ခ်စ္တင္းေႏွာၿပီးရင္ ဘာေၾကာင့္ အိပ္ခ်င္
ပုထုစဥ္ လူသားတို႔သည္ လိင္မႈကိစၥနဲ႔ ကင္းႏိုင္ၾကမည္မဟုတ္ပါ။ ထိုထိုေသာ ခ်စ္မႈေရးရာမ်ား ခ်စ္တင္းေႏွာၿပီးေသာအခါ ဘာေၾကာင့္ ေျခကုန္လက္ပန္းက် အိပ္ခ်င္သြားၾကတာလဲဆိုတာ သိခ်င္ၾကမယ္လို႔ ထင္ပါတယ္။
ပထမဆုံးကေတာ့ လိင္မႈကိစၥမ်ား ေဆာင္႐ြက္ရာမွာ ခႏၶာကိုယ္ရွိ ႂကြက္သားအားကို သုံးရပါတယ္။ ဒါေၾကာင့္ ႂကြက္သားေတြ လႈပ္ရွားဖို႔ လုံေလာက္တဲ့ ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္မ်ား လိုသလို ဇီဝျဖစ္စဥ္ေတြက ထြက္လာတဲ့ Energy အားလည္း လိုပါတယ္။ အဆိုပါ မ်ားလွစြာေသာ ဇီဝဓာတုျဖစ္စဥ္မ်ားကေနထြက္လာတဲ့ အားအင္မ်ားကို အသုံးခ်ရတဲ့ အတြက္ ခ်စ္တင္းေႏွာၿပီးရင္ အားမရွိသလို ႂကြက္သားမ်ား ႏုန္းခ်ိသြားရျခင္း၊ ေမာဟိုက္ရျခင္းမ်ား ျဖစ္တာပါ။
လိင္မႈကိစၥၿပီးေျမာက္သြားတဲ့အခါတြင္လည္း အမ်ိဳးသားေရာ အမ်ိဳးသမီးေတြမွာပါ ေအာက္ဆီတိုစင္ oxytocin ၊ပ႐ိုလက္တင္ prolactin နဲ႔ ဂါမာအမိုင္ႏို ဗ်ဴတိုင္ရစ္ အက္ဆစ္ gamma amino butyric acid GABA ၊ အန္ေဒၚဖင္းEndorphine စတဲ့ ဟိုမုန္းလ္ ဓာတ္မ်ား ထြက္လာပါတယ္။ ေယဘူယ်အားျဖင့္ အဆိုပါ ေဟာ္မုန္းလ္မ်ားေၾကာင့္ ခ်စ္တင္းေႏွာၿပီးတဲ့အခါ အိပ္ေပ်ာ္သြားရတယ္လို႔ ဆိုၾက
ပါတယ္။
ေအာက္ဆီတိုစင္ဟာ လက္ပြန္းတတီးနဲ႔ ယုယေထြးေပြ႕လိုတဲ့ Cuddling hormone လို႔လည္း ေခၚပါတယ္။ လိင္ဆက္ဆံမႈၿပီးတဲ့အခါ ေက်နပ္တင္းတိမ္မႈကို ျဖစ္ေစပါတယ္။ ပ႐ိုလက္တင္ကို ပစ္က်ဴတရီဆိုတဲ့ ဂလင္းကေနထုတ္ေပးပါတယ္။
ခ်စ္တင္းေႏွာၿပီးတဲ့အခါ ပ႐ိုလက္တင္ဟာ လိင္စိတ္ႏိုးၾကားမႈကို ေျဖေဖ်ာက္ေပးကာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္။ ဂါမာအမိုင္ႏို ဗ်ဴတိုင္ရစ္အက္ဆစ္နဲ႔ အန္ေဒၚဖင္းတို႔ဟာလည္း စိတ္ေရာ ကိုယ္ပါ အနားရေစၿပီး ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစဖို႔ အားေပးပါေသးတယ္။
Author : ေခတ္သစ္ ဇီဝက
ချစ်တင်းနှောပြီးရင် ဘာကြောင့် အိပ်ချင်
ပုထုစဉ် လူသားတို့သည် လိင်မှုကိစ္စနဲ့ ကင်းနိုင်ကြမည်မဟုတ်ပါ။ ထိုထိုသော ချစ်မှုရေးရာများ ချစ်တင်းနှောပြီးသောအခါ ဘာကြောင့် ခြေကုန်လက်ပန်းကျ အိပ်ချင်သွားကြတာလဲဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်။
ပထမဆုံးကတော့ လိင်မှုကိစ္စများ ဆောင်ရွက်ရာမှာ ခန္ဓာကိုယ်ရှိ ကြွက်သားအားကို သုံးရပါတယ်။ ဒါကြောင့် ကြွက်သားတွေ လှုပ်ရှားဖို့ လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ လိုသလို ဇီဝဖြစ်စဉ်တွေက ထွက်လာတဲ့ Energy အားလည်း လိုပါတယ်။ အဆိုပါ များလှစွာသော ဇီဝဓာတုဖြစ်စဉ်များကနေထွက်လာတဲ့ အားအင်များကို အသုံးချရတဲ့ အတွက် ချစ်တင်းနှောပြီးရင် အားမရှိသလို ကြွက်သားများ နုန်းချိသွားရခြင်း၊ မောဟိုက်ရခြင်းများ ဖြစ်တာပါ။
လိင်မှုကိစ္စပြီးမြောက်သွားတဲ့အခါတွင်လည်း အမျိုးသားရော အမျိုးသမီးတွေမှာပါ အောက်ဆီတိုစင် oxytocin ၊ပရိုလက်တင် prolactin နဲ့ ဂါမာအမိုင်နို ဗျူတိုင်ရစ် အက်ဆစ် gamma amino butyric acid GABA ၊ အန်ဒေါ်ဖင်းEndorphine စတဲ့ ဟိုမုန်းလ် ဓာတ်များ ထွက်လာပါတယ်။ ယေဘူယျအားဖြင့် အဆိုပါ ဟော်မုန်းလ်များကြောင့် ချစ်တင်းနှောပြီးတဲ့အခါ အိပ်ပျော်သွားရတယ်လို့ ဆိုကြ
ပါတယ်။
အောက်ဆီတိုစင်ဟာ လက်ပွန်းတတီးနဲ့ ယုယထွေးပွေ့လိုတဲ့ Cuddling hormone လို့လည်း ခေါ်ပါတယ်။ လိင်ဆက်ဆံမှုပြီးတဲ့အခါ ကျေနပ်တင်းတိမ်မှုကို ဖြစ်စေပါတယ်။ ပရိုလက်တင်ကို ပစ်ကျူတရီဆိုတဲ့ ဂလင်းကနေထုတ်ပေးပါတယ်။
ချစ်တင်းနှောပြီးတဲ့အခါ ပရိုလက်တင်ဟာ လိင်စိတ်နိုးကြားမှုကို ဖြေဖျောက်ပေးကာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ဂါမာအမိုင်နို ဗျူတိုင်ရစ်အက်ဆစ်နဲ့ အန်ဒေါ်ဖင်းတို့ဟာလည်း စိတ်ရော ကိုယ်ပါ အနားရစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အားပေးပါသေးတယ်။
Author : ခေတ်သစ် ဇီဝက