fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

(ဘီ)ပိုးရှိသူနဲ့ အတူနေရခြင်း

285
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/12/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(ဘီ)ပိုး ဘယ်လိုကူးသလဲ။

၁။ ပိုးပါနေတဲ့ အပ်အမျိုးမျိုး ဆေးထိုးအပ်၊ တက်တူးထိုးအပ်၊ အပ်စိုက်ကုအပ်၊ အလှအပကွင်းတပ်တဲ့အပ်၊ နားဖေါက်တဲ့အပ်၊ မူးယစ်ဆေးထိုးတဲ့အပ်။

၂။ ပိုးရှိသူ ယောကျာ်း-မိန်းမ လိင်ဆက်ဆံရာမှာ အကာအကွယ် မသုံးရင်။

၃။ ပိုးရှိနေတဲ့မိခင်ကနေ ကလေးကူးတယ်။ ခွဲမွေးမွေးနဲ့ ရိုးရိုးမွေးမွေး မထူးပါ။ ကိုယ်ဝန်ဆောင်ချိန် သွေးစစ်ရင် hepatitis B surface antigen(HBsAg) အနုတ်ပြနေရမယ်။ HBsAg test positive ဖြစ်နေရင် သူကနေမွေးလာတဲ့ကလေးကို ကာကွယ်ဆေး ၂ မျိုးလုံး ၁၂ နာရီအတွင်း ထိုးပါ။ ကာကွယ်ဆေးရိုးရိုးကို မွေးမွေးချင်း + ၁ လ + ၆ လမှာ စုစုပေါင်း (၃)ခါ ထိုးပါ။ ကလေးကို အသက် ၉-၁၈ လရှိရင် antibody test အပေါင်းပြနေမယ်။ တကယ်လို့ အနုတ်သာပြနေသေးရင် စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပါ။

၄။ လက်ပွန်းတတည်းနေခြင်း။ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်ကထွက်တဲ့ အရည်နဲ့ ထိတွေ့မိသူတွေကိုလဲ ကူးနိုင်တယ်။ အနာအဆာနဲ့ မျက်လုံးထဲဝင်ရာကနေသာ ကူးမယ်။ သွားတိုက်တံ၊ အမွှေးရိတ်ဓါး၊ လက်သည်းညှပ်တွေ မျှသုံးရင်လည်း ကူးနိုင်တယ်။

၅။ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်းတွေမှာ ကူးခံရနိုင်တယ်။

 

(ဘီ)ပိုးရှိနေတာက ပြန်ပျောက်မှာလား။
လူကြီးဆိုရင် ပျောက်နိုင်တယ်။ ၉၀% ပျောက်မယ်။ ၁၀% ကနာတာရှည် အသဲရောင်ဖြစ်မယ်။ ကလေးတွေမှာ ဆိုးတယ်။ ၄၀% ပျောက်မယ်။ ၆၀% နာတာရှည်အသဲရောင်ဖြစ်မယ်။ အသက် ၁ နှစ်ဝန်းကျင်ကလေးတွေ ၁၀%သာ ပျောက်မယ်။ ၉၀% နာတာရှည်အသဲရောင်ဖြစ်မယ်။

ရက်တိုနဲ့ နာတာရှည် ဆိုတာဘာလဲ။
(ဘီ)ပိုးနဲ့ ထိတွေ့မိပြီးနောက် ၆ လအတွင်းမှာဖြစ်တာက ရက်တို။ ဒီနောက်ပြန်ပြီး သက်သာလာမယ်။ ၆ လနောက်မှာ သွေးစစ်လို့ (HBsAg+) ဖြစ်နေရင် နာတာရှည်လို့ သတ်မှတ်နိုင်တယ်။ ပြန်မပျောက်တော့ပါ။

(ဘီ)ပိုးက သူများကို မကူးအောင် ဘယ်လိုလုပ်ရမလဲ။
အတူနေသူတွေအားလုံး (ဇနီး၊ ခင်ပွန်းအပါအဝင်) Hepatitis B vaccine ကာကွယ်ဆေးထိုးပါ။ (၃) ခါထိုးရမယ်။ တသက်စာ ကာကွယ်ပေးမယ်။ ဒါ့အပြင် စူးရှနိုင်တာတွေမှန်သမျှ မထိခိုက်အောင် ဂရုစိုက်ပါ။ ဖြစ်တာနဲ့ ပတ်တီးစီးပြီး ဖုံးအုပ်ထားပါ။ အဲလိုအရာတွေနဲ့ မျှဝေမသုံးပါနဲ့။ နှာချေ၊ ချောင်းဆိုး၊ ရင်ချင်းအပ်တာနဲ့ မကူးပါ။ ပိုးရှိသူက ချက်ကျွေးတာ စားလို့လဲ မကူးပါ။

နေမကောင်းတိုင်း (ဘီ)ပိုး ရက်တိုဖြစ်ပါသလား။
အများအားဖြင့် (ဘီ) ပိုးဝင်တာကို မသိလိုက်ဘူး။ နေမကောင်းမဖြစ်ဘူး။ တချို့မှာ ခံစားရမှာတွေကတော့ ဖျားမယ်။ အားယုတ်မယ်။ အဆစ်တွေ အသားတွေနာမယ်။ အစားပျက်မယ်။ တုပ်ကွေးနဲ့တူတယ်။ ရှားရှားပါးပါးဖြစ်တာတွေကတော့ ပျို့အန်မယ်။ အသားဝါဖြစ်မယ်။ ဝမ်းပျက်မယ်။

ရက်တိုအဆင့်ပြီးသွားတာကို ဘယ်လိုသိမလဲ။
သွေးစစ်ရင် (HBsAb+) တွေ့မယ်။ Antibodies ခုခံအား (အင်တီဘော်ဒီ) တွေရှိနေပြီ။ နောက်ထပ် (ဘီ)ပိုး လာမကူးတော့သလို သူများကိုလဲ မကူးစေဘူး။

နာတာရှည်ဖြစ်ပြီလို့ ဘယ်လိုသိနိုင်မလဲ။
၆ လကျော်အထိ ပိုးတွေ့နေရင် နာတာရှည်။ ဆေးစစ်ရတော့မယ်။ အသည်းကုဆရာဝန်နဲ့ ၆ လ၊ ဒါမှမဟုတ် ၁ နှစ်တခါ ပြနေရမယ်။ လူအများစုဟာ ကျန်းမာပြီး လူကောင်းလို နေနိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကနေကောင်းနေပေမဲ့ သူများကို ကူးစေမှာကို သိထားပြီး ရှောင်ကျဉ်စရာ မှန်သမျှ ရှောင်ကျဉ်ရမယ်။

ဘယ်စမ်းသပ်နည်းတွေနဲ့ စောင့်ကြည့်နေမှာလဲ။
Hepatitis B blood panel, Liver function tests (ALT), Hepatitis B e-Antigen (HBeAg), Hepatitis B e-Antibody (HBeAb), Ultrasound and imaging နဲ့ လိုအပ်သူတွေကို Liver biopsy တွေလုပ်မယ်။ လိုအပ်လာရင် ဆေးကုမယ်။

နာတာရှည်ဖြစ်တာ ပျောက်သွားနိုင်သလား။
အခုထိတော့ ပျောက်ဆေး မရှိသေးပါ။ ဒါပေမဲ့ နာတာရှည်သမားတွေမှာ ဗိုင်းရပ်စ်ပိုးတွေကို နှေးစေအောင်ဆေးတွေက လုပ်ပေးနိုင်ပြီ။ ပိုးတွေနည်းလေလေ အသဲကိုထိခိုက်မှာ နည်းလေလေဖြစ်တယ်။ ကံကောင်းရင် ဗိုင်းရပ်တွေကို လုံးဝ ထိန်းနိုင်တယ်။ ရှားတော့ရှားတယ်။ သုတေသနတွေအရ အလားအလာကောင်းတွေရှိတယ်။

ဘယ်ဆေးတွေကို တရားဝင် အသိအမှတ်ပြုထားပါသလဲ။

– Interferon Alpha (Intron A) ထိုးဆေး။ ၁၉၉၁ ကတည်းကသုံးတယ်။ တပါတ်မှာ အကြိမ်များစွာ၊ ၆ လ၊ ၁ နှစ်ကြာထိုးတယ်။ ဒီထက်ပိုချင်လဲပိုမယ်။ flu-like symptoms, depression, and headaches တွေ ခံစားရနိုင်တယ်။

– Pegylated Interferon (Pegasys) ထိုးဆေး။ ၂၀၀၅ မှာ စသုံးတယ်။ တပါတ် ၁ ခါထိုးတယ်။ ၆ လ၊ ၁ နှစ်ကြာ ထိုးတယ်။ flu-like symptoms and depression တွေ ခံစားရနိုင်တယ်။

– Lamivudine (Epivir-HBV, Zeffix, or Heptodin) သောက်ဆေး။ ၁၉၉၈ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာ သောက်ရမယ်။

– Adefovir Dipivoxil (Hepsera) သောက်ဆေး။ ၂၀၀၂ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာသောက်ရမယ်။ Entecavir (Baraclude) သောက်ဆေး။ ၂၀၀၅ က စသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာသောက်ရမယ်။

– Telbivudine (Tyzeka, Sebivo) သောက်ဆေး။ ၂၀၀၈ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာသောက်ရမယ်။

 

(ဘီ) ပိုးတွေ့တိုင်း ဆေးသောက်ရမှာလား။
မဟုတ်ပါ။

နာတာရှည်သမားတွေက ဘာတွေကို ရှောင်ရမလဲ။
အရက် လုံးဝမသောက်ပါနဲ့။ ဆေးလိပ်ဖြတ်ပါ။ ဆေးသောက်စရာမှန်သမျှ ဟာဗယ်ဆေးတွေအပါအဝင် ဆရာဝန်ကို ပြပြီးမှသာ သောက်ပါ။ အစား အသောက် လုံလောက်မျှတအောင် စားသောက်ပါ။ သွေးလှူလို့မရပါ။

ကိုယ်ဝန်ဆောင်နေလို့ (ဘီ) ပိုးစစ်ရမလား။ ကိုယ်ဝန်ဆောင်မှန်သမျှ စစ်ပါ။ မွေးလာမဲ့ကလေးကိုကူးဘို့ အခွင့်အလမ်း ၉၅% ရှိတယ်။ ကလေးကို မွေးမွေးချင်း (၁) Hepatitis B vaccine ကာကွယ်ဆေးနဲ့ (၂) Hepatitis B Immune Globulin (HBIG) ကာကွယ်ဆေးတမျိုးပါ ထိုးရမယ်။ ကလေးကို နို့တိုက်နိုင်ပါတယ်။ အကျိုးနဲ့ အပြစ်မှာ အကျိုးကပိုသာတယ်။

ဖခင်မှာ ဘီပိုးရှိနေပေမဲ့ အထက်ကနည်းတွေကိုလိုက်နာရင် ဇနီးကို မကူးစေပါ။ ကလေးယူရင်လဲ ကလေးကို မွေးကတည်းက (ဘီ) ကာကွယ်ဆေး မပျက်မကွက်ထိုးပြီး အထက်ကနည်းတွေအတိုင်း လိုက်နာပါ။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8, no 44 (17.11.17)

Previous Post

ကလေးတွေကို ဉာဏ်ကောင်းစေနိုင်သည့် နည်းလမ်းများ

Next Post

သားအိမ်ထဲတွင် အသားလုံးတည်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
752
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ထဲတွင် အသားလုံးတည်ခြင်း

တရားထိုင်ခြင်းနဲ့ ကျန်းမာရေး

မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.