fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်ဆန္ဒဖြေဖျောက်ခြင်း ( Masturbation ) နှင့် ဆိုးကျိုးဆိုတာ

256
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/11/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

လိင္ဆႏၵဆိုတာ လူတိုင္းမွာ အနည္းနဲ႔ အမ်ားေတာ့ ရွိတတ္ၾကပါတယ္။ ဒီလို ဆႏၵေတြ ျဖစ္ေပၚလာတဲ့ အခါမွာ အာ႐ုံလႊဲ စိတ္ေျပာင္းလိုက္တာေတြ ရွိသလို ဆႏၵေျဖေပ်ာက္သြားေအာင္ လုပ္ေဆာင္ၾကတာေတြလည္း ရွိတယ္။ ဆႏၵေျဖေပ်ာက္ၾကတဲ့အခါမွာ တခ်ိဳ႕က ပစၥည္း ကိရိယာေတြကို အသုံးျပဳတာေတြ ရွိတယ္။ ဒီနည္းဟာ အျခားသူမ်ားႏွင့္ မွ်ေဝသုံးစြဲမိရင္ လိင္မွတဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ျဖစ္ႏိုင္ေခ် ရွိပါတယ္။မ်ားေသာအားျဖင့္ ဆႏၵေျဖေပ်ာက္ျခင္းကို အမ်ိဳးသမီးမ်ားထက္ စာလွ်င္ အမ်ိဳးသားမ်ားတြင္ ပိုမိုျပဳမူေလ့ရွိတယ္။ အမ်ိဳးသမီးအမ်ားစုမွာ အရွက္အေၾကာက္ႀကီးျခင္း ၊ အျပစ္ရွိသကဲ့သို႔ ခံစားမိျခင္း ႏွင့္ ပင္ကိုယ္စ႐ိုက္ေတြေၾကာင့္ အမ်ိဳးသားေတြထက္စာလွ်င္ ဆႏၵေျဖေပ်ာက္မႈ ျပဳလုပ္သည့္ ဦးေရသည္ အနည္းအက်ဥ္းသာ ရွိသည္။

ယခင္ ယခင္ကတည္းက အမ်ိဳးသားအမ်ားစု အသုံးျပဳတဲ့ နည္းကေတာ့ ဒီလို ကူးစက္မႈ႕ေတြ မျဖစ္ႏိုင္ပါဘူး။ ဆႏၵေျဖေပ်ာက္ျခင္းျဖင့္ စိတ္ဖိစီးမႈ႕ ေလ်ာ့နည္းေစျခင္း ၊ လိင္မွ တဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါ ျဖစ္ႏိုင္ေခ် မရွိျခင္း ၊ ဘဝကို ပိုမိုေပ်ာ္႐ႊင္ေစျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရႏိုင္ပါတယ္။ ဒါ့အျပင္ အိမ္ေထာင္ဖက္နဲ႔ လိင္ဆက္မႈ ျပဳတဲ့အခါမွာ ပိုမို နားလည္ေစၿပီး အဆင္ေျပ ေခ်ာေမြ႕ေစတယ္။ အိပ္လို႔ ေကာင္းေစတယ္။တကယ္လို႔ သင္ဟာ လိင္ကိစၥနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနတာမ်ိဳး ရွိတယ္ဆိုရင္လည္း အဲဒီ စိုးရိမ္စိတ္ေတြကို ေလ်ာ့နည္းသြားေစႏိုင္တယ္။ အမ်ိဳးသမီးေတြမွာဆို ရာသီလာရင္ ျဖစ္ေလ့ျဖစ္ထရွိတဲ့ နာက်င္မႈ႕ေတြကိုေတာင္ သက္သာေစတယ္။ ကိုယ္ဝန္သည္ေတြမွာဆိုလည္း ကိုယ္ဝန္ရွိရင္ ျဖစ္တတ္တဲ့ လကၡဏာေတြကို ေလ်ာ့နည္းေစႏိုင္စြမ္း ရွိတယ္။

မေကာင္းတဲ့ အက်ိဳးေတြကေတာ့ တခ်ိဳ႕ေတြမွာ စိတ္ဆႏၵေျဖေပ်ာက္ၿပီးရင္ အျပစ္ရွိသလို ခံစားရတာမ်ိဳးေတြ ျဖစ္ႏိုင္တယ္။ ၿပီးေတာ့ အဲဒီအေပၚ အရမ္း စြဲလမ္းသြားတာမ်ိဳးေတြ ျဖစ္လာရင္ တစ္ေန႔တာ လုပ္ေဆာင္မႈေတြမွာ အေႏွာက္အယွက္ျဖစ္တာမ်ိဳး ၊ လူမႈပတ္ဝန္းက်င္မွာ အဆင္မေျပ ျဖစ္လာတာမ်ိဳးေတြ ျဖစ္ႏိုင္တဲ့အျပင္ မိမိအိမ္ေထာင္ဖက္နဲ႔လည္း ျပႆနာေတြ ျဖစ္လာႏိုင္တယ္။ေျဖေပ်ာက္မႈ ျပဳလုပ္ေနစဥ္အတြင္းမွာ ျပင္းထန္ခဲ့ရင္လည္း လိင္အဂၤါတစ္ဝိုက္ ထိခိုက္ရွနာျဖစ္တတ္လို႔ လိင္ဆက္ဆံမႈ လုပ္တဲ့အခါမွာ ကူးစက္ေရာဂါေတြ ျဖစ္ပြားလြယ္တာ ၊ ပိုးဝင္လြယ္တာေတြ ျဖစ္ေစတယ္။ ဒါ့အျပင္ လိင္အဂၤါ ေရာင္ရမ္းတာ ၊ နာက်င္တာေတြ ျဖစ္ေစပါတယ္။ မၾကာခဏ ျပဳလုပ္ျခင္းေတြေၾကာင့္ သုက္ေကာင္ေရ နည္းပါးေစၿပီး ကေလးရဖို႔ ခက္တာေတြ ျဖစ္တတ္တဲ့ အျပင္ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။

လက္ကသန႔္ရွင္းမႈ မရွိရင္ အမ်ိဳးသမီးမ်ားမွာ ေမြးလမ္းေၾကာင္း ပိုးဝင္တာ ၊ ဆီးလမ္းေၾကာင္း ပိုးဝင္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဆီးသြားတဲ့ အခါမွာ ဆီးပူဆီးက်ဥ္ျဖစ္တာ ၊ ဆီးမထိန္းႏိုင္တာေတြ ျဖစ္ႏိုင္သလို အျဖဴဆင္းတာ ၊ ေယာနိယားတာေတြလည္း ျဖစ္တတ္ပါတယ္။ အမ်ိဳးသားေတြမွာလည္း တကယ္ အိမ္ေထာင္ဖက္နဲ႔ အတူေနတဲ့ အခါမွာ စိတ္ေက်နပ္မႈ မရတာ ၊ က်ားခြန္အား မျပည့္ဝတာေတြ ျဖစ္လာႏိုင္ပါတယ္။လြန္ၾကဴးစြာ ဆႏၵေျဖေပ်ာက္ျခင္းျဖင့္ က်ားေဟာ္မုန္း testosterone ကို ပိုမိုထြက္ေစပါတယ္။ ဒါေၾကာင့္ ဝက္ၿခံထြက္တာမ်ိဳးေတြ ျဖစ္တတ္တယ္လို႔လည္း တခ်ိဳ႕ ေလ့လာဆန္းစစ္မႈေတြက ဆိုပါတယ္။ တခ်ိဳ႕ကလည္း ဆႏၵေျဖေပ်ာက္ျခင္းဟာ ဆံပင္ကြၽတ္ေစတယ္လို႔ ယုံၾကည္ၾကပါေသးတယ္။ ဒီအဆိုနဲ႔ ပတ္သက္ၿပီးေတာ့ ေသခ်ာတဲ့ သုေတသနေတြ မရွိေသးပါဘူး။
အရာတိုင္းက အေကာင္းဆိုး ဒြန္တြဲေနတာမို႔ ဘယ္အရာကိုမွ လြန္ကဲစြာ မျပဳလုပ္သင့္ေၾကာင္း အႀကံျပဳရင္း………………………..

Author : Dr. မ်ိဳးဆက္

(Unicode)

လိင်ဆန္ဒဆိုတာ လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ဒီလို ဆန္ဒတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ အာရုံလွှဲ စိတ်ပြောင်းလိုက်တာတွေ ရှိသလို ဆန္ဒဖြေပျောက်သွားအောင် လုပ်ဆောင်ကြတာတွေလည်း ရှိတယ်။ ဆန္ဒဖြေပျောက်ကြတဲ့အခါမှာ တချို့က ပစ္စည်း ကိရိယာတွေကို အသုံးပြုတာတွေ ရှိတယ်။ ဒီနည်းဟာ အခြားသူများနှင့် မျှဝေသုံးစွဲမိရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေ ရှိပါတယ်။များသောအားဖြင့် ဆန္ဒဖြေပျောက်ခြင်းကို အမျိုးသမီးများထက် စာလျှင် အမျိုးသားများတွင် ပိုမိုပြုမူလေ့ရှိတယ်။ အမျိုးသမီးအများစုမှာ အရှက်အကြောက်ကြီးခြင်း ၊ အပြစ်ရှိသကဲ့သို့ ခံစားမိခြင်း နှင့် ပင်ကိုယ်စရိုက်တွေကြောင့် အမျိုးသားတွေထက်စာလျှင် ဆန္ဒဖြေပျောက်မှု ပြုလုပ်သည့် ဦးရေသည် အနည်းအကျဉ်းသာ ရှိသည်။

ယခင် ယခင်ကတည်းက အမျိုးသားအများစု အသုံးပြုတဲ့ နည်းကတော့ ဒီလို ကူးစက်မှု့တွေ မဖြစ်နိုင်ပါဘူး။ ဆန္ဒဖြေပျောက်ခြင်းဖြင့် စိတ်ဖိစီးမှု့ လျော့နည်းစေခြင်း ၊ လိင်မှ တဆင့် ကူးစက်နိုင်သော ရောဂါ ဖြစ်နိုင်ချေ မရှိခြင်း ၊ ဘဝကို ပိုမိုပျော်ရွှင်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ဖက်နဲ့ လိင်ဆက်မှု ပြုတဲ့အခါမှာ ပိုမို နားလည်စေပြီး အဆင်ပြေ ချောမွေ့စေတယ်။ အိပ်လို့ ကောင်းစေတယ်။တကယ်လို့ သင်ဟာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာမျိုး ရှိတယ်ဆိုရင်လည်း အဲဒီ စိုးရိမ်စိတ်တွေကို လျော့နည်းသွားစေနိုင်တယ်။ အမျိုးသမီးတွေမှာဆို ရာသီလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှု့တွေကိုတောင် သက်သာစေတယ်။ ကိုယ်ဝန်သည်တွေမှာဆိုလည်း ကိုယ်ဝန်ရှိရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကို လျော့နည်းစေနိုင်စွမ်း ရှိတယ်။

မကောင်းတဲ့ အကျိုးတွေကတော့ တချို့တွေမှာ စိတ်ဆန္ဒဖြေပျောက်ပြီးရင် အပြစ်ရှိသလို ခံစားရတာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီအပေါ် အရမ်း စွဲလမ်းသွားတာမျိုးတွေ ဖြစ်လာရင် တစ်နေ့တာ လုပ်ဆောင်မှုတွေမှာ အနှောက်အယှက်ဖြစ်တာမျိုး ၊ လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေ ဖြစ်လာတာမျိုးတွေ ဖြစ်နိုင်တဲ့အပြင် မိမိအိမ်ထောင်ဖက်နဲ့လည်း ပြဿနာတွေ ဖြစ်လာနိုင်တယ်။ဖြေပျောက်မှု ပြုလုပ်နေစဉ်အတွင်းမှာ ပြင်းထန်ခဲ့ရင်လည်း လိင်အင်္ဂါတစ်ဝိုက် ထိခိုက်ရှနာဖြစ်တတ်လို့ လိင်ဆက်ဆံမှု လုပ်တဲ့အခါမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားလွယ်တာ ၊ ပိုးဝင်လွယ်တာတွေ ဖြစ်စေတယ်။ ဒါ့အပြင် လိင်အင်္ဂါ ရောင်ရမ်းတာ ၊ နာကျင်တာတွေ ဖြစ်စေပါတယ်။ မကြာခဏ ပြုလုပ်ခြင်းတွေကြောင့် သုက်ကောင်ရေ နည်းပါးစေပြီး ကလေးရဖို့ ခက်တာတွေ ဖြစ်တတ်တဲ့ အပြင် ခါးနာတာတွေ ဖြစ်တတ်ပါတယ်။

လက်ကသန့်ရှင်းမှု မရှိရင် အမျိုးသမီးများမှာ မွေးလမ်းကြောင်း ပိုးဝင်တာ ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးသွားတဲ့ အခါမှာ ဆီးပူဆီးကျဉ်ဖြစ်တာ ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်နိုင်သလို အဖြူဆင်းတာ ၊ ယောနိယားတာတွေလည်း ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာလည်း တကယ် အိမ်ထောင်ဖက်နဲ့ အတူနေတဲ့ အခါမှာ စိတ်ကျေနပ်မှု မရတာ ၊ ကျားခွန်အား မပြည့်ဝတာတွေ ဖြစ်လာနိုင်ပါတယ်။လွန်ကြူးစွာ ဆန္ဒဖြေပျောက်ခြင်းဖြင့် ကျားဟော်မုန်း testosterone ကို ပိုမိုထွက်စေပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တာမျိုးတွေ ဖြစ်တတ်တယ်လို့လည်း တချို့ လေ့လာဆန်းစစ်မှုတွေက ဆိုပါတယ်။ တချို့ကလည်း ဆန္ဒဖြေပျောက်ခြင်းဟာ ဆံပင်ကျွတ်စေတယ်လို့ ယုံကြည်ကြပါသေးတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ သေချာတဲ့ သုတေသနတွေ မရှိသေးပါဘူး။
အရာတိုင်းက အကောင်းဆိုး ဒွန်တွဲနေတာမို့ ဘယ်အရာကိုမှ လွန်ကဲစွာ မပြုလုပ်သင့်ကြောင်း အကြံပြုရင်း………………………..

Author : Dr. မျိုးဆက်

 

Previous Post

စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံ

Next Post

ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
781
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်လဲ

ကန်စွန်းရွက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.