကြောဖြတ်တာတောင်မှ သတ်မှတ်ထားတဲ့မူဝါဒတွေနဲ့ကိုက်ညီဖို့လိုပါတယ်။
ကိုက်ညီမှသာဗဟိုအမျိူးသမီးဆေးရုံမှာလျှောက်လွှာဝယ်ပြီး လျှောက်လွှာတင်လို့ရပါတယ်။တင်ထားတဲ့လျှောက်လွှာတွေကိုတလတခါစိစစ်ရေးဘုတ်အဖွဲ့ကစိစစ်ပြီး ခွင့်ပြုသင့်တဲ့ မူဝါဒနဲ့ကိုက်ညီတဲ့လျှောက်လွှာတွေကိုခွင့်ပြုချက်ပေးပါတယ်။
စိစစ်ရေးအဖွဲ့ရဲ့
ခွင့်ပြုချက်ရရှိမှသာ တရားဝင်ခွဲစိတ်နိုင်မှာဖြစ်ပါတယ်။ ခွင့်ပြုချက်ရပြီး ငါးနှစ်အတွင်း တရားဝင်ခွဲစိတ်နိုင်ပါတယ်။
အခုလက်ရှိထုတ်ပြန်ထားတဲ့ သားကြောဖြတ်မူဝါဒဆယ်ချက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
သားကြောဖြတ်မူဝါဒ(၁၀)ချက်(Criteria for authorized female sterilization)
၁။ ယခင် အလျားလိုက်ခွဲစိတ်အမာရွတ်နှစ်ခုရှိသော ကိုယ်ဝန်ဆောင်သည်
(Pregnant woman with 2 lower segment caesarean section scars)
၂။ သားအိမ်တွင် ဒေါင်လိုက်ခွဲစိတ်ထားသောအမာရွတ်ရှိ ကိုယ်ဝန်ဆောင်သည်
(Previous one classical scar)
၃။၅ယောက်မြောက်ကိုယ်ဝန်နဲ့ ၅ယောက်အထက်ကိုယ်ဝန်ဆောင်သည်
(Grandmultip irrespective of age)
၄။အသက်၃၅နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၃ယောက်ရှိသောအမျိူးသမီး
(Multipara with 35 completed years of age with 3 alive children)
၅။အသက်၃၈နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၂ယောက်ရှိသောအမျိူးသမီး
(Multipara with 38 completed years of age with 2 alive children)
၆။အသက်၄၀နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၁ယောက်ရှိသောအမျိူးသမီး
(40 completed years old with one alive child)
၇။ယခင်မွေးထားသောကလေးတွင် မျိူးရိုးဗီဇနဲ့ဆိုင်သောရောဂါတခုခုပါလာပြီး နောက်ကိုယ်ဝန်တွင်လည်း ထိုရောဂါထပ်ဖြစ်နိုင်ချေများသောအမျိူးသမီး
(Previous child with genetic and chromosomal disorders that have a high risk of recurrence)
၈။သမားတော်ကြီး သို့မဟုတ် ခွဲစိတ်အထူးကုဆရာဝန်ကြီးမှ ထောက်ခံချက်ပေးသော နောက်ထပ်ကိုယ်ဝန်မဆောင်သင့်သည်နာမကျန်းရောဂါတခုခုရှိသူများ
(Any medical disorder endorsed by respective speciality (at least consultant level) that contraindicate future pregnancy)
၉။ကိုယ်ဝန်ဆောင်ပါက မိမိမှာရှိသောမီးယပ်ရောဂါသည် မိမိအသက်ကိုဒုက္ခပေးနိုင်တဲ့အဆင့်ရောက်သွားနိုင်တဲ့ မီးယပ်ရောဂါအခံရှိသောအမျိူးသမီးများ
(Gynaecological diseases that can harm maternal health)
၁၀။ယခင်မီးဖွားစဉ်ကအရေးပေါ်အခြေအနေရှိခဲ့သူများ(ဥပမာ အကြောင်းတခုခုကြောင့်သားအိမ်ကွဲလို့ချူပ်ခဲ့ရတာမျိူး)
(Obstetric emergencies that can endanger the future pregnancy)
ဒီ၁၀ချက်ထဲက တချက်ချက်နဲ့ကိုက်ညီရင် ဗဟိုအမျိူးသမီးဆေးရုံကြီးမှာလျှောက်လွှာတင်ပြီး ခွင့်ပြုချက်ကျပါက သားကြောဖြတ်ခြင်းကို တရားဝင်ဆောင်ရွက်နိုင်ပါတယ်။
စာဖတ်ပရိသတ်တို့အတွက် လျှောက်လွှာပုံစံပါ ဖော်ပြပေးလိုက်ပါတယ်။
Author: Dr 528
Previous Post
တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဝက်ခြံ (၁)
Next Post
တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဝက်ခြံ (၂)
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
744
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
1 year ago
1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
1 year ago
631
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
985
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဝက်ခြံ (၂)
သင့်ခန္ဓာကိုယ်အကြောင်း တစေ့တစောင်း (၂) လျှာ
သားအိမ်ကျွံကျခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.